ကိုအောင်၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေတစ်ပတ်မှာတော့ ရခိုင်ပြည်နယ် ဘူးသီးတောင်နန့် မောင်တောဒေသက ဝါဆိုပန်းခူးထွက်တေ ဓလေ့အကြောင်းကို တင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။ ဝါဆိုပန်းဆိုစွာ ဘဇောင်ပန်းမျိုးလဲ၊ ဝါဆိုပန်းခူးပနာ ဇာပိုင်သုံးကတ်လဲ။ ရဟန်းသံင်္ဃာတိ့က ဝါဆိုပန်း အလှူခံရေအခါ ဇာပိုင်သုံးကတ်လဲ။ ဝါဆိုပန်းခူးရေ ဓလေ့ ဇာပိုင်ပြောင်းလဲလာရေ စရေ အကြောင်းအရာတိ့ကို သတင်းထောက်ကိုအောင်က ပီးပို့ထားပါရေ။

ဘူးသီးတောင်နန့် မောင်တောလို့ ပြောသံကြားလိုက်စွာနန့် အားလုံးက ပဋိပက္ခတိ့၊ သွီးထွက်သံယို အနိဌာရုံ မြင်ကွင်းတိ့၊ လူ့အခွင့်အရေးအကြောင်းအရာတိ့နန့် နိုင်ငံရေး အကြပ်အတည်းတိ့ကိုရာ ပြန်ပနာ မြင်ယောင် ကြားယောင်မိကတ်ဖို့ ဖြစ်ပါရေ။ ယေလေ့သင့် အေဒေသမှာ နီထိုင်ကတ်တေ သာမန်ပြည်သူ အများစုကတော့ အခက်အခဲ အကြပ်အတည်းတိ့ကြားထဲကရာ နိ့စိုင် လူမှုဘဝတိ့ကို ပပျော်ရွရွှင် အအီးဆဆီး ဖြတ်သန်းတတ်ကတ်ပါရေ။

ဝါဆိုလပြည့်ကျော် ၁ ရက်နိ့ကတော့ ဘူးသီးတောင် မောင်တော ကားလမ်းဘေး သစ်တောရွာနးက မြောင်ထဲမှာ ဆောင်းဘောက်တိ့ကနိပနာ တေးခင်းသံတိ့၊ ကခုန်ရေ အသံတိ့နန့် ဆူညံပနာ စည်ကားနီပါရေ။ တစ်မြို့လုံးက လူငယ်တိ့နန့် ဆယ်ကျော်သက် အများစုပါဝင်ရေ အဖွဲ့တိ့စွာ အုပ်စုလိုက်၊ မိသားစုလိုက် ဝါဆိုပန်းခူးဖို့ လာကတ်စွာပါ။ မောင်တောမြို့က ကိုစိန်လှဖြူက သူ ဝါဆိုပန်းခူးရေ အတွေ့အကြုံကို ခုပိုင် ပြောပြပါရေ။

“ဝါဆိုပန်းခူးရေဆိုစွာက ဒေသ အလှအပ တောင်တောသဘာဝရှုခင်းတိ့၊ နောက်ပြီးကေ တောမှာ ပေါက်တေပန်း၊ ယင်းပန်းတိ့ကို ရှာပနာ ညဇာသား ဘုရားတင်ရေ။ လားစွာကတော့ သူသူငါငါ အားလုံး လားကတ်စွာရာ။ ပျော်ဖို့လဲကောင်းရေ။ ဘုရားကိုလှူရရေအတွက်လည်း ကုသိုလ်ဖြစ်တေ”

ဝါဆိုချိန်ဆိုစွာ ဇာလဲ။ ဝါဆိုပန်းကပ်လှူခြင်းဆိုစွာ ဇာပိုင်အဓိပ္ပာယ်ရှိလဲ။ အေဓလေ့က ဇာချိန်ကတည်းက ရှိနိလဲဆိုစွာ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာတိ့ သင်ကြားပီးနိရေ ဘူးသီးတောင်မြို့ သုဓမ္မာရုံကျောင်းဆရာတော် အရှင်သာဂရကို မိန်းမြန်းလျှောက်ထားကြည့်ပါရေ။

