ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဘာသာပေါင်းစုံ ယှဉ်တွဲ နီထိုင်ကတ်တေ ရခိုင်ပြည်၏ မြို့တော် စစ်တွေမှာ သမိုင်းဝင်ရေ အဆောက် အဦးတိ၊ ယဉ်ကျေးမှု အမွေအနှစ်တိ၊ ဗိသုကာ လက်ရာတိနဲ့ ကိုလိုနီခေတ်က တည်ဆောက်ခရေ လက်ရာတိလည်း အဂုထက်သိ့ တည်ဟိ့နီဆဲပါ။

ယင်းထဲက အစ္စလာမ်ဘာသာဝင်တိ ဝတ်ပြုခရေ ဗလီတစ်ခုလည်း စစ်တွေမြို့လယ်မှာပင် ထူးထူးခြားခြားနဲ့ ထင်ထင် ရှားရှား တည်ဟိ့နီပါရေ။ ဂျမားလို့ အမည်တွင်ရေ ယင်း ဗလီ အရှေ့ဖက်အခြမ်းမှာ စစ်တွေမြို့မှာ ထင်ရှားရေ ဆရာတော် ဦးဥတ္တမပန်းခြံ တည်ဟိ့ပနာ ယဉ်ကျေးမှု ပြတိုက်နဲ့ကျကေ ဘေးချင်းကပ် အနီအထားပါ။

ဒေဗလီကို ၁၈ ရာစု အလယ်ပိုင်းမှာ ရခိုင်ပြည်နယ်ရောက် အိန္ဒိယနိုင်ငံသား လူချမ်းသာ ကုန်သည်တစ်ဦးက အကုန်ကျခံ တည်ဆောက်ခစွာလို့ ဘာသာရေး ခေါင်းဆောင်တိက ပြောကတ်ပါရေ။ စစ်တွေတစ်မြို့လုံးက အစ္စလာမ် သာသာဝင်တိ သာမက နယ်ရွာတိကပါ လာရောက် ဝတ်ပြုလေ့ရှိကြောင်း သူရို့တိက ပြောကတ်ပါရေ။

၁၈၅၉ မှာ မရမာ့ဘောက်စ် ဆိုရေ အိန္ဒိယက ပုဂ္ဂိုလ်က ယင်းဗလီကြီးကို အကုန်အကျခံပြီးကေ ဆောက်တေ။ ယင်းဗလီ၏ ဝေယျာဝစ္စတိ အားလုံး ဆောင်ရွက်ခရေ။ ကျေးပင်ကြီး ရပ်ကွက်မှာ များသောအားဖြင့် မြေခတိကို စိုက်ပြီးကေ လုပ်ခရေလို့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးကျော်လှအောင်က ပြောပါရေ။

“၂၀၁၂ ခုနှစ်မှာ ဗုဒ္ဓသာသာဝင် ရခိုင်လူမျိုးတိနဲ့ အစ္စလာမ်ဘာသာ ကိုးကွယ်ရေ မွတ်ဆလင်ရို့ကြား ဖြစ်ပွားရေ ပဋိပက္ခကို အကြောင်းပြပြီးကေ ပြည်ခိုင်ဖြိုးပါတီ အစိုးရက ဝတ်ပြုခွင့် ပိတ်ပင်ထားခပါရေ။ ယင်းခါကနီ ပိတ်ပင် ထားခစွာ အခုဆိုကေ ၉ နှစ်လောက် ရှိနီပါယာ။”

အရင်ခေတ် ကောင်စီ လက်ထက်မှာလည်း မီးလောင်မှုတစ်ကြိမ် ဖြစ်ပွားခစွာကြောင့် ဗလီပိုင်မြေကို အာဏာပိုင် တိက သိမ်းယူဖို့ ကြိုးစားခကတ်ကေလေ့ ယင်းမီးရေ ဗလီခြံဝင်းထဲက စတင်လောင် ကျွမ်းခစွာ မဟုတ်တေ အတွက် စာတင်ပြီးကေ ချေပနိုင်ခရေလို့ အယင်ခါက တရားရုံးမှာ စာရေး လုပ်နီခပနာ ချေပစာကို ကိုယ်တိုင် ရိုက်နှိပ်ခရေ အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ဦးကျော်လှအောင်က ပြောပါရေ။

