ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဆောင်းရာသီဝင်လို့ မြူနှင်းဖွေးဖွေးကျရေ အချိန်ရာသီရောက်ဗျာလ်ဆို  ရခိုင်ပြည်မြောက်ပိုင်းက လယ်ခင်းတိကို ရိတ်သိမ်းပနာ တလင်းနယ်ရေအချိန် ရောက်ပါယာ။ လယ်ကွင်းပြင်ထဲက ရိတ်သိမ်းပြီးစ ရိုးပြတ်တိကြားမှာ မိုးရာသီ လက်ကျန် ရေအိုင်တိ၊ ရေကွက်တိ ဟိုနားတစ်ခု၊ ဒေနားတစ်ခု ရှိနီတုန်းပါ။ မိုးရေတင်ကျန်ခရေ မြေနိမ့် ကွင်းပြင်တိမှာတော့ အင်းလို ရေပြင်ကျယ်၊ ရေအိုင်ကျယ်တိလဲ ရှိနေပါသေးရေ။

ဒေပိုင် အချိန်မျိုးရောက်တိုင်း အအေးပိုင်းဒေသတိမှာ ကျက်စားကြရေ ဆောင်းခိုငှက်မျိုးစုံက အစားအစာ ပေါများရေ လယ်ကွင်းတိထဲ ရိုးပြတ်တိကြားမှာ၊ ရေအိုင်တိ၊ အင်းတိ၊ ချောင်းရိုးလေးတိထဲမှာ အုပ်စုလိုက် လာရောက်ပနာ အစာရှာဖွေနေကြစွာကို မြင်တွေ့နေရဖို့ပါ။ အုပ်စုလိုက် ရောင်စုံဖြန့်ကျက် ပျံသန်းနေရေ ငှက်တိ၊ သူရို့တိ၏ ဟစ်ကြွေးသံတိကတော့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်၊ ရသေ့တောင် မယူကမ်း၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြား စရေ နေရာတိမှာ ကြားနေရတတ်ပါရေ။

ဒေတစ်ပတ်မှာတော့ ဆောင်းခိုငှက်တိ ဇာအချိန်လာကြသလဲ၊ ဇာငှက်အမျိုးအစားတိလဲ၊ သူတို့ ဇာပိုင် ရှင်သန်ကတ်လဲ၊ ဇာအချိန်မှာ လာရာဒေသကို ပျံသန်းလားကတ်သလဲ စစွာတိကို လေ့လာ တင်ပြပီးပါဖို့။ မင်းပြားမြို့နယ်ထဲမှာနေရေ မဖြူက အခုပိုင် လရာသီဆိုရင် သူရို့နေရာမှာ မြင်ရရေ ငှက်တိ မြင်ကွင်းကို အခုပိုင်ပြောပြပါရေ။

“ဒေဘဲတိက ပြာသို တပို့တွဲလလောက်ဆို ရောက်လာကတ်ရေ။ ကောက်ရိုးတိပုံကေ ရိုးပြတ်ကြားမှာ ငါးရှာစားကြရေ။ အုပ်စုလိုက်ကြီး အတန်းလိုက် မဲနေအောင်လာရေ။ တကောင်ချင်းစီ မလာကြဘူး။ သူတို့လာရင် အသံတိမြည်ရေ။”

မင်းပြားမြို့နယ် စွန်ရဲကျေးရွာနဲ့ အနီးပါတ်ဝန်းကျင်က လယ်ကွင်းပြင်၊ အင်းရေပြင်နဲ့ ပုဇွန်တာတိ၊ ချောင်းရိုးတိမှာ ဆောင်းခိုငှက်တိ အုပ်စုလိုက် လာရောက်ကျက်စားကြပါရေ။ စွန်ရဲကျေးရွာမှာနေရေ လယ်သမားကြီး ဦးစံသာကျော်က ရောက်လာတတ်တေ ငှက်အမျိုးအစားတိကို ခုပိုင်ရှင်းပြပါရေ။

“ဒေသအခေါ် တောင်ဘဲလို့ တမျိုးခေါ်ရေ တောင်ချွန်း၊ ဘဲမဟင်္သာ လို့ခေါ်ရေ တမျိုး၊ လယ်သမား အခေါ် ဘဲရူးလို့ တမျိုးခေါ်ရေ စပါးစားရေဘဲ၊ စစ္စလီလို့ခေါ်စွာတမျိုး ဒေကအခေါ်ကတော့ တန်းဆိပ်ပေါ့။ တန်းဆိပ်လို့ ခေါ်ရေဘဲကတော့ ဒေဒေသမှာ အချိန်မရွေး ၁၂ လစလုံး ဒီနေရာမှာနေရေ။ ဒီနေရာမှာပဲ ကျက်စားရေ။”

