အာရ်ကန်ရိုးမ

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပြည်နယ်အတွင်း ကိုဗစ်ပိုး စစ်ဆေးမှုများက ရရှိလာသော အချက်အလက်များအရ ရခိုင်က လူဦးရေ ၁၀၀ ကို စစ်ဆေးလျှင် ၄၀ ဦးနှုန်းသည် အတည်ပြုလူနာ ဖြစ်နေသည်ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

ဂျူလိုင် ၁၇ ရက်နေ့ ညနေ ၅ နာရီထိ အချက်အလက်များအရ ရခိုင်တွင် ကိုဗစ်ရောဂါ ပိုးကူးစက်ခံထားရသူ ၁၃၅၈ ဦးနှင့် သေဆုံးသူ ၃၈ ဦး ရှိနေခဲ့ပြီ ဖြစ်သည်။ ယခု သတင်း ထုတ်လွှင့်ချိန်တွင် ယင်းထက်ပိုမိုသော အရေအတွက်များ ရှိသွားပြီဟု ဆိုရပါမည်။

သို့သော်လည်း ရခိုင်ပြည်သူများသည် ဒေသန္တရ စည်းကမ်းများကို လိုက်နာရန် ဆက်လက်အားနည်းနေကြဆဲ ဖြစ်သည်ကို တွေ့ရသည်။

ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူများဘက်က ရခိုင်ပြည်နယ်အတွက် အောက်စီဂျင်နဲ့ Mask နှာခေါင်းချုပ် အလုံအလောက်ရှိသည်ဟု ဆိုထားသော်လည်း ဒေသတွင်း ဆရာဝန်အများစု၏ မှတ်ချက်များအရ ထိုသို့ မဟုတ်ကြောင်းကို သူတို့၏ လူမှုကွန်ရက်အကောင့်များတွင် ရေးသားလျက်ရှိနေသည်။

ဂျူလိုင် ၁၇ ရက်နေ့ထိ အချက်အလက်များအရ ရောဂါပိုးတွေ့ထားသူ တစ်ထောင့်သုံးရာကျော်ထဲ ၇၃၉ ဦးမှာ လက်ရှိအချိန်ထိ သက်ဆိုင်ရာ ဆေးရုံများတွင် ကုသခံယူနေဆဲ ဖြစ်သည်။ ကိုဗစ်လက္ခဏာနှင့် ဆင်တူသည့် ဖျားနာ၊ ကိုက်ခဲ၊ နှာစီး၊ ချောင်းဆိုးနှင့် အနံ့မရသောကြောင့် အိမ်တွင်နေရင်း ကုသနေကြသူများလည်း အများအပြားရှိနေကြောင်း နေ့စဉ်သတင်းများအရ ကြားသိနေရသည်။

 524 total views,  1 views today