ရိုးမရေဒီယိုမဂ္ဂဇင်း

ဘူးသီးတောင်၊ အောက်တိုဘာ ၃၀ ရက်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ UNHCR ၏ အကူအညီနန့် နေအိမ် ၇၆ လုံး ဆောက်ပီးလားဖို့ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရပါရေ။

ပြီးခရေ ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်မှုဖြစ်စဉ်မှာ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်လားသူတိ့ မဟုတ်ဘဲ ယင်း ကျေးရွာအတွင်း ကျန်ရစ်ခပြီး နေအိမ်မီးလောင်ဆုံးရှုံးလားသူတိ့အတွက် ဆောက်လုပ်ပီးခြင်းလည်း ဖြစ်ပါရေ။

“သူရို့က မထွက်ပြေးလေ။ ရွာအတွင်းမှာ မှီခိုနေကြရေဟာတိ မီးလောင်လားရေအတွက် ကျနော်ရို့က ပြန်ပြီး သူရို့ကို ပံ့ပိုးပီးရေ အနေနဲ့ အစိုးရက လုပ်ပီးတာပါ။ မလုံလောက်လို့ ထပ်တင်ရင်လည်း ထပ်လုပ်ပီးလားမှာပါ။” ဟု ဘူးသီးတောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးကျော်မြင့်ထွန်းက ပြောပါရေ။

ယင်းပိုင် ကျပ်သိန်း ၂၀ တန် မျှောတိုင်မြေစိုက်၊ ဝါးထရံကာ အိမ်အမျိုးအစားတိ့ကို ဆောက်လုပ်ဖို့ လက်ရှိမှာ စီစဉ်နေဗျာလ်ဖြစ်ပြီး အိမ်အရေအတွက်နှင့် လောက်ငှမှုမရှိ၍ တင်ပြလာပါက ထပ်မံဆောက်လုပ် ပီးလားမည်ဟု ဆိုပါရေ။

ARSA အကြမ်းဖက်ဖြစ်စဉ် မတိုင်မှီ ယင်းကျေးရွာမှာ လူဦးရေ ၁၈၀၀ နှင့် နေအိမ် ၃၀၀ ဝန်းကျင်ရှိခကေလည်း လက်ရှိမှာ လူဦးရေ ၉၀၀ ခန့်နှင့် မီးမလောင်ဘဲ အိမ်ခြေ ၅၆ လုံးကျန်ရစ်ခပနာ ယာယီနေအိမ် ၄၆ လုံး ဆောက်လုပ်လျှက်ရှိကြောင်း သိရပါရေ။

ယင်းကျေးရွာမှာ စာသင်ကျောင်းကို ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ပါရေ။ သို့သော် ကျန်းမာရေးဆေးပီးခန်း မရှိသေးပါ။

 580 total views,  2 views today