ကိုအောင် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်ထဲမှာ မြို့နယ်အလိုက် လူမှုရေးအသင်းအဖွဲ့တိ၊ ဖောင်ဒေးရှင်းတိ၊ အစည်းအရုံးတိ များစွာ ရှိနီပါရေ။ ကျောက်ဖြူမြို့မှာလဲ သန္တာမြေဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမည်နဲ့ အဖွဲ့တစ်ခုတည်ရှိနီပါရေ။

ဒေဖောင်ဒေးရှင်းကို ဦးဆောင်တည်ထောင်သူတိ အားလုံးစွာ ပညာတတ် အငြိမ်းစားအရာရှိကြီးတိနဲ့ အငြိမ်းစား ဆရာမတိဖြစ်ကြပါရေ။ ရခိုင်ပြည်နယ်ထဲမှာ အမျိုးသမီးတိ ဦးဆောင်ရေ တခြားအဖွဲ့အစည်းတိ့လဲ ရှိကတ်ကေလေ့ သန္တာမြေ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ကတော့ နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေးနောက်ခံအဖွဲ့အစည်းတခု မဟုတ်ဘဲ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နီထိုင်မှုပုံစံ ဖွံ့ဖြိုးလာရေးအတွက် အမျိုးသမီးတိကိုယ်တိုင် ဦးစီးဦးဆောင်ပြုပြီး ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရေ အဖွဲ့တခုဖြစ်စွာက ထူးခြားနီပါရေ။ ဇာပိုင် စိတ်ကူးတိကြောင့် ဒေအဖွဲ့ကို ဖွဲ့ဖြစ်ခစွာလဲ၊ ဇာသူတိပါဝင်သလဲ၊

အဖွဲ့က ဇာတိဆောင်ရွက်နီလဲ၊ ရံပုံငွေကို ဇာပိုင် စုဆောင်းလဲ၊ နောက်ထပ် ဇာတိ ဆောင်ရွက်ကတ်ဖို့လဲဆိုစွာ ဖောင်ဒေးရှင်း တည်ထောင်သူတိနဲ့ တွေ့ဆုံတင်ပြပီးချင်ပါရေ။

“ကျွန်မရို့ ရခိုင်ပြည်နယ်က အဆင်းရဲဆုံး ပြည်နယ် တစ်ခုအဖြစ်ကို ရောက်နီပါဗျာလ်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ တရား ဥပဒေစိုးမိုးရေး၊ စရေ ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်တိ အများကြီးရှိပါရေ။ လိုအပ်ချက်တိကို အစိုးရအပေါ်မှာပဲ တာဝန်ပုံချမထားဘဲနဲ့ ဒေသခံ လူထုကလည်း နည်းလမ်းရှာဖွေပြီးကေ တတပ်တအား ၀ိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် မိမိရို့ ဒေသအသီးသီးက ဖွံ့ဖြိုးတိုးတက်ဖို့လို့ ယုံကြည်ပါရေ။ ယင်းအတွက် ဒေအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပါရေ။ နောက်ပြီး ဒေအဖွဲ့က ဇာ နိုင်ငံရေးပါတီ၊ ပါတီဝင်မှ မဟုတ်ပါဘူး။ နောက်ပြီး ဥပဒေနဲ့ မညီရေ ဇာလုပ်ငန်းကိုမှလဲ လုပ်ဖို့ မဟုတ်ပါဘူး။”