“အသက်ကြီးရေ အဖိုး အဘောင်တို့ဆိုကေ ဥပုသ်နိ့ မတိုင်ခင် အဖိတ်နိ့ ကတည်းက အိပ်ယာလိပ်ရို့ ခေါင်းအုံး၊ ပဆိုးရို့ကို ယူလာပနာ ဘုန်းကြီးကျောင်းမှာ ကြိုလို့ ဥပုသ်စောင့်ရေ။ လပြည့်နိ့ကျကေ သူရို့ သားသမီးတိ့က ဆွမ်းချိုင့်တိ့နန့် သူရို့ အဖိုးအဘောင် အဘာအမင်ရို့ကို ဆွမ်းတိ့လာပို့ကတ်တေ။ ယင်းဘက်ခေတ်က ဂုပိုင် စုပေါင်းဆွမ်းကျွေးစွာတိ့ ကောင်းမရှိ။” လို့ မိန့်ကြားပါရေ။

ဘုန်းကြီးတိ့ကတော့ မိုးရာသီကာလမှာဆိုကေ ခရီးလားစွာတိ့ မလုပ်ဘဲ သူရို့ ကျောင်းမှာရာ တစ်မိုးတွင်းလုံး သီတင်းသုံးနီထိုင်ကတ်ဖို့ ဘုရားက စည်းကမ်းသတ်မှတ်ခပါရေ။ ယင်းပိုင် ကျောင်းမှာရာ ဘုန်းကြီးတိ့ အတူတူ ညညီညညွတ်နီကတ်ဖို့ အပြန်အလှန် ကတိပြုကတ်စွာကို ဝါဆိုရေ၊ ဝါကပ်တေလို့ ပြောကတ်ပါရေ။ ယင်းပိုင် ဝါဆိုရေကာလစွာ ရခိုင်/ဗမာ ပြက္ခဒိန်အရ ဝါဆိုလပြည့်ကျော် ၁ ရက်နိ့ကနိ ဝါကျွတ်လပြည့်နိ့အထိ ဖြစ်ပနာ ယင်းကာလကို ဝါတွင်းလို့ သတ်မှတ်ကတ်ပါရေ။ ဘုန်းကြီးတိ့အချင်းချင်း အညီအညွတ် နီထိုင်ကတ်ဖို့လို့ ကတိပြုရေ အစီစိုင်ကို ဝါဆိုလပြည့်ကျော် တစ်ရက်နိ့ ညဇာသားမှာ လုပ်ကတ်ပနာ ယင်းချင့်ကို ပဝါရဏာပြုရေလို့ ခေါ်ပါရေ။

“ အရှင်ဘုရားတိ့ကို ဒေဝါဆိုပန်းကို  ကပ်လှူပါရေ။ အရှင်ဘုရားစွာ စိတ်ချမ်းသသနာနန့် ဝါဆိုဝါကပ်ပါဖိ့ ဘုရား။ ယင်းပိုင်ဆိုပနာ ပန်းကပ်ပါရေ။ ဦးဇင်းရို့က ယင်းပန်းတိ့ကို ဘုရားမှာ ပြန်ကပ်ပါရေ။ ည ၉ နာရီ လူတစ်ချို့ အိပ်ရာဝင်ရေအချိန်။ လူခြေတိတ်တေ အချိန်မှာ ပန်းကိုစွန့်။ ဘုန်းကြီး ဇာနှစ်ပါးရှိလဲ။ ပန်းတိ့ထဲကလဲ ကျရေ ပန်းသုံးမျိုးလောက်ကို တစ်ပါးကို ပန်းသုံးမျိုးလောက်ပီးပနာ ယင်းချင့်နန့် ဝါဆိုပါရေ။” လို့ ဆရာတော်က မိန့်ပါရေ။

ဘုန်းကြီးတိ့ ပဝါရဏာပြုချိန်လို့ခေါ်ရေ ဝါကပ်ချိန်မှာ ဘုရားကို ရည်မှန်းပနာ ပူဇော်ဖို့အတွက် ဝါဆိုပန်းတိ့ကို ဒကာ ဒကာမတိ့က ရဟန်းတော်တိ့ဘားသို့ ဝါဆိုလပြည့်ကျော် ၁ ရက်နိ့မှာပဲ ကပ်လှူကပ်တယ်လို့ ဆရာတော်က ရှင်းပြပါရေ။ ဝါဆိုပန်းဆိုစွာ ဇာပိုင် ပန်းမျိုးလဲကိုတော့ ဆရာတော် အရှင်သာဂရက ခုပိုင် မိန့်ပါရေ။

