ရိုးမရေဒီယိုမဂ္ဂဇင်း

ဘူးသီးတောင်။ ။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ၇ မျိုးထဲက မျိုးနွယ်စုတစ်ခုဖြစ်တေ သက္ကမ တိုင်းရင်းသား မျိုးနွယ်စုတို့၏ (၈) ကြိမ် မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မြို့နယ် လောင်းချောင်းကျေးရွာမှာ ဇန်နဝါရီလ ၇ ရက်နေ့က ပြုလုပ်ကျင်းပခကတ်ပါရေ။

ဒိုင်းနက်လို့ လူသိများရေ အဆိုပါ သက္ကမတိုင်းရင်းသားတိစွာ ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေး နောက်ပြီးကေ ဘာသာစကား၊ စာပေနဲ့ ယဉ် ကျေးမှုစရေ ကဏ္ဍအသီးသီးမှာ နိမ့်ကျလျှက်ရှိနေပါရေ။

ယင်းကြောင့်လည်း နိမ့်ကျနေမှုတိကို တစ်ဖက်တစ်လမ်းက မြင့်မားအောင်လုပ်ဆောင်လိုရေ ရည်ရွယ်ချက်နဲ့ အခုပိုင် ကျင်းပရစွာ ဖြစ်ရေလို့ ပွဲကျင်းပရေးကော်မတီနာယက တစ်ဦးဖြစ်ရေ ဆရာတော် ဦးတေဇ (သက္ကမ) က မိန့်ပါရေ။

“ရည်ရွယ်ချက်ကတော့ ဦးဇင်းရို့ ဒိုင်းနက်သက္ကမလူမျိုးတိစွာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နောက်ပြီးကေ ဘာသာ စကား၊ စာပေနဲ့ယဉ်ကျေးမှု အဖက်ဖက်က နိမ့်ကျနေစွာကို နေပြီးတော့ မြင့်မား လာဖို့အတွက် ကျင်းပရစွာ ဖြစ်ပါရေ။ ၂၀၁၉ ခုနှစ်နဲ့ ဆိုလို့ရှိကေ ၈ ကြိမ်မြောက် ရှိဗျာလ်ပေါ့။”

သက္ကမ မျိုးနွယ်တိစွာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ ချင်း ပြည်နယ် ပလက်ဝစရေ မြို့နယ်တိမှာ နေထိုင်ကြစွာ ဖြစ်ပါရေ။

လက်ရှိ (၈) ကြိမ်မြောက်ကျင်းပလားရေ ဘူးသီးတောင်မြို့နယ်မှာဆိုကေ တိုက်ပွဲတိ ဖြစ်ပွားနေရေ ဒေသ တစ်ခုလည်း ဖြစ်ပါရေ။ ယင်းကြောင့် ဒေသအာဏာပိုင်တိက အမျိုးသားနေ့ကျင်းပဖို့ ခွင့်ပြုခကေလေ့ လုံခြုံရေးကိုတော့ တာဝန်ယူမှု မရှိခလို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်တိက ပြောပါရေ။

“ဒေမှာဖြစ်နေရေ အနေအထားက ဦးဇင်းရို့ ဒုက္ခ၊ သုခခံပနာ လုပ်ကြပါရေ။ သို့သော်လည်း ဒေသ အာဏာပိုင်တိကိုတော့ အသိပေးခရေ။ အသိပေးတော့ သူရို့က ခွင့်ပြုချက်ကတော့ပေးရေ။ သို့သော် လည်း ဦးဇင်းတို့က လူနည်းစုဖြစ်ရေ အတွက်ကြောင့် ဒေပွဲကို နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပလာစွာ မဖြစ်ဖြစ်အောင် လုပ်ဖို့။ ဦးဇင်းရို့က ငြိမ်းချမ်းစွာ အမျိုးသားနေ့ ပွဲတစ်ပွဲကို ဖြစ်အောင်လုပ်ဖို့ဆိုပနာ လုပ်ကတ်ရေပေါ့။ တိုက်ပွဲကလည်း ဖြစ်နေရေ။ စိုးရိမ်စိတ်ကတော့ ဦးဇင်းရို့မှာ ရှိရေပေါ့။”ဟု ဦးတေဇက မိန့်ပါရေ။

ယင်းအမျိုးသားနေ့ပွဲ အခမ်းအနားကို ပွဲကျင်းပရေးကော်မတီနဲ့အတူ ဘူးသီးတောင်မြို့နယ်  အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ၊ ဘူးသီးတောင်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းရို့ကလည်း တက်ရောက်ခကတ်ပါရေ။

ယင်းအပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းတစ်ခုမှာရှိရေ သက္ကမတိုင်းရင်းသားမျိုးနွယ်စု အများအပြား တက်ရောက်ခ ကတ်ရေပိုင် မြောက်ဦးနဲ့ မင်းပြားမှာရှိရေ သူတို့မျိုးနွယ်စု အနည်းအကျဉ်း လာရောက်ခကြရေလို့ ဆိုပါရေ။

 393 total views,  1 views today