ခုပိုင် ဖောင်ဒေးရှင်း တည်ထောင်ရရေ ရည်ရွယ်ချက်ကို ရှင်းပြလားစွာကတော့ အငြိမ်းစား အထက်တန်းပြ ဆရာမ တယောက်ဖြစ်ပြီး ဖောင်ဒေးရှင်းမှာ အတွင်းရေးမှူး တာဝန်ယူထားရေ ဒေါ်သန်းသန်းအေးဖြစ်ပါရေ။ သန္တာမြေ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှာ အငြိမ်းစား ယူထားပြီးသား အမျိုးသမီးကြီး အယောက် ၂၀ က ဦးဆောင်ပြီး အဖွဲ့ဝင် ၅၀ ကျော်ရှိရေလို့ ဆိုပါရေ။ အမျိုးသမီးကြီးတိက ဦးဆောင်ရေ ဆိုကေလေ့ ဖောင်ဒေးရှင်း၏ လုပ်ငန်းကို စိတ်ပါဝင်စားသူ အမျိုးသားတိလဲ ပါဝင်ဆောင်ရွက်ရေပိုင် လူငယ်အမျိုးသမီးတိလဲ ပါဝင်ကြရေလို့လဲ ဆရာမက ပြောပါရေ။

အဖွဲ့ကို စတင်ထည်ထောင်ဖို့ စိတ်ကူးရသူကတော့ တရားသူကြီးစွောင်းတစ်ယောက်ဖြစ်တေ ဒေါ်သင်းသင်းပါ။ ဒုတိယ မြို့နယ် တရားသူကြီးအဖြစ် ဆယ်နှစ်လုပ်ကိုင်ခဲ့ပနာ ၀န်ထမ်းအဖြစ်နဲ့ လုပ်ကိုင်နီခဲ့စဉ်ကလည်း အဂတိ ကင်းရှင်းသူတယောက် ဖြစ်ခပါရေ။

ဝန်ထမ်းအဖြစ်နဲ့ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာရေအတွက် အလုပ်က နှုတ်ထွက်ပြီးရေနောက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကို တည်ထောင် လုပ်ကိုင်နီစွာပါ။ ၂၀၁၀ နောက်ပိုင်း ကျောက်ဖြူမြို့မှာ ရုပ်ဝတ္ထုဖွံဖြိုးမှုတိ ရှိလာကေလေ့ လူမှုရေးအခြေအနီနဲ့ အထူးသဖြင့် လူငယ်တိမှာ  စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုကျဆင်းလာနီစွာကို သတိထားမိရေ အချိန်မှာတော့ အခြေအနီကို ပြုပြင်ပြောင်းလဲအောင် ဘယ်လိုလုပ်မလဲဆိုတာကို နည်းလမ်း ရှာဖွေရင်း သန္တာမြေ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို တည်ထောင်ဖို့ ဖြစ်လာရေလို့ ဒေါ်သင်းသင်းက ပြောပြပါရေ။

အဖွဲ့တခုဖြစ်လာအောင် စည်းရုံးရေအခါတော့ ကိုယ်နဲ့ ရွယ်တူ သူငယ်ချင်း အမျိုးသမီးတိကို ပါဝင်ဖို့ ဖိတ်ခေါ်ရင်း စတင်ခဲ့ပါရေ။

