ကိုအောင် (ရိုးမရေဒီယိုမဂ္ဂဇင်း)

ရခိုင်ပြည်နယ်ဆိုစွာ ဘင်္ဂလား ပင်လယ်ကမ်းရိုးတန်းအတိုင်း တောင်မြောက်တန်းပနာ တည်ရှိနိရေအတွက် ဒေသအလိုက် ထင်ရှားလှပရေ ကမ်းခြေနေရာတိ့ အများအပြား ရှိနိပါရေ။ သံတွဲမြို့နယ်ထဲမှာရှိပနာ ကမ္ဘာကျော် ကမ်းခြေတခုအဖြစ် ကျော်ကြားလှရေ ငပလီကမ်းခြေ ဆိုစွာ ရခိုင်ပြည်နယ်ထဲမှာ ရှိစွာပါ။

ဒေပိုင်ဗျာလ် ဒေသအလိုက် ထင်ရှား လှပရေ တခြား ကမ်းခြေတိလဲ ရှိနေပါသေးရေ။ ဂွမြို့နယ်ထဲက ဂွ ကမ်းခြေနဲ့ ကမ်းသာယာ ကမ်းခြေ၊ မာန်အောင်မြို့က ကအီး ကမ်းခြေ၊ ကျောက်ဖြူမြို့က ကျောက်ဖြူကမ်းခြေ၊ စစ်တွေမြို့က စစ်တွေကမ်းခြေ စသဖြင့် တည်ရှိနိကေလေ့ ဒေသတွင်း မြို့နယ်တိ့ကပဲ အပန်းဖြေခရီး၊ လေ့လာရေးခရီးအနေနဲ့ လာရောက်လေ့ရှိစွာပါ။

ဒေတစ်ပါတ်မှာတော့ ကမ်းသာယာကမ်းခြေ အကြောင်းကို တင်ဆက်ပေးလားဖို့ပါ။

ဂွ-သံတွဲ ကားလမ်းပေါ်မှာ တည်ရှိရေ ကမ်းသာယာကမ်းခြေစွာ ဂွမြို့မြောက်ဘက် ၁၆ မိုင် ကွာဝီးပနာ နာမည်ကျော် ငပလီကမ်းခြေနန့် (၆၅) မိုင်၊ သံတွဲမြို့ကနေ (၆၂) မိုင်လောက် ဝီးကွာရေ နေရာမှာရှိပါရေ။ (၃) မိုင်လောက် ရှည်လျားရေ ပင်လယ်ကမ်းခြေမှာ သဲသောင်ပြင်၊ ကျောက်ဆောင်၊ ကျောက်တန်းတွေ၊ အုန်းပင်တန်းတွေနဲ့ လှလှပပ တည်ရှိနေရေ ကမ်းခြေတခုလည်း ဖြစ်ပါရေ။ လူတိ့ ပြုပြင်စီရင်မှု မရှိသလောက် နည်းပါးပနာ သဘာဝအတိုင်း တည်ရှိနေသေးရေအတွက် အပျိုစင် ကမ်းခြေလို့ ဆိုရဖို့ပါ။

လွန်ခရေ နှစ်နှစ်ဆယ်ကျော်တုန်းက ကမ်းသာယာကျေးရွာ၏ လှပရေ သဘာဝကမ်းခြေ၊ သန့်စင်ရေ ပင်လယ်လေ၊ လတ်ဆတ်တေ ပင်လယ်စာ အစားအစာတိကြောင့် စိတ်ဝင်စားသူတိက အပန်းဖြေကမ်းခြေတခုအဖြစ် ဖန်တီးဖို့ ကြိုးစားခဖူးပါရေ။ Kanthayar Beach Resort  ဆိုရေ ဟော်တယ်တခုကို ၁၉၉၅ခု၊ မတ်လ(၂၄)ရက်နေ့မှာ ဖွင့်လှစ်ခပနာ အပန်းဖြေကမ်းခြေတခုဖြစ်လာခဖူးကေလေ့ စီမံဆောင်ရွက်ပုံနည်းလမ်း အားနည်းချက်တိ့ကြောင့် မအောင်မြင်ပဲ ပျက်စီးခရရေလို့ ဒေသခံ ဦးညိုတင်က ဆိုပါရေ။

