ရိုးမရေဒီယိုမဂ္ဂဇင်း

ပဋိပက္ခတွေဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ မတူညီတဲ့ လူမျိုးစုတွေနဲ့ ဘာသာတွေဝင်အကြား ယုံကြည်မှု ကျဆင်းလာတာတွေ၊ သံသယတွေနဲ့ တစ်ဖက်နဲ့ တစ်ဖက် အမြင်မတူမှုတွေ လျှော့ချနိုင်ဖို့ ရခိုင်ပြည်နယ်အတွင်းက တိုင်းရင်းသားမျိုးနွယ်စု တွေကို စုစည်းပြီးတော့ ၂ ရက်တာ အလုပ်ရုံဆွေးနွေးမှုတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။

အဲဒီဆွေးနွေးမှုကို မဇ္ဈိမဖောင်ဒေးရှင်းရဲ့ ဦးဆောင်မှုနဲ့အတူ ရခိုင်အမျိုးများသမီးကွန်ယက်နဲ့ ရခိုင်အမျိုးသမီးများ အစည်းအရုံးတို့က ပူးပေါင်း ပြီးတော့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ Memory Hotel မှာ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၂၉ ရက်နေ့ထိ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင် ပဋိပက္ခတွေဖြစ်လာတယ်။ ဖြစ်လာတဲ့ နောက်ပိုင်းတွေမှာလည်း မတူညီတဲ့ ဘာသာဝင်တွေကြား၊ မတူညီတဲ့ လူမျိုးတွေ ကြားထဲမှာ မယုံကြည်မှုတွေ၊ သံသာတွေ ဖြစ်လာတယ်။ နောက်ပြီးတော့ ခွဲခြားမြင်တဲ့ အမြင်လေးတွေ ဖြစ်လာတယ်။ အဲဒါကနေ တဆင့် ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးကို ထိခိုက်စေလာနိုင်တဲ့အတွက်ကြောင်မို့ အခု၏ဒါကို ဒီလူငယ်တွေကနေတဆင့် မတူ ကွဲပြားတဲ့ လူငယ်တွေအချင်း ချင်းကြားထဲမှာ ခွဲခြားဆက်ဆံမှုတွေပပျောက်ရေး၊ လျှော့ချရေး။ နောက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ အပြန်အလှန် နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ ခင်မင်မှုတွေတည်ဆောက်နိုင်ရေးနဲ့ သူရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလည်း အချင်းချင်း အပြန်အလှန် နားလည်သဘောပေါက်ဖို့ ရည်ရွယ်ပြီးတော့မှ ဒီဝက်လျှော့လေးကို လုပ်တာဖြစ်တယ်။”

ဒါကတော့ မဇ္ဈိမဖောင်းဒေးရှင်းရဲ့ အတွင်းရေးမှူး ဒေါ်သင်းသင်းအောင်က Work Shop ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်းနက် (ခ) သက္ကမ၊ ကမန်၊ မရာမကြီးနဲ့ ဟိန္ဒူစတဲ့ အသက် ၃၀ အောက် တိုင်းရင်းသားမျိုးနွယ်စုတွေပါဝင်တဲ့ လူငယ် ၂၂  ယောက်ကို ဖိတ်ကြားပြီးတော့ ဆွေးနွေးစေခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ကြားနေအဖြစ် ဆောင်ရွက်ပေးခဲ့တဲ့ Facilitator ဒေါ်ခင်စန္ဒာထွန်းကလည်း အခုလို ဆွေးနွေးမှုတွေ အများ အပြားပြုလုပ်ပေးဖို့ လိုအပ်ကြောင်း အကြံပြုပါတယ်။