ဒေပိုင် ခရီးဝေးက ပျံသန်းလာပြီး ဆောင်းခိုနေကြရေ ငှက်တိရှိရေပိုင် ဒေသမှာ အမြဲနေရေငှက်တိလဲ ရှိပါရေ။ ယင်းထဲမှာမှ ရှားပါးပနာ ဥပဒေအရ ကာကွယ်ပေးထားရရေ ငှက်ကတော့ ကြိုးကြာ ဦးခေါင်းနီ ငှက်မျိုးပဲ ဖြစ်ပါရေ။ ဒေငှက်တိကလဲ ရခိုင်ဒေသမှာနေရေ ငှက်အမျိုးအစားတမျိုးပဲဖြစ်ပါရေ။

“ကြိုးကြာက ၁၂ လ၊ သုံးရာသီစလုံး မိုး၊ နွေ၊ ဆောင်း ဒီမှာရှိရေ။  ဒေမှာဥရေ၊ ဒေမှာပေါက်ရေ၊ ဒေမှာကြီးရေ။”

ငှက်မျိုးစုံကေလေ့ သူ့သဘာဝနဲ့သူ နေထိုင်ပုံကလည်း ကွာခြားကြပါရေ။ ဘဲငှက်အမျိုးအစားတိ နေထိုင်ပုံကို ဦးစံသာကျော်က အခုပိုင် ရှင်းပြပါရေ။

“ဘဲကတော့ အေဒေသမှာရှိရေ တန်းဆိပ် (စစ္စလီ) မျိုးကတော့ အပင်မှာနားရေ။ ၀ါဆို ၀ါခေါင်မှာ ဥရေ။ တော်သလင်းဆို ဥရေ။ အေချင့်က ဒေမှာနေရေငှက်မျိုးပါ။ ဘဲရူးတို့၊ ဟင်္သာတို့ တောင်ချွန်းတို့ ဆိုစွာတော့ အပင်နားငှက်မျိုးမဟုတ်။ ရေမှာနားရေ၊ ရေမှာစိမ်ရေ၊ မြေမှာနားရေ။ ယင်းပိုင်ငှက်မျိုး။”

ယေလေ့သင့် ကြိုးကြာငှက်ကတော့ ပျံသန်းနိုင်ကေလေ့ ရေထဲမှာ ကူးခတ်ရေ ငှက်မျိုးမဟုတ်ရေပိုင် အပင်မှာ နားတတ်တေ ငှက် မဟုတ်ပါဘူး။

“ယင်းအကောင်တိတော့ အပင်ထက်မှာ အိပ်စွာ တခါမှ မမြင်ဖူး။ မြေမှာအိပ်ရေ၊ အပင်မှာ နားလဲ လုံးဝမနား။ မြေပြင်မှာ ခြေထောက်နဲ့လားရေ။ ယေပိုင် သတ္တ၀ါ ငှက် မျိုးပါ။”

အများဆုံး ရောက်ရှိရေ ဆောင်းခိုငှက်အမျိုးအစားတိက ဘဲ တိဖြစ်ပါရေ။ ဘဲမဟင်္သာလို့ခေါ်ကတ်ရေပိုင် ရုရှား ဘဲလို့လဲ ခေါ်ကြရေ ဘဲ အမျိုးအစားက အဖြူ၊ အ၀ါနဲ့ အနက်ရောင်စပ်ပြီး ကောင်ရေ အများဆုံးလို့ ဆိုရဖို့ပါ။ ရေဘဲငှက်တမျိုးဖြစ်ရေ ဘဲရူးငှက်တိနဲ့ အကောင်ကြီးမျိုးဖြစ်ပနာ ဒေသမှာတောင်ဘဲ၊ တောင်ချွန်းလို့ ခေါ်ကြရေ ဆိုက်ဘေးရီးယား ဘဲငန်းတိလဲ လာရောက်လေ့ ရှိပါရေ။ ယင်းငှက်တိက စပါး၊ ရေမှော်၊ ခရု၊ ငါး၊ ပုဇွန်၊ ကဏန်းငယ်တိကို စားသောက်ကြပါရေ။