“ကောင်းကောင်း စည်စည်ကားကား ဖြစ်ခရေ။ ယေလေ့သင့် သုံးနှစ်လောက်မှာ ပါးပါးရှားရှား ဖြစ်လားရေ။ ဇာကြောင့်လဲ ဆိုကေ ကျွန်တော်လဲ ၀င်ထွက်နေခကေ အတွေ့အကြုံအရ ပြောရကေ ၀န်ဆောင်မှုပေါ့ …… နွေးထွေးစွာ ၀န်ဆောင်မှုမပေးနိုင်လို့ပေါ့။ ဧည့်သည်တိ့က ကြေနပ်မှုမရှိဘူးပေါ့။ လွန်ခရေ ဆယ်နှစ်လောက်က မာလာမုန်တိုင်းမှာ မုန်တိုင်းဒါဏ်ကြောင့် ပြိုကျပျက်စီးလားရေ။”

နောက်ပိုင်းမှာ ဆယ်စုနှစ် တစ်ခုလောက် မထင်မရှား ကမ်းခြေတခုအဖြစ်တိမ်မြုပ်နေခကေလေ့ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ဟိုတယ် တည်ဆောက်ခရေ မြေနေရာ၊ ကမ်းခြေတလျှောက်က သိမ်းဆည်းခံခရတဲ့ မြေနေရာတိ့ကို မူလပိုင်ရှင်တိ့လက်ထဲ ပြန်ပေးခရေအတွက် ဒေသခံတိ့က အပန်းဖြေကမ်းခြေ တခု ဖြစ်လာမလားလို့ မျှော်လင့်ကြိုးစားနေကြပါပြီ။ ဒေပိုင်ဗျာလ် သဘာဝပင်လယ်လေနဲ့ သန့်စင်ရေ ပတ်ဝန်းကျင်ကို အလိုရှိသူတချို့ကလည်း မြေနေရာဝယ်ယူပြီး နေထိုင်လာကြစွာတိ့လဲ ရှိနေပါရေ။

“အရီးတို့က ကျန်းမာရေးအတွက် ဒေမှာ လာနေတာပေါ့။ အရီးလင်က နှလုံးကို ကုသခံနေရရေ။ အရီးကလည်း နှလုံးပုံမှန်မဟုတ်။ လေရှူမ၀။ ယေကေ ဒီကမ်းခြေမှာလာပြီး ခြံလေး ၀ယ်ပြီးနေပါရေ။ စိမ်းလဲ့မြိုင်လို့ ခြံနာမည် တတ်ပြီးကေ အရီးတို့နေရေ။ သူငယ်ချင်းတိ့လဲ လာလည်ရေအခါ သူတို့က ဒေအရသာကို သိရေပေါ့နော်။ အခုနေရတာ ကျန်းမာ လာရေ။ အရမ်းအဆင်ပြေပါရေ ဒီမှာနေရတာ။ ဒီဒေသကလူတိ့ကလည်း အရမ်းချစ်ဖို့ကောင်းပါရေ။ ကူညီကြပါရေ။”

အခုလိုပြောပြခစွာက ရန်ကုန်မြို့ကနေ ကမ်းသာယာရွာကလေးမှာ နေထိုင်ဖို့ ရောက်လာရေ ဒေါ်ယဉ်ယဉ်အေးပါ။ သူရို့ ဇနီးမောင်နှံကတော့ သူရို့ ခြံကွက်လေးထဲမှာနေထိုင်ရင်းနဲ့ပဲ ပန်းပင်လေးတိ့၊ သီးပင်စားပင်လေးတိ့စိုက်ရင်း သုံးနှစ်အတွင်း ကျန်းမာရေးလဲ ပိုကောင်းလာရေလို့ ဆိုပါရေ။