“ဘုရားရှင်လက်ထက်ကလည်း ၀ါဆိုပန်းကပ်တေဆိုစွာရှိတယ်။ အနီးတဝိုက်က တောပန်းတိ့ကို ခူးပနာ…. ၀ါဆိုလမှာပွင့်ရေ ပန်းတိ့ကို ပိုလို့ တန်ဖိုးထားကတ်ရေ။ တခြားတခြားအချိန်မှာ ပွင့်ရေ ပန်းထက် ၀ါဆိုလမှာမှ ပွင့်ရေပန်း၊ ယင်းချင့်မဟုတ် ၀ါတွင်းတတွင်းလုံး ပွင့်ရေပန်း ယင်းပန်းတိ့ကို တန်ဖိုးထားပနာ အယင်လူကြီးတိ့က ခူးပနာ ကပ်စွာတိ့ရှိရေလို့ ဆရာတော်ကြီးတိ့ဟောရေ တရားတိ့မှာ နာဖူးရေ။ ဆောင်းပါးတိ့မှာ ဖတ်ဖူးရေ ။ ယင်းပန်းက ဇာပိုင်ပန်းလဲ ဆိုကေ တောင်တောတိ့ မြောင်ကမ်းနားတိ့မှာ တွီ့ရရေ။ အပွင့်အနီအငယ်ချေ။ အရွက်အနုက အဖြူ။ ကျန်ရေအရွက်က အစိမ်းရောင်။ ယင်းပန်းက ဂုပိုင် မိုးတွင်းမှာရာ တွီ့ရရေ။ ယင်းပန်းတိ့ကို တန်ဖိုးထားပနာ ထမင်းချိုင့်တိ့နန့် လားခူးကတ်တေ။ ခူးစွာတော့ ကောင်းမကြာပါဘူး။ အများကြာကေ တစ်နာရီလောက်ဗျာလ်။ ခူးလာပနာ ဘုန်းကြီးတိ့ ဝါကပ်နိုင်အောင် ကပ်စွာတော့ တွီ့ရေ။ ယင်းအချိန်ကပေါ့။”

ကိုစိန်လှဖြူကတော့ လှရေပန်းကို ရှာပနာ လှူကေလေ့သင့် ဝါဆိုပန်းဆိုစွာ ဇာပိုင်ပန်းအမျိုးအစားပန်းလို့ အတိအကျ မပြောတတ်ဆိုပါရေ။

“တောမှာပေါက်တေပန်းကို ဝါဆိုပန်းလို့ရာ သတ်မှတ်တေ။ ဇာပိုင်ပန်းလို့မရှိ။ ပန်းအမျိုးစားလဲ ခေါ်ဖို့တော့ မတတ်။ လှရေပန်းချေတိ့ကို မမတိ့က ခူးရေ။ ဆီးကြောသန့်စင်ပနာ ညဇာဘက် ဘုရားမှာ ကပ်ရေ။”

ယေလေ့သင့် လူငယ်ပိုင်းအများစုကတော့ ဝါဆိုပန်းဆိုစွာ ဇာပိုင်ပန်းလဲ။ ဝါဆိုပန်းခူရေဆိုစွာ ဇာကို ရည်ရွယ်လဲ မသိကတ်ဗျာလ်။ သားသမီးတိ့ကို လိုက်ပို့ပနာ လာရေ ဘူးသီးတောင်မြို့က ကိုသန်းသန်းမောင်က ဝါဆိုပန်းတစ်ခက်ကို ပြပနာ ဂုပိုင်ပြောပါရေ။

