ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

အသက် (၂) နှစ်ကျော်အရွယ် အငယ်ဆုံးသားချေ သေနတ်ပစ်တမ်း ဆော့ကစားတိုင်း ဒေါ်လှသန်းညွှန့် ရင်ထဲမှာ စိုးတထိတ်ထိတ် ဖြစ်နီရပါရေ။ သို့ပါကေ့လေ့ ယင်းသို့ ကစပ်ရကေ ပျော်နီတတ်တေ ဖတဆိုး သားချေ၏ အပြုံးချေ ပျက်ပြယ်လားလတ်မေ ကြောက်လို့ ဇာတစ်ခုလေ့ မပြောပါယာ။

ယင်းသားချေရေ ဒေါ်လှသန်းညွှန့်၏ အမျိုးသား မသေဆုံးမှီ နောက်ဆုံးချန်ထားရစ်ခရေ ရင်သွေးချေ မဟုတ်လား။ အမျိုးသား သေဆုံးစိုင်က ကိုယ်ဝန်လစီးနဲ့ ကျန်ရစ်ခရပနာ အရွယ်မရောက်သေးရေ သားနှစ်ဦးနဲ့ အတူ အမျိုးမျိုးသော အခက်အခဲတိကို အံကြိတ်ခံခရပါရေ။

“သူက ဒဏ်ရာကြီးရေ။ နောက်ကျောမှာ တစ်ချက်၊ ဝမ်းဗိုက်မှာ တစ်ချက်။ ဒဏ်ရာနှစ်ချက်ပါ။ အကျွန်လည်း ဗိုက်နာလို့ ဆေးရုံမှာ မနီခ။ အချေမွေးဖို့စွာလား မသိဆိုပြီးကေ ရွာပြန်လာခရေ။ သူ့အရီးရို့နဲ့ ချန်ထားခရေ။ သူဆုံးဖို့ အချိန်မှာလည်း အကျွန် သူ့အနား ရှိမနီခပါ။” လို့ အမျိုးသားသေဆုံးစိုဉ်က အဖြစ်အပျက်ကို ဒေါ်လှသန်းညွှန့်က ပြောပြရင်း မျက်လွှာတိမှာ မျက်ရည်ဥတိ တွဲခိုလာကတ်ပါရေ။

ယင်းနိန့်က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်။

ဒေါ်လှသန်းညွှန့်ရို့ နေထိုင်ရေ ရသေ့တောင်မြို့နယ် ကျောက်တန်းရွာကို တပ်မတော်စစ်ကြောင်းတစ်ခု ရောက်ချလာပြီးကေ ကျေးရွာအတွင်းက အသက်(၁၀)နှစ်နှင့်အထက် အမျိုးသားအားလုံး စာသင်ကျောင်းကို အရောက်လာဖို့နဲ့ မလာပါက အေအေအဖွဲ့ဝင်လို့ သတ်မှတ်ဖို့ဖြစ်ကြောင်း ဆင့်ခေါ်ပါရေ။

စာသင်ကျောင်းကို ရောက်ရှိလာကတ်တေ အချေကအစ အသက် (၆၀) ကျော်အထိ လူပေါင်း ၂၇၅ ဦးပါရေ လူအုပ်ကို စစ်ဆေးပြီးနောက်မှာ အိမ်ထောင်စုစာရင်းပါ လူဦးရေနဲ့ ရောက်ရှိလာသူဦးရေ မမျှဆိုရေ အကြောင်းပြချက်နဲ့ ရွာသားမတိကို ပထမတစ်ည ပိတ်လှောင်ခပါရေ။

ဒေါ်လှသန်းညွှန်ရို့ မိသားစုကို သေကွဲကွဲစီခရေ ရင်နင့်ဖွယ်အဖြစ်အပျက်က ဒုတိယညမှာ စတင်လာ တော့ရေ။ မေလ ၁ ရက်နိန့်ည၊ မေလ ၂ ရက်နိန့် မိုးထ ၂ နာရီခန့်မှာ ဖြစ်ပါရေ။ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထားရေ ရွာခံ အမျိုးသားအုပ်က စိတ်မနှံ့သူတစ်ဦးက ထဖောက်ပါရေ။

ပြေးကတ်၊ ပြေးကတ်ဆိုရေ ဟစ်အော်သံနဲ့အတူ လက်နက်ကြီး၊ ငယ်သံများ တရစပ်ထွက်ပေါ်လာပါတော့ရေ။ ဒေါ်လှသန်းညွှန့်လည်း ယင်းပစ်ခတ်သံတိကို ကြားရလို့ ညသန်းခေါင်မှာ ဖမ်းဆီးခံထားရရေ အမျိုးသားအတွက် စိုးရိမ်းမကင်း ဖြစ်နီခပါရေ။ မိုးအလင်းမှာ ကြားလိုက်ရရေ သတင်းကို ဒေါ်လှသန်းညွှန့်က ပြောပြရင်း အသံတစ်ချက် အောင့်ခနဲဝင်လားပါရေ။

