Arakan Yoma


ကျောက်တော်မြို့နယ် တင်းမကျေးရွာသားတွေအနေနဲ့ နေရပ်မှာပြန်လည်သွားရောက် နေထိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရထံ တတိယအကြိမ် အကူအညီတောင်းခံထားရတယ်လို့ သိရပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ ဥက္ကဌနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ထံ စက်တင်ဘာလ ၂ ရက်နေ့ကနေ စာရေးသား တင်ပြလိုက်တာလို့ တင်းမဆရာတော် ဦးဝါယာမိန္ဒက မိန့်ပါတယ်။


တင်းမရွာသားတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ၂ ကြိမ်တောင်းဆိုခဲ့ကြပြီး အောက်တိုဘာလမှာ နေရပ်ပြန်ကြဖို့ သဘောတူညီချက်ရခဲ့ပေမယ့် လက်ရှိအချိန်ထိ မိုင်းရှင်းလင်းရေးတွေ၊ ဆုံးရှုံးသွားတဲ့ နေအိမ်တွေပြန်လည် ထူထောင်ရေး ကိစ္စတွေ ဖြေရှင်းပေးတာ မရှိသေးပါဘူး။


ဒါကြောင့် ရွာသားတွေအနေနဲ့ ထပ်မံ တောင်းဆိုရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျေးရွာသားတွေ နေရပြန်ရင် မိသားစုတစ်စုစီကို ငွေကျပ်ငါးသိန်းစီ၊ ဆန်နဲ့ ရိက္ခာတစ်လစာအပြင် ရွာအတွင်းမှာလည်း နေအိမ်တွေ ဆောက်လုပ်ပေးသွားမှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးသွားမယ်ဖို့ စစ်ကောင်စီက ပြောထားတာပါ။


ဒီကျေးရွာဟာ ပြီးခဲ့တဲ့ တိုက်ပွဲတွေကာလအတွင်း မီးရှို့ခံခဲ့ရပြီး ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်ပေါင်း ၁၃၂ ဆောင် ပျက်စီးဆုံးရှုံးသွားတယ်လို့ ရွာသားတွေက ပြောကြပါတယ်။

 449 total views,  1 views today