ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

စစ်တွေမြို့မှာ အခြေ စိုက်ပနာ စီးပွားရေးနန့် ပတ်သက်လို့ စစ်တမ်းကောက်ယူမှုတိ့ လုပ်လိ့လုပ်ထဟိိ့ရေ ရခိုင် စီးပွားရေး ဦးဆောင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်က ခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မှာ အခြေခံ စားသုံးကုန်တိ မူလကထက် ၃၀ ရာခိုင်နှုန်းကနီ ၈၀ ရာခိုင်နှုန်း လောက်အထိ စျေးတက်နီရေလို့ သိရပါရေ။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ရေ စစ်အာဏာ သိမ်းပြီးနောက် ယင်း လုပ်ရပ်ကို မလိုလားရေ CDM လှုပ်ရှားမှုတိ၊ ဆန္ဒပြ သပိတ်မှောက်မှုတိ စရေ နိုင်ငံရေး မတည်မငြိမ်မှုတိ ဆက်တိုက် ဖြစ်ပေါ်လာပနာ ယင်း နောက်ပိုင်းမှာ အဂုပိုင် အဆ မတန် စျီးမြင့်တက်မှုကို ကြုံတွိ့လာရစွာလေ့ ဖြစ်ပါရေ။

ရခိုင်စော် ကုန်ချော ထုတ်လုပ်မှု နည်းပါးရေ ပြည်နယ်တစ်ခု ဖြစ်တေ အလျောက် ပြည်မ ဖက်က လာရေ ပစ္စည်းတိကို မှီခို တင်သွင်းနီစွာ ဖြစ်တေအတွက် ယင်းဖက်မာ မငြိမ်သက်မှုတိ ရှိလာရေ အခါ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတိ အဆင် မပြေလိုက်ပါယာ။ ယင်းချင့်ကို အကြောင်း ပြုပြီးကေ ကုန်စျီးနှုန်းတိ တက်လာစွာပါ။

ရခိုင်စီးပွားရေး ဦးဆောင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဌ ဦးခင်မောင်ကြီးက “ရန်ကုန်ရို့က ကုန်ပစ္စည်းကို ရခိုင်ပြည်ကို သယ်ယူရရေ။ နောက် ပြည်ရို့၊ မန္တလေးရို့က အများ အားဖြင့် စားသုံးကုန် ပစ္စည်းတိနန့် အရောင်းအဝယ် လုပ်ကတ်တေ။ လက်လီ၊ လက္ကား ရှိရေ။ ယင်းဖက်က ထုတ်လုပ်တေ လူသုံးကုန် ပစ္စည်း၊ စားသုံးကုန် ပစ္စည်းတိ ကျခါ စျီးတက်လားရေပေါ့။” လို့ ပြောပါရေ။

ဒေ အခြေအနေမှာ လက်လုပ် လက်စားတိရေ စားဝတ်နီရေး အခက်အခဲကို ခါးစည်း ခံနီကတ်ရပါရေ။ Arakan Yoma က လေ့လာချက်တိ အရ ဆိုကေ ဒေအချိန်ရေ သူရို့ ဘဝမှာ အခက်အခဲဆုံး အချိန် လို့တောင် ပြောလို့ ရရေ အထိ ဖြစ်နီ ကတ်စွာပါ။

“ကုန်စျေးတိ တက်တေ။ ငါးရခကေ ဟင်းမရခ။ ဟင်းနန့် စားရရေနိ ငါးမရှိ။ ငပိ၊ ဆားကို မဝယ်နိုင်။ ဟိုအိမ်က နည်းနည်းပီး။ ယပိုင် တောင်းစားရရေ။ မဝယ်ရေနိကို ပြောပြစွာပါ။ တောင်းရေ ထည့်လိုက်တေ။ ဆင်းရဲသားတိမှာ။ ညက ဆန်နှစ်ဗူး ချက်ခစွာကို သမီး မစားခရေ ထမင်း အကျန်ကို အရီးက စားထားရေ။ တစ်ခု ပိုင်လေ့ အဆင်မပြေ။ ဖေသာ၂ ထောင်မာ ဆန်တစ်သိုက်ကို ၁၀၀၀ ဖြစ်လားယာ။ တစ်သစ်နန့် တစ်ထပ် မစားရရေ အိမ်အများကြီး။” လို့ အလုပ်ရှာဖို့ ထွက်လားရေ အိမ်ရှင်ကို စောင့်နီရေ အသက် (၄၇) နှစ်အရွယ် ဒေါ်မချေက ပြောပါရေ။

