ရခိုင်ပြည်နယ်အတွက် အသုံးပြုဖို့ ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းလားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော် တာဝန်ရှိသူများက ပြောပါရေ။

“စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်မှာရှိရေ မြို့နယ် ၈ မြို့နယ်ကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ဖို့ဆိုပနာ သူရို့ လာရောက်ချပြစွာပါ။ အဓိကကတော့ မြို့နယ် ၈ မြို့နယ်စလုံးကို လောလောဆယ် မပေးသေးဘဲနန့် တစ်မြို့နယ်ကို အရင် စမ်းသပ်ဖို့။ အဓိကက သူရို့ကတော့ ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်းလေးတိ့ရဖို့အတွက် အဓိက လုပ်ပါတယ်။”ဟု ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းက ပြောပါရေ။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဦးစံကျော်လှ ဦးဆောင်ရေ ရခိုင်ပြည်နယ်လွှတ်တော်သို့ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူတိ့က လာရောက် တွေ့ဆုံရာမှာ ယင်းပိုင် လှူဒါန်းဖို့ ပြောကြားခစွာဖြစ်ကြောင်း  ဆိုပါရေ။

ယင်းငွေတိ့ကို စစ်တွေနှင့် မြောက်ဦးခရိုင်အတွင်းရှိ မြို့နယ် ၈ ခုမှ ကျေးရွာများတွင် ပညာရေးနှင့် ကျန်းမာရေး၊ မွေးမြူရေးနှင့် စိုက်ပျိုးရေးစရေ ကဏ္ဍတိ့ ဖွံ့ဖြိုးတိုးတက်ရေးတိ့အပြင် ဒေသအလိုက် လိုအပ်မည့် လုပ်ငန်းများကို အရပ်ဖက် အဖွဲ့အစည်းတိ့နန့် တိုင်ပင်ပနာ ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း သိရပါရေ။

ဆောင်ရွက်ရာမှာလည်း အဓိကအားဖြင့် မူဆလင်နှင့် ရခိုင်လူ့အဖွဲ့အစည်းနှစ်ခုစုပေါင်း နေထိုင်ကြသည့် နေရာတိ့ကို ဦးစားပေး ဆောင်ရွက်လားဖို့ဖြစ်ကြောင်း ဦးမြသန်းက ဆက်လက်ပြောပါရေ။

“ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီစွာက ရခိုင်ပြည်အတွက်ဇာဘင်ဖြစ်ဖြစ် ကူညီထောက်ပံ့စွာ ဖြစ်ရေအတွက် အများကြီး ဝမ်းသာပါရေ။ ကြိုဆိုပါရေ။ ကူညီထောက်ပံ့ပေးရေအခါမှာလည်း နှစ်ဖက် ရောထွေး ချတင်နေရေ နေရာတွေကို ပထမဦးစားပေးဖို့။ ယင်းကတစ်ဆင့် ကျန်ရေမြို့နယ်တိ့ကို တဖြည်းဖြည်း တိုးချဲ့လားဖို့။”

ဇာအချိန်မှာ ယင်းငွေလှူဒါန်းလာဖို့ကို အတိကျမသိရသေးကေလေ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက အမြန် ဆုံး လှူဒါန်းဖို့ မေတ္တာရပ် ခံထားကြောင်း ဆိုပါရေ။

တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဌ ဦးမြသန်းရို့ အပါအဝင် လွှတ်တော်အကြံပေး အဖွဲ့ဝင်များ၊ ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများဖြစ်ရေ စီးပွားရေးပညာရှင်အကြီးအကဲ Dr.Mauro Testaverde နှင့် Mr.Harry Moroz တို့က တက် ရောက်ဆွေးနွေးခကြပါရေ။

 382 total views,  3 views today