Arakan Yoma |


ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်း ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။


အာဏာသိမ်းပြီးနောက်ပိုင်း ပါတီ ရပ်တည်ချက်တွေနဲ့ အမြင်သဘောထား မတူတော့တာ၊ ပါတီခေါင်းဆောင် တချို့ဟာ မူဝါဒတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်နေတာတွေကြောင့် နှုတ်ထွက်ရတာ ဖြစ်တယ်လို့ ကာယကံရှင်က ပြောပါတယ်။


နှုတ်ထွက်စာကို ဇွန်လ ၁၃ ရက်နေ့ကတည်းက တင်ထားခဲ့တာဖြစ်ပြီး သြဂုတ်လ ၂၁ ရက်နေ့မှာတော့ ပါတီအတွင်း ဆုံးဖြတ်ချက်ချနိုင်သူတချို့ အွင်လိုင်းကနေ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဦးဖေသန်းကို နှုတ်ထွက်ခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


ဦးဖေသန်းဟာ ပါတီတွင်းပြောရေးဆိုခွင့်ရှိသူ နေရာယူထားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလိုမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။


ပါတီနိုင်ငံရေးအရ ရွေးကောက်ပွဲအတွက် အဓိက ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် လက်ရှိနိုင်ငံတွင်း အခြေအနေအရ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောထားပေမယ့် ဖြစ်လာနိုင်ခြေ နည်းတာကြောင့် ပါတီနဲ့ လမ်းခွဲလိုက်ရတာ ဖြစ်တယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။


လက်ရှိမှာတော့ အမျိုးသားရေးနိုင်ငံရေးနဲ့ တော်လှန်ရေးကဏ္ဍတွေမှာ နိုင်ရာ တာဝန်ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း Arakan Yoma ကို ပြောပါတယ်။

 457 total views,  1 views today