ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပါတ်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အများဆုံးနေထိုင်ကြရေ ဒိုင်းနက် ခေါ်သက္ကမလူမျိုးရို့ အကြောင်းကို တင်ဆက်ပီးဖို့ပါ။ သူရို့က ဇာကြောင့် ဒိုင်းနက်လို့ ခေါ်ကတ်လဲ၊ ဇာပိုင် ဘာသာစကားကို ပြောကတ်လဲ၊ ဇာပိုင် ဆင်ယင်ထုံးဖွဲ့ကြလဲဆိုစွာ ပြောပြပီးဖို့ပါ။

သက္ကမလူမျိုးတိစွာ ရခိုင်ပြည်နယ်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ချင်းပြည်နယ်ထဲက ပလက်ဝ မြို့နယ်ရို့မှာ ပြန့်ကျဲနေထိုင်ကြပြီး အများစု ကတော့ လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတိဖြစ်ပါရေ။

ကိုယ်ပိုင်ဘာသာစကား၊ စာပေ၊ အနုပညာယဉ်ကျေးမှုနဲ့ ရပ်တည်နေနိုင်ကြသူတိဖြစ်ပြီး ကိုယ့် လူမျိုး အချင်းချင်း သက္ကမ လို့ ခေါ်ဆိုကြကေလေ့ တခြားတိုင်းရင်းသားတိကတော့ သူရို့ကို ဒိုင်းနက် လို့ သိရှိကြပါရေ။ တနိုင်ငံလုံးမှာ သက္ကမ တိုင်းရင်းသား လူဦးရေစုစုပေါင်းက သုံးသောင်းခန့်ပဲ ရှိရေလို့ သိရပါရေ။

“ကျွန်တော်ရို့ ကိုယ့်အချင်းချင်းဆိုကေတော့ သက္ကမလို့ခေါ်ရေ။ သက္ကမ အဓိပ္ပါယ်က သကျ (သက်ကျ လို့ဖတ်ပါ) ဆိုစွာ ပါဠိစကားဖြစ်ပါရေ။ စွမ်းဆောင်နိုင်ရေလူ လို့ အဓိပ္ပါယ်ရပါရေ။ သက္ကမ၊ ဆမ်ဂ်မ၊ ဆက္ကမ အဲ့လိုပြောကြပါရေ။”

အခုလို ပြောပြလားစွာက မြောက်ဦးမြို့နယ် နန်းကျားကျေးရွာက အငြိမ်းစား မူလတန်းကျောင်းအုပ် ဆရာကြီး ဦးထွန်းလှအောင်ပါ။ ဒိုင်းနက်လို့ အမည်မှာနေခတာကတော့ သမိုင်းအထောက်အထားတိအရ ရခိုင်ဘုရင် မင်းထီးလက်ထက် အရှေ့သက်လို့ခေါ်ရေ သက္ကမရို့ရဲ့ မစ္စဂီရိဒေသကို သိမ်းယူပြီးရေနောက် သက္ကမလူမျိုးတိကို အမ်း ဒါးလက်ဘက်မှာ နယ်စားပီးပြီး အနက်ရောင်ဒိုင်းကိုအခွန်ပီးဆောင်စေခရာက ဒိုင်းနက် လို့ခေါ်ကြသလို နောက်တမျိုး ဒိုင်းလက်နက်ကို ကျွမ်းကျင်ရေသူတိဖြစ်ရေအတွက် ဒိုင်းနက် လို့ ခေါ်ဝေါ်သုံးစွဲခတာကစပြီး ဒိုင်းနက်လို့ အမည်ခေါ်လာခစွာလို့ဆိုပါရေ။

“ဒိုင်းအခွန်က ဘဇောင်လဲဆိုကေ အနက်ရောင်ပါ။ ဒိုင်းနက်ငွေခွန်ဖွဲ့ပြီး ဘုရင်မင်းထီးကို ဆက်သရရေ။ အဲ့ဒီ အချိန်ကစပြီး ရခိုင်သူ ရခိုင်သားတိက ကျွန်တော်ရို့ အရှေ့သက်လို့ခေါ်ရေ လူမျိုးတိကို ဒိုင်းနက်ခေါ်ရာကနေလို့ ဒိုင်းနက်အဖြစ် ဆင်းသက်လာရေ၊ အမည်ရလာရေလို့ သိရပါရေ။”