“ကျေးပင်ကြီးရပ်ကွက် တစ်ခုလုံး မီးလောင်လားရေအခါ နိုင်ငံတော်အစိုးရက မီးလောင်မြေတိ့ကို နိုင်ငံပိုင် ဖြစ်တေ ဆိုပြီးကေ မီးသတ်ဥပဒေထုတ်တေ။ အယင်းဥပဒေအရ အစိုးရပိုင် ဖြစ်လားရေ။ ယေဒါလေ့ မီးက ဒေဗလီထဲက ပုဂ္ဂိုလ်တိ၏ ပေါ့ဆမှုကြောင့် လောင်စာလည်း မဟုတ်။ ဟိုးအပြင်နီရာကနီ လောင်ပနာ ကူးလာစွာ။ ဆိုခါ ယင်းတိ့ကို ပြည်နယ်ကောင်စီမှာ ဗိုလ်မှူးကြီးကျော်မောင် ရှိရေအခါ ကျွန်တော် ပြည်နယ် တရားသူကြီး ဦးမောင်သာဇံ၏ တရားရုံးမှာ လက်နှိပ်စာရေး။ ဗိုလ်မှူးကျော်မောင်က ယင်းမြေကို သိမ်းဖို့အတွက် ဦးမောင်သာဇံဘားက အကြံအဉာဏ်တောင်းရေ။ အကြံအဉာဏ်တောင်းရေအခါ ကျွန်တော် ယင်းစာကို ရေးရေ။ ဦးမောင်သာဇံက ဇာပိုင်ရီးလဲဆိုကေ ဒေမြေကို သိမ်းခွင့်မရှိ။ ဗလီပိုင်မြေ။ ယင်း မီးလောင်စာလည်း ဒေ ဗလီ၏ ပေါ့ဆမှုနဲ့ မဟုတ်။ ယင်းမီးက အပြင်နေရာက ကူးလာရေအတွက်ကြောင့် အနီးဝန်းကျင်မှာ အိမ်တိ့ လောင်လားစွာ။ ကျွန်တော် မှတ်မိသလောက် ယပိုင်စာပြန်ရေ။ ဗိုလ်မှူးကျော်မောင်ဘားကို။ ယင်း စာတိ့ကိုလည်း ကျွန်တော်ကိုယ်တိုင် လားပို့ရစွာ။ ပြည်နယ်ကောင်စီကို။ ယင်းလောက်ပဲ ကျွန်တော်မှတ်မိရေ။”

လက်ဟိ့မှာ ကိုလိုနီခေတ်ဦးပိုင်းက တည်ဆောက်ခရေ ယင်း ဗလီကြီးစွာ ညောင်အိုပင်ကြီးတိ့၏ ဝါးမြိုခြင်း ခံနီရပနာ ပျက်စီးလားဖို့ အန္တရာယ်နဲ့ ကြုံနီရပါရေ။ ဗလီကြီးထက်မှာ ခေါင်မိုး မရှိရေပိုင် အောက်ခံ ဖောင်ဒေးရှင်း တိလည်း တူးဆွခံထား ရရေပိုင် အပေါ်ကို လန်ထွက် ပျက်စီးနီပြီးကေ သစ်နဲ့ ပြုလုပ်ထားရေ ပြတင်းတံခါးတိ၊ အုတ်နံရံတိလည်း အကွဲကွဲ အပြဲပြဲနဲ့ ယိုယွင်းနီကတ်ပါရေ။

ဒေ အပျက်အစီးတိ ယာမက ခြံဝင်းအတွင်းမှာလည်း တောခြုံတိနဲ့ ရှုပ်ပွနီရေပိုင် တံတိုင်း ပတ်ပတ်လည်မှာ လည်း ဒေသခံတိ၏ အမျိုးမျိုးသော ဈေးဆိုင်တိစွာ စည်ပင်၏ ခွင့်ပြုချက်နဲ့ နေရာယူ ရောင်းချလျက် ဟိ့နီ ကတ်ပါရေ။

ပဋိပက္ခ နောက်ပိုင်း ယင်းဂျမား ဗလီအပါအဝင် စစ်တွေမြို့ပေါ်က ဗလီတိမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တိက နေရာ ယူထား ခကတ်ကေလေ့ လက်ရှိမှာတော့ သူရို့ပြုလုပ်ခရေ သဲအိတ်တိနဲ့ လုံခြုံရေးကင်း တချို့ယာ ရှိနီပနာ ဗလီအတွင်း တပ်ဖွဲ့ဝင်တိတော့ မရှိလားပါယာ။

