ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေ၊ နိုဝင်ဘာ ၃ ရက်။ ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် ၁၅ မြို့နယ်တွင် ၂၄ နာရီလျှပ်စစ်မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပြီး မီးလင်းရန် မောင်တောနှင့် မာန်အောင် နှစ်မြို့နယ်သာ ကျန်ရှိတော့ပြီ ဖြစ်ကြောင်း ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။

ရခိုင်ပြည်နယ်ထဲမှ တစ်ခြားမြို့နယ်များကို ယခင်နှစ်များက နှစ်အလိုက် စီမံကိန်းများဖြင့် မီးလင်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ သလို ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့နယ်နှင့် နောက်တစ်နေ့တွင်ပင် ယင်းနှင့် ကပ်လျှပ်ရှိသည် ရသေ့တောင်မြို့နယ်ကို မီးပေးနိုင်ခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့ မီးလွှတ်ခဲ့တာတော့ မြို့ပေါ်ရပ်ကွက်တွေ။ ပြီးတော့ ကျေးရွာ ၁၃ ရွာ။ ရသေ့တောင်မြို့ပေါ်ကို ပေးတယ်။ တစ်ရွာမှာ ပြင်ပြီးရင် တစ်ရွာ။ နှစ်ရွာပြီးရင်နှစ်ရွာပေးမယ်ပေါ့။ နောက်ထပ် ၁၃ ရွာ လွှတ်ဖို့ ရှိသေးတယ်။ မာန်အောင်နဲ့ မောင်တောပဲ ကျန်တော့တယ်။”ဟု ရခိုင်ပြည်နယ် လျှပ်စစ်အင်ဂျင်နေယာ ဦးကြီးဇောယျာက ပြောသည်။

ထိုသို့ ၁၅ မြို့ကို မီးပေးနိုင်ခဲ့ပြီဟု ဆိုသော်လည်း လက်ရှိ ဓာတ်အားခွဲရုံနှင့် ၅ မိုင်နှင့် ၁၀ မိုင်အတွင်းရှိ နေရာများကိုသာ မီးပေးနိုင် သေးပြီး ၁၀ မိုင်ထက် ဝေးကွာသည့် ကျေးလက်ဒေများကို ဆိုလျှင် ဆိုလာနှင့် စသည့် လျှပ်စစ်ဓာတ်အားများဖြင့်သာ ဆောင်ရွက် ခြင်း ဖြစ်ကြောင်း သိရသည်။

ကျေးရွာမီးလင်းရေးများကို တစ်နှစ်စီတွင်ရရှိသည့် ဘတ်ဂျတ်အပေါ်တွင် မူတည်၍ မြို့နယ်နှင့် ခရိုင်အလိုက် ခွဲဝေပြီး ဆောင်ရွက် လျှက် ရှိကြောင်းလည်း ဆိုသည်။

 451 total views,  1 views today