ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အောက်တိုဘာလရောက်ယာဆိုကေ စစ်တွေမြို့အလယ်က ဆိုင်းဝိုင်းသံတချို့ ညံညံထွက်ပေါ်လာတတ်ပါရေ။ ဒေပိုင် ဆိုင်းဝိုင်းသံ ထွက်ပေါ်လာယာဆိုကေ မြို့ခံတိကလည်း ဇာပွဲကျနိန်ယာလဲဆိုစွာကို ချက်ချင်း သဘောပေါက်ကပ်ပြီးကေ ညဇာဘက်ရောက်စွာနဲ့ တပြိုင်တည်း ပွဲရှိရာကို မိသားစုအလိုက်ဖြစ်စီ၊ သူငယ်ချင်းတိစုလို့ဖြစ်စီ လာရောက်တတ်ကပ်ပါရေ။

“ဒေဆိုင်းတီးပွဲမှာဆိုကေ ဟိန္ဒူထက် ရခိုင်သားတိကပိုများရေ။ သူရို့ကို မြင်ရလို့ပီတိဖြစ်ပါရေ။ ကိုယ်ရို့ ပွဲတော်ကို သူရို့ကလည်း ပျော်ပျော်ရွှင်ရွှင်ပါဝင် ဆင်နွှဲပီးလို့။ ကျေးဇူးလည်းတင်ရေ။ ပျော်လည်း ပျော်မိပါရေ။”လို့ ဟိန္ဒူအမျိုးသမီး ဒေါ်သန္တာမိုးက ပြောပါရေ။

ဗုံဆိုင်းတီးရေဆိုစွာ ဟိန္ဒူဘာသာရေးပွဲတော်၏ လက္ခဏာတစ်ခုဖြစ်ပြီးကေ ဒေပွဲတော်ကို ဟိန္ဒူတိက “ဆရီဆရီဆာရာဒီယာဒူဂါဗူဂျာ”လို့ေခါ်ကေလေ့ မြန်မာ့ပြက္ခဒိန်မှာတော့ခါ စန္ဒီမယ်တော်ပူဇနိယ ပွဲတော်ကြီးလို့ ဖတ်မှတ်ရပါရေ။

ဟိန္ဒူလူမျိုးတိအဖို့ အထွတ်တမြတ်နဲ့ ကျင်းပပြုလုပ်ကပ်တေ ဘာသာရေးပွဲတော်ကြီး တစ်ခုဖြစ်ပြီးကေ ဟိန္ဒူပြက္ခဒိန်၏ နှစ်အစမှာ ကနဦးကျင်းပရရေ ပွဲလည်းဖြစ်တေအတွက် ပျော်ရွှင်ခြင်း၏အစ (သို့) ပျော်ရွှင်ခြင်း၏ လာဘ်လာဘလို့ ယုံကြည်ကပ်စွာ ဖြစ်ပါရေ။ စစ်တွေမြို့က ဆရီဆရီမိုဟာဒေ့ဗ်ဘာရီ(မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီး ဂါပကအဖွဲ့အတွင်းရေးမှူး ဦးမောင်လှက အဂုပိုင် ရှင်းပြပါရေ။

“ဒေပွဲဟိန္ဒူနာမည်ကတော့ ‘ဆရီဆရီဆာရာဒီယာဒူဂါဗူဂျာ’လို့ေခါ်ရေ။ မြန်မာနဲ့ဆိုကေ စန္ဒီမယ်တော်ပူဇနိယ ပွဲတော်ကြီး လို့ခေါ်ရေ။ အယင်နှစ်ပေါင်းများစွာကပင် ဘုရားလောင်း ရာမကိုယ်တိုင် ကျင်းပလာဂေ ပွဲတစ်ပွဲဖြစ်တေ။ ဒေပွဲကို လောကီချမ်းသာအတွက် လုပ်စွာပါ။ ပွဲလုပ်ရခြင်းကြောင့် လာဘ်လာဘကောင်းရေ။ စီးပွားလာဘ်လာဘကောင်းရေ။ ကျန်းမာရေ။ ချမ်းသာရေ ဘေးအန္တရာယ်ကာကွယ်ရေ။ ယင်းရည်ရွယ်ချက်နဲ့လုပ်စွာ။”

တစ်နှစ်တစ်ကြိမ်ကျရောက်ရေ ဒေပွဲတော်ကို တစ်ကြိမ်စီမှာ ပထမရက်၊ ဒုတိယရက်နဲ့ တတိယရက်၊ စတုတ္ထနိ ယပိုင်ခွဲထားပြီးကေ ပွဲတော်တစ်ရက်စီမှာ ပုဏ္ဏားကနိန်ဆတင့် မယ်တော်ကို ပူဇော်ပသဖို့အတွက် လိုအပ်တေ ဆွမ်း၊ ပန်းကဏ္ဍအသီးသီးကို အမျိုးသမီးတိက ဖြည့်ဆည်းဆောင်ရွက်ပီးရပြီးကေ အမျိုးသားတိကတော့ ဆိုင်းဝိုင်း တီးစွာနဲ့ ပြင်ပက လိုအပ်ချက်တိကို ပြုလုပ်ကပ်ရပါရေ။

