ကိုအောင် (ရိုးမရေဒီယိုမဂ္ဂဇင်း)

အေတစ်ပတ်မှာ ဘူးသီးတောင်မြို့ စိုင်းတင်ချောင်းနန့် စိုင်းတင်တောင်တန်းထက်က ဝါးခွပ်လုပ်ငန်း လုပ်ကိုင်သူတိ့အကြောင်းကို တင်ဆက်ပီးလားဖို့ ဖြစ်ပါရေ။

စိုင်းတင်ချောင်း၊ စိုင်းတင်ရေတံခွန်၊ စိုင်းတင်တောင်တန်းဆိုစွာ ဘူးသီတောင်  ဒေသ၏ အမှတ်သင်္ကေတတစ်ခုဆိုကေလေ့ မမှားပါ။ ဘူးသီးတောင်ကနိ စိုင်းတင်ရီတံခွန်ထိ စက်လှီနန့် ဒါရိုက်လားနိုင်ရေပိုင် ဘူးသီးတောင်က ကင်းတောင်ရွာအထိ ကားလမ်းအတိုင်းလာပနာ ကင်းတောင်က စက်လှီစီးပနာလဲ လားရောက်နိုင်ပါရေ။ စိုင်းတင်ရီတံခွန်ကို အနယ်နယ်အရပ်ရပ်က လာပနာ လည်ပတ်လူတိ့၊ လေ့လာလူတိ့လဲ တဗျင်းအများကြီး ရှိရေပိုင် စိုင်းတင် ရီအားလျှပ်စစ်စီမံကိန်းအတွက်လဲ လူသိများပါရေ။

စိုင်းတင်ချောင်းဆိုစွာ မြောက်ဘက်က စီးဆင်းလာရေ စစ်ချောင်းနန့် အရှေ့မြောက်ဘက်က စီးဆင်းလာရေ ရိချောင်းရို့ နှစ်ခုဆုံရာကနိ စိုင်းတင်ချောင်းလို့ ဖြစ်လာစွာပါ။

စိုင်းတင်ချောင်း အထက်ဘက် စစ်ချောင်းနန့် ရီးချောင်းဆိုစွာ ဘူးသီးတောင် အဓိက စီးပွားရေး လုပ်ငန်းတိ့ ထဲက တစ်ခုဖြစ်တေ ဝါးထုတ်လုပ်ရေးနန့် အသက်သွီးကြောဖြစ်ပါရေ။ တစ်နှစ်ကို စိုင်းတင်တောင်ထက်က ဝါးအလုံးရေ ငါးသန်းလောက် နှစ်စိုင် ထုတ်လုပ်နိုင်ရေလို့ ဝါးကုန်သည်တိ့ဘားက သိရပါရေ။

ဈီးကွက်ဝင်ရေ ဝါးတစ်လုံးကို ရဖို့ ဇာပိုင်ရှာဖွေရလဲ။ ဇာလောက်အချိန်ပီးရလဲ။ ဇာနိရာတိ့ကို တင်ပို့ရလဲ ဆိုရေ အကြောင်းအရာတိ့ကို သိရဖို့အတွက် စိုင်းတင်ချောင်းထဲမှာ နှစ်ပေါင်းတိ့ အများကြီး ဝါးခွပ်လုပ်ငန်းကို လုပ်ကိုင်ခသူတိ့ကို တွီ့ပနာ တင်ပြပီးလားဖို့ ဖြစ်ပါရေ။

ဦးလှမောင်သာက ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာမှာ နီထိုင်သူဖြစ်ပါရေ။ စိုင်းတင်တောင်ထက်ကို မိုးရာသီကုန်ဆုံးလားရေ အချိန်က စပနာ မိုးမကျခင်ထိ လားလာပနာ ဝါးခွပ်လုပ်ငန်းကို နှစ်ပေါင်း လေးဆယ်လောက် လုပ်ကိုင်ခရပါရေ။ ဝါးခွပ်ရာသီ ရောက်ဗျာလ်ဆိုကေ သူ့ အဖွဲ့သားတိ့ကို စုပနာ  ဝါးကျင်းရှာဖို့ တောင်ထက်တိ့မှာ လှည့်လှည်ကတ်ရပါရေ။ ဆန်ဆီငါးခြောက် ဆီးဝါး အဝတ်အစား အသုံးအဆောင်တိ့ကို ထမ်း၊ တောင်ထက်အတိုင်း ခကျင်လားပနာ ရှာကတ်ရပါရေ။