သူဆိုကေ စစ်တွေမြို့က နာဇီရွာ (ကုန်တန်းရပ်ကွက်) မာ နီထိုင်စွာပါ။ ဒေရပ်ကွက်ရာ ဆိုကေ ဆင်းရဲချို့တဲ့သူ နင်းပြားတိ အများစု နီထိုင်ရေ နီရာတစ်ခုလေ့ ဖြစ်ပါရေ။ သူ့ပိုင်ဗျာလ် တခြားဆင်းရဲ ချို့တဲ့သူ တိလေ့ အများကြီး ရှိပါသိရေ။ စစ်ဘေးဒဏ်ကြောင့် စီးပွားရေးတိ ထိခိုက် နီရရေကြားထဲ ကိုဗစ် ကပ်ရောဂါ ဆိုက် လာပနာ ယင်းကာလ မပြီးသေးခင်မာဗျာလ် နိုင်ငံရေး အခင်းအကျင်းတိ ထပ်လို့ ပေါ်ပေါက် လာပြန်ပါရေ။

နို့စို့အရွယ် သားချေကို ရွက်ထားရင်းနန့် အသက် (၃၇) နှစ်အရွယ် ဒေါ်ဝင်းခင်က သူရို့ စားဝတ်နီရေး အခက်အခဲကို အခုပိုင် ပြောပြလာပါရေ။

“မမ အိမ်ရှင် (ခင်ပွန်း) လုပ်တေ။ ဆန်ရကေ ငါး မရခ။ ငါး ရကေ ဆန်မရ။ နီဝင်ကေ သူများပါးက ချီးရရေ။ အလုပ် လုပ်နီလို့ပင် ချီးရလာလို့ လူတွေက မီးကတ်တေ။ နိတိုင်းအလုပ် လားနီရေကာ မမ အိမ်သားမာ။ ဟုတ်တေ။ နိတိုင်း အိမ်ရှင် အလုပ်လားရေ။ ၁၀၀၀၀ ရခရေ။ ၁၀၀၀၀ မာ ကွမ်း၊ ဆလိပ် ၂၀၀၊ ၃၀၀။ ဝမ်းဆာရေ။ မိုးထ ၄ နာရီကနီ လားစော်။ လက်ဖက်ရည်လို့ သောက်လိုက်ချင်ရေ။ ဆိုင်ကယ်ကယ်ရီခ ၁၀၀၀ ထားရရေ။ ခြီနဲ့ (လမ်းလျှောက်) လားဖို့က ခေတ်က မကောင်း။ လူ တစ်ယောက် ဆွဲခေါ် လခကေဝါ။ မိုးထ ၄ နာရီ၊ ၃ နာရီမာ သူခိုး ထင်ကတ်ကေဝါ။ မိုးလင်းကေ ၆၀၀၀ ရာပါလာရေ။ ဖေ့သာ ၆ ထောင်၊ ၇ ထောင်မာ မမရို့အိမ်မာ ဆန် ၆ ဗူး၊ ၇ ဗူး ဆန်မာ ၃၀၀၀။ မသွီး တစ်ထောင် ၄ ထောင် ကုန်လားယာ။ ယပြီးကေ အချေတိ မုန့်စားဖို့ တောင်းနီကတ်ယာ။ အိပ်ရာနိုးကေ သားသမီးတိ တစ်ယောက်ကို ၂၀၀ ကျဆိုကေလေ့ မရှိရေလူမာ ၂၀၀ လေ့ မရ။ သူများ သားသမီး ၃ ချိန် (ကြိမ်) စားကေ တစ်ချိန် (တစ်ကြိမ်) စားရဖို့။ ၁၀၀၊ ၂၀၀ ဖြစ်ဖြစ် မိဘမစားဘဲ ချန်ထားရရေ။”

ဒေပိုင် အိမ်မာ နီပနာ အိမ်ထောင်ဦးစီးတိ လုပ်အားခ အပေါ် ခွဲဝီ အသုံးပြုနီရရေ အမျိုးသမီး အိမ်ရှင်မတိ ပိုင်ဗျာလ် အိမ်ပြင် ထွက်လုပ် နီကတ်ရရေ အိမ်ရှင် အမျိုးသားတိ့ အခက်အခဲကလေ မလွယ်ပါ။ တစ်နီကုန် လုပ်မှ ဖေသာ တစ်သောင်းလောက် ရပိုင် ယင်းထက် နည်းရေ ပမာဏကို ရရေ လူတိလေ့ ဒုနန့်ဒေးပါ။ ဒေထဲမာ အလုပ် မလုပ်ရရေ နိတိကလေ့ ရှိကတ်ပါသိရေ။