၂၀၁၇ ခုနှစ်ထဲမှာ ရခိုင်ပြည်နယ်အစိုးရက ဒေသဖွံ့ဖြိုးရေးအတွက် စိးပွားရေးနဲ့ ခရီးလားလာရေး ဇုန်တိ့ သတ်မှတ်ပြီး ဆောင်ရွက်ဖို့ ရည်မှန်းထားရေအထဲမှာ ကမ်းသာယာ ကမ်းခြေလဲ ပါဝင်နေပါရေ။ ယေလေ့သင့် နိုင်ငံတကာက  ခရီးလားဧည့်သည်တိ့ကို ဆွဲဆောင်နိုင်ဖို့ လိုအပ်ချက်တိ့ကလဲ ရှိနေသေးစွာပါ။ ရွှေမိတ်သစ် ဆိုရေ နာမည်နဲ့ သာမန်စားဆောက်ဆိုင်လေး ဖွင့်လှစ်ထားတဲ့ သင်းသင်းလဲ့က အခုလိုပြောပါရေ။

“ဧည့်သည်တိ့ ရောက်လို့ရှိရင် ဇာလို့ ဇာလို့ မတိုးတက်သေးတာလဲ၊ ဒေနေရာလေးက တည်းချင်ရေ၊ နေချင်ရေ၊ ဒီနေရာလေးဟာ ရေကူးလို့လဲ ကောင်းရေ၊ သန့်ရှင်းသပ်ယပ်ရေ၊ ယေလေ့သင့် ဘယ်လိုကြောင့် မတိုးတက်သေးတာလဲလို့ ပြောပါရေ။ ကျွန်မရို့ အမြင်ကတော့ မီးလဲ မရသေးဘူး၊ ရေကတော့ ဆည်ရှိရေ။ ပြုပြင်ပေးဖို့ အနေအထားကို ဖြစ်စီချင်ရေ။ ဇာလို့ ဖြစ်မလာတာလဲ ဆိုတာကတော့ ကျွန်မလဲ မပြောတတ်ဘူး လူကြီးတိ့ ပြန်ပြီးကြည့်စေချင်ရေ။”

ရံဖန်ရံခါတော့ နိုင်ငံခြားသား ခရီးလားတိ့ လာရောက်တတ်ရေပိုင် ပြည်တွင်းခရီးလားတိ့လဲ လာရောက်တတ်ကြပါရေ။ အထူးသဖြင့် ပွင့်လင်းရာသီမှာ လာရောက်တတ်ကတ်ပနာ မိုးသည်းထန်တဲ့ အချိန်မျိုးဆိုကေ လာရောက်သူ မရှိသလောက် နည်းပါရေ။ ခရီးလားလာရောက်တေ အချိန်မှာလဲ လိုအပ်ချက်တိ့ ရှိနေသေးစွာကြောင့် ညအိပ် ညနေ တည်းခိုနိုင်စွာ မရှိသေးပါ။

“ခုရှိရေ တည်းခိုခန်းလေးတိ့၊ အဆောက်အဦးလေးတိ့နဲ့ မပြည့်စုံပါဘူး။ သင်္ကြန်ရက်တုန်းကဆို တော်တော် ခြိမ့်ခြိမ့်သည်းသည်းပါပဲ။ မေးကြရေ။ တည်းစရာမရှိလို့။ ကျွန်တော့်အိမ်မှာပဲ ဧည့်သည် သုံးဆယ်လောက်ရှိရေ။ အပေါ်မှာရော ဘေးမှာရော အခမဲ့ အတက်နေ့အထိ ကျွေးမွေးပြီးကေ ထားဖူးပါရေ။ တည်းခိုခန်းတိ့ မရှိကေ တဲကို တာလပတ်လို မိုးပြီးကေ နိုင်ငံခြားသားအများလာကြရေ။ ကျွန်တော့် ဘက်မှာနေကြရေ။ ကျွန်တော့် ဟိုဘက်မှာ သီးသန့်လေး ဖြစ်နေကေ အိပ်စရာကို ဒီတိုင်းခင်းပြီးကေ ခြောက်ယောက်တွဲ ခုနစ်ယောက်တွဲ ရှစ်ယောက်တွဲ နေကြစွာရှိရေ။ ညတော့ မအိပ်ကြပါဘူး။” လို့ ဦးညိုတင်က ပြောပါရေ။

