ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ညဖက်ဆိုကေ အိမ်ကိုဖုန်းဆက်နီကျ။ ဒေနိန့်ကတော့ ကျွန်တော် မဆက်သေးခင်မှာပင် ဘာဘာဘားက ဖုန်းဝင်လာပြီးကေ အိမ်မှာ သူနဲ့ မေမေ ဖျားနီကတ်တေ အကြောင်း ရှင်းပြပါရေ။ သာမန်လောက်ရာ ဖျားနာကတ်စွာ ထင်လို့ ဆီးမှူးခေါ် ဆီးထိုး၊ ဆီးသောက်လိုက်ကတ်ဖို့ အကြံပီးလိုက် ပါရေ။


အကေလည်း ဒေလောက်နဲ့ မပြီးလိုက်။ နောက်နှစ်ရက်လောက်အကြာမှာ အဖျားကောင်းလားကတ်ကေလည်း အနံ့မရ ဖြစ်နီရေလို့ ပြောလာခါကျွန်တော်လည်း စိုးရိမ်စိတ်ဝင်လာပါရေ။ ယင်းအချိန်စွာ ရခိုင်ပြည်နယ် အတွင်း ကိုဗစ်ကူးစက်ခံရမှု များလာပြီးကေ သီဆုံးမှု မြင့်တက်လာနီရေအချိန်လည်း ဖြစ်နီစွာပါ။


ယပိုင်နဲ့ အဆောင်နီရေ ကျွန်တော်စွာ ရက်အင်တန်ကြာ အိမ်မှာလားနီပနာ မိသားစုကို ဂရုစိုက်ပီးဖို့ ဆုံးဖြတ် လိုက်ပါရေ။ အိမ်ကို မလားခင်မှာ ကိုဗစ်ကာကွယ်ရေးဆီးဝါးတိနဲ့ အစားအသောက်တချို့လည်း ကြိုတင်ဝယ်ဖြစ်ခပါရေ။


အိမ်ရောက်လို့ ဇာလောက်က မကြာလိုက်ပါ။ ကျွန်တော်လည်း ဖျားပြန်ပါရာ။ မိသားစုကို ဂရုစိုက်ဖို့လားရေ ကျွန်တော့်ကို အဖျားကောင်းလားပြီးကေ အနံ့မရဖြစ်နီကတ်တေ ဘာဘာ၊ မေမေကပင် ပြန်ဂရုစိုက်ရပြန်ပါရေ။ ကျွန်တော်လည်း ဆီးမှူးခေါ် ဆီးထိုး၊ ဆီးသောက်ကေလည်း အိမ်ကလူတိဖြစ်ရေပိုင်ပင် အနံ့မရ စ ဖြစ်ပါလတ်တေ။


ယင်းအတွက်နဲ့ ဇူလိုင်လ ဒုတိယပတ် အကုန်လောက်စပြီးကေ တစ်အိမ်လုံး ကိုယ့်အသိနဲ့ကိုယ် Stay Home နီကတ်ဖို့ အစီစိုင်ချလိုက်ရပါရေ။ဒေပိုင်နီလို့ ရက်အင်တန်အကြာမှာ အိမ်တွင်း ဆီးဝါးပြတ်လပ်စွာ၊ စားနပ်ရိက္ခာ ကုန်လားစွာတိ ကြုံရပါရေ။ မိတ်ဆွေ တယောက်ကို ဖုံး လှမ်းဆက်လို့၊ လိုအပ်စွာတိ လာဝယ်ပီးဖို့ အကူညီတောင်းခါတော့ အဆင်ပြေလားပါရေ။


အိမ်မှာနီလို့ တစ်ပတ်လောက်တောင် မကြာသေးခင်မှာပင် စစ်တွေမြို့တွင်းမှာ ဆီးဝါးတိ၊ စားသောက်ကုန်တိ ဈီးတက်နီလို့ တင်ထားရေ ပမာဏထက် ဈီးပိုပီးခရပါသိရေ။ ဇူလိုင်လ ၂၀ ရက်နိန့်မှာတော့ ရခိုင့်တပ်တော် AA က ကိုဗစ် ကူးစက်မှုကို တားဆီး လျှော့ချနိုင်ဖို့ အိမ်မှာနီဖို့ အမိန့် ထုတ်ပြန်လိုက်ရေပိုင် ပြည်နယ်ကောင်စီဖက်ကလည်း လူစုလူဝေးဖန်တီးစွာတိကို လိုက်လံဖမ်းဆီး မှုတိ ပြုလုပ်ပါတော့ရေ။