“လပြည့်နိ့ဆိုကေ ဥပုသ်စောင့်ကတ်တေ။ လပြည့်ကျော်တစ်ရက်နိ့ဆိုကေ ဝါဆိုပန်းခူးရေ။ ဝါဆိုပန်းဆိုစွာ ဒေပိုင်ပန်းပါ။ အဂုတော့ တောတောင်တိ့မှာလဲ ပွင့်နိစွာတော့ မရှိဗျာလ်။ ခေတ်ကာလ ရာသီပြောင်းရေပိုင် ပန်းတိ့လဲ ရှားလားခဗျာလ်။ ပန်းတိ့ရှာရင်း မိသားစုပျော်ပွဲစားရင်း လာကတ်စွာ။”

ဝါဆိုပန်းခူးပနာ ရဟန်းတော်တိ့ကို ကပ်လှူရေ ဓလေ့ထုံးစံတစ်ခုစွာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကာလအတွင်းမှာ အပြောင်းအလဲတိ့ အများကြီး ဖြစ်လာခပါယာ။ တစ်ရပ်လုံးနီးပါး ဝါဆိုပန်းခူးဖို့ လာကတ်ကေလေ့သင့် ညဇာ အိမ်ပြန်ချိန်မှာ ပန်းတိ့မပါဘဲ ပြန်လာကတ်လူတိ့ပဲ များရေ။ ဘူးသီးတောင်မြို့မှာ နီရေ ဒေါ်အေးသာစိန်က “ အရင်ကဆိုကေတော့ ခုပိုင် မဟုတ်ပါဘူး။ သောက်စွာ စားစွာတိ့မရှိ။ ပန်းရကေ ဘုန်းကြီးကျောင်းမှာကပ်တေ။ အခု ပန်းလဲ မရဗျာလ်။ အဖွဲ့လိုက်လားပနာ ကခုန်နီကတ်စွာရာ ရှိဗျာလ်။” လို့ ပြောင်းလဲလာပုံကို ပြောပြပါရေ။

ဆရာတော် အရှင်သာဂရကတော့ ခုပိုင် ယဉ်ကျေးမှု ဓလေ့ ထုံးစံတစ်ခုကနိပနာ အပျော်ပါးသက်သက် ပြောင်းလဲလားရေအတွက် စိတ်မကောင်းဖြစ်မိနိရေ ဆိုပါရေ။

“အခုကတော့ အချေတိ့က ဝါဆိုပန်းကို နာမည်ပြုပနာ အပျော်သဘောကို ဦးစားပီးရေပိုင် ဖြစ်လားဗျာလ်။ မြို့နားပြင်နား ရွာနားမှာဆိုကေ သူရို့အတွက် မချောင်လေ။ မြို့နန့် ဝီးရေနီရာမှာ သောက်စားပနာ အပျော်ဘက်ကိုရာ အားသာရေ ဓလေ့ဖြစ်နိယာ။ ပန်းတိ့ မရှိစွာတော့ မဟုတ်။ ပန်းတိ့ ရှိရေ။ ယင်းပန်းတိ့ကို ခူးရကောင်းမှန်းမသိ့။ တစ်နေကုန် ဆောင်းဘောက်ဖွင့် ကခုန်ပနာ ပြန်လာကတ်တေ။ ပန်းလဲမပါ။” လို့ မိန့်ပါရေ။

အသက်အရွယ်ကွာခြားချက်အရ အမြင်ကွဲပြားမှုတိ့ ရှိလေ့သင့် ပြောင်းလဲလာမှုတိ့ကို လက်ခံပီးနိုင်သူတိ့လဲ ရှိပါရေ။ မောင်တောမြို့က ကိုစိန်လှဖြူက “ ခေတ်ကလဲ ပြောင်းလာရေ။ အမြင်တိ့ကလဲ ပြောင်းလာရေ။ တချို့ကတော့ ဆောင်းဘောက်ကြီးတိ့ သုံးပနာ လားကတ်တေ။ တချို့ကလဲ ရရိုးရာ လားကတ်တေ။ ဆောင်းဘောက်တိ့ သုံးရစွာ ဇာလို့ လားပြောခီကေလေ့ ကိုယ်ရာ အမုန်းခံရဖို့။”  လို့ ပြောပနာ ဘူးသီးတောင်မြို့က ဦးကျော်ဝင်းကတော့ “ အရင်ကဆိုကေ ကားတိ့လဲ မရှိသိ့။ စစောထပနာ ထမင်းချက် ထည့်ယူလာရရေ။ လမ်းလျှောက်ရရေ။ အခုက လမ်းတိ့လဲ ကောင်းလာဆိုခါ ပိုပနာ စည်ကားလာစွာကို မြင်ရေ။ လူကြီးလူငယ် အချေတိ့ အားလုံး ပျော်နီကတ်တေ ဆိုစွာလဲ ဝမ်းသာစရာပါ” လို့ ဆိုပါရေ။