တချိန်က ဟိုတယ် စီမံကိန်းအနေနဲ့ သိမ်းဆည်းခံထားရတဲ့ မြေတိ့ကလည်း လွန်ခရေ ငါးနှစ်အတွင်း ဒေသခံတိ့ လက်ထဲကို ပြန်လည်ပေးအပ်ခပါရေ။ ယင်းနောက်ပိုင်း ကမ်းသာယာရဲ့ အလားအလာကောင်းကို သိရှိသူတချို့ကတော့ မြေကွက်တိ့ ၀ယ်ယူထားစွာရှိကေလေ့ အပန်းခြေကမ်းခြေဖြစ်လာဖို့ အခြေခံလိုအပ်ချက်တိ့တောင် မပြည့်စုံသေးပဲ ရှိနေစွာပါ။

“ပြောစရာတခုရှိတာက မီးမရသေးဘူး။ လမ်းကလည်း သိပ်မကောင်းသေးဘူး။ တကယ်လို့ လမ်းကောင်းလာမယ်။ မီးကလည်း ရလာမယ်ဆိုကေ လုပ်ငန်းရှင်တိ့ကလည်း လုပ်ကြလိမ့်မယ်လို့ မျှော်လင့်ရေ။ လုပ်လဲ လုပ်စေချင်ပါရေ။ တိုးလဲ တိုးတက်စေချင်ပါရေ။”

ကမ္ဘာကျော် ငပလီကမ်းခြေမှာ ဟိုတယ်ကြီးတိ့၊ စားသောက်ဆိုင်တိ့နဲ့ ကမ်းခြေ မြင်ကွင်းကို ပိတ်ဆို့ရေပိုင် ဖြစ်လားရေ အပြင် အများပြည်သူအတွက် အပန်းဖြေနိုင်ဖို့နေရာ နည်းပါးစွာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းချက်တိ့ရှိနေရေအတွက် သန့်ရှင်းမှုမရှိဘဲ ဖြစ်လာစွာတိ့ကြောင့် အလှဆုံး ကမ်းခြေအဖြစ်က တဖြည်းဖြည်း အဆင့်နိမ့်ကျလာနေပါရေ။

ကမ်းသာယာကမ်းခြေကိုတော့ သဘာဝအတိုင်း မပျက်မစီးသေးပဲ ရှိနေစေချင်ကြရေပိုင် ထိမ်းသိမ်းဖို့ ကြိုတင် ဆောင်ရွက်နေကတ်ပါယာ။ ကမ်းသာယာမှာ လာရောက်အခြေချနေထိုင်ရေ ဒေါ်ယဉ်ယဉ်အေးက စုပေါင်းသန့်ရှင်းရေးမှာ ပါဝင် လုပ်ကိုင်နေရင်းနဲ့ အခုလို ပြောပါရေ။

“သန့်ရှင်းပြီးကေ သာယာလှပမှ ဖွံ့ဖြိုးအောင် ရင်းနှီးမြှုပ်နှံမယ့်လူတိ့ရာက်လာမှပဲ ကမ်းခြေက တိုးတက်မယ်။ ကမ်းခြေက အရမ်းကောင်းရေ။ အရမ်းလှပါရေ။ ဒီလိုကမ်းခြေမျိုး မြန်မာပြည်မှာ အလှဆုံးလို့ ထင်ပါရေ။”