သူရို့တိ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတိ ဇာပိုင်ရှိလဲ၊ သူရို့အမျိုးသား ဝတ်စုံတိက ဇာပိုင်ပုံစံလဲ၊ စရေ အကြောင်းအရာတိကို သိရှိရဖို့ကို ဘူးသီးတောင်နဲ့ မြောက်ဦးမြို့နယ်ထဲမှာ နေထိုင်ကြရေ သက္ကမ တိုင်းရင်းသားတိကို တွိ့ဆုံပြီး လေ့လာတင်ပြပီးပါဖို့။

ဆရာကြီးဦးထွန်းလှအောင်က သက္ကမရို့ ဘာသာစကားစွာ အင်ဒိုဥရောပ အုပ်စုမှာပါဝင်ပြိး မဂဓဘာသာ၊ တနည်း ပါဠိ ဘာသာစကားကို ပြောဆိုကြရေလို့ ဆိုပါရေ။ သက္ကမလူမျိုးရို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရမ်ဂါမတီ စစ်တကောင်း တောင်တန်းဒေသ၊ အိန္ဒိယနိုင်ငံထဲက သြရာနတျာပရာဒေ့ရှ်၊ တြိပူရနဲ့ မီဇူရမ် ဒေသတိမှာလဲ နေထိုင်ကြပြီး မြန်မာနိုင်ငံက သက္ကမတိနဲ့ ကူးလူးဆက်ဆံမှု ရှိသလို ပြောဆိုရေ ဘာသာ စကားအသံ အနည်းငယ် ကွဲလွဲကေလေ့ အတူတူပဲ ဖြစ်ရေလို့ ရှင်းပြပါရေ။

“လေသံ ကွဲရေဆိုစွာ မြန်မာမှာ နေရေသူတိက မြန်မာအသံနဲနဲ ရောရေ။ ဘင်္ဂလားမှာ ကျတော့ ဘင်္ဂလားအသံနဲနဲ ရောရေ။ အိန္ဒိယမှာတော့ ဟိန္ဒူစတန်နီနဲ့ အိုရဒူအသံ နဲနဲ ရောပါရေ။ ယေလေ့သင့် မူရင်း စကားလုံးတိ၊ ဝေါဟာရတိကတော့ အားလုံး အတူတူပါပဲ။ အပြန်အလှန်ပြောလို့ ဆိုလို့လဲ ရပါရေ။ မနှစ်ကတောင် အိန္ဒိယ တြိပူရက ဘုန်းကြီးတိ ရောက်လာသေးရေ။ သူရို့ရောက်တော့ ကျွန်တော်ရို့နဲ့ အပြန်အလှန် အများကြီး ပြောလို့ရပါရေ။ ဘာသာစကား လုံးဝတူနေလို့ ပြောလို့ရရေသဘောပါ။”

သူရို့ရဲ့ ဝတ်စားဆင်ယင်မှုမှာတော့ အမျိုးသားတိက အဖြူရောင်ကိုပဲ ဝတ်ဆင်ကြပြီး ခေါင်းပေါင်းအဖြူကို ဇာဘက်အစချ၊ အင်္ကျီအဖြူနဲ့ ပုဆိုးအဖြူကို ခါးတောင်းကြိုက်ပုံစံ ဝတ်ဆင်ခကြပါရေ။ နောက်ပိုင်းမှာတော့ ဒီဝတ်စုံကို အခမ်းအနားတိရှိရေအခါမှပဲ ဝတ်ကြပါတော့ရေ။ အဖြူသက်သက် မဟုတ်တော့ပဲ အမျိုးသမီးတိရဲ့ အဆင်အသွေးနဲ့ လိုက်ဖက်အောင် ဆင်တူပန်းကွက်ဖော်ပြီး ဂျာကင် အင်္ကျီပုံစံမျိုး ချုပ်လုပ် ဝတ်ဆင်လာကြတာလဲ ရှိပါရေ။ ဆရာဦးထွန်းလှအောင်ကလည်း အဖြူကိုပဲ ယောကျာ်းတိ ဝတ်ရေလို့ သိရခပေမယ့် ရိုးရာဝတ်စုံတိ ပျောက်ကွယ်လာသလို အထောက်အထား မှတ်တမ်းတိ မရနိုင်ရေအတွက် အဖြူဝတ်စုံအပြင် တခြားအဆင်တိလဲ ရှိနိုင်ရေလို့ ဆိုပါရေ။

