ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေ၊ စက်တင်ဘာ ၁၂။ ။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်နိုင်ရေး ကြိုးပမ်းလျှက် ရှိနီရေ မြန်မာနိုင်ငံ၏ အထင်ကရ ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်တေ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို တည်ထောင်ခစွာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၀ ရက်နိ့မှာဆိုကေ နှစ်ပေါင်း ၅၈၈ နှစ် ပြည့်ခဗျာလ်ဖြစ်ပါရေ။

ယင်းကြောင့် မြောက်ဦးမြို့တည်နှစ် ၅၈၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စက်တင်ဘာလ ၁၀ ရက်နိ့က သာကီမဏ္ဍိုင်ရခိုင့်ယဉ်ကျေးမှု အဖွဲ့၏ ဦးဆောင်မှုဖြင့် အခမ်းအနားတစ်ရပ် ပြုလုပ်ခကတ်ပါရေ။

“ရခိုင်မှာ ခေတ်ကြီးလေးခေတ် ထွန်းကားခရေ။ မြောက်ဦးခေတ်စွာ ရခိုင်ရို့ ဂုဏ်ရှိန်ကို တင်ပီးနိုင်ရေခေတ်ပါ။ ရခိုင်ရို့ ရွှေခေတ်လို့ ပြောလို့ရရေ။

မြောက်ဦးခေတ်မှာ ပေါ်တူကီ၊ ဒတ်ခ်ျရို့နဲ့လည်း ကူးသန်း ရောင်းဝယ် မှုတိရှိခရေ။ ယင်းကြောင့် မြောက်ဦးမြို့တည်နိ့ကို ယင်း ရည်ရွယ်ချက်တိ့နဲ့ ကျင်းပရခြင်း ဖြစ်ပါရေ။ ကျနော်ရို့ကတော့ ဒေခေတ်လူတိ့ သိစေဖို့ အတွက်ပါ။” ဟု သာကီမဏ္ဍိုင် ရခိုင့်ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှုး ဦးခင်မောင်ထွန်းက ပြောပါရေ။

အခမ်းအနားမှာ မြောက်ဦးမြို့တည်နှစ်နှင့် ပတ်သတ်တေ အကြောင်းအရာတိ့ကို ဟောပြောခကတ်ပနာ ဆီးမီးထွန်းညှိ ပူဇော်မှုတိ့လည်း ပြုလုပ်ခကြောင်း သိရပါရေ။

ရခိုင်ပြည်နယ်မှာ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးဆိုပနာ ခေတ်ကြီးလေးခေတ်ထွန်းကားခပြီး မြောက်ဦး ခေတ်စွာ ပို၍ ခမ်းနားကြီးကျယ်ခရေအတွက် ရွှေခေတ်လို့ပင် တင်စားခေါ်ဝေါ်ခကြောင်း သမိုင်းမှတ်တမ်းတိ့မှာ ဖော်ပြထားပါရေ။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က မြန်မာသက္ကရာဇ် ၇၉၂ ခုနှစ် တော်သလင်းလဆန်း (၁) ရက်နိ့မှာ တည်ထောင်ခစွာဖြစ်ပနာ ဘုရင်မှာ ၃ နှစ်လောက် အုပ်ချုပ်ခပြီးရေနောက်မှာ နတ်ရွာစံခကေလေ့ မြောက်ဦးမြို့နှင့် မြောက်ဦးခေတ်မှာ နန်းသက်ပေါင်း ၃၅၅ နှစ်အထိ တည်တံ့ခကြောင်း သိရပါရေ။

မြောက်ဦးဇုန်အတွင်း တည်ရှိရေ ယဉ်ကျေးမှုအမွေအနှစ်တိ့မှာ ကမ္ဘာမှာ ထူးခြား အမွေအနှစ်တိ့ထဲ ပါဝင်ပနာ နိုင်ငံအတိုင်းအတာနန့် ရှေးမူလက်ရာ အများအပြား ကျန်ရှိသိစွာတိ့ကို လေ့လာတွီ့ရှိရရေ အတွက်လည်း UNESCO ဝင်နိုင်ရေး ကြိုးပမ်းနိရေ နေရာတစ်ခုပါ။

 511 total views,  1 views today