Arakan Yoma
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီကျေးရွာမှာ နေ နဲ့ လ ကို ပူဇော်ပသတဲ့ ခမီလူမျိုးတွေရဲ့ ရိုးရာနှစ်သစ်ကူး (ဆနီ) ပွဲတော်ကို ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။


ဒီ ဆနီပွဲတော်ဟာ ခမီလူမျိုးတွေ ဘိုး၊ဘွားလက်ထက်ကတည်းက နေနဲ့လ ကို ပူဇော်သပတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး နေထွက်လာချိန်မှာ နေထွက်အက၊ လထွက်လာချိန်တွင် လထွက်အကတို့နဲ့ ကပြရတဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ် ပါတယ်။


အဲဒီပွဲတော်မှာ ခမီ၊ရခိုင်၊မြို၊ချက္ကမ (ဒိုင်းနက်)လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုအကတွေနဲ့ ကပြဖြေဖျော် ပါဝင်ခဲ့ကြပါတယ်။


ဒီ ဆနီပွဲတော်ကို ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘူးသီးတောင်မြို့ ဂန္ဓာရီပရဟိတကျောင်း၊မြောက်ဦးမြို့နယ် လောင်ရီချောင်းကျေးရွာမှာ တစ်နှစ်ကျင်းပခဲ့ပါသေးတယ်။


ရခိုင်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရပ်တန့်နေခဲ့ရာ ၂၀၁၈ ခုနှစ်ကစပြီး ဘူးသီးတောင်မြို့မှာ ပြန်လည်ကျင်းပလာတာ ဖြစ်ပါတယ်။


ခမီလူမျိုးတွေဟာ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမ်းမြို့နယ်နဲ့ မောင်တောမြို့နယ်တို့မှာ လူဦးရေတစ်သိန်းခန့် နေထိုင်နေကြတယ်လို့ သိရပါတယ်။


ခမီလူမျိုးအများစုဟာ တောင်ယာ၊ကို င်းကျွန်းအလုပ်ကို အဓိကလုပ်ကိုင်ခဲ့ကြပေမယ့် ပဋိပက္ခတွေကြောင့် ဒေသအနှံ့ရောက်သွားခဲ့ကြကာ ဈေးရောင်းခြင်းနဲ့ကြုံရာကျပန်းကိုလုပ်ကိုင်နေကြရတယ်လို့ သိရပါတယ်။

 381 total views,  5 views today