“တခြားဟာတိလဲ ရှိချင်ရှိမှာပါ။ ရခိုင်လူမျိုးတိမှာ အကွက်တိဆင်ကြသလို ကျွန်တော်ရို့မှာလည်း သူ့အရွယ်နဲ့သူ ရှိမှာပါ။ နေရာတိုင်းမှာ အဖြူဝတ်ဖို့တော့ မဟုတ်ဘူး။ လူကြီးသူမတိဝတ်တာကတော့ အဖြူပါပဲ။ ဆယ့်ခြောက်နှစ်သား လောက်ကတော့ အဖြူဝတ်မယ့်အရွယ်တော့ မဟုတ်သေးဘူး။ အဖြူဆိုတာက တကယ့်သူတော်စင်တိပဲ ဝတ်ရေ အဝတ်အစားလေ။”

အမျိုးသမီးတိကတော့ ရင်ကပ်အင်္ကျီ၊ အပေါ်ရုံပုဝါနဲ့ ထဘီကို ဝတ်ဆင်ကြပါရေ။

“အင်္ကျီကိုတော့ ဆာလုံမ် ခေါ်ရေ၊ ရင်စည်းကို ခါဒီ၊ ထဘီကို ပီ(န်)နီ၊ ပုဆိုးကို ဒူးတီ လို့ ခေါ်ပါရေ။”

အသက် ၁၇ နှစ်အရွယ် ငွေခိုင်ဖြူကတော့ ရွာမှာပွဲလမ်းသဘင်ရှိရေအခါမှ ရိုးရာဝတ်စုံလေးတိ ဝတ်ခွင့်ရရေ အတွက် ပျော်ရွှင်ရရေလို့  ပြောပါရေ။

“ကိုယ့်ရိုးရာဝတ်စုံကို ဝတ်ရရင်ပျော်ပါရေ။ ကျက်သရေရှိရေလို့ ထင်ပါရေ။ ရှင်ပြုပွဲရို့၊ သင်္ကြန်ပွဲရို့၊ သီတင်းကျွတ်ပွဲရို့ဆိုရင်တော့ ဝတ်ကြပါရေ။ အမြဲတမ်းတော့ မဝတ်ဖြစ်ဘူး။”

ထဘီကိုတော့ ဒူးဆစ်နားမှာ အရစ်တိနဲ့ အဆင်ကို ခွဲခြားပြီး အသက်အရွယ်အလိုက် သတ်မှတ်ရေ အဆင်ကို ဝတ်ဆင်ရပါရေ။ မိန်းကလေးတိ ထဘီစပြီး ဝတ်ရရေအရွယ်ကစလို့ အရစ်သုံးခုပါရေထဘီကို ဝတ်ရပြီး အိမ်ထောင်ပြုရေ အချိန်ဆိုရင် အရစ်ငါးခုပါရေ ထဘီကို ဝတ်ရပါရေ။ အရစ် ခုနစ်ခုနဲ့ ထဘီကတော့ အသက်ကြီးရေ အဖွားအရွယ်တိ ဝတ်ရရေလို့ ဆိုပါရေ။ အရစ်တိကို သတ်မှတ်တာကတော့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို အခြေခံပြီး ရတနာသုံးပါး၊ ငါးပါးသီလနဲ့ သူတော်ကောင်းတရား ခုနစ်ပါးကို အလေးထား စောင့်ထိန်းနိုင်ဖို့အတွက် ရည်ရွယ်ရေလို့ ဦးထွန်းလှအောင်က ရှင်းပြပါရေ။

“အိမ်ထောင် ဃရာဝါသ ကျရေအခါ ငါးရစ် ဝတ်ရပါရေ။ အိမ်ထောင်ကျလားရေအတွက် ကာမေသု မိစ္ဆာစာရကံ မထိုက်ရအောင် ငါးပါးသီလလုံရဖို့ဆိုရေ အဓိဋ္ဌာန်နဲ့ ဝတ်တာပါ။ ယေလေ့သင့် အခု ကိုယ့်ထဘီတိ ဒယောတိ မရှိရေအခါ ဝတ်ချင်သလို ဝတ်နေကြတော့တာပေါ့။”

