Arakan Yoma |

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရေးအတွက် လာမယ့် စက်တင်ဘာလမှ အဆိုပြုမူကြမ်းလွှာ တင်သွင်းတော့မယ်လို့ ရှေ့ဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန မြောက်ဦးဌာနခွဲ ညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောပါတယ်။

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ပေးပို့လာတဲ့ မူကြမ်းကို ရှေးသုဌာန အနေနဲ့ ရုံးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်စွက်လျက် ရှိနေပါတယ်။ မူကြမ်းကို ပေးပို့ပြီးနောက် အချောသတ်လွှာကို ၂၀၂၂ ဇန်နဝါရီလမှာ ပေးပို့ရမှာပါ။

အဲဒီနောက် ယူနက်စ်ကို တာဝန်ရှိသူတွေ အနေနဲ့ တရားဝင် အကြောင်းကြားပြီးဖြစ်စေ၊ ရှောင်တခင်ဖြစ်စေ လာရောက် စစ်ဆေးမှာဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်နိုင်မှု ရှိ၊ မရှိကိုတော့ ၂၀၂၃ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ဆိုရင် မြောက်ဦးဒေသက ယဉ်ကျေးမှု အမွေအနှစ်တချို့ ဖျက်ဆီး ခံခဲ့ရပြီး လက်ရှိမှာ ဆိုရင် ယဉ်ကျေးမှုဇုန်အတွင်း ကျူးကျော်ဝင်ရောက်ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ဆောက်လုပ်တာ၊ တောင်တွေကို ဘတ်ဟိုးကားကြီးတွေနဲ့ ဖျက်ဆီးတာကြတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်တွေဟာ ယူနက်စ်ကို စာရင်းဝင်ရေးကို အဟန့်အတား ဖြစ်စေရုံမက သမိုင်းဝင် ယဉ်ကျေးမှုတွေကိုပါ ဖျက်ဆီး နေတာလို့ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။

ဌာနဆိုင်ရာ ဖက်ကတော့ ဒါကို အာဏာပိုင်တွေဖက်ကသာမ ဒေသခံတွေကပါ ပူးပေါင်းဆောင်ရွက်မှာ ရနိုင်မယ်လို့ ပြောပါတယ်။

 412 total views,  1 views today