“အဓိကက ရခိုင်ဟာ အရမ်းရှုပ်ထွေးတဲ့ အခြေအနေရှိတယ်။ Complex ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပြီးရင် သက်ဆိုင်ရာမျိုးနွယ်စု အသေးလေး တွေ ဒါတွေလည်း ရှိတယ်။ တန်းတူအခွင့်အရေး မရကြဘူး။ ကျားမအချင်းချင်းတန်းတူ ညီညွတ်မှု မရှိဘူး။ ဘာသာရေး၊ လူမျိုးရေးတွေလည်း ရှိနေ တော့ အခြေနေက ရှုပ်ရှုပ်ဖြစ်နေတယ်။ ဒါကို အရမ်း Sensitive ဖြစ်တယ်။ ထိလွယ်ရှလွယ်ဖြစ်တယ်ဆိုပြီးတော့ မဆွေးနွေးကြဘူးပေါ့နော်။ မဆွေး နွေးလေ အဖြေကို မတွေ့လေ။ ပိုပြီးတော့ ဖြေရှင်းဖို့ နေရာနဲ့ ပိုဝေးလေဖြစ်တယ်။ ဆွေးနွေးသင့်တယ်။ ဆွေးနွေးဖြေရှင်းမှဘဲ ပြဿနာကို ဖြေရှင်းတဲ့ဆီရောက်ပါမယ်။”

တက်ရောက်လာကြတဲ့ လူငယ်တွေဟာ သာသာရေး၊ လူမျိုးရေးကိစ္စရပ်တွေအပါအဝင် ကျား၊ မ တန်းတူအခွင့်အရေးဆုံးရှုံးနေမှုတွေ၊ ပညာရေး ကဏ္ဍမှာ နိမ့်ကျနေမှုတွေနဲ့ စတဲ့ ကဏ္ဍအသီးသီးကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသေးတယ်။

“ကျနော်တို့ လူ့အသိုင်းအဝိုင်းထဲမှာ ဘယ်လူမျိုးမို့လို့ ဘယ်ကဏ္ဍမှာ မပါရဘူး။ ရခိုင်လူမှုအသိုင်းအဝိုင်းမှာဆိုရင် ကမန်ဟာ ကုလားနဲ့ ဆင်လို့လား။ အစ္စလမ်ဘာသာကိုးကွယ်လို့လား။ အဲဒါတွေကြောင့် ပါဝင်ခွင့် မရတာတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ဒိုင်းနက်၊ မြို၊ သက်၊ ခမီတို့လည်း ရှိကြ တယ်။ ဒီတိုင်းရင်းသားတွေ အနေနဲ့လည်း ပါဝင်မှုဟာ တော်တော်လည်း အားနည်းတယ်။ ကိုယ်တို့ ရခိုင်ကလည်း လုပ်လို့ချည်း အဆင်မပြေဘူလေ ။ မျိုးနွယ်စု ခုနှစ်မျိုးရှိရင် ခုနှစ်မျိုးစလုံးကို ဆွဲခေါ်ပြီးတော့ ကျနော်တို့ အတူတူ လက်တွဲပြီး ဆောင်ရွက် သွားဖို့ လိုတယ်။”ဟု ရခိုင်အမျိုးသမီးကွန် ယက်က ကျားမရေးရာညှိနှိုင်းရေးမှူးအနေနဲ့ ပါဝင်ဆွေးနွေးခဲ့တဲ့ လူငယ် ကိုကျော်နိုင်ဌေးက ပြောပါတယ်။

အခုလို လူငယ်တွေ သီးသန့်ဆွေးနွေးရတာဟာ လူကြီးတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးရတာထက် ပိုမိုပြီး ထိရောက်မှုရှိသလို ဆွေးနွေးပွဲက ရလာဒ်တွေ ကိုလည်း သူတို့က တတ်နိုင်သလောက် လက်ဆင့်ကမ်းမျှဝေသွားမယ်လို့ တက်ရောက်လာတဲ့ တိုင်းရင်သား လူငယ်တွေက ဆိုပါတယ်။

အခုပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲဟာ ပထမအကြိမ်ဖြစ်ပြီးတော့ လာမယ့် နှစ်တွေမှာလည်း ဒီထက်မက ပြုလုပ်ပေးနိုင်ဖို့ ကြိုးပမ်းသွားမယ် လို့လည်း မဇ္ဈိမဖောင်းဒေးရှင်းက ပြောဆိုချက်အရ  သိရပါတယ်။

 585 total views,  1 views today