ဒေသခံတိ့ကတော့ ကိုယ့်ဒေသရဲ့ အလုပ်အကိုင်အခွင့်အလမ်းတခုဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကူးရှိ သလောက်တော့ စမ်းသပ်လုပ်ကိုင်နေကြပါရေ။ သာမန် တည်းခိုခန်းချေတိ့၊ စားသောက်ဆိုင်ချေတိ့ ဖွင့်လှစ်စွာတိ့ ရှိလာနေကေလေ့ တစ်နှစ်ပါတ်လုံး လာရောက်တည်းခိုနိုင်ရေ အခြေအနေတော့ မရှိသေးပါ။ အလည်အပတ်လာရေ ဧည့်သည်ရို့ အကြံပေးချက်တိ့အရ ဒေသခံတိ့ကတော့ ကိုယ့်ကမ်းခြေနေရာလေး လှပသန့်ရှင်းဖို့ ကိုယ်တိုင်ပါဝင် ကြိုးစားနေကတ်ပါယာ။

“တပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ် အမှိုက်ကောက်ရေ၊ ပလပ်စတတ်တိ့ကောက်ရေ၊ နိုင်ငံခြားသားတိ့လဲ ကူညီရေ။ ဒီနေရာက အရမ်းတိုးတက်မယ်၊ ဖွံ့ဖြိုးမယ်ဆိုပြီးကေ ပြောလားရေ။ ဇာကြောင့် မဖွံ့ဖြိုးသေးလဲ ဆိုစွာတော့ ကျွန်မတို့ မပြောတတ်ပါဘူး။ ဖွံ့ဖြိုးလာအောင်ဆိုပြီးကေ ကျွန်မတို့ ရပ်ရွာကစုစည်းပြီး တနိုင်တပိုင် ကမ်းခြေတည်တံ့ ခိုင်မြဲရေး၊ သန့်ရှင်းသပ်ယပ်ရေးအတွက်တော့ အမှိုက်တိ့ကောက်နေပါရေ။” လို့ မသင်းသင်းလဲ့က ဆိုပါရေ။

ပြောရဖို့ဆိုကေ ကမ်းသာယာကမ်းခြေဆိုစွာ ရန်ကုန်မြို့နဲ့ သိပ်မဝေးလှရေ နေရာတစ်ခုပါ။ ရန်ကုန်မြို့ကနေ ဘုရင့်နောင် တံတားကို ဖြတ်ကျော်ပနာ လှိုင်သာယာ ညောင်တုန်းလမ်းအတိုင်းလာရပါရေ။ ယင်းခါက ညောင်တုန်း စက္ကော့လမ်းက တစ်ဆင့် ငါးသိုင်းချောင်း-ဂွလမ်းကိုရောက်စွာနဲ့ ကမ်းသာယာ ကမ်းခြေကို ရောက်ဖို့ မဝေးတော့ပါဗျာလ်။ ရခိုင်ရိုးမ တောင်တန်း တောင်ဘက်ဆုံးအပိုင်းကို ၄၇ မိုင် ကားနဲ့ ဖြတ်ကျော်လာပြီးကေ ဂွမြို့ကိုရောက်ပါဗျာလ်။

ရန်ကုန်မြို့ကနေ ကမ်းသာယာကမ်းခြေအထိ ဆိုကေ ၁၂၅ မိုင် ကားလမ်းနဲ့ လာရဖို့ပါ။ မြန်မာနိုင်ငံ အထင်ကရ စီးပွားရေးမြို့တော်ကြီးနဲ့ မိုင် ၁၀၀ ကျော်လောက်၊ ကားမောင်းချိန် ၆ နာရီက ၇ နာရီလောက်ရာ ဝေးကွာရေ နေရာက ရခိုင်ပြည်နယ် တောင်ဘက်စွန်းမြို့ကလေး၊ ကမ်းသာယာကမ်းခြေ ဒေသခံတိ့ကတော့ အခုထက်ပိုပနာ ဖွံ့ဖြိုးချင်ရေ ဆန္ဒရှိနေကတ်စွာပါ။