“ပွဲမဏ္ဍဝင်ရေဆိုစွာက လကွယ်ကျော် ဆဌမနိကျရေ။ ဒေပွဲဝင်နိမှာ ဇာလုပ်ရဖို့လဲဆိုကေ မင်္ဂလာအိုးကို အရံလုပ်ပြီးကေ ပွဲအတွက် မင်္ဂအိုးလုပ်ရရေ။ တရားပွဲနဲ့ လုပ်ရရေ။ မယ်တော်ကို ပင့်ရရေ။ စာအုပ်မှာ အချိန်နဲ့တကွ။ ဒုတိယနိဆိုကေ ပွဲအစ။ မယ်တော်ကျမ်းစာဖတ်တေနိ။ ဒုတိယနိဆိုကေ အဌမနိကျရေ။ ကြာခေါင်းလောင်းပန်း ၁၀၈ ပွင့်ကို တစ်ပွင့်ချင်းစီကို ဂါထာရွတ်ပြီးကေ ပူဇော်ပသရရေ။ ၁၀၈ ပွင့်စွာ အဓိက။ ဇာလို့လဲဆိုကေ ဘုရားလောင်း အရှင်ရာမကိုယ်တိုင်က အဌမနိမြာက်မှာ မဖြစ်မနိန် ပန်း ၁၀၈ ပွင့်နဲ့ ပူဇော်ပသခရေ။ ယင်းနည်းအတိုင်း ကျနော်ရို့ ပြည်သူပြည်သားတိလည်း ပူဇော်ပသကပ်ရရေ ၁၀၈ ပွင့်မှာ တစ်ပွင့်လျော့ကေတောင် မရ။ လျော့ကေ အဓိဌာန်မအောင်။”

ယပိုင်လုပ်စွာမှာ ဗုံဆိုင်းတီးစွာက အရေးကြီးရေ ကဏ္ဍကပါဝင်ပါရေ။ ဗုံဆိုင်းတီးစွာမှာ အဂုဆိုကေ ဗင်ခရာကိုယာ အဓိက တီးခတ်ကပ်ကေလေ့ အယင်ကတော့ခါ လင်းခတ်ကိုလည်း အသုံးပြုခကပ်တေလို့ ဟိန္ဒူလူကြီးတိက ပြောကပ်ပါရေ။

“ဗုံတီးရေအပိုင်းကတော့ခါ မယ်တော်ပျော်ရွှင်ဖို့အတွက်။ သာသနာစောင့်မယ်တော်ဖြစ်ဖြစ်၊ တခြားမယ်တော်ပင်ဖြစ်ဖြစ် နတ်ကောင်းနတ်မြတ်တိက အတီးအမှုတ်ကို ကောင်းကောင်းနှစ်သက်တေ။ ဒေပိုင်လုပ်ပီးခြင်းအားဖြင့် တိုင်းသူပြည်သူတိကို ကောင်းစီဖို့ မစလားရေ။”

ဟိန္ဒူလူမျိုးတိစွာ မြန်မာတစ်နိုင်ငံလုံးက နိန်ရာအနှံ့အပြားမှာ ရှိရေပိုင် ရခိုင်ပြည်နယ်မှာလည်း အနည်း အကျဉ်း နိန်ထိုင်လို့ ရှိပါရေ။ အများအားဖြင့်တော့ခါ စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တိမှာ ဖြန့်ကျဲနိန်ထိုင်ကပ်စွာပါ။ လူဦးရေအားဖြင့် ၂ သောင်းကျော် လောက်ရှိပြီးကေ အများစုကတော့ခါ အမျိုးသမီးတိ ဖြစ်ကပ်ပါရေ။

