Arakan Yoma

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ဝေးလံခေါင်ဖျားပြီး သွားလာရခက်ခဲ့တဲ့ မြို့နဲ့ ခမီလူနည်းစုတွေ နေထိုင်ရာ ကျေးရွာအုပ်စုမှာ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နေပါတယ်။

အဆိုပါကျေးရွာအုပ်စုမှာ မြို့ရွာ၊ ဘဲငါးရာ၊ ထုံးဘူး၊ သရက်ချောင်း၊ မရစ်ချောင်းစတဲ့ကျေးရွာ ငါးရွာပါဝင်ပါတယ်။

ဒီရွာတွေဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်-လက်ဝဲစာတိုက်ကားလမ်းပေါ်မှာတည်ရှိနေပေမယ့် ကားလမ်းမှာ ဆိုး ဝါးစွာပျက်စီးနေတာမို့ သွားလာဖို့အတွက်အသုံးပြုလို့မရဘူးဖြစ်နေပါတယ်။

လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကလေးမွေးဖို့ မြို့ပေါ်ကို တက်ရာမှာ ဆေးရုံ မရောက်ခင်မှာပဲ အမျိုးသမီးတစ်ဦး သေဆုံးသွားသလို တချို့အမျိုးသမီးတွေမှာလည်း ကိုယ်ဝန် ပျက်ကျသွား တာတွေရှိတယ်လို့ မြို့ရွာအုပ်စုမှာ ကျန်းမာရေးကိစ္စတွေကို ဆောင်ရွက်ပေးနေသူ ဦးစံလှဖော်က ပြောပါတယ်။

အဲဒီကျေးရွာငါးရွာမှာ လူနည်းစုဖြစ်တဲ့ မြို၊ ခမီစတဲ့ အိမ်ထောင်စု ၂၇၁ စု၊ လူဦးရေ ၁၅၃၂ ဦး နေထိုင်နေကြပြီး မိရိုးဖ လာတောင်ယာလုပ်ငန်းကို လုပ်ကိုင်နေထိုင်ကြတာဖြစ်ပါတယ်။

ဒီဒေသမှာနေထိုင်သူတွေဟာ စစ်ဘေးမရှောင်ခဲ့ကြရပေမယ့် စစ်မက်ပဋိပက္ခဇုန်ထဲမှာပါဝင်တာမို့ အရာရာ နောက်ကျ ကျန်နေခဲ့ရတာပါ။

ကိုယ်ဝန်ပျက်ကျသွားဖူးတဲ့ အဆိုပါဒေသနေ အသက်(၃၄) နှစ်အရွယ် အမျိုးသမီး ဒေါ်ယဉ်ယဉ်ထွေးကတော့ ကျေးလက်ကျန်းမာရေးဌာတစ်ခု ဖွင့်လှစ်ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

ဒီကျေးရွာတွေကို အစိုးရဖက်ကလည်း ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီတွေကို ထိထိရောက်ရောက်မပေးသလို နိုင်ငံတကာ အဖွဲ့အစည်းတွေအကူအညီပေးမှုတွေကိုလည်း ကန့်သတ်ထားပါတယ်။

 425 total views,  2 views today