နိုဝင်ဘာ ၃ ရက် ၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိရေအနက် ၁၅ မြို့နယ်မှာ ၂၄ နာရီလျှပ်စစ်မီးလင်းရေး ဆောင်ရွက်နိုင်ခဗျာလ်ဖြစ်ပနာ မီးလင်းဖို့ မောင်တောနှင့် မာန်အောင် နှစ်မြို့နယ်ရာ ကျန်ရှိဗျာလ် ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရပါရေ။

ရခိုင်ပြည်နယ်ထဲက တစ်ခြားမြို့နယ်တိ့ကို ယခင်နှစ်တိ့က နှစ်အလိုက် စီမံကိန်းတိ့ဖြင့် မီးလင်းရေးလုပ်ငန်းစဉ်တိ့ ဆောင်ရွက်ခဲ့ရေပိုင် ပြီးခဲ့ရေ အောက်တိုဘာလ ၃၀ ရက်နီ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့နယ်နှင့် နောက်တစ်နီ့မှာပင် ယင်းနှင့် ကပ်လျှက်ရှိရေ ရသေ့တောင်မြို့နယ်ကို မီးပေးနိုင်ခကြောင်း ဆိုရေ။

“ကျနော်ရို့ မီးလွှတ်ခစွာတော့ မြို့ပေါ်ရပ်ကွက်တိ။ ပြီးတော့ ကျေးရွာ ၁၃ ရွာ။ ရသေ့တောင်မြို့ပေါ်ကို ပေးရေ။ တစ်ရွာမှာ ပြင်ပြီးရင် တစ်ရွာ။ နှစ်ရွာပြီးရင် နှစ်ရွာပေးမယ်ပေါ့။ နောက်ထပ် ၁၃ ရွာ လွှတ်ဖို့ ရှိသေးရေ။ မာန်အောင်နဲ့ မောင်တောပဲ ကျန်တော့ရေ။”ဟု ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နေယာ ဦးကြီးဇေယျာက ပြောပါရေ။

၁၅ မြို့ကို မီးပေးနိုင်ခဗျာလ် ဆိုကေလည်း လက်ရှိ ဓာတ်အားခွဲရုံနှင့် ၅ မိုင်နှင့် ၁၀ မိုင်အတွင်းရှိ နီရာတိ့ကိုရာ မီးပီးနိုင်သေးပြီး ၁၀ မိုင်ထက် ဝေးကွာရေ ကျေးလက်ဒေသတိ့ကို ဆိုကေ ဆိုလာနှင့် စရေ လျှပ်စစ်ဓာတ်အားတိ့ဖြင့်ရာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရရေ။

ကျေးရွာမီးလင်းရေးတိ့ကို တစ်နှစ်စီမှာရရှိရေ ဘတ်ဂျတ်အပေါ်မှာ မူတည်၍ မြို့နယ်နှင့် ခရိုင်အလိုက် ခွဲဝေပြီး ဆောင်ရွက်လျှက် ရှိကြောင်းလည်း လျှပ်စစ်အင်ဂျင်နေယာ ဦးကြီးဇေယျာက ဆိုပါရေ။

 446 total views,  1 views today