“ တက်ဗျာလ်ဆိုကေ တက်ဗျာလ်။ တွီ့ရေတောင်ကို တက်ရစွာဗျာလ်။ မိုးထက်ဖက် ထမင်းစားပြီးစွာနန့် တက်ကတ်ရရေ။ နီကလဲ ပူရေ။ ညဇသား သုံးချက်တီး လေးချက်တီးလောက် ဖြစ်လာဗျာလ်ဆိုကေ ဆက်မတက်ယာ။ ရောက်တေ နီရာမှာ ရပ်။ ကိုယ့်အိုး ကိုယ့်ခွက်၊ ကိုယ့်ရိက္ခာတိ့ကို ထုတ်ပနာ ထမင်းချက်စားကတ်ရရေ။ ပြီးကေ အိပ်။ မိုးလင်းကေတော့ ဆက်ပနာ ထွက်” လို့ ဦးလှမောင်သာက ပြောပါရေ။

အေပိုင်နန့် တောင်တစ်လုံးပြီးကေ တစ်လုံး တက်ပနာ ဝါးတောတိ့ကို လိုက်ရှာကတ်ရပါရေ။ ဝါးခွပ်လုပ်သားတိ့ အခေါ် ဝါးကျင်းလို့ ဆိုပါရေ။ ဇာခွင်က ဝါးဂျင်းမှာ ဝါးဇာလောက် ထုတ်နိုင်ရေ ဆိုစွာကို ရှာကတ်ရပါရေ။ ကိုယ့်အုပ်စုမှာပါရေ ဝါးခွပ်လုပ်သားအရီအတွက် ကိုယ်ထုတ်လုပ်ဖို့ ဝါးအရီအတွက်ကို ချိပန်ပနာ လုံလောက်တေ ဝါးအရီအတွက်ကို ရဖို့ ဝါးကျင်းကို ရွီးချယ်ရပါရေ။ ဝါးကျင်းကို တွီ့ဗျာလ်ဆိုကေ ဝါးကျင်း ဧရိယာမှာပါရေ ကျေးရွာအုပ်စုက ရွာလူကြီးကို တွီ့ပနာ အေဂွင်က ဝါး ဇာလောက်ထုတ်ဖို့၊ လူဇာလောက်ပါဖို့၊ ဇာနှစ်ရက်နိဖို့ ဆိုပနာ အသိပီး ဝါးကျင်းဖို့ ဖေ့သာ ပီးပနာ ဝါးခွပ်ကတ်ရပါရေ။

“ အထူရှိရေ၊ အပါးရှိရေ။ ဝါးပေါက်နီစွာတိ့က အထူဆိုကေ ဇာလောက်ထွက်ဖို့ ဆိုစွာ တစ်ခါ ခွပ်ကေ သိစွာကို။ ငါးသောင်းထွက်ဖို့ တစ်သိန်းထွက်ဖို့ သိရေ။ ဝါးက ထူရေဆိုကေ ထူစွာ လူတိုးမပေါက်၊ ရွီးနိလို့မရဗျာလ်။ ယာခွပ်တေပိုင် ခွပ်ရရေ။။ အကြီးအငယ် ရွီးနီလို့လဲ မရ။ အဖျားကိုဖြတ်၊ အရင်းကိုဖြတ်။ ပြီးဗျာလ်။” လို့ ဦးလှမောင်သာက ပြောပါရေ။

ကိုမောင်ကျော်လှိုင်ကလဲ ဝါးခွပ်သားအဖြစ်နန့် နှစ်ပေါင်း နှစ်ဆယ်ကျော် လုပ်ကိုင်ခလူပါ။ သူကတော့ အတွီ့အကြုံအရ ဝါးကောင်းမကောင်းကို မြင်စွာနန့် သိရေလို့ ဆိုပါရေ။ ဈီးကွက်ဝင်နိုင်ဖို့ ဝါးကောင်းကို ရှာပနာ ခွတ်ရပါရေ။