ပြီးခရေ ရက်ပိုင်းက ဆိုကေ ၁၈၅၉ ခုနှစ်က တည်ဆောက်ခပနာ လက်ရှိမှာ ၁၆၂ နှစ် သက်တမ်း ရှိနီယာ ဖြစ်တေ ဒေဗလီကြီးကို မူလအတိုင်း ပြန်လည် ပြုပြင်ပြီးကေ သက်ဆိုင်ရာ အာဏာပိုင်တိက သမိုင်းဝင်အဖြစ် ထိန်းသိမ်းထား သင့်ရေလို့ အကြံပြု ရေးသားမှုတိ ရှိခရေပိုင် တချို့ကလည်း ဒေ အပေါ်မှာ သေဘာထား ကွဲလွဲမှုတိ ရှိခကတ်စွာ တွိ့ရပါရေ။

ဦးကျော်လှအောင်ကတော့ ဒေဗလီစွာ ရခိုင်ပြည်နယ်မှာ အကြီးဆုံးနဲ့ ရှေးအကျဆုံး ဗလီဖြစ်တေလို့ ပြောပါရေ။ ဒေဗလီနဲ့ ပုံတူ တည်ဆောက်ထားရေ ဗလီတချို့လည်း စစ်တွေ အပါအဝင် ရခိုင်ပြည်နယ်နဲ့ မြို့နယ်တချို့မှာ တည်ဆောက်လျှက် ရှိကေလေ့ ဒေဗလီလောက် မကြီးကျယ်ရေပိုင် ရှေးလည်း မကျလို့ ဆိုပါရေ။

အစိုးရအနေနဲ့ ဒေချင့်ကို မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းပြီးကေ မြန်မာနိုင်ငံမှာလည်း အစ္စလာမ် ဘာသာဝင် တိကို ကိုးကွယ်ခွင့် ပီးထားရေဆိုစွာကို ကမ္ဘာကို ပြဖို့ လိုအပ်တေလို့ သူက (ဦးကျော်လှအောင်) ပြောပါရေ။

“နိုင်ငံတော် အစိုးရအနေနဲ့ ပြုပြင် ထိန်းသိမ်းပြီးကေ အစ္စလာမ် ဘာသာဝင်တိကို ကိုးကွယ်မှု ပီးထားစွာကို ကမ္ဘာကို ပြဖို့လိုရေ။ ဇာဖြစ်လို့ဆိုကေ ဒေချင့်က ကျနော်ရို့ အတွက် ဒေချင့်သည် ခေတ်ဟောင်း အဆောက် အဦး။ ဒေပိုင် အဆောက်အဦးက ဗမာပြည်မှာ ရှားရေ။ ဆောက်ရေ အခါတောင်မှ ၂ နှစ်၊ ၃ နှစ်လောက် ကြာရေလို့ ကျနော်ရို့ ကြားဖူးရေ။”၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်း စစ်တွေမြို့ပေါ်မှာ ဗလီတိ အပါအဝင် အစ္စလာမ်ဘာသာရေး အဆောက် အဦးပေါင်း ၁၀၀ ကျော်လောက် ဖျက်ဆီးခံခကတ်ရပြီးကေ လက်ရှိအချိန်ထိ ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသိဘဲ သူရို့ နီထိုင်ရေ ကျေးရွာတိနဲ့ ဒုက္ခသည် စခန်းတိမှာ ယာယီ အဆောက်အအုံတိ ဆောက်လုပ်ပြီးကေ ဝတ်ပြု နီကတ်ရရေလို့ မွတ်ဆလင်တိက ပြောပါရေ။


စစ်တွေမြို့မှာ အခြေစိုက်ပြီးကေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိနဲ့ ပတ်သက်လို့ ဆောင်ရွက်နီကတ်တေ ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက် ဥက္ကဌ ကိုမင်းဘာချေက ဗလီပြုပြင်ထိန်းသိမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ ကန့်ကွက် စရာ မရှိလို့ ပြောပါရေ။