“ဘဲရူးလို့ခေါ်ရေ ဘဲမျိုး၊ ဘဲမဟင်္သာ၊ တောင်ချွန်းလို့ခေါ်ရေ ဘဲမျိုးက သီတင်းကျွတ်လ၊ သီတင်းကျွတ် လပြည့်ကျော်၊ မိုးနည်းဗျာလ်ဆိုကေ ယင်းရာသီမှာ စပနာရောက်ရေ။ ပြန်စွာက တပေါင်းလပြည့်ကျော် တန်ခူး၊ ယင်းလလောက်မှာ ပြန်လားကတ်ရေ။ သူရို့စားရေ အစားအစာက စပါးစေ့၊ မြက်သီး၊ မြက်သီးချေတိကို စားပနာ အသက်ရှင်ကြရေ။ နေထိုင်မှုက ကုန်းနေ၊ ရေနေ။ သူရို့က ရေထဲမှာ၊ အင်းပြင်ကြီးတိထဲမှာလဲ နေရေ။ အစာရှာဖို့ဆို ကုန်းပေါ်မှာ လယ်ထဲမှာ စပါးရိတ်ပြီးရေ ကောက်ရိုးပြတ်တိထဲမှာ ရှာစားကြရေ။”

ဆိုက်ဘေးရီးယားဘဲ၊ ရုရှားဘဲနဲ့ စပါးစားရေဘဲ မျိုးတိကတော့ ဆောင်းခိုရေကာလမှာပဲ နေထိုင်ကြပြီး အေဒေသမှာ အသိုက်ဆောက်စွာ၊ ဥချစွာမျိုး မရှိပါဘူး။  ကြိုးကြာတိကတော့ မြေပြင်မှာ အသိုက်ဆောက်၊ ဥ ချ နေထိုင်ကြပါရေ။ သူရို့ သဘာဝကိုတော့ လယ်သမားကြီး ဦးစံသာကျော်က ခုပိုင်ပြောပါရေ။

“ဒေပတ်ဝန်းကျင် စွန်ရဲ တ၀ိုက်ကိုကြည့်ကေတော့ ကြိုးကြာကောင်ရေ တစ်ရာအောက်လောက်ရှိရေ။ တစ်ရာ အထက်တော့ မရှိဘူး။ ကြိုးကြာက ၀ါဆိုလမှာ ဥရေ။ ၀ါခေါင် တော်သလင်းဆို အကောင်ပေါက်ရေ။ ဥ က ၂ ဥ ဥရေ။ ၃ ဥ ဥရေ။ ၃ ဥထက်မိုဘူး။ အကောင်ပေါက်ရင် ၂ ကောင်ပေါက်ရေ။ များသော အားဖြင့် ၂ ကောင်တွေ့ရရေ။ သူ့စွာသူ စပါးခင်း၊ မြက်ခင်းထဲမှာ စားသောက်ရင်း သူ့စွာသူ ကြီးလား ကြရေ။”

ဆောင်းခိုဖို့ ရောက်လာကြရေ ဘဲအုပ်တိထဲမှာ လူတိစိုက်ပျိုးထားရေ သီးနှံစိုက်ခင်းတိကို စားသောက် တတ်ရေ ငှက် အမျိးအစား တိလဲ ပါဝင်တတ်ပါရေ။ အဲ့ဒီငှက်မျိုးတိပါလာရင်တော့ ပျက်စီးတာမဖြစ်ရအောင် လယ်သမားတိ အတွက် အပင်ပန်းခံပြီး ကာကွယ်ရပါဖို့ဗျာလ်။

“စားစွာကတော့ ဟင်္သာတို့၊ တောင်ချွန်းတို့ကတော့ မစာကတ်း။ ဘဲရူးဆိုစွာကတော့ စပါးသီးရေရာသီ၊ စပါးတိလဲနေရေ အခင်းတိ၊ တခါတလေ မုန်တိုင်းနဲ့ ပြားပြားဝပ်လဲစွာတိရှိရေ။ ယင်း အခင်းဆို ဘဲရူးတိ လာစားကြရေ။ ယင်းကောင်တိက အစားလဲ မြန်ရေ။ အစားလဲကြမ်းရေ။ ယင်းပိုင်ကောင်တိလာကေ ၀ါး တစ်ရာ (ဧက ရှစ်ဆယ်) နှစ်ရာလောက် ပျက်စီးလား စွာရှိရေ။ ဆိုခါ မလာရအောင် မီးထွန်းကြရေ။ စည်တိခေါက်ကြရေ။ အေ့ပိုင် ကာကွယ်ကြရရေ။ ပွင့်လင်းရာသီမှာတော့ ကောင်းမလာ။  မိုးတိအုံ့လို့ ဖြစ်နေဗျာလ်ဆိုကေ လူစိုက်ထားရေစပါးတောကို လုကတ်ဗျာလ်မနားယေ”