“ဝါးကောင်းမကောင်းဆိုစွာ လုပ်စားလူက ကြည့်လိုက်စွာနန့် သိရေလေ။ ဝါးကိုခေါက်ကြည့်လိုက်စွာနန့် ဒေဝါးက ထူရေ။ ပါးရေဆိုစွာ သိရေ။ အသံကကွာရေ။ ကောင်းစွာနန့် မကောင်းစွာကလဲ အသံကွာရေ။ ဝါးပင်တိ့ ပေါက်တေ နေရာကလဲ မတူ။ မကောင်းရေဝါးဆိုကေ စိမ်းရေ။ ကောင်းရေဝါးဆိုကေ အဝါရောင်မှာ အပြောက်အပြောက်တိ့ပါရေ။” လို့ ကိုမောင်ကျော်လှိုင်ကပြောပါရေ။

ယေလေ့သင့် နောက်ပိုင်းမှာ ဝါးကျင်းတိ့ကို ဧရိယာအလိုက် ဝါးပွဲစားဘားက အုပ်စုနန့် ညှိပနာ အပိုင် ဝယ်လိုက်ကတ်တေ အတွက် တစ်ပိုင်တနိုင် ဝါးခွပ်စားလူတိ့က လုပ်ခွင့်မရယာလို့ ကိုမောင်ကျော်လှိုင်က ပြောပါရေ။

“ အဂု ပွဲစားတိ့က ဂွင်တစ်ခုကို အပြတ်ဝယ်လိုက်ကတ်တေ။ ရွာလူကြီးနန့် ညိဗနာ။ ဝါးကို ကြည့်ပနာ ဆယ်သိန်း သိန်းနှစ်ဆယ် ယင်းပိုင် ပီးလိုက်ကတ်တေ။ ယင်းတောကို တခြားလူတိ့ ဝင်ခွပ်လို့မရယာ။ ခွပ်ချင်ရေဆိုကေ သူရို့ဘားက ပီးရေ ကြိုပီးရေ ဖေ့သားကို ခွပ်ချင်ကေ ခွပ်။ ယင်းပိုင်ဆိုကေတော့ ရရေ။ ကိုယ့်စွာကို တပိုင်တနိုင် ငါးရာတစ်ထောင် ခွပ်ဖို့ဆိုကေတော့ မရယာ။”

ခွပ်လို့ ရရေ ဝါးတိ့ကို ကိုယ့်အမှတ်အသားနန့် ကိုယ် အရီအတွက်အလိုက် စည်းပနာ ထားကတ်ရပါရေ။ ချောင်းအတိုင်း မျှောချလို့ရအောင် အစီးလိုက် တန်းပနာ ဖောင်ဖွဲ့ရရေ။ အစည်းမမှားရအောင်လဲသင့် အမှတ်အသားလုပ်ရရေ။

“သူ့ဝါးကိုယ့်ဝါး မမှားအောင် ချိုင်ရေအခါ ကိုယ့်နီရာနန့် ကိုယ် စနစ်တကျ ချိုင်ရေ။ ပြီးကေ ကိုယ့်အမှတ်အသားနန့် ကိုယ် မှတ်တေ။ တတိုင်သားက ဆီးနီ၊ တတိုင်သားက ဆီးဝါ။ ယင်းပိုင်။ တတိုင်သားရို့ကတော့ ချိုင်ထားရေ နှီးစကို မှတ်တေလူတိ့လဲ ရှိရေ။” လို့ ကိုမောင်ကျော်လှိုင်က ဆက်ပြောပါရေ။

ဝါးမျှောချလာရေအခါ ချောင်းကျဉ်းရေနီရာ၊ ကျောက်ဆောင်ကြားတိ့ထဲက အလိုက်သင့် မျှောချနိုင်ဖို့ ရှိ့က ဖောင်တန်းကို ဦးဆောင်ပဲ့ကိုင်လူက မမှားအောင် သတိထားရပါရေ။ အမှားအယွင်းရှိကေ အပျက်အစီးရှိနိုင်ရေပိုင် အချိန်ကြန့်ကြာစွာတိ့လဲ ဖြစ်နိုင်ပါရေ။