Stay Home ၏ တခြားတဖက်မှာလည်း မုန့်ဗန်းကို ခေါင်းပေါ်ရွက်ပြီးကေ ဈေးလာရောင်းရေ အရီး၊ ထမင်းချိုင်ချေကိုကိုင်ပနာ အလုပ်လားရေ ဘေးအိမ်က ကျွန်တော့်ညီမချေ သူငယ်ချင်း၊ ကတ်ကြေးနဲ့ ဆံပင်ညှပ် ကိရိယာတိ ထည့်ထားရေ သေတ္တာ​ချေကိုကိုင်ပြီးကေ ဖောက်သည် ရှာလားနီရေ အစ်ကို၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ထီးကျိုး လိုက်ပြင်နီရေ အခင်၊ မြေးလေးနဲ့အတူ အလှူလာခံရေ အဘောင်စသဖြင့် အခြေအနေမတူ၊ သက်မွေးဝမ်းကြောင်း မတူရေ အမျိုးမျိုးသော လူတန်းစားတိကို ဝရံတာမှာ ထိုင်ငေးနီတတ်တေ ကျွန်တော်က အမြဲမြင်တွိ့ နီရတတ်ပါရေ။


ဒေလူတိစွာ အိမ်မှာနီရစွာပျင်းလို့ အပြင်ထွက်ပြီးကေ အပျော်ထွက်လားနီကတ်စွာ မဟုတ်စွာတော့ သေချာပါ ရေ။ ဇာလို့လဲဆိုကေ သူရို့လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ ရည်ရွယ်ချက်တိက အထင်သား ပေါ်လွင်နီလို့ပါ။ လမ်းထိပ်မှာလည်း အထီးကျန် ညှိုးငယ်စွာနဲ့ ဖောက်သည်စောင့်နီရှာ ရေ ဦးလေးတစ်ယောက် လည်း ရှိပါသေးရေ။ သူကတော့ ဘေးတွဲ ဆိုင်ကယ်မောင်းစွာပါ။
သူက အခုပိုင် ဆိုပါရေ။


စားရေးသောက်ရေးက ဒုက္ခရောက်နီရေ။ အပြင်ကို ထွက်မလုပ်ကေ ထမင်းငတ်လားဖို့ပေါ့။ စားဝတ်၊ နေရေးအတွက် ဖဲသာထွက်ရှာနီရရေ။ မိသားစုကလည်း တစ်ယောက်၊ နှစ်ယောက်မဟုတ်လေ။ ၁၀ ယောက်ရှိရေ။ ယောက္ခမနဲ့ ပေါင်းစားနီရစွာ။ ယောက္ခမမှာလည်း အလုပ်က မရှိ။ ခယ်မတစ်ယောက်မှာ ရထားရေ လင်ကလည်း ဖျားနီခါ အလုပ်မဆင်းနိုင်ဖြစ်နီရေ။ ဆန်ကတော့ ရှိရေ။ ဈေးစရိတ် ထွက်ရှာနီရစွာ။ ဈေးစရိတ်က တစ်နိနိ့ကို ၇ ထောင်၊ ၈ ထောင်လိုရေ။
​ဒေအခင် က စစ်တွေမြို့ ကယ်ဆယ်ရေးအကွက်(၁)ကပါ။ ဦးသိန်းဇော်လို့ခေါ်ပါရေ။ အသက်က (၄၅) နှစ်ရှိနီပါရာ။ ပုံမှန်ဆိုကေတော့ တစ်နိန့်ကုန် အပြင်ထွက်လုပ်ကေလည်း ဒေ ကာလမှာတော့ စားစရိတ်လောက်ရ​ ကေ အိမ်ပြန်ယာလို့ သူကဆိုပါရေ။ အိမ်မှာလည်း မကျန်းမမာဖြစ်နီကတ်​တေ အတွက် Stay Home ကာလမှာ စားစရိတ် ထွက်ရှာဖို့က သူ့တာဝန်ဖြစ်လာပါရေ။


