အာရ်ကန်ရိုးမ၊

တစ်နိုင်ငံလုံးက အခြေခံပညာကျောင်းတိ အားလုံးကို ဇူလိုင်လ ၉ ရက်နိန့်ကနီ ၂၃ ရက်နိန့်ထိ ယာယီ ပိတ်ထားဖို့ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၈ ရက်နိန့်ညက ကြေငြာပါရေ။

၂၀၂၁ ခုနှစ်၊ မေလ တတိယပတ်ကစလို့ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါပိုး မျိုးရိုးဗီဇပြောင်းလဲနီကြောင်း ဓာတ်ခွဲ အတည်ပြုချက်များအရ သိခရပနာ ကူးစက်ပျံ့နှံ့မှုကို အချိန်မှီကာကွယ်တားဆီးနိုင်ဖို့ ပိတ်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါရေ။

အခြေခံကျောင်းဆိုရေအနက် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်းတိနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တိလည်း အကျုံးဝင်မည်ဖြစ်ကြောင်း ဖော်ပြထားပါရေ။

ပြီးခရေနှစ်ကလည်း ကိုဗစ်ကြောင့် တစ်နိုင်ငံလုံးရှိ ကျောင်းတိအားလုံးကို တစ်နှစ် နောက်ဆုတ်ခရပြီးကေ ယခုနှစ်မှာ ကိုဗစ်တတိယလှိုင်း ပြန်ထချိန်မှာလည်း ယာယီပိတ်မှု ဖြစ်ပေါ်လာခြင်း ဖြစ်ပါရေ။

 336 total views,  1 views today