ဦးလှမောင်သာက “ အေခေါင်းက အေနိရာမှာ တိုက်မိဗျာလ်ဆိုကေ ဝါးတိ့အားလုံး  ပုံနီဖို့။ ပုံဗျာလ်ဆိုကေ ထားဖိ့။ အားလုံး ပြန်ဖျက်ပနာ ဝေးပလိုက်ရဖို့ယာ။ ဒေအပေါက်က ဝင်ရဖို့။ မဝင်ကေ ပိတ်ဖို့။ အဓိကတော့ လူနန့်ရာ မျှောရေ။ လူက ဝါးပုံ ခေါင်းကတက်။ သူက နားမလည်ကေ ဒေနိရာမှာ ပုံဖို့ဗျာလ်။ ယင်းပိုင်ဆိုကေ နောက်က လူလဲထားဖိ့။ တစ်ခုလေ့သင့် လုပ်မရယာ။” လို့ ပြောပါရေ။

တစ်ခါတစ်လီ ဒေပိုင် ခွပ်ပြီးသား ဝါးတိ့ လမ်းမှာ ပျက်လားရေအတွက် ဆုံးရှုံးရစွာတိ့လေ့သင့် ရှိရေ။ ယင်းအချိန်မှာဆိုကေ တောင်ထက်မှာ လနန့်ချီပနာ လုပ်ခရေ အကျိုးအမြတ်တိ့အားလုံး ဆုံးရေအပြင် ကြိုပနာ ယူထားရေ ဖေ့သာတိ့လဲ အကြွီးတင်ကျန်ခရေ။

“ဝါးခွပ်ဖို့ တက်တေ။ ယင်းက ဆင်းလာရေ။ စိုင်းတင်ကို ရောက်တေ။ ရီကြောင်းလမ်းက ရီများရေ ဆိုပနာ ထမ်းချရေ။ အထက်က ဝါးနှစ်ထောင်မှာ တစ်ထောင်က အောက်ကို ရောက်ပနာ တစ်ထောင်က အထက်မှာ ကျန်ခသိရေ။” လို့ ကိုမောင်ကျော်လှိုင်က ပြောပါရေ။ “ ညဇာဘက် ရီကြီးပနာ မျောပါလားစွာ၊ မိုးလင်းကေ တစ်ခုလေ့သင့် မရဗျာလ်။ အထက်က ဝါးလဲမရ၊ အောက်က ဝါးလဲမရ။ ညဇာဘက် ရီကြီးလာစွာ သတိမထားမလိုက်လို့”

စိုင်းတင် ရီတံခွန်အထက်ကနိ အောက်ဘက် စိုင်းတင်ချောင်း ဝါးဖောင် မျောလို့ရရေနီရာအထိ ဝါးစည်းတိ့ ပို့ပနာ ဖောင်ဖွဲ့ပီးပြီးလားရေအချိန်မှာ ဝါးခွပ်လုပ်သားတစ်ယောက် တာဝန်ပြီးဆုံးပါဗျာလ်။ ယင်းအခါ ပွဲရုံ ကိုယ်စားလှယ် ဖြစ်တေ ဝါးခွပ်အဖွဲ့ခေါင်းဆောင်က ဝါးကောင်းကို ရွီးပနာ ဖောင်ဖွဲ့ဖို့ တာဝန်ယူရရေလို့  လုပ်သားခေါင်းဆောင် ဦးလှမောင်သာက ပြောပါရေ။

“ ချလို့ ပြီးရေအခါ မင်းက ဇာလောက်လဲ၊ မင်းက ဇာလောက်လဲ။ မကောင်းစွာကို ထုတ်ပစ်၊ အစည်းစည်းထားလိုက်။ ဒေချင့်က မကောင်း ထုတ်ပလိုက်။ ယင်းပိုင်ပြောပနာ ထိုင်နီရရေ။ မဟုတ်ကေ မကောင်းစွာတိ့ကို ထည့်ပလိုက်ဖို့။ လက်မလောက် ဝါး ထည့်ရဖို့စွာကို လက်သန်းလောက် ထည့်လို့ရဖို့လား။”

ကိုမောင်ကျော်လှိုင်ကတော့ အပျက်အစီးမရှိဖို့ သတိထားယူလာပနာ ယင်းပိုင် အပယ်ခံရစွာတိ့ရှိကေ အစားထိုးရဖို့ အလျော့အတွက် တွက်ပနာ အပို ခွပ်လာစွာတိ့ ရှိပါရေလို့ ပြောပါရေ။ အဝယ်ကိုယ်စားလှယ်ဘားမှာ ကိုယ်ခွပ်လာရေ ဝါးကို အပ်ပနာ လက်ကျန်ဖေ့သာကို ရှင်း၊ ဝါးခွပ်လုပ်ငန်းကို တဖြတ်ဖြတ်ပါရေ။

