ရိုးမရေဒီယိုမဂ္ဂဇင်း

သြဂုတ် ၂၁ ရက်။ ။ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်တေ စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ သံအမတ်ကြီး မစ္စရိုဆာရီယိုမယ်နာလို ဦးဆောင်ရေ အဖွဲ့စွာ သြဂုတ်လ ၁၆ ရက်နေ့ ညဇာက သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို နေပြည်တော်မှာ ကျင်းပပြုလုပ်ခပါရေ။

ယင်း ကော်မရှင်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နိ့မှာ ဖွဲ့စည်းခစွာ ဖြစ်ပနာ နိုင်ငံတကာက ကျွမ်းကျင်လူတိ့ အပါအဝင် ကိုယ်စားလှယ် လေးယောက်နန့် ဖွဲ့စည်းခစွာ ဖြစ်ပါရေ။

ဖွဲ့စည်းပြီးရေနောက် သြဂုတ် ၁၄ ရက်နိ့မှာ မြန်မာနိုင်ငံကို လာရောက်ခပနာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရေ ပြည်ထောင်စု ဝန်ကြီးအဖွဲ့နန့် တွီ့ဆုံခံပနာ လုပ်ငန်းတာဝန် သတ်မှတ်ချက်တိ့ကို ဆွေးနွေး၊ အခြေအနေတိ့ကို ရှင်းလင်းခစွာလည်း ဖြစ်ပါရေ။

ပြီးခရေ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နိ့က ရခိုင်ဒေသကနိ ရွီ့ပြောင်းထွက်ခွာလားလူတိ့ကို ပြန်ပနာ လက်ခံဖို့ အစီစဉ်တိ့နန့် ပတ်သက်ပနာ ပြန်လာဖို့ သူရို့ သဘောအလျောက် လုံခြုံစိတ်ချစွာ ဂုဏ်သိက္ခာ ရှိရှိ ပြန်ပနာ နီထိုင်နိုင်ဖို့ ကိစ္စရပ်တိ့နန့် ပတ်သက်ပနာလည်း ကော်မရှင်နန့် အစိုးရအကြား ဆွေးနွေးခကတ်တေလို့ ယင်းရှင်းလင်းပွဲမှာ သတင်းမီဒီယာတိ့ကို ပြောပါရေ။

ယင်းအပြင် ကော်မရှင် လုပ်ငန်းတာဝန် သတ်မှတ်စွာမှာလည်း ပါဝင်တဲ့ အဓိက အချက်အနေနန့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နန့် ၂၀၁၉ ခုနှစ် သြဂုတ် ၂၅ ရက်မှာ ဖြစ်ပွားခရေ အကြမ်းဖက်မှုတိ့မှာ စွပ်စွဲခံရသူတိ့ကို စုံစမ်းစစ်ဆေးလားပနာ အသူရို့က တာဝန်ရှိလဲ ဘဇောင်အဖြေရှာကတ်ဖို့လဲ ဆိုစွာကိုပါ အကြံပြုချက်တိ့ ရီးပီးလားဖို့လို့ ဆိုပါရေ။

ယင်းပိုင် စုံစမ်းစစ်ဆေးစွာမှာလည်းသင့် မြန်မာအစိုးရက ၁၉၅၀ ပြည့်နှစ်က ရီးဆွဲခရေ စုံစမ်းစစ်ဆေးရေးကော်မတီ အက်ဥပဒေပါအတိုင်း လုပ်ငန်းတာဝန်တိ့ကို ဆောင်ရွက်လားဖို့လို့ သတင်းမီဒီယာတိ့ကို ပြောပါရေ။

လုပ်ငန်းတာဝန်တိ့ကို ဆောင်ရွက်ရေအခါမှာလည်း ပြည်ထောင်စု အစိုးရ၊ တိုင်းအစိုးရနန့် ပြည်နယ်အစိုးရတိ့အပြင် အခြား သက်ဆိုင်ရေ အာဏာပိုင်တိ့နန့်လည်း ပူးပေါင်းလားဖို့ ဖြစ်တေပိုင် သတင်းအချက်အလက် တောင်းခံစွာ၊ စုဆောင်းစွာ၊ သက်သေခံချက်တိ့ ရယူလားဖို့လို့ ဆိုပါရေ။ သက်သေခံချက် ရယူရေအခါမှာလည်း အစိုးရတိ့အပါအဝင် အစိုးရမဟုတ်တေ အဖွဲ့အစည်းတိ့က ကိုယ်စားလှယ်တိ့နန့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတိ့နန့် ပူးပေါင်းလုပ်ဆောင်လားဖို့လို့ သိရပါရေ။

ယင်းပိုင် အဆင့်ဆင့် တွေ့ရှိလာရေ တွီ့ရှိချက်တိ့ကို အစီရင်ခံစာ တင်ပြလာရေအခါ အကြံပြုချက်တိ့ကိုပါ ပါဝင်ဖို့ ဖြစ်ပနာ ယင်းချင့်ကို နိုင်ငံတော်သမ္မတကို တင်ပြလားဖို့လို့ ဆိုပါရေ။ ကော်မရှင် အတွင်းရေးမှူးရုံးကို မြန်မာနိုင်ငံမှာ ရုံးစိုက်လားဖို့ ဖြစ်ပနာ အတွင်းရေးမှူးရုံးမှာ ဥပဒေဆိုင်ရာ ကျွမ်းကျင်သူတိ့နန့် နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်တိ့ကို လိုအပ်ကေ လိုအပ်တေပိုင် ခေါ်ယူလားဖို့လို့ သတင်းမီဒီယာတိ့ကို ရှင်းလင်းပြောကြားခပါရေ။

 573 total views,  1 views today