ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာ ၂၂။ ။ ဒေသဖွံ့ဖြိုးဖို့မှာ အမျိုးသမီးတိ့ ပိုမိုပါဝင်လာနိုင်ဖို့အတွက် ရခိုင် လူငယ်မျိုးဆက် သစ်ကွန်ယက် ၏ ဦးဆောင်မှုနှင့် ရခိုင်ပြည်နယ် စစ်တိမြို့မှာ အောက်တိုဘာလ ၁၈ ရက်နေ့က ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခကြပါရေ။

ဆွေးနွေးပွဲမှာ အမျိုးသမီးတိ့ ကဏ္ဍအသီးသီးမှာ ပါဝင်လာနိုင်မှု၊ ကျေးလက်နှင့် မြို့ပြမှ အမျိုးသမီးတိ့၏ ဖွံဖြိုးတိုးတက်မှု၊ လုံခြုံမှု အခြေအနေနှင့် စရေ ကဏ္ဍအသီးသီးကို ထည့်သွင်းဆွေးနွေးခကြပါရေ။

များသောအားဖြင့် လုံခြုံမှုကဏ္ဍမှာ နေ့ဖက်၊ ညဖက်၊ လူပြတ်ရေနေရာ၊ လူစည်ကားရေနေရာ စသည်ဖြင့် ခွဲခြမ်း စိတ်ဖြာနေစရာမလိုပဲ မည်သည့်နေရာဒေသမှာပင် မဆို စိတ်ချနေရရေ အခြေအနေဖြစ်ရန် လိုအပ်ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက် Triple-E Management Institute တည်ထောင်သူ ဒေါ်သန်းသန်းရွှေက ပြောသည်။

“ဒေသတွင်း အမျိုးသမီးလုံခြုံမှု ခံစားရခြင်းဟာ နေ့လည်၊ ညဖက်၊ ညဥ့်မှောင်ရေ။ လူသွားလူလာပြတ်ရေ နေရာ။ လူစည်းကားရေ နေရာ အဲဒီလိုမျိုး ခွဲခြမ်းစိတ်ဖြာစရာ မလိုလောက်အောင်ကို ကျမရို့ ဇာနေရာပဲ လားလား ကျမရို့ နောက်ကျောကို စိတ်ချယုံကြည်နိုင်လောက်ရေ ယုံကြည်မှုမျိုး ဥပဒေချမှတ်ထားတာ အထောက်ထား စနစ်ပုံစံတိ လမ်းတိမှာ စီစီတီဗွီတပ်ထားရေ။ စီစီတီဗွီက ရလာရေ မှတ်တမ်းတစ်ခုခု ရှိခရင် အရေးယူဆောင်ရွက်ရဖို့။ အပြစ်ပီးရေ နေရာမှာလည်း ထိုက်သင့်ရေ အပြစ်ဒဏ်တိကို ရှင်းရှင်း လင်းလင်း တိတိကျကျ မှတ်သားလောက်အောင် နောင်တစ်ကြိမ် မလုပ်ရဲအောင် ဆိုရေ ဥပဒေ ပြတ်သားချက်တိနဲ့ အရေးယူမှုတိ အများကြီးလိုရေ။ ” ဟု ဒေါ်သန်းသန်းရွှေကပြောသည်။

“ဒေသဖွံ့ဖြိုးရေးမှာ အမျိုးသမီးများ၏ ပါဝင်နိုင်မှု အခန်းကဏ္ဍ” ဟူရေ ခေါင်းစဉ်ဖြင့် ဆွေးနွေးခကြခြင်း ဖြစ်ပြီး ရခိုင် လူငယ်မျိုး ဆက်သစ်ကွန်ယက်တိ့အပါအဝင် ရခိုင်အမျိုးသမီးများ အစည်းအရုံး၊ အမျိုးသမီးရေးရာ အဖွဲ့မှ အဖွဲ့ဝင်တိ့နှင့် စိတ်ပါဝင်စားရေ အမျိုးသမီးတိ့ တက်ရောက်ဆွေးနွေးခကြပါရေ။

 444 total views,  1 views today