“ ဝါးတိ့ချရေအခါ ရီနန့် မျှောချရေ။ ချောင်းအငယ်တိ့။ ချိုင့်အငယ်တိ့လဲ ရှိစွာကို။ ယင်းချင့်မှာ မကွဲမပြဲရအောင်လဲ ထိန်းထိန်းသိမ်းသိမ်းတော့ လုပ်ရဗ။ ဥပမာ အသွယ်လိုက်လာရေ။ အသွယ်လိုက် ချလို့မရ။ အပြားလိုက်ချရေ။ လေးစိတ်တပြားစီ ပူးပနာ ချောင်းကောက်တိ့ ရောက်လာပြီးကေ ဆွဲချရရေ။ အောက်ကိုရောက်ကေ ပြန်ပနာ ဖောင်တိ့လုပ်ရရေ။ အသွယ်လိုက်လာပနာ အပြားလိုက်ထပ်ချ။ ချပနာ ပြန်သွယ်၊ ရီတံခွန်ကို ရောက်တေအခါ အသွယ်ကနိ အပြားလိုက်ပြန်ချ။ အပြားလိုက်ကနိ အစည်းလိုက်ချ။ တစ်စည်းပြီးကေ တစ်စည်း။ ယင်းပိုင်။ အပျက်အစီးတော့ နဲနဲ ရှိရေပေါ့။ တချို့ကလဲ ကိုယ့်စီနီယာ နောက်ကျရေဆို ထမ်းပနာ ချရေ။ထမ်းချဗျလ်ာဆိုကေ စီနီယာမလို။ ပါယ်ဝါးလို့တော့ ဒေနိရာမှာ မခွဲ။ အလျော့အတွက် တစ်ယောက်က ဝါးနည်းကေ နည်းကေ နည်းရေပိုင် များကေ များရေပိုင်။ ဝါးနှစ်ထောင်ပါရေလူက တစ်ရာ့ငါးဆယ်။ တစ်ထောင်ပါရေလူက ငါးဆယ်။ အလျော့အတွက်ဆိုကေ ယူလားကတ်တေ။ ပါယ်ဝါးလို့တော့ မယူကတ်” လို့ ကိုမောင်ကျော်လှိုင်က ပြောပါရေ။

ပြီးကေတော့ ဝါးဖောင်တိ့ကို စုပနာ ဝါးပွဲရုံတိ့ ရှိရေ နီရာကို ရောက်အောင် ဖြားအတက်အကျနန့် လိုက်ပနာ ပို့ဆောင်ကတ်ရပါရေ။ စိုင်းတင်ချောင်းအတိုင်း ဖြားအတက်အကျနန့် လိုက်ပနာ ပန်ဇင်းချောင်းနန့် ဆုံရေ နီရာကျကေတော့ ဖြားအတက်နန့် လိုက်ဖို့ ပြန်ပနာ စောင့်နီရပါရေ။ အနည်းဆုံး ဝါးပွဲရုံတိ့ ရှိရေ နီရာကို ရောက်ဖို့အတွက် တစ်ရက်နန့် တစ်ညလောက်တော့ ဖောင်စီးပနာ ပို့ရပါရေ။

“ ဖောင်ကို လုပ်ဖို့ အသွယ်လိုက် ငါးခုဆိုကေ ငါးခု။ လေးခုဆိုကေ လေးခု။ ခိုင်အောင် ချိုင်ရေ။ ညဇာသား ဒေဘက်က ထွက်ဖို့။ စိုင်းတက်ဝမှာ နီဖို့။ ဖြားသင့်အောင်စောင့်ဖို့။ ဖြားနန့်လိုက်ဖို့။ မိုးမလင်းခင် ပွဲရုံဆိပ်ကို ရောက်နီဗျာလ်။ ဖောင်ကတက်၊ ပွဲရုံကိုဝင်၊ ထမင်းစား၊ လက်ဖက်ရည်သောက် ဖေ့သာယူပနာ ပြန်ရုံဗျာလ်” လို့ ဦးလှမောင်သာက ပြောပါရေ။

