Arakan Yoma|

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင့်တပ်တော် အေအေ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေဟာ ဇွန်လ ၁၀ ရက်နေ့မှာ လွတ်မြောက်လာကြပါတယ်။

လွတ်မြောက်လာသူတွေထဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်၊ ညီမ မမိုးနှင်းဖြူ၊ ယောက်ဖဖြစ်တဲ့ ကိုကျော်နိုင်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် ရခိုင်စင်္ကာပူအသင်းဝင်တွေဖြစ်တဲ့ ကိုတင်လှိုင်ဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုဟိန်းဇော်၊ ကိုလင်းမြတ်ဦး၊ ကိုရွှေလှိုင်သန်းနဲ့ ကိုထွန်းအေးတို့အပါအဝင် စုစုပေါင်း ၁၀ ဦးတို့လည်း ပါဝင်ကြပါတယ်။

လွတ်မြောက်လာသူတွေထဲက ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော်ပါ ရခိုင်စင်္ကာပူအသင်းဝင် ၈ ဦးမှာ အကြမ်းဖျက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ စွဲဆိုခံထားရတာဖြစ်ပြီး ညီမနဲ့ ယောက်ဖကတော့ အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)(ခ)(ဂ) နဲ့ စွဲဆိုခံထားရတာပါ။

သူတို့အားလုံးဟာ အေအေနဲ့ တပ်မတော်တို့ စစ်ပွဲတွေပြင်းထန်နေချိန် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးခံခဲ့ကြရပြီး ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်နေပြီး တပ်မတော်က အာဏာသိမ်းထားစဉ်မှာ ပြန်လည်လွတ်မြောက်လာကြတာ ဖြစ်ပါတယ်။

 428 total views,  1 views today