ဘူးသီးတောင်နန့် မောင်တောကားလမ်းအတိုင်း မေယုသစ်တောထဲက မိုးရာသီကာလတစ်လျှောက်လုံး မြောင်နန့် တောပန်းတိ့ သဘာဝ ပေါက်ပင်တိ့နန့် စိမ်းလန်းနေချင်ကေလေ့ အခုချိန်မှာတော့ မြင်ကွင်းတိ့၊ သဘာဝါပေါက်ပင်တိ့၊ မြေပြင်အနီအထားတိ့လဲ အများကြီး ပြောင်းလဲလာပါရေ။ အေပြောင်းလဲမှုတိ့နန့် တတူ ဒေသ စီးပွားရေး အခြေအနေတိ့၊ နီထိုင်မှု ပုံစံတိ့ပါ ပြောင်းလဲလာစွာက ဝါဆိုပန်းခူးထွက်ရေ ဓလေ့တစ်ခုကိုလဲ လုံးဝ ပြောင်းလဲစီခရေလို့ ဒေသခံတိ့က ယူဆကတ်ပါရေ။

“ပြောရကေ အပင်အခက်တိ့ကလဲ မရှိဗျာလ်။ ကျောက်တုံးကြီးတိ့လဲ မရှိဗျာလ်။ စမ်းချောင်းထဲက ကျောက်တိ့ ထုတ်တေ။ သစ်ပင်ကြီးတိ့ ခွပ်ကေ ပြုန်းလာရေ။ အပင်တိ့ တွယ်တက်ဖို့ ကျောက်တိ့ မြေသားတိ့ မရှိ။ တောင်တိ့ပြိုလာရေ။ ရီတိ့ နှောက်လာရေ။ ကြိုင်ရေရီဆိုစွာ မရှိသလောက် ဖြစ်နီယာ။” လို့ ကိုစိန်လှဖြူက ပြောပါရေ။

ဘူးသီးတောင်မြို့သား ကိုဦးကျော်မြင့်ကလည်း သူ အငယ်က လားလာဖူးခရေ မြောင်တိ့စမ်းချောင်းတိ့ အခြေအနေတိ့ကို ခုပိုင် ပြန်ပြောပြပါရေ။

“ အရင်ကဆိုကေ ပန်းခူးဖို့ ဒေနိ့ရာကို လာဖို့ မလိုပါဘူး။ တပ်ရင်း ၁၃ အလွန်မှာ ဘုန်းကြီးကျောင်းရှိရေ။ ယင်း နားလောက်ရာ။ ဒေနိရာကို မရောက်။ အခုက ဝါဆိုပန်းခူးဖို့ နိရာကိုထားဦး။ ယင်းနီရာကနိ ပင်လယ်လောက်ကျယ်လားရေ။ အခု ဒေနိရာကို ကျွန်တော်ရို့ အငယ်က တစ်ခါလေ့ မလာဖူး။ ကျောက်တုံးအကြီးသန်တိ့ဆိုကေ တဗျင်းအကြီးသန်။ အခုက ဆိုင်ကယ်မပြောကေ့ မြောင်ထဲ ကားတောင် လားလို့ ရရေ။ ဘောလုံးကျောက်လို့ရရေ။”