ဝါးခွပ်လုပ်သားဖြစ်ဖြစ် လုပ်သားခေါင်းဆောင်ဖြစ်ဖြစ် မိသားစု စားဝတ်နီရေးအတွက် ဝါးကုန်သည်တိ့ဘားက ကြိုတင်ဖေ့သာ ထုတ်ယူထားစွာကို ပြန်ရှင်း ပိုရေ ဖေ့သားကို ကျစ်ကျစ်ပါအောင် ဆုပ်ပနာ အိမ်မှာ ရက်စကေ့ချေ နားဖို့ ပြန်လာကတ်ပါဗျလ်။ နောက်တစ်ပတ် ဝါးခွပ်တက်ဖို့အတွက် ကြိုတင်ဖေ့သာ ထုတ်ယူဖို့လား။ ဝါးမခွပ်နိုင်ဘဲ နောက်အလုပ်တစ်ခု ပြောင်းလုပ်ရဖို့လား ဆိုစွာကိုတော့ စိုင်းစားနီရဆဲပါ။ ဦးလှမောင်သာကတော့ မလုပ်နိုင်ဗျာလ်ဖြစ်တေ အတွက် အနားယူလိုက်ပါဗျာလ်။

“ ထမ်းလဲ မထမ်းနိုင်ရာ။ လားလဲ မလားနိုင်ရာ။ လားလာနိုင်ကေတောင် မထမ်းနိုင်ဗျာလ်။ အလုပ်သမားခေါင်းလုပ်နိုင်ကေတော့ ဝင်လုပ်နန်းရာ။” လို့ ဦးလှမောင်သာက ပြောလာပါရေ။

ကိုမောင်ကျော်လှိုင်ကတော့ လုပ်နိုင်ရေ အားအင်တိ့ ရှိနိသိ့ကေလေ့ တွက်ခြီ မကိုက်ဗျာလ်ဖြစ်လို့ ဆက်လုပ်ဖြစ်လားဖို့လား ဆိုစွာကတော့ မရီမရာရာ ရှိနိပါသိ့ရေ။ ယေလေ့သင့် ဝါးခွပ်ချိန်မတိုင်ခင် နောက်ထပ် အလုပ်တစ်ခုကို မရသိ့ခင် စိုင်းတင်တောင်ထက်ကို တက်ပနာ ရီးချောင်းနန့် စစ်ချောင်းထဲမှာ ဝါးကျင်းတိ့ ရှာနီရဖို့သိ့ ဖြစ်ပါရေ။ အလှည့်စစောရဖို့ လူများတိ့ထက် စစောတက်ဖြစ်ကတ်ဖို့သိစွာကတော့ အမှန်ဘာရာ။

“ ဖေ့ချာ တစ်ခါတလီ ပွဲစားဘားမှာ အကြွီးလဲ ထပ်တင်လားသိ့ရေ။ တောင်ထက်မှာ အလှည့်မကျသိ့ကေတော့ ဝါးကိုလဲ လက်လွှတ်ထားပစ်ခရဖို့။ အလုပ်လဲ ဆက်လုပ်လို့မရ။ စောင့်ရင်းစောင့်ရင်းနန့် ဖေ့သာယူရေ။ စားရေ။ တစ်ခါတစ်လီ အကြွီးတင်ရေ။ တစ်ခါတစ်လီ တစ်သောင်း နှစ်သောင်းကျန်စွာလဲ ရှိရေ။ အခုတော့ ကောင်းလဲ မခွပ်ချင်ရာ။ ပွဲစားတိ့က ပိတ်ပနာ ဝယ်ထားရေအတွက် သူရို့ဘားမှာယာ လက်ဝါးဖြန့်ရဖို့ဗျလာ်။ ကိုယ်တတ်နိုင်ရေ ဆိုပနာ အစွမ်းနန့် ခွပ်လို့လဲ မရဗျာလ်။ သူရို့ ခြီကို ကိုင်ခီရဖို့ဗျာလ်.။ ကိုယ်က တာဝန်ယူရဖို့ဗျာလ်။ ခွပ်ကေ သူ့ကို တစ်လုံးကို နှစ်ဆယ်ပီးရဖို့။ ယေမှ ခွပ်လို့ရဖို့လေ။” လို့ ကိုမောင်ကျော်လှိုင်က ပြောပါရေ။

 863 total views,  1 views today