အာရ်ကန်ရိုးမ ၊ စစ်တွေ

ပွင့်လင်းရာသီ ရောက်လာယာ ဖြစ်ရေအတွက် ရခိုင်ပြည်နယ်ထဲက ဘုရားစေတီရို့မှာ တပ်စွဲထားစွာကို ဖယ်ရှားပီးဖို့ ဒေသခံတိက လိုလားနိန်ကပ်ပါရေ။

ယင်း တပ်တိစွာ ရခိုင်ပြည်နယ်မှာ AA နဲ့ လက်နက်ကိုင်ပဋိပက္ခစတင်ရေအချိန်ကပင် ဘာသာရေး အဆောက်အဦတချို့မှာ နိန်ရာယူခကပ်ပြီးကေ တိုက်ပွဲတိရပ်ချိန်မှာလည်း ပြန်လို့ရုပ်သိမ်းခစွာ မရှိပါ။

တချို့နိန်ရာတိမှာဆိုကေ ၂ နှစ်ကျော်လောက်အထိ ကြာမြင့်နိန်ယာလို့ ဒေသခံတိက အခိုင်အမာ ပြောကပ်ပါရေ။

ယင်းတပ်တိ နိန်ရာယူထားရေ နိန်ရာတိအထဲက တိုက်ပွဲပြင်းထန်ခရေ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်စရေ မြို့နယ်တိတောင်မက ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့နယ်ကလည်း ပါဝင်ပါရေ။

နှစ်တိုင်း ပွင့်လင်းရာသီရောက်ကေ ဒေသက ဘုရားစုံလားဖူးလေ့ရှိကေလေ့ တိုက်ပွဲဖြစ်ပြီးရေနောက်မှာတော့ခါ ဘုရားစေတီပုထိုးတိမှာ စစ်သားတိ တပ်စွဲနိန်ကပ်တေအတွက် ဘုရားဖူးလည်ပတ်ဖို့ မလားဝံ့ဘဲဖြစ်နိန်ရေလို့ မင်းပြားဒေသခံ ဒေါ်မြင့်မြင့်အေးက ပြောပါရေ။

တပ်စွဲနိန်ရာယူထားရေအထဲက မြောက်ဦးမြို့နယ် သင်းကျိတ်တောင်၊ ဘူးသီးတောင်မြို့နယ်က သုံးဆယ်တ့စ်ဖုံ ဘုရား၊ မင်းပြားမြို့နယ် ကျိန်းတောင်နဲ့ ကျောက်တော်တောင်ဆိုကေ ရခိုင်ပြည်နယ်ထဲက ထင်ရှားရေ သမိုင်းဝင်ဘုရားစေတီတိလည်း ဖြစ်ပါရေ

မင်းပြားမြို့နယ်ကျိန်းတောင်ဘုရားကိုတော့ခါ ဝါကျွတ်လပြည့်နိတစ်ရက်ကို လာရောက်ဖူးမြော်ခွင့်ကို အာဏာပိုင်တိဘားက ခွင့်ပြုချက်ရထားကေလေ့ တခြားဘုရားတိနဲ့ ဘာသာရေးအဆောက်အဦတိမှာတော့ခါ ပုံမှန်အတိုင်း နိန်ရာယူထားတုန်းသိမ့်ပါ။

ဒေကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူကို ဆက်သွယ်ခကေလေ့ လက်ခံဖြေကြားစွာ မရှိခပါ။

ပြီးခရေ မတ်လ ၁၈ ရက်နိက တိမ်ညိုစစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တိနဲ့ တပ်မတော်တာဝန်ရှိသူတိ တွိ့ဆုံကပ်တေအခါ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှူး ဗိုလ်ချုပ်ထင်လင်းဦးက တောင်ထက်မှာတည်ရှိရေ ဘုရား၊ ပုထိုး၊ စေတီတိမှာ ဒေသခံတိ လွတ်လွတ်လပ်လပ် ဘုရားဖူးခွင့်ရရှိနိုင်ဖို့ ဆောင်ရွက်လားဖို့လို့ စခန်းတာဝန်ရှိ သူတိက ပြောခကေလေ့ အဂုအချိန်ထိတော့ ဖယ်ရှားစွာ မတွိ့ရသိမ့်ပါ။

ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်ရို့စွာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကနိန် တိုက်ပွဲဖြစ်ပွားခကေလေ့ ၂၀၂၀ ကနိန် ရပ်တန့်နိန်ခစွာ နိုဝင်ဘာလကနိန် တိုက်ပွဲတိ ရပ်တန့်နိန်ခစွာ အဂုဆိုကေ ၁၁ လလောက်ရှိနိန်ယာ ဖြစ်ပါရေ

 356 total views,  1 views today