“၂ ရက်စစ်ဆေးပြီးယာ။ ၃ ရက်ထက်မှာ အရူးချေတစ်ယောက်က ထွက်ပြေးရေလတ်။ ပြေးကတ်၊ ပြေးကတ်လို့ အော်ပါရေလတ်။ အရူးချေ ထွက်ပြေးလားစွာနဲ့ အထဲကိုချည်းယာ ပစ်လိုက်တေ။ အကျွန့် အမျိုးသားလည်း နီမကောင်းပါ။ ဖျားလို့ အိပ်နီရေ။ ယင်းအထဲမှာ ထိလားစွာ။ ဒဏ်ရာရစွာ ၈ ယောက်။ တခါတည်းသေလားစွာက ၆ ယောက်။ မိုးထမိုးလင်းခါ ဘုရားဒကာ တစ်ယောက်က လာပြောစွာ။ နင့်အိမ်ရှင် ဒဏ်ရာရထားရေလတ်။”

ယင်းသတင်းကြားရလို့ ကိုဝန်လစီးလွယ်ထားရရေ ဒေါ်လှသန်းညွှန့် စာသင်ကျောင်းကို ချက်ချင်း လိုက်လားပါရေ။ အကေ့လေ့ ဝင်ခွင့်မရရေအတွက် အရူးမီးဝိုင်းဖြစ်နီခပြီးကေ နိ့ခင်းသား တစ်နာရီခန့် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တိ ရောက်ရှိလာပြီးချိန်မှ သီဆုံးသူ ရုပ်အလောင်းတိကို ထုတ်ယူပနာ ဒဏ်ရာရသူတိကို ဆေးရုံတင်ခွင့်ရခပါရေ။

ဖြစ်စဉ်မှာ တပ်မတော်သားတိ၏ ပစ်ခတ်မှုခံခရရေ ဒေါ်လှသန်းညွှန့်၏ အမျိုးသား ကိုလင်းကျော် အပါအဝင် ၈ ဦး ဒဏ်ရာရခပြီးကေ ၆ ဦးမှာ အခင်းဖြစ်ရာမှာပင် သေဆုံးလားခပါရေ။ တပ်မတော်ကမူ ရွာသားတိ၏ ပြောဆိုချက်ကို ငြင်းဆိုခပြီးကေ ၎င်းရို့ ဖမ်းဆီးစစ်ဆေးနီရေ လူအုပ်ထဲက သေနတ်လုပနာ အကြမ်းဖက်ရေ အတွက် မိုးပေါ်ထောင်ပစ်ခပြီးကေ မနိုင်ရေအခါမှ မတတ်သာလို့ ပစ်ခတ်လိုက်ရခြင်း ဖြစ်တေလို့ ဆိုခရေ။

“အပြစ်မရှိဘဲ ရက်ရက်စက်စက် သတ်ပစ်ခကတ်တေ။ ရင်ထဲမချိအောင် ခံစားရပါရေ။ အပြစ်ရှိလို့ သတ်ပစ်ခရေဆိုကေ အကြောင်းမဟုတ်။ ခုကဇာအပြစ်မှလည်း မရှိဘဲနဲ့ သတ်ပစ်ခကတ်စွာ။”

ဒဏ်ရာရသူတိအနက် ကိုလင်းကျော်ရေ အပြင်းထန်ဆုံးဖြစ်ပြီးကေ စစ်တွေဆေးရုံမှာ ကုသမှုခံယူနီရာ ၁၂ ရက်မြောက်နိန့်မှာ ထပ်မံသေဆုံးလားခြင်း ဖြစ်ပါရေ။ မီးဖွားချိန်နီးနီယာဖြစ်တေ ဒေါ်လှသန်းညွှန့်ရေ အမျိုးသားဖြစ်သူ၏ နောက်ဆုံးအချိန်မှာ ရှိမနီပီးနိုင်ခ။

သင်္ဂြိုဟ်ဖို့ ရသေ့တောင်မြို့ကို ယူဆောင်လာခရေချိန်မှရာ ရုပ်အလောင်းကို ကြည့်မြင်ခွင့်ရခပါရေ။ အမျိုးသား နာရေး ပြီးစီးလားလို့ နောက် ၆ ရက်အကြာမှာ သေနတ်နန့် ကစပ်ဖို့ ဝါသနာကြီးလွန်းရေ အခု အသက် (၂) နှစ် ကျော်အရွယ်ရှိရေ ကလေးငယ်ကို မိမိရွာမှာပင် မွေးဖွားခရရေလို့ဆိုပါရေ။

ဒေါ်လှသန်းညွှန့်၏ ဒုက္ခက ယင်းလောက်နဲ့ မပြီးသေး။ မီးဖွားပြီးခါစ အချိန်မှာလည်း တိုက်ပွဲဖြစ်ခြင်း၊ တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်ခြင်း စရေအကြောင့်အရာတိကြောင့် တိမ်းရှောင်လိုက်၊ ပြန်လာ လိုက်နဲ့ နီခရရေ အကြိမ်ရေလည်း မနည်းလှ။ တောင့်မခံနိုင်တေယ့ရေအဆုံး နေရပ်စွန့်ခွာပနာ ရသေ့တောင်မြို့ထက်ကို လာရောက်ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတော့ရေ။