မသန်းသန်းမိုးက ဘူးသီးတောင်မြို့နယ် လောင်းချောင်းရွာမှာ နေထိုင်သူပါ။ သူက ရိုးရာဝတ်စုံတိ နှစ်သက်လို့ စုဆောင်း ထားပြီး အခါအခွင့်သင့်တိုင်း ဝတ်ဆင်လေ့ရှိပါရေ။ သက္ကမ အမျိုးသမီးတိက အနက်ရောင်၊ အနီရောင်ကို အခြေခံရေ ခြည်ထည် ဝတ်စုံတိကို ဝတ်ကြပါရေ။ သူကတော့ ရိုးရာအဆင်တိကို အခြေခံပြီး ခေတ်ကာလအလျှောက် ပေါ်လာရေ ဝတ်စုံတိကို နှစ်သက်ရေလို့ ပြောပါရေ။

“တခြားလူမျိုးတိက ထဘီကိုချုပ်ပြီးတော့ ဝတ်ရေ။ အကျွန်ရို့ကတော့ မချုပ်ဘူး။ ခြုံလွှာကို ထဘီအနေနဲ့ ဝတ်ရေ။ ကိုယ်ဝတ်ချင်ရေ အင်္ကျီဝတ်လို့ရရေ။ တံဘက်ကို ခြုံရတာပေါ့။ တံဘက်ခြုံတာလဲ အမျိုးမျိုးရှိရေ။ စလွယ်လိုခြုံမလား၊ ဒါမှမဟုတ် ရင်စည်းမလားပေါ့။ ရခိုင်ပြည်နယ်အနေအထားနဲ့ဆိုတော့ အင်္ကျီကို ခါးပေါ်အောင်တော့ မဝတ်ကြဘူး။ အင်္ကျီရှည်လေးတိ လက်ရှည်တိ ဝတ်ကြစွာပေါ့။”

မောင်လှရွှေက အဝေးသင်တက္ကသိုလ် ဒုတိယနှစ်တက်နေရေ ကျောင်းသားတယောက်ဖြစ်ပြီး နန်းကျားရွာမှာ နေပါရေ။ ရိုးရာ ဝတ်စုံလေးတိ ဝတ်ချင်ပေမယ့် သူ့အတွက်တော့ အခက်အခဲဖြစ်နေရပါရေ။ အဓိက အကြောင်းရင်းကတော့ ရှိရေဝတ်စုံနဲ့ လူဦးရေမမျှရေအတွက် မဝတ်နိုင်ပဲ ဖြစ်နေရတာလို့ ဆိုပါရေ။

“ဒီမှာကျတော့ တရွာကို ဝတ်စုံက ယောကျာ်းလေး ငါးစုံ မိန်းကလေးငါးစုံ အဲ့လောက်ပဲရှိရေ။ ယက္ကန်းရို့ ဘာရို့ မရှိတော့ဘူး ပျောက်လားပြီဆိုတော့ အဲ့လို ထုတ်မယ့်လူလဲ မရှိတော့ဘူး။ ဘင်္ဂလားဒေ့ရှ်ရို့ အိန္ဒိယရို့ သူရို့ဆီက အလှူခံလို့ ရထားရေ။ တတ်နိုင်ရင် ဝယ်ထားတာလဲ ရှိရေ။ မဝတ်ဖြစ်တာကတော့ ဝတ်စုံမလုံလောက်လို့ပါ။”

တကယ်လဲ ဒီလိုဝတ်စုံတစုံရဖို့ သိပ်မလွယ်ပါဘူး။ ကိုယ်ပိုင်ဝယ်ယူထားချင်သူတိကတော့ ငွေကြေး အမြောက်အများ သုံးစွဲရရေ အတွက် ဝတ်စုံအပြည့်အစုံ ဝယ်ယူနိုင်သူကလဲ နည်းပါးလွန်းနေပါသေးရေ။ စစ်တိ တက္ကသိုလ်မှာ ပညာသင်နေရေ ကျောင်းသား ညီညီထွန်းက ဝတ်စုံတစုံရဲ့ တန်ဖိုးကို အခုလိုပြောပါရေ။

“ယောကျာ်းလေးဝတ်ရေ ဂျာကင် (အပြင်စွပ်) တထည်ကို သုံးသောင်းခွဲက ငါးသောင်းလောက် ရှိရေ။ ခြည်သား ကောင်းရင် ကောင်းသလောက်ပေါ့။ အမျိုးသမီး ထဘီတတည်ကို သုံးသောင်း၊ တံဘက်တထည်ကို လေးသောင်း၊ သုံးသောင်းခွဲ၊ နောက်ပြီး ငွေသားတိလဲ ပါဖို့ဆိုရင် အကုန် တသိန်းကျော်လောက် ပေါက်ဖို့။”