အစားအစာပေါများလို့ အုပ်စုလိုက်ရောက်လာတတ်ရေ ငှက်တိအတွက် အမြဲတမ်းတော့ လွတ်လွတ်လပ်လပ် ပျံသန်းနေနိုင်စွာ မဟုတ်ဘဲ အန္တရာယ်တိကလဲ ရှိနေပါရေ။ သဘာဝက ပေးထားရေ စွမ်းအားတိနဲ့ ရှင်သန် လွတ်မြောက်နိုင်ရေ ငှက်တိလဲရှိကေလေ့ တချို့ ငှက်တိကတော့ လူတိစားသောက်ဖို့ ဖမ်းဆီး ရောင်းချ ခံရစွာတိ ရှိနေရေလို့ ဦးစံသာကျော်က ပြောပါရေ။

“တခြားနေရာတိကတော့ ဒေနေရာတိမှာ လာရောင်းစွာလဲ မြင်ရရေ။ ဈေးထဲတိမှာ ရောင်း စွာလဲ မြင်ရရေ။ ရောင်းကေ စားကတ်စွာယာ။ ရောင်းစွာကတော့ သုံးထောင်နဲ့ ရောင်းစွာလဲ မြင်ရေ။ သုံးထောင့်ငါးရာနဲ့ ရောင်းစွာလဲမြင်ရေ။ ဟင်္သာရို့၊ စပါးစားဘဲ (ဘဲရူး) ရို့ပေါ့။ တောင်ချွန်းဘဲ ကတော့ မတွေ့ရ။ ဖမ်းလို့ရရေဆိုကေ ရောင်းရေလူ လက်ထဲမှာပါလာဖို့။ ရောင်းရေသူတိဘားမှာ မပါလာတော့ ဖမ်းဖို့ခက်ရေလို့ ထင်ရေ”

များသော အားဖြင့် ဒေသခံတိက ငှက်တိကို ဖမ်းဆီးစွာမျိုးမရှိကေလေ့ တခြားဒေသတိက ငှက်မုဆိုးတိ လာရောက် ဖမ်းဆီးကြရေလို့ မဖြူကလဲ ပြောပါရေ။

“ဖမ်းဖို့ပိုက်ထောင်ရပါရေ။ ကောင်းကင်ပိုက်နဲ့ ဖမ်းကြရေ။ အေရာသီ အချိန်မျိုးမှာရရေ။ ကွင်းပတ် သမားလာရေ၊ လူသံကြားရေဆိုကေ ထပျံကြရေ။”

ယေကေလေ့သင့် ကြိုးကြာတိကတော့ ကံကောင်းရေလို့ ဆိုရဖို့ပါ။ ဒေသခံတိက ကြိုးကြာငှက်တိကို ဘေးမဲ့ ပေးထားရေပိုင် အနှောက်အယှက်မပီးကတ်ပါ။

“အေဒေသမှာတော့ ကြိုးကြာကို ငှက်မျိုးမြတ်၊ အသက်ကြီး ဆယ်ပါးမှာ ပါဝင်ရေလို့ သတ်မှတ်ပနာ ဘေးမဲ့ပေးရေ။ စားချင်ရေ နေရာမှာစား၊ နေချင်ရေနေရာမှာနေ၊ အန္တရာယ်မပြု။ သူ့ကို အန္တရာယ်ပြုကေ ကိုယ့်ဘက်ကို ပြန်ပြီး အန္တရာယ်ရောက်တတ်ရေလို့ အေ ဒေသကလူတိမှာ အယူအဆရှိရေ။ ယင်းတွက် လားချင်ရာလား၊ စားချင်ရာစား ဘေးမဲ့။”

ဆောင်းခိုငှက်တိ နေထိုင်ကြရေ ကာလကတော့ အောက်တိုဘာလက မတ်လအထိကာလထဲမှာ နေထိုင်ကြစွာပါ။ သူရို့ ဇာဒေသက လာကြရေဆိုစွာ သေသေချာချာ မပြောတတ်ကေလေ့သင့် ထူးခြားရေ သဘာဝကိုလဲ ဦးစံသာကျော်က ပြောပြပါသေးရေ။