ဝါဆိုပန်းခူးရေ ဓလေ့ ထုံးစံတစ်ခုစွာ ရခိုင်ပြည်နယ်ထဲက တခြားနိရာတိ့မှာ လုံးဝမရှိသလောက်ဖြစ်နီယာ ဆိုကေလေ့ ဘူးသီးတောင် မောင်တောဒေသမှာတော့ နာမည်တစ်ခု ကျန်နီရုံလောက်ဖြစ်ဖြစ်တော့ ကျန်နီပါသိ့ရေ။ မောင်တောသား ကိုစိန်လှဖြူကတော့ သူ့ သားသမမီးတိ့ကို ဝါဆိုပန်းခူးထွက်ရေ အကြောင်းကို ပြောပနာ လူငယ်မျိုးဆက်သစ်တိ့ကို ဒေဓလေ့ ပြန်ပနာ ဖော်ထုတ်နိုင်ဖို့ မျှော်လင့်နီပါသိ့ရေ။

“ဘူးသီးတောင် မောင်တောမှာရာ ဝါဆိုပန်းခူးထွက်တေလို့ ပြောကတ်တေ။ တခြားနိရာတိ့မှာတော့ မကြားမိ။ အရင်ကတော့ ရှိချင်ကေ ရှိဖို့။ကပ်လှူကတ်တယ်။ ခုက မရှိသလောက်။ အခု တက်လာဖို့ လူငယ်တိ့ကို လူကြီးမိဘတိ့က သွန်သင်ဆုံးမရဖို့ပ။ လုပ်တော့ လုပ်ကြည့်ရဖို့နင်းယာ။ လုပ်ရဖို့စွာက လူကြီးတာဝန်။ လက်ခံဖို့ မခံဖို့က လူငယ်တိ့တာဝန်ရာ။”

ဝါဆိုပန်းခူးရေ ဓလေ့အကြောင်းနန့် ဝါဆိုပန်းကို ဘုန်းကြီးတိ့ ဇာပိုင်သုံးကတ်ရလဲ ဆိုစွာကိုလဲ တရားဟောရေအခါ ယဉ်ကျေးမှုအကြောင်း သင်ပြရေအခါ ထည့်သွင်းပနာ ဟောပြောလေ့ရှိပါရေ။ ဆရာတော် ဟောပြောမှုကြောင့် ပန်းလာကပ်လာလူတိ့လဲ ရှိလာရေလို့ ဆိုပါရေ။ ဆရာတော် အရှင်သာဂရက ဓလေ့ ထုံးစံတစ်ခု လုံးဝ မကွယ်ပျောက်သိ့ခင် ထိန်းသိမ်းလို့ ရနိုင်ဖို့လားလို့ မျှော်လင့်နီပနာ နောက်နှစ်တိ့မှာတော့ ဝါဆိုပန်းခူးရေ ဓလေ့တစ်ခု အလှပ ပြန်ပနာ အသက်ဝင်လာဖို့လို့ ယုံကြည်နီပါရေ။

“ဒကာ ဒကာမတိ့ကို ဝါဆိုလပြည့်နိ့ တရားဟောကေ ထည့်ဟောရေ။ ဦးဇင်းရို့ ဝါဆိုရေအခါ ဒကာဒကာမတိ့ ကပ်ရေ ပန်းနန့် ဆိုစွာ မဟုတ်။ ကိုယ့်ကျောင်းက ပန်းကို ခူးပနာ ဝါဆိုရရေလို့ ထည့်ပနာ ဟောရေ။ ဝါဆိုလပြည့်နိ့မှာ တရားဟောရေ။ လပြည့်ကျော် တစ်ရက်နိ့မှာ လူငယ်တိ့တော့ မဟုတ်။ တရားနာရေ ဥပုသ်သည်တိ့၊ တကာတကာမတိ့က ဝါဆိုပန်းခူးကတ်တေ။ ဝါဆိုပန်းပါ တောပန်းတောင်ပန်း ရွက်လှပန်းတိ့ပါ ပန်းတိ့အများကြီးရောက်ပါရေ။ စတီးဗန်းနန့် လေးငါးဗန်းလောက်ရရေ။ ပြီးခရေနှစ်က ပြောလိုက်တေ ပြီးခရေနှစ်က ရောက်တယ်။ ဒေနှစ်လဲ ရောက်တယ်။ လူကြီးတိ့က လူငယ်တိ့ကို ပြောကေ ဒေနှစ်လူငယ်တချို့လဲ ပန်းလာကပ်တယ်။ တွီ့ပါရေ။” လို့ ဆရာတော်က မိန့်ပါရေ။

 669 total views,  1 views today