သူ့ပိုင်ပင် အပြင်ထွက်ရသူတိ စစ်တွေမြို့ပေါ်မှာ တစ်နိန့်တစ်နိန့်ကို ရာချီမကပါ။ ပြည်နယ်မြို့တော် စစ်တွေ ကနီ အလယ်ပိုင်းဒေသ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တိကို လိုင်းကားဆွဲ သူတိကလည်း စားဝတ်နေရေး ကြောင့်ပါ၊ ခရီးသည်၏ လိုအပ်ချက်အရပါ ရပ်နားထားဖို့ဆိုစွာ မလွယ်ကူလို့ ပြောနီကတ်ပါရေ။

စစ်တွေကနီ မြောက်ဦးအထိ အလားအပြန် လိုင်းကားဆွဲနီရေ ဦးသန်းမြင့်ချေက ကားတစ်စီး ဝယ်ထားစွာကို တစ်လနှစ်လ အိမ်မှာရပ်ထားလို့ အဆင်မပြေ။ ကိုယ့်စားရေး နေရေးအတွက်လည်း အဆင်မပြေ။ ရောဂါကိုတော့ အကုန်လုံးက ကြောက်ကတ်စွာဗျာလ်။ အဆင်မပြေကေ​ တော့ ဒေပိုင်ရှာနီရစွာပဲ။ ခရီးသည်ကလည်း မရှိ။ အခွံလားလာနီရသူတိများနီရေ။ မလား​​ကေလို့လည်း တားဆီးထားစွာကလည်း တဖက်ကလည်း ကောင်းပါ​ရေ။ လို့ ဆိုပါရေ။
ကိုဗစ်စည်းကမ်းချက်တိအရ လိုင်းကားတစ်စီးမှာ ခရီးသည် ၃ ဦးရာ တင်ဆောင်ခွင့်ရှိစွာကြောင့် တစ်ကြောင်းစာကို တစ်ဦးကို ၂ သောင်းကနီ ၃ သောင်းအထိ မြင့်တက်နီပါရေ။ သိုပါကေ လည်း ခရီးသည်မရရေ အခါတိများရေပိုင် ကားသမားတိအဖို့ အမြတ်မကျန်သလောက်နည်းကေလည်း ခရီးသည် လိုအပ်ချက်ကို ဖြည်းဆည်းပီးနီစွာလို့ ပြောဆိုမှုတိရှိပါရေ။


ဒေသခံတိအပေါ် သြဇာညောင်းလာရေ AA ကတော့ မလိုအပ်ကေ အပြင်မထွက်ကတ်ဖို့၊ အပြင်ထွက်ကေ နှာခေါင်းစည်း တပ်ကတ်ဖို့၊ သေရေးရှင်ရေး ကိစ္စရပ်တိက မရှိဘဲနဲ့ ခရီးလားလာစွာတိ ရပ်နားထားကတ်ဖို့၊ တစ်နေရာကနီ တစ်နေရာကို ရောက်ရှိလာကတ်သူတိကို ရွာထဲအဝင်မခံဘဲ စုရပ်နေရာကွက်တိမှာ သတ်မှတ်ရက်အတွင်း ထားရှိကတ်ဖို့ စရေ အချက်တိကို ရခိုင်ဘာသာစကားနဲ့ ရေးသားထုတ်ပြန်ထားပါရေ။
ယင်းအပြင် စားဝတ်နီရေးကြပ်တည်းနီသူတိကို တတ်နိုင်သူတိက ကူညီပီးကတ်ဖို့နဲ့ ထုတ်ပြန်ချက်တိကို မလိုက်နာကေ အရေးယူဖို့လို့ ဆိုထားပါရေ။ အကေလည်း လိုအပ်ချက်ရှိနီသူတိကတော့ အူမ မတင်းဘဲ သီလမပြင်း ဖြစ်နီကတ်စွာပါ။


AA ထုတ်ပြန်ချက်နောက်ပိုင်း စည်းကမ်းလိုက်နာသူတိ ရှိရေပိုင် စစ်တွေမြို့ပေါ်မှာဆိုကေ အခြေခံ ရပ်ကွက်တိမှာ ကော်မတီဖွဲ့ပနာ ဆန်၊ ဆီ၊ ငရုပ်သီးခြောက်၊ ပဲ၊ ကြက်ဦးစရေ စားသုံးကုန်တိ ကူညီပီးနီကတ်စွာလည်း တွိ့ရပါရေ။