“သီတင်းကျွတ်လလောက်က ရောက်ပြီး အစားအသောက် ၀၀လင်လင် စားရရေအတွက်၊ သူတို့ ကိုယ်ခန္ဓာထဲမှာ အဆီ အာဟာရတိ တက်လာရေ။ သဘောက ကိုယ်ခန္ဓာလေးလံလာရေပေါ့။ အလွန် အကျွံ မပျံနိုင်ယာ။ သူ့နေရာ သူ့ဒေသကို ရောက်ဖို့ နာရီပေါင်းဇာလောက် ပျံရဖို့လို့ မသိဘူး။ ကိုယ်ခန္ဓာလေးလို့ ကိုယ့်နေရပ်ကိုမပြန်နိုင်လို့ ဆားငန်ရေစိမ်ကြရေ။ ဆားငန်ရေ သောက်ရေ။ အဲ့ဒါဆို ၀မ်းလား ရေလေ။ အဲ့ဒီအခါ အဆီတိလျော့ပြီးမှ ကိုယ့်နေရပ်ပျံဖို့အတွက် ရေငန်စိမ်ရေ။ ရေငန် သောက်ရရေလို့ အဆိုရှိရေ။”

ဒေသငှက် ကြိုးကြာ ဦးခေါင်းနီတိကတော့  ဘေးမဲ့ပေးခံရရေအတွက် ကောင်ရေတဖြည်းဖြည်း တိုးလာရေ အတွက် ၀မ်းသာစရာလို့ ဆိုရဖို့ပါ။

“အရင်က ငါရို့ အသက် ၂၀ ကျော်လောက်၊ လယ်စလုပ်ရေအချိန်ကဆိုကေ ယင်းပိုင် အကောင်တိ ၁၀၊ ၂၀ ပတ်ဝန်းကျင် လောက်မှာ ရှိရေ။ အခုတော့ တနှစ်ထက် တနှစ် များလာရေ။ အကောင်ရေ တစ်ရာအောက်၊ တရာလောက်တောင် ပြည့်နီဗျာလ်ထင်ရေ။ တပေါင်း၊ တန်ခူးလရာသီလောက်ဆို လယ်ပြင်ထဲမှာ ရိုးပြတ်တိ ကျဲနေပြီဆိုကေ၊ ယင်းကောင်တိ စုပနာ တခါတလေ ကောင်ရေ သုံးဆယ် လေးဆယ်၊ နေတတ်ရေ။ အမှန်ကတော့ ၂ ကောင်တည်းနေတတ်စွာမျိုး၊ အဖိုတကောင်၊ အမတကောင် ခွဲပြီး နေတတ်ရေမျိုး။ တပေါင်းတန်ခူးလောက်ဆိုကေတော့ သုံးဆယ်၊ လေးဆယ် အုပ်စုလိုက်မြင်ရရေ။”

ဆောင်းခိုငှက်တိကို မဖမ်းကတ်ဖို့ သစ်တောဌာနက ဥပဒေနဲ့ ညွှန်ကြားချက်တိ၊ ပညာပေးတိ ရှိကေလေ့ စီးပွားရေးအရ ဖမ်းဆီးသတ်ဖြတ်စွာ ရှိနေသေးရေအတွက် စိုးရိမ်ရရေ အခြေအနေမှာပဲ ရှိနေသေးရေလို့ ဆိုရဖို့ပါ။

“အရင်နဲ့ အခုနဲ့ဆို အခု နည်းလာရေပြောရဖို့။ ငှက်မုဆိုးတိကြောင့်လို့ပဲ ပြောရဖို့။ သူရို့ စီးပွားရေးအဖြစ် ဒေမှာတော့ ပိုလို့ ခေါ်ရေ၊ ညွှတ်လို့လဲ ခေါ်ရေ ယင်းမျိုးတိနဲ့ ထောင်ရေ။ စားကြရေ လူတိလဲရှိရေ။ နောက် ပိုက်၊ အာကာပိုက်လို့ ခေါ်ရေ (ကောင်းကင်ပိုက်) ပိုက်တိနဲ့ ထောင် ဖမ်းရေ။ ရောင်းကတ်ရေ။ ယချင့်တိ့ကြောင့်လဲ ငှက်တိနည်းလာလားလို့ ယူဆရေ။”

 574 total views,  1 views today