စစ်ရေး ပဋိပက္ခတိကြောင့် စစ်တွေမြို့ကို ပြောင်းရွှေ့လာပြီးကေ ငါးလုပ်ငန်းခွင်တစ်ခုမှာ ကုန်တင်ကုန်ချ လုပ်ကိုင်နီရေ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာသား ဦးမောင်စောရွှေက “ကျနော်ရို့ သိုက်ဝယ်စားရေ လူတိဆိုကေ အရင်ကပင် ၇၀၀၊ ၆၀၀ ယပိုင် ဝယ်စားရရေ။ ခု တစ်ထောင် ဖြစ်နီရေ။ ဆန်စျီးနှုန်းက။ အခက်အခဲက အလုပ်အကိုင်နန့် အကြပ်အတည်း ဖြစ်တေ။ ရရေ လုပ်အားခနန့် လိုက် မမီစွာပါ။ လုပ်လိုက်လို့ ၅ ထောင် ရရေခါ ရရေ။ ၈ ထောင် ရရေခါ ရရေ။ အိမ်မာ စားစွာနန့် တစ်ရက်စွာ တစ်ရက် မျှောနီရစွာ ပါယာယေ။ ဒေကြားထဲ အိမ်တိ့ဘာတိ လုပ်စွာက အခက်အခဲ ဖြစ်သိရေ။” လို့ ပြောပါရေ။

လက်ဟိ့မှာ ရခိုင်ပြည်နယ်ကို ပြည်မ ဖက်က ကုန်ပစ္စည်းတိ့ တင်သွင်းဖို့ အခက်ခဲ ရှိနိရေပိုင် ရခိုင်ပြည်နယ်က ထွက်ကုန် တချို့ကိုလည်း တင်ပို့လို့ မရရေအတွက် ငါး၊ ပုစွန်လုပ်ငန်း တချို့ကိုပါ ရပ်တန့် ထားရပါရေ။

ရခိုင်ပြည်နယ်မှာ အိမ်တိကို ပြုပြင်မွမ်းမံစွာ၊ အသစ် ဆောက်ကတ်စွာ စရေ လုပ်ငန်းတိကို မိုးရာသီအတွက် ကြိုပနာ သင်္ကြန်မတိုင်ခင် လုပ်ထားလိ ရှိကတ်ပါရေ။ ယကေလေ့ ဒေနှစ် မှာတော့ခါ ရသမျှ လုပ်အားခတိကို စားဝတ်နီရေး မာဗျာလ် သုံးစွဲ နီကတ်ရလို့ အိမ်ဟောင်းပြီးကေ မခိုင်ခံ့ယာမှန်း သိကတ်ကေလေ့ မပြုပြင် မဆောက်လုပ် ကတ်ရပါသိ။

အသက် (၆၃) နှစ်အရွယ် အခင် ဦးအောင်ထွန်းဦး ဆိုကေ ကျန်းမာရေး မကောင်းရေ အတွက်နန့် အလုပ် မလုပ် နိုင်ယာ လို့ ဆိုပါရေ။ အိမ်ရှင်မ အဝတ်လိုက် ဖွတ်လို့ရရေ လုပ်အားခနဲ့ စားဝတ်နီရေးကို ဖြေရှင်း နီရရေ ကြားက မိသားစုမှာ ငွေပို၊ ငွေလျှံ မရနိုင်လို့ မိုးမကျခင် ဝါးတဲအိမ်ချေကို မပြုပြင်နိုင်ဖို့ စိုးရိမ်နီပါရေ။

“အခင်က မလုပ်နိုင်ယာ။ အိမ်ရှင်မက အဝတ် လိုက်ဖွတ် ပနာ ရှာကြံစားရေ။ သားချေ တစ်ယောက်ကလေ့ အလုပ်ကျရေခါ ကျရေ။ မကျခါ မကျ။ လူများပါးမာ လုပ်တေ။ လူတိက အလုပ်ခေါ်မှ လုပ်ရရေ။ ဒုက္ခ အမျိုးမျိုး ကြုံကတ်ရရေ။ ခုဆိုကေ အိမ်အမိုး မရှိသိ။ မင်းရို့မြင်ရေ အတိုင်းယာယေ။ အိမ်ကလေ့ မသန့်ရှင်း။ အပျက်အစီးနန့် တိုင်တိလေ့ အားလုံး ဆွီးနီကတ်ယာ။ လုပ်ဖို့စွာက အဆင်မပြေ။ ဂုက စားရေး သောက်ရေးကလေ့ ကုန်စျီးနှုန်းက မြင့်တက်လာခါမာ ပိုဆိုးရေ။ တစ်ယောက် မဟုတ်။ အားလုံးသူ အခက်အခဲဖြစ်နီကတ်တေ။” လို့ အလင်းတန်းဖြာကျနီရေ မျက်နှာကျက်က မိုးယို ပေါက်တိကို တချက်ကြည