Arakan Yoma |

စစ်တွေမြို့မှာ မေလ ၁၄ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကတော့ ကူးစက်ခံရ သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ် တတိယလှိုင်းဖြစ်ပေါ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လာတဲ့ စစ်တွေနယ်စပ် ကုန်သွယ်ရေးသင်္ဘော ၅ စီးကို ကမ်းကပ်ခွင့်မပေးဘဲ ၂ ပတ်ကြာ ကွာရန်တိန်းဝင်ခိုင်းထား တာလို့ ဆိုပါတယ်။

မေလ ၁၂ ရက်နေ့ ပထမအကြိမ် စစ်ဆေးရာမှာတော့ ၄ ဦးတွေ့ရှိခဲ့ပြီး ၂ ရက်အကြာထပ်မံ စစ်ဆေးရာမှာ ထပ်တိုး လူနာတစ်ဦး တွေ့ရှိခဲ့တာပါ။

လက်ရှိမှာတော့ ရောဂါပိုး တွေ့ရှိထားသူတွေကို စစ်တွေပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုပေးထားပြီး ကျန်တဲ့ သင်္ဘောလုပ်သား ၃၅ ယောက်ကိုတော့ သင်္ဘောပေါ်မှာပဲ ဆက်လက် ကွာရန်တိန်းထားထားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ အခုလို ကိုဗစ်လူနာ ပြန်လည်တွေ့ရှိလာတဲ့အပေါ် ရခိုင်မှာ ကိုဗစ် တတိယလှိုင်းဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

 520 total views,  1 views today