ရိုးမရေဒီယိုမဂ္ဂဇင်း

နိုဝင်ဘာ ၈။ ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အနက် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် တစ်ခုချင်းစီတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ် အနည်ဆုံးတစ်ဦးစီကို ပါဝင်ယှဉ်ပြိုင်ခိုင်းရန် စီစဉ်နေကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးသန်းဝေက ပြောဆိုလိုက်သည်။

“၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးသမီးကိုယ်စားလှယ်တွေ ပါနိုင်အောင်ပေါ့။ ကျနော်တို့ မြို့နယ်တိုင်းမှာ လွှတ်တော် သုံးရပ် အနက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်တွေမှာ မြို့နယ်တစ်ခုကို အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ် အနည်းဆုံး တစ်ယောက်လောက် ပါအောင်ထိ ကျနော်တို့လုပ်ဖို့ စီစဉ်ထားတယ်။”

လက်ရှိတွင် ရခိုင်ပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့နယ်တစ်ခုချင်းစီးတွင် အောက်တိုဘာလကုန်ကို  အပြီးသတ်မှတ်ကာ အမျိုးသမီးကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပြီး ထိုမှတစ်ဆင့် ခရိုင်နှင့် ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်တွင် ၎င်းတို့အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း ဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ဒုတိယအပတ်တွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေနှင့် အမျိုးသမီးညီလာခံတစ်ရပ် ကျင်းပရန် စီစဉ်ထားပြီး ထိုသို့ စီစဉ်ထားသည့်အတွက်လည်း ယခုလို မြို့နယ်အလိုက် အမျိုးသမီးများကို ရွေးချယ်နေခြင်းလည်း ဖြစ်သည်။

 493 total views,  2 views today