Arakan Yoma |


ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရေးအတွက် နီအိမ်ကန့်သတ်မိန့် ထုတ်ပြန်စွာ အပါအဝင် ကျေးရွာချင်း ဆက်ထားရေ လမ်းတချို့တိကိုပါ ပိတ်ထားစွာကြောင့် မြို့ပြနဲ့ အလှမ်းဝီးရေ ကျေးရွာတိမှာ ရိက္ခာနဲ့ ဆေးဝါး ရရှိမှု၊ ကုသခံယူမှု အပိုင်းတိမှာ အခက်ကြုံနီရပါရေ။


တချို့ရွာတိမှာဆိုကေ ကြက်ဥက အစ ပြတ်လပ်လားစွာ ဖြစ်ပြီးကေ အနီးက ကျေးရွာနဲ့ မြို့ပေါ်ကိုလည်း ဈီးလားဝယ်ခွင့် မရကတ်လို့ ဖြစ်နီစွာပါ။ ယင်းအပြင် ဆီးဝါးတိ ရရှိမှုကလည်း ကျေးရွာအတွင်း လက်ကျန် ရှိနီရေ ဆီးတိကိုရာ ရောင်းချနီရစွာ ဖြစ်ပနာ အပြင်လားပြီးကေ ထပ်လို့ ဝယ်ယူခွင့် မရရေအတွက် ဈီး အလွန်အကျွံ မြင့်တက်လျက်ရှိနီပါရေ။


လတ်တလောမှာ ပြည်နယ်အတွင်း စာသင်ကျောင်းတိ ပိတ်ထားရေပိုင်၊ ရီကြောင်း သယ်ယူပို့ဆောင်ရေးတိ ကိုလည်း ရပ်နားထားပါရေ။ ဒေသတွင်း ကုန်လမ်းမောင်း မော်တော်ယာဉ် လိုင်းတချို့ ပြေးဆွဲနီစွာ ရှိကေလေ့ ကိုဗစ်စည်းကမ်းအရ လူဦးရေ လျော့တင်ဆောင်ရစွာကြောင့် မူလဈီးထက် သုံးဆ ပိုတိုးကောက်ယူနီစွာ ရှိပါရေ။


ယင်းကြောင့်ပင် မြို့နဲ့ အလှမ်းဝီးရေ ကျေးရွာတိမှာ ဆီးဝါးနဲ့ ရိက္ခာပြတ်တောက်စွာ အပါအဝင် အဆမတန် ဈီးမြင့်တက်လားစွာတိနဲ့ ကြုံနီရစွာပါ။


ဒေကြားထဲ တချို့ကျေးရွာအာဏာပိုင်တိက အခြေအနီအရ မဟုတ်ဘဲ ရွာပြင်ထွက်ခွင့် လုံးဝ ကန့်သတ် ထားစွာကြောင့် ကျန်းမာရေးနဲ့ စားဝတ်နီရေး ကဏ္ဍတိမှာရာ မက ရွာပြင်ထွက်လုပ်ကိုင်ရရေ လယ်ယာလုပ်ငန်း လုပ်ကိုင်သူ တိလည်း အခက်ခဲ ဖြစ်နီကတ်စွာ ရှိပါရေ။

 360 total views,  1 views today