“ဖွံ့ဖြိုးစေချင်နန်းယာ။ အချိန်အခါကောင်းကေ ဖွံ့ဖြိုးလာဖို့ မျှော်လင့်ပါရေ။ အခုက အချိန်အခါကောင်းသင့်သလောက် ကောင်းဗျာလ်လို့ ထင်စွာပဲ။ ထိရောက်သင့်သလောက် မထိရောက်သိ့ပေါ့” လို့ ကမ်းသာယာဒေသခံ လူငယ် ရဲသူအောင်က ပြောပါရေ။ ကြိုးစားနေဆဲ လူငယ်တိ့က လူကြီးတိ့ ပံ့ပိုးကူညီမှုတိ့ကို မျှော်လင့်ကတ်တေပိုင် အာဏာပိုင်၏ စောင့်ရှောက်မှုကိုလဲ မျှော်လင့်နေကြရေလို့လဲ ပြောကတ်ပါရေ။

“လိုအပ်စွာကတော့ လူကြီးတိ့ အကူအညီတိ့ လိုပါရေ။ အမှိုက်ပုံးတို့၊ အမှိုက်ကို ဘယ်လိုစွန့်ပစ်ရမလဲ၊ အမှိုက်ပုံးထဲကို ထည့်ရမှာတို့ မီးတို့ ပြီးကေ သင်တန်းတိ့၊ ပံ့ပိုးကူညီမှုတိ့ရှိလာဖို့ဆိုကေ ကျွန်မတို့ ဒေနေရာဟာ ကမ္ဘာသိပြီးကေ အရမ်းလှပတဲ့ နေရာဖြစ်လာလိမ့်မယ်လို့ ထင်ပါရေ။”

သံတွဲက လာကေပဲဖြစ်ဖြစ်၊ ရန်ကုန်က လာကေပဲဖြစ်ဖြစ် စိမ်းစိုလှပရေ လယ်ကွင်းတိ့၊ ရိုးမတောင်ပေါ်က အပူပိုင်း သစ်တောတိ့ထဲက သဘာဝပေါက်ပင်တိ့၏ အေးမြငြိမ်သက်ရေ အငွေ့အသက်တိ့၊ လမ်းတလျှောက် ရံဖန် ရံခါ မြင်ရဖို့ ဘင်္ဂလားပင်လယ်ကမ်းခြေနဲ့ ပင်လယ်ပြာပြာနဲ့ သဲသောင်ပြင်တိ့၊ ခပ်လှမ်းလှမ်းက ကျွန်းငယ်ငယ်တိ့နဲ့ တံငါလှေတိ့…. စရေ စုံလင်လှရေ မြေမျက်နှာသွင်ပြင် ပုံသဏ္ဍာန်မျိုးစုံ မြင်ကွင်းကို ဇာနေရာမှာမှ အခုပိုင် ခရီးတခုတည်းမှာ မြင်ရဖို့ မဟုတ်ပါ။ ကမ်းသာယာ ကမ်းခြေက ဒေသခံတိ့ကတော့ သူရို့ ရပ်ရွာမှာ လာရောက်အခြေချဖို့လူတိ့၊ စီးပွားရေးလုပ်ကိုင်ဖို့လူတိ့၊ အပန်းဖြေလာရောက်ဖို့သူတိ့ ရောက်လာလိမ့်မယ်လို့ မျှော်လင့်နေကြပါရေ။ ယေလေ့သင့် လိုအပ်ချက် အနည်းငယ်တော့ ကျန်နေသေးရေပေါ့။

“ကျွန်တော်တို့ လမ်းတိ့၊ မီးတိ့ရမယ်။ ဒေကမ်းခြေမှာ ၀ယ်ထားရေလူတိ့ကလည်း အဆောက်အဦးတိ့ ဆောက်ကြမယ်ဆိုကေ တနေ့ထက်တနေ့ ဖွံ့ဖြိုးတိုးတက်လာမယ်။ ခုလဲ ဟိုတုန်းကနန့်တော့ မတူပါဘူး။ လွန်ခရေ နှစ် နှစ်ဆယ်လောက်က တစ်ဧကကို တစ်သိန်း နှစ်သိန်း၊ အခု တစ်ဧကကို သိန်း သုံးထောင်လောက် ပါတ်ဝန်းကျင်မှာဖြစ်နေရေ။”

 528 total views,  1 views today