ပွဲတော်ကာလမှာ ဟိန္ဒူဘာသာကို အဓိကထားကိုးကွယ်ကပ်သူတိအနိန်နဲ့ နိန်အိမ်တွင်း ငါးပါးသီလ စောင့်ထိန်းပြီးကေ ဥပုသ်သီလစောင့်တည်ခြင်းတိက ဆောင်ရွက်ကပ်တေပိုင် ဟိန္ဒူဘာသာဝင်ရို့တိရာ မက ပွဲတော်ကို လာရောက်လည်ပတ်ရေ ဘာသာမတူ၊ လူမျိုးမတူသူတိကလည်း ပွဲတော်ကျင်းပရေ ဘုန်းတော်ကြီးကျောင်းကို လာရောက်ပြီးကေ မယ်တော်ရုပ်ထုရှေ့မှောက်မှာ ဆီးမီးပွဲပူဇော်ပြီးကေ ဖေသာလှူဒါန်းစွာ၊ ပုဏ္ဏားဘားမှာ ကောင်းချီး မင်္ဂလာ ခံယူကပ်စွာ၊ ဆိုင်းဝိုင်းကိုကြည်ကပ်စွာနဲ့ ပွဲမုန့်စျီးတန်းမှာ လျှောက်လည်စွာတိကို ပြုလုပ်ကပ်ပါရေ။
ရခိုင်ပြည်နယ်မှာ နိန်ထိုင်ကပ်သူတိအတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ ဝင်ငွေရရှိမှု နည်းပါးမှုတိကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နိန်ရေးအပိုင်းမှာ အခက်အခဲ အများကြီးရှိနိန်ကပ်ပါရေ ။ယင်းကြောင့်လည်း ဟိန္ဒူအမျိုးသမီးတိဆိုစွာ အိမ်ထောင်ဦးစီးတိဘားမှာယာ မှီခို စားသောက်ကပ်ရပြီးကေ အိမ်တွင်းလုပ်ငန်းတိဖြစ်တေ ထမင်းဟင်းချက်ပြုတ်တေ အပိုင်းကိုယာ အဓိကထား လုပ်ကိုင်ကပ်ရပါရေ။

ဒေါ်သန္တာမိုးက ဟိန္ဒူမှာ အမျိုးသမီးကို လက်ရှ်မီးလို့ခေါ်ရေ ။ သမီးတိကိုပါ့။ ဒေ

မယ်တော်စွာ လက်ဆယ်ချောင်းနဲ့ လုပ်နိုင်ရေပိုင် သမီးရို့လေ့ လုပ်နိုင်စွမ်းရှိရေ။ ပြောနိုင်စွမ်းရှိရေ ။ သတ္တိတစ်ခု၊ အင်အားတစ်ခုပါ့။ ယင်းပိုင် သတ္တိစွမ်းအားတိလည်း ဖြစ်ရရေပါ့။ ကိုယ်ရို့တောင်းရေဆု ပြည့်ရဖို့လို့ မိုးရို့ကိုယ်တိုင်က ယုံကြည်မှုရှိရေ ။ လက်တွိ့လည်း ခံစားမိရေ ။ ကြုံလည်းကြုံဖူးရေ ။ ယုံကြည်မှုတစ်ခုနဲ့ပါ့။ တောင်းရေ ဆုကို ပြည့်ဝရေ ။ မယ်တော်စွာ ကိုယ်ရို့ဘဝကို စိတ်ချမ်းသာမှု၊ ပျော်ရွှင်မှုကို ပီးလားဖို့ဆိုပြီးကေ ယုံကြည်မှုနဲ့ ဒေ မယ်တော်ဘားကို လာရခြင်းဖြစ်တေ ။လို့ ယုံကြည်ကိုးကွယ်ပုံကို ပြောပြပါရေ ။

ဒေ နှစ်ပွဲတော် ကျရောက်ခချိန်မှာ ဆိုကေ လည်း စစ်တွေမြို့က သမိုင်းဝင်အဆောက်အဦတိထဲက တစ်ခုအပါအဝင် ဖြစ်တေ အထက်ပါ ဆရီဆရီမိုဟာဒေ့ဗ်ဘာရီ(မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီးနဲ့ မောလိပ်ရပ်ကွက်၊ ကုန်တန်းရပ်ကွက်၊ ကျောင်းကြီးလမ်း ရပ်ကွက်စသဖြင့် ဘာသာရေးကျောင်းတိရှိရေ အားလုံးနီရာတိမှာ ကျင်းပခကပ်စွာ ဖြစ်ပါရေ။

ပွဲတော်ကို ဟိန္ဒူလူမျိုးတိတောင်မက စစ်တွေမြို့ထက်မှာ နိန်ထိုင်ကပ်တေ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံကလည်း လာရောက်ဆင်နွှဲ့ကပ်တေအတွက် စည်ကားခရေပိုင် ပွဲမုန့်စျီးတန်းမှာ မုန့်ပဲ သေရစာက အစ အချေကစပ်စရာနဲ့ အဝတ်အထည် စသဖြင့်ရောင်းချခွင့်ရခကပ်လို့ ပွဲလမ်းသဘင်မကျင်းပဘဲ ကကောင်းကြာနိန်ယာဖြစ်တေ မြို့တော် စစ်တွေက အခြေခံလူတန်းစားတိ အတွက်လည်း အသေးစားဝင်ငွေဖန်တီးဖို့ အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့ပါရေ။

 438 total views,  1 views today