ကျွန်တော်ရို့က ရခိုင်တပြည်နယ်လုံးအထိ ရည်မှန်းထားရေ။ အကေလည်း အလှူငွေအပေါ် မူတည်ပြီးကေ ဆက်လက် လုပ်ဆောင်လားဖို့ဖြစ်ပါရေ။ ခုလောလောဆယ် ရရှိရေ ငွေအပေါ် မူတည်ပနာ (စစ်တွေမြို့ပေါ်) ဆယ်ရပ်ကွက်ကို စလို့ပီးနီပါရေ။ လို့ ကိုဗစ်ကာလ စားနပ်ရိက္ခထောက်ပံ့ရေးကော်မတီ ဦးလှဝင်းက ပြောပါရေ။
ခုပိုင် ကော်မတီဖွဲ့လို မဟုတ်ဘဲ ငွေကြေးတတ်နိုင်သူတိကလည်း ပုဂ္ဂလိကအနေနဲ့ ဆင်းရဲချို့တဲ့သူတိကို ထောက်ပံ့ပီးမှုတိလည်း မြင်ရပါရေ။ အကေလည်း ကိုဗစ်စည်းကမ်းတိတော့ လိုက်နာမှုအားနည်းနီဆဲပင် ဖြစ်ပါရေ။


ကိုဗစ်စည်းကမ်း မလိုက်နာစွာတိကို ရခိုင့်တပ်တော် AA က အပြစ်ပီးလျက်ရှိနီရေ လို့ ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဖေ့စ်ဘုတ် လူမှုကွန်ယက်ကနီ ဇူလိုင်လ ၂၉ ရက်နိန့်မှာ ထပ်ဆင့်ထုတ်ပြန် သတိပေး လိုက်ပါရေ။ စည်းကမ်းမလိုက်နာပဲ လူစုလူဝေးဖန်တီးနီရေ စားသောက်ဆိုင်၊ အရက်ဆိုင်၊ ဂိမ်းဆိုင်တိကို အဆင်မြင့် အသံနဲ့ အပြစ်ပီးစွာ လုပ်ခရေ လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါရေ။


ဒေ ထုတ်ပြန်ချက်မတိုင်ခင်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့က မိဇံနဲ့ ကားဂိတ်အနီးမှာ ပေါက်ကွဲမှုနှစ်ကြိမ်တိုင် ဖြစ်ပွားခပနာ ထိခိုက်မှုတော့ မရှိလို့ ဒေသခံတိက ပြောပါရေ။ ဘူးသီးတောင်မှာတော့ နှာခေါင်းချုပ် မတပ်ဘဲလားသူတိကို ထိုင်ထလုပ်ခိုင်းစွာ၊ မင်းပြားမှာဆိုကေ ဝါးရင်းတုတ်နဲ့ ရိုက်စွာတိရှိရေ အကြောင်း ဒေသခံတိက ပြောနီကတ်ပါရေ။ ရခိုင်ပြည်နယ် မြို့နယ်တချို့မှာတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာတိ ဈေးတက်နီဆဲဖြစ်ပနာ AA ၏ ထုတ်ပြန်ချက် ထဲမှာတော့ ဈေးတင်မရောင်းကတ်ဖို့လည်း သတိပီးထားပါရေ။


အခုဆိုကေ ကျွန်တော့်မိသားစုလည်း ပြန်လည် ကျန်းမာရေးကောင်းမွန်လာကတ်ပါယာ ။ အကေလည်း ​ဘေးတွဲမောင်းရေ အခင် တစ်ယောက်ကလွဲကေ မုန့်လာရောင်းရေ အရီး၊ လက်သာအစ်ကိုနဲ့ ထီးကျိုးလိုက်ပြင်ရေ အခင်၊ အိမ်ဘေးက ညီမ​ချေ သူငယ်ချင်းရို့၊ အလှူလာခံရေ အ​ဘောင်ကတော့ သူရို့၏ နိန့်စိုဉ်အလုပ်ကို လုပ်ကိုင် နီကတ်ဆဲ ဖြစ်ပါရေ။


ဘေးတွဲမောင်းရေ အခင်ကတော့ ဒေ ဖက်မှာ ဖောက်သည်မရလို့ နောက်တစ်နေရာမှာ လားမောင်းစွာလား။ ယင်းမဟုတ်ကေ သူ့မယားညီအစ်ကိုက နေပြန်ကောင်းလို့ သူနားနီစွာလားဆိုစွာကိုတော့ သူရာသိလီပါဖို့။

 522 total views,  1 views today