သက္ကမ အမျိုးသမီးတိက ငွေသားကိုပဲ အဆင်တန်ဆာအဖြစ် သုံးစွဲကြပြီး ငွေဘယက်၊ ငွေခါးစည်းကြိုး၊ လက်ကောက်နဲ့ ခြေကျင်းတိကို ဆင်ယင်လေ့ရှိပါရေ။ ရွှေကိုတော့ ဘာသာရေးအရ အထွဋ်တမြတ် သုံးစွဲ ကြတာဖြစ်လို့ ကိုယ်ခန္ဓာမှာ အလှဆင် ပစ္စည်းအနေနဲ့ မသုံးကြဘူးလို့ ပြောကြပါရေ။ ဒီခေတ်မှာတော့ ငွေသား အဆင်တန်ဆာတိ မရနိုင်တော့သလို တန်ဖိုးလဲ မြင့်လာတာကြောင့် ဆင်ယင်နိုင်တာမရှိတော့ပါဘူး။ တချို့ ကတော့ ငွေသားဈေးနှုန်းမြင့်လာရေအတွက် အဆင် တန်ဆာတိကို ရောင်းချလိုက်ကြတာကြောင့် ပျောက်ကွယ်သလို ဖြစ်လာနေရေလို့ ဆိုပါရေ။ ယေလေ့သင့် အမျိုးသမီးတိုင်းမှာ ငွေသား လက်ကောက် တိတော့ ဝတ်ဆင်နေကြပါသေးရေ။ နန်းကျားရွာမှာနေရေ ၅၁ နှစ်အရွယ် ဒေါ်သိန်းဇံဖြူက သူရို့ ငယ်စဉ်က သုံးစွဲခဖူးရေ ငွေသား အဆင်တန်ဆာတိကို အခုလိုပြောပြပါရေ။

“ငွေသား ဒင်္ဂါးပြားကို ကိုင်းတတ်ပြီးဆွဲပါရေ။ ခါးစည်းကြိုး တစ်ပင်ကို ငါးဆယ်သား၊ ဆွဲကြိုးတစ်ပင်ဆို ဆယ့်တစ်ကျပ်၊ ဒီဘက်က ငါးကျပ်၊ ဒီဘက်ကငါးကျပ်၊ အတွဲက တကျပ်၊ အဲ့လိုလည်မှာဆွဲရေ၊ အကျွန်ရို့မှာ ငွေသားကို ဟိုးအစဉ် အဆက်ကတည်းက ဝတ်လာကြတာပါ။ ရွှေထက် ငွေကို အသုံးပြုပါရေ။ ငွေကို အလေးထားပြီး သုံးကြပါရေ။”

မူလဝတ်စုံ အဆင်တန်ဆာတိ ရှားပါးပျောက်ကွယ်လာနေပေမယ့် ရိုးရာဝတ်စုံ အဆင်တန်ဆာတိကို ခေတ်ကာလနဲ့အညီ ဖန်တီးဝတ်ဆင်နိုင်ဖို့ စိတ်ကူးတိကတော့ ရှိနေကြပါရေ။ သန်းသန်းမိုးက သူ့ စိတ်ကူးထဲက ဝတ်စုံလေးကို အခုလို ပြောပါရေ။

“နွေရာသီဆိုရင် အမျိုးသမီးတိမှာရှိရေ။ ခါးတိုအင်္ကျီလေးတိ၊ ချက်ပေါ်ပေါ်လေးနဲ့၊ တံဘက် ကလေးကို ဇာဘက် အခြမ်းမှာ ခြုံပြီးတော့ အဲလိုမျိုး လုပ်တာ ယဉ်ကျေးရေ။ နွေရာသီအခါလဲ လေဝင် လေထွက် ရှိရေပုံစံမျိုးပေါ့ အဲ့လိုဝတ်ချင်ရေ။ အဲ့လိုဝတ်ရတာ အရမ်းကြိုက်ရေ။”

ယေလေ့သင့် မောင်လှရွှေနဲ့ ညီညီထွန်းရို့ကတော့ သန်းသန်းမိုးနဲ့ မတူရေအမြင်ရှိပေမယ့် အားလုံးကတော့ သက္ကမ လူမျိုးတိ တန်းတူအသိအမှတ်ပြုခံရဖို့၊ ယဉ်ကျေးမှုဓလေ့ထုံးစံတိ တိုးတက်ဖို့ မျှော်လင့်နေကြပါရေ။

 836 total views,  1 views today