“ရသေ့တောင်မှာ အိမ်ရှင်နာရေးပြီးလို့ အချေမွေးပြီးလို့ ၄၊ ၅၊ ၆ ရက်နီပြီးကေ ဆေးရုံကထွက်လို့ ရွာကို ပြန်လားရေ။ ရွာမှာလည်း ပြေးလိုက်၊ လားလိုက်နီရေ။ လိုင်ဂွင်ဖက်ကို ပြေးရေ။ လမုတိုင်ဖက်ကို ပြေးရေ။ ဟိုဖက်မှာ အေးချမ်းဂေ ဟိုဖက်ပြေးရေ။ မအေးချမ်းကေ ပြန်လာရေ။ ယပိုင်နဲ့ နီခရရေ။”

လက်ရှိမှာ ၎င်းနည်းတူ ထွက်ပြေးလာကတ်တေ ကျေးရွာပေါင်း ၂၁ ရွာက ဒုက္ခသည် ၈၀၀ ကျော်နှင့်အတူ ရသေ့တောင်မြို့ထက်က စေတီတောင် စစ်ဘေးရှောင်စခန်းမှာ နီထိုင်လျက်ရှိနီပါရေ။ လူမှုအဖွဲ့အစည်းတိ နှင့် နိုင်ငံတကာ အဖွဲ့အစည်းက လှူဒါန်းရေ ရိက္ခာတိကြောင့် စားဝတ်နေရေး ပြေလည်ရုံဆိုကေလည်း ဆယ်တန်းတက်ဖို့ သားကြီးကိုမှု ကျောင်းမှ ထုတ်လိုက်ရပါရေ။

ရွာပြန်ချင်နီယာဖြစ်ကေလည်း နို့စို့အချေအပါအဝင် အရွယ်မရောက်သေးရေ သားသုံးဦးနှင့် ထပ်မံထွက်ပြေးရဖို့ အခြေအနေကြုံရကေ ဒုက္ခကြုံရဖို့ကို စိုးရိမ်နီပါရေ။ ယင်းတွက် စခန်းမှာရာ ဆက်လက်နီထိုင်လားဖို့လို့ ဆိုပါရေ။

“ရွာမှာက လွတ်လပ်တေသူတိကနီကတ်တေ။ အကျွန်မှာက ကလေးငယ်နဲ့ဆိုခါ မနီရဲ။ ထီးစွဲမှာလည်း သူရို့(စစ်သား)ရှိရေ။ ဆောက်ခပ်မှာလည်း ရှိရေ။ ရွာမှာနီလို့ရဖို့ဆိုကေ နီချင်နန်းရာ။ ဒေမှာက ငရဲကျနီရေပိုင်။ လား၊ လာဖို့နေရာလည်း မရှိ။ အချေငယ်တိလည်း အခက်အခဲရှိပါရေ။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အေအေနှင့် တပ်မတော်ရို့ ဖြစ်ပွားခရေ တိုက်ပွဲနောက်ဆက်တွဲ ကဏ္ဍတိကြောင့် ထွက်ပြေးနီရသူ နှစ်သိန်းကျော်အထိ မြင့်တက်ခပြီးကေ ယခုအချိန်မှာ တစ်သိန်းကျော်အထိ ရှိနီဆဲဖြစ်ပါရေ။ ယင်း နှစ်နှစ်ကျော်ကြာခရေ တိုက်ပွဲတိအတွင်း ဒေါ်လှသန်းညွှန့်ပိုင် အမျိုးသား သတ်ဖြတ်ခံလိုက်ရခြင်း၊ ဖမ်းဆီး ခံလိုက်ရခြင်း၊ ပျောက်ဆုံးနီခြင်းစရေ ဖြစ်စဉ်တိလည်း မရေမတွက်နိုင်အောင်ရှိခပါရေ။

အသက် (၃၈) နှစ် မပြည့်မှီက ဖြစ်ခလားရေ နှစ်နှစ်ကျော်ကြာယာဖြစ်တေ ဖြစ်ရပ်ကို အသက် (၄၀) ကျော်နီယာ ဖြစ်သည့်တိုင် ဒေါ်လှသန်းညွှန့်တစ်ယောက် မဖြစ်နိုင်မှန်းသိယင်းနှင့်ပင် အလျော်စားရကေ ပြန်လိုချင်နီမိပါရေ။

“ဖြစ်နိုင်ဖို့ဆိုကေ အစားပြန်လိုချင်ရေ။ တရားက သူရို့လက်ထဲမှာ။ တရားစွဲလို့ ရဖို့စွာလည်း မဟုတ်။ အကျွန်က ရင်ထဲမှာလည်း မခံစားနိုင်။”

 397 total views,  1 views today