“စစ်တွေမြို့မှာဖြစ်နီရေ ဗလီပြိုလဲ ပျက်စီးနေရေ ကိစ္စနဲ့ပတ်သက်လို့ တိုက်ရိုက်ကြီး သက်ဆိုင်နီရေ မွတ်ဆလင် အသိုင်းအဝိုင်း ညီအကိုတိက ထိန်းသိမ်းဖို့အတွက် အဆင်မပြေ ဖြစ်နီကတ်တေ။ ဒေအပေါ်မှာ ယင်းမှာ ရှိနီ ကတ်တေ တခြားသော ဗုဒ္ဓဘာသာဝင်တိက သော်လည်းကောင်း၊ ခရစ်ယာန်တိက သော်လည်းကောင်း အဓိက သူရို့ တန်ဖိုးထားရေ သမိုင်းဝင် နှစ်ပေါင်းရာကို ချီကြာနီရေ အဆောက်အဦးတိကို လူတိ အားလုံးက ထိန်းသိမ်း ပြုပြင်သင့်ရေလို့ ကျနော်က မှတ်ချက်ပီးချင်ပါရေ။”

ဗလီတိစွာ မွတ်ဆလင်တိ သာမက ရခိုင်မျိုးနွယ်စု တစ်ခုဖြစ်တေ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတိ၏ ကိုးကွယ်ရာလည်း ဖြစ်ပါရေ။ ကမန်အရေး တက်ကြွလှုပ်ရှားသူ မဆောင်းနှင်းဝေက အနာဂတ်မှာ လူမျိုး၊ ဘာသာမရွေးဘဲ လက်တွဲ လားဖို့ဆိုကေ ထိန်းသိမ်းလားသင့်ရေလို့ ဆိုပါရေ။

“အမရို့က ရှေးဟောင်း အမွေအနှစ် တစ်ခုအနေနဲ့ ထိန်းသိမ်းထားသင့်ရေ။ အမရို့ အနာဂတ် ရခိုင်ပြည်မှာ ပြန်ပြီးကေ တည်ဆောက်နီရေ။ အနာဂတ် ရခိုင်ပြည်မှာဆိုကေ ဒေပိုင်မျိုး ခွဲခြားမှုတိ မရှိသင့်ယာ။ ဒေမှာရှိနီရေ တိုင်းရင်းသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ လကိတွဲ လားဖို့ဆိုကေ ဒေဟာ တစ်ခုကျကေ ထိန်းသိမ်းပြီးကေ လားသင့်ရေလို့ အမထင်ရေ။”

ဒေကိစ္စနဲ့ ပတ်သက်လို့ လက်ရှိ ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းကို Arakan Yoma က ဆက်သွယ် မေးမြန်းခပါရေ။ သူကတော့ကေ နှစ်ပေါင်း ၁၀၀ ပြည့်ကေ သမိုင်းဝင်ဖြစ်တေ ဆိုစွာကို လက်ခံပါရေ။ အကေလေ့ ရှေးဟောင်း ဖြစ်နီရေအတွက် ပြည်နယ်က လုပ်ပိုင်ခွင့် မရှိဘဲ ပြည်ထောင်စုကပဲ တိုက်ရိုက် ကိုင်တွယ်လေ့ရှိရေလို့ ဆိုပါရေ။

“ခွင့်ပြုရေ။ မပြုဆိုစွာ က ပြည်ထောင်စုကပဲ ရှိဖို့။ ရှေးဟောင်း ဖြစ်နီခါလေ။ ပြည်နယ်အစိုးရ အနေနဲ့ ရှေးဟောင်း ဘုရားကျောင်းကန်တိကို ဇာလုပ်တေ ။ ညာလုပ်တေ။ တော့မရှိ။ တကယ်လို့ လုပ်တေဆိုလို့ ရှိကေလည်း ဗုဒ္ဓဘာသာအဆောက် အဦးပင်ဖြစ်ဖြစ်၊ ဇာပဲဖြစ်ဖြစ် ငါရို့က တင်ပြရုံပဲ ရဖို့ပေါ့။ ဒေချင့်က ရှေးဟောင်း ယဉ်ကျေးမှုဦးစီးဌာနက ကိုင်လား၊ သာသနာရေးက ကိုင်လားမသိ။ ပြည်ထောင်စုက ကိုင်စွာ။”

သတင်းဆောင်းပါးဓာတ်ပုံ – ၂၀၂၁ ခုနှစ် မေလ ဒုတိယ သီတင်းပတ်အတွင်း အာရ်ကန်ရိုးမ၏ ဆောင်းပါးရှင်က ကိုယ်တိုင်ရိုက်ကူးသည်။

 673 total views,  1 views today