“ကိုယ့်မှာရင်းနှီးရေ ပတ်ဝန်းကျင်၊ ကိုယ်နဲ့ အတူတူရှိစွာက အမျိုးသမီးအုပ်စု။ ဒေအမျိုးသမီးတိကလည်း တကယ်ကို ပညာတတ်အုပ်စုတိ။ သူရို့တိမှာလဲ နှစ်အဆက်ဆက် လုပ်ငန်းခွင်ထဲမှာ လုပ်လာရေ အတွေ့အကြုံတိရှိရေ။ နီရာဒေသ ပေါင်းစုံကို ရောက်ဖူးရေ။ ကျွန်မရို့ တက္ကသိုလ်တက်ရေ အခါက Hostel Life (အဆောင်နီကျောင်းသူဘ၀) အပြည့်အစုံရှိခဖူးရေ။ အရပ်ဒေသ ပေါင်းစုံက လူပေါင်းစုံနဲ့ ပေါင်းတတ်ရေ။ ယဉ်ကျေးမှုပေါင်းစုံကို ကျွန်မရို့ တွေ့ရရေ။ အေချင့်တိကို အခုခေတ် လူငယ်တိကို သင်ပေးသင့်ရေ အချက်တိ။ ကျွန်မတို့ တွေ့ရရေ အထဲမှာ အဆိုးဆုံးဖြစ်နီရေ အချက်က ဇာလဲဆိုကေ တဖက်စွန်းရောက်နီရေ အယူအဆတိ။ တော်တော်ဆိုးရေ။ ကျွန်မတို့ရေ အစွန်းရောက်ရေ စွာထက် သမာသမတ်ကျကျ အားလုံးကို မှန်မှန်ကန်ကန် တွေးခေါ်မြှော်မြင်ပြီးတော့ ကိုယ့်မြို့ရွာ ဇာပိုင် တိုးတက်ဖို့လဲဆိုရေ စိတ်ထားရှိရဖို့။ ပြီးမှ ကိုယ့်မြို့ကိုရော ကိုယ့်လူမျိုးကိုရော ကိုယ့်အရပ်ဒေသ ကိုယ့်ပြည်နယ်တခုလုံး အမှန်တကယ် ဆောင်ကျဉ်းပေးနိုင်ရေ လမ်း။ ကျွန်မပြန်စဉ်းစားတော့ တစ်ဦးတည်းလုပ်ရေဆိုစွာထက် အဖွဲ့အစည်းတရပ်အနီနဲ့ လုပ်လိုက်ရေအခါကျရင် လက်လှမ်း မမီရေ ကျန်ရေနီရာတိကိုပါ ဒေစွာ ရောက်သွားနိုင်ရေ ဆိုပြီးကေ ကျွန်မက အဖွဲ့ဖွဲ့ဖို့ မဖြစ်မနီ ကြိုးစားရေ။ ကြိုးစားတော့ ၂၀၁၇ ဒီဇင်ဘာ ၁၈ ရက် ကျွန်မရဲ့ ဆိုင်သက်တမ်း တနှစ်ပြည့်ရေနီ့မှာ ကျွန်မ ဒေအဖွဲ့ကို အကြမ်းဖျဉ်းစပြီးဖွဲ့ရေ။ ဖွဲ့ပြီးတော့ တရားဝင် မှတ်ပုံတင်လျှောက်ရေ။”

ပညာရေး ဌာနမှာ လက်ထောက်ညွှန်ကြားရေးမှူး အဖြစ်က အငြိမ်စားယူထားရေ ဆရာမ ဒေါ်ခင်မြတ်မွန်က စာရေးဆရာမ တစ်ယောက်လဲဖြစ်ပြီး မွန် (ကျောက်ဖြူ) နာမည်နဲ့ ၀တ္ထုတိရေးသားနီတာပါ။ အငြိမ်းစားယူပြီးရေနောက် ဖောင်ဒေးရှင်းမှာ ပါဝင်လာခဲ့ပြီး ပြန်ကြားရေး တာဝန်ကို ယူထားပါရေ။ သန္တာမြေ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းကို ဖွဲ့စည်းပြီးပြီးချင်း လူငယ်တိအတွက် ဦးစားပေးပြီး အထောက်အကူပြု လုပ်ငန်းတိစတင်ခရေလို့ ပြောပါရေ။

“ဖွဲ့စည်းပြီး မကြာမီမှာပဲ တက္ကသိုလ်ဝင် စာမေးပွဲ နီးကပ်လာရေအတွက် ကျွန်မရို့က ပညာရေးကစပနာ ၂၁ ရက် ၂ လပိုင်းမှာ ကျွန်မရို့ ဆရာမ တက္ကသိုလ် သင်္ချာဌာနက အငြိမ်းစားပါမောက္ခ ဒေါ်ကျော့စိန်ကို ဖိတ်ခေါ်ပြီး ရမ္မာဝတီခန်းမမှာ မြို့နယ်လုံးကျွတ် ဆယ်တန်းကျောင်းသူ ကျောင်းသားတိကို ခေါ်ပြီးတော့ ပို့ချပါရေ။ အေချင့် ပထမဆုံး လုပ်ငန်းပါ။ သုံးလပိုင်းကျကေ သန္တာမြေ ဖောင်ဒေးရှင်းက အဖွဲ့ဝင်ဖြစ်တေ ဒုညွှန်အငြိမ်းစား စာရင်းစစ်မှူး ဒေါ်အောင်သိန်းက စာရင်းကိုင်သင်တန်းကို Summit Center မှာပဲ ဖွင့်ပါရေ။ အခမဲ့ပါ။ တက်ချင်သူတက် တစ်လကြာအောင်မြင်ပါရေ။”

နောက်ပိုင်းမှာတော့ သန္တာမြေ ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း လုပ်ငန်းတိ အဆက်မပြတ် လုပ်ဆောင်လာနိုင်ခဲ့ပါရေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ ဘိုးဘွားရိပ်သာ ကူညီထောက်ပံ့ရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေ ပညာပေး၊ ဒေသထွက်ကုန် အသေးစား လုပ်ငန်းတိ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ဝင် စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းတိကို ဆက်တိုက်ပြုလုပ်လာနိုင်ခပါရေ။ အထူးသဖြင့် မိသားစုမှာ အရေးပါရေ အိမ်ရှင်မတိကို အခြေခံပြီး လုပ်ငန်းလုပ်ကိုင်လာနိုင်အောင် ဦးတည်ဆောင်ရွက်ခဲ့စွာပါ။ ဖောင်ဒေးရှင်းဥက္ကဌ ဒေါ်သင်းသင်းက အခုပိုင် ရှင်းပြပါရေ။

“လုပ်ရဖို့ အလုပ်တိကလည်း များရေ။ လုပ်ရဖို့ အထဲမှာ ပညာပေးရဖို့စွာတိက အများဆုံးပဲ ဆိုတော့ အေချင့်တိကို ကိုယ်တယောက်တည်းလဲ မဖြစ်။ ကိုယ့်ပိုင်အမြင်တူရေ လူတိရှိမှ အလုပ်ကဖြစ်ဖို့။ ကိုယ်နဲ့စကားပြောလိုက်ရေအခါကျတော့လဲ အများစုက ထပ်တူထပ်မျှကျရေ။ ဒါဆို ငါတို့ လုပ်လို့ရပြီ။ ဇာကြောင့် ပညာတတ်အမျိုးသမီးတိစုရသလဲ ခေတ်ကိုက ပညာခေတ်ပါ၊ တခြားမြို့ရွာက အဖွဲ့တိ၊ တခြားနိုင်ငံက အဖွဲ့တိနဲ့ ယှဉ်ဖို့ဆိုကေ ကိုယ်ဖွဲ့ထားရေအဖွဲ့ထဲမှာ ဆယ်တန်းတောင် မအောင်ရေသူတိချည့်ပဲဆိုလဲ မဖြစ်သေးဘူး။ ဒါ ကျွန်မ နှိမ့်ချလို့ ပြောစွာမဟုတ်ပါဘူး။ ဆယ်တန်း အောင်ခြင်း မအောင်ခြင်းနဲ့လဲ လူကို ခွဲခြားစရာလဲမဟုတ်ပါဘူး။ အဓိက ပညာတတ်တိနဲ့ စုပြီးဖွဲ့ရေ ဆိုတာ သူများတိနဲ့ ပုခုံးချင်းယှဉ်ပြီး အတွေ့အကြုံချင်း ဖလှယ်နိုင်အောင် ပြောရေးဆိုရေး အောက်ကျ နောက်ကျ မရှိရအောင် ဦးဆောင်လိုက်ရေ ဆိုရေသဘောပါ။”

ဖောင်ဒေးရှင်းအနီနဲ့ ဆက်လက် လုပ်ကိုင်လားဖို့ ရည်ရွယ်ထားရေ လုပ်ငန်းတိရှိနီပါရေ။ အထူးသဖြင့် လူငယ်တိအတွက် ပညာရေး စီးပွားရေး အခွင့်အလမ်းတိ ရရှိနိုင်ဖို့ မျှော်လင့်ပြီး လုပ်ကိုင်စွာလို့ ဆိုပါရေ။ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတိအတွက် ဘာသာရပ်ဆိုင်ရာ ပါမောက္ခတိ ဖိတ်ခေါ်ပြီး စွောပြောပို့ချပေးစွာ၊ ဒေသထွက်ကုန် အစားအသောက်တိ အဆင့်မီထုတ်လုပ်နိုင်ဖို့နဲ့ ဈေးကွက်ဝင်ဖို့ ကူညီပေးစွာ၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စားသုံးသူကာကွယ်ရေး ပညာပေးဆောင်ရွက်စွာနဲ့ အပတ်စဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး လှုပ်ရှားစွာတိကို ဆောင်ရွက်ဖို့လို့ အဖွဲ့ဝင်တိက ပြောပါရေ။

“သန္တာမြေသတင်းလွှာ အစီအစဉ်တစ်ခုလုပ်ဖို့ စီစဉ်ထားပါရေ။ ဥက္ကဌက ဇာပိုင်ညွှန်ကြားလဲဆိုတော့ လူငယ်တိအတွက်ပေါ့၊ ကျွန်မတို့မြို့မှာ အလုပ်အကိုင် မရှိရေ လူငယ်တိ အများကြီးရှိနီရေ။ သူရို့ အတွက် အလုပ်အကိုင်အခွင့်အလမ်းတိ ဇာပိုင်ရှိလဲဆိုစွာ အဓိက ရည်ရွယ်ရေလို့ ပြောရေ။ ယင်းအတွက် လူငယ်သတင်းလွှာတခု လုပ်ဖို့ရှိပါရေ။ လူငယ်တိအတွက် လုပ်ဖို့အလုပ်တိ ကျွန်မတို့မြေမှာ အများကြီးရှိရေဆိုစွာ ထောက်ပြချင်ပါရေ။ ယင်းကြောင့် ကျောက်ြဖူမြို့က လူငယ်တိ ကျွန်မတို့အဖွဲ့နဲ့ ပူးပေါင်းလာပြီး ကျွန်မတို့ကလဲ သူတို့ရဲ့ လုပ်ငန်းလေးတိ၊ အလုပ်အကိုင်အခွင့်အလမ်းတိ ရဖို့အတွက် ကူညီပါမယ်။”

ကျောက်ဖြူမြို့ နာရီစင်နားမှာ Summit Center အမည်နဲ့ Shopping Center (ကုန်တိုက်) တခုတည်ရှိပြီး Center ကလည်း ကျောက်ဖြူမြို့ရဲ့ တခုတည်းသော ဈေးဝယ်စင်တာ ဖြစ်ပါရေ။ Summit Center ကို တည်ထောင်သူက ဖောင်ဒေးရှင်းတည်ထောင်သူ ဥက္ကဌ ဒေါ်သင်းသင်းပဲဖြစ်ပါရေ။ ဆိုင် ရောင်းရငွေ ၁% ကို ဖောင်ဒေးရှင်း ရံပုံငွေအဖြစ် အသုံးပြုရေလို့ သိရပါရေ။ ဆိုင်မှာပဲ ကျောက်ဖြူက အမျိုးသမီးတိ ထုတ်လုပ်တေ ဒေသထွက်ကုန် ပစ္စည်းတိနဲ့ စားသောက်ကုန်တိကိုလည်း ဖြန့်ချိ ရောင်းချပေးနီရေလို့ ဆရာမ ဒေါ်သန်းသန်းအေးက ပြောပါရေ။

“အခု သူရို့မှာ ထုတ်နီစွာတိက ကိုယ့် ကျောက်ဖြူမှာပဲ ထုတ်တေအဆင့်၊ သူရို့မှာ FDA နဲ့ ပတ်သက်တေ တံဆိပ်တိလဲ မရှိသေး။ ယင်းမျိုးတိလဲ ရဖို့လုပ်ခိုင်းရေ။ အဆင့်အတန်း မြင့်မြင့်နဲ့ Export အဆင့်ထိရောက်အောင် အမှတ်တံဆိပ်တိပါအောင် သူရို့ကို တိုက်တွန်းပေးနီရေ။ ကျွန်မတို့က ဒေက ဖြန့်ပေးရေ။ အဓိက Summit Center မှာ တင်ပေးပါရေ။”

ဖောင်ဒေးရှင်း ပထမဆုံး ဒေသထွက်ကုန်ပြပွဲ အကျိုးဆက်အဖြစ် ကျောက်ဖြူဒေသ ထွက်ကုန်တိကို ထိုင်းနိုင်ငံမှာ လားရောက်ပြသနိုင်ဖို့ အခွင့်အလမ်း တခု ဖြစ်လာခပါရေ။ ဒီဇင်ဘာလထဲမှာ ပြုလုပ်ဖို့ ထိုင်းမြန်မာ သံတမန်ဆက်သွယ်ရေးနှစ် ၇၀ ပြည့် ဒေသထွက်ကုန်ပြပွဲမှာ လားရောက်ပြသနိုင်ဖို့ သန္တာမြေ ဖောင်ဒေးရှင်းက စီစဉ်နီကတ်ပါယာ။ ဖောင်ဒေးရှင်း သက်တမ်းက တစ်နှစ်ရာ ရှိသိ့ကေလေ့ လူမှုအဖွဲ့အစည်းတခုလုံး အသိအမြင် အမူအကျင့်တိ ကောင်းစွာ ပြောင်းလဲလာဖို့ သန္တာတိ ပေါက်ဖွားရှင်သန်ရာ သန္တာမြေ ကျောက်ဖြူ ဖွံဖြိုးတိုးတက်လာဖို့ ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်လာဖို့ အင်အားတိဖြည့်ဆည်းရင်း ခရီးဆက်နီပါယာ။ ဖောင်ဒေးရှင်း အဓိက အင်အားဖြစ်တေ အမျိုးသမီးတိ စွမ်းဆောင်မှုကို အားပေးကူညီဖို့တော့ လိုပါလိမ့်မယ်။

“ဆိုခါ မိန်းမတိ ဇာဖြစ်လို့ ဒေပိုင်ဦးစီးလုပ်ရလဲ။ မြန်မာပြည်မှာ အမျိုးသမီးဦးရေစွာ ငါးဆယ်ရာခိုင်နှုန်း ကျော်ပါရေ။ ဒေ ငါးဆယ်ရာခိုင်နှုန်း ကျော်သော လူတိက ကိုယ့်မှာရှိရေ ကိုယ်စွမ်း ဉာဏ်စွမ်းတိကို စိုက်ထုတ်ပနာ လုပ်ပေး လိုက်ကေ တိုင်းပြည်က မနည်းတိုးတက်လာဖို့။ ဒေ ငါးဆယ် ရာခိုင်နှုန်းကျော်သော မိန်းမတိက ငါရို့က မိန်းမပဲ ယောကျာ်းတိရဲ့ နောက်တန်းမှာ နီဖို့ဆိုကေ တိုးတက်ဖို့နှေးမယ်။ ဇာလို့လဲဆိုကေ လူအင်အားများနီရေလေ။ ပြီးကေ မိန်းမတိက အိမ်တအိမ်မိသားစု တစ်ခု၏ မောင်းနှင်အား။ ဒေစွာတိကို အသုံးမချနိုင်လို့ မရ။ အေချင့်တိ့ကို အသုံးချဖို့လိုရေ။ ကျွန်မတို့က ဇာနည်းနဲ့ပဲဖြစ်ဖြစ် ဇာနီရာကပဲ ရရ။ ကိုယ့်မြို့ကိုယ့်ရွာ တိုးတက်ဖို့အတွက် နည်းလမ်းပေါင်းစုံ စဉ်းစားပနာ ကြိုးစားပြီးလုပ်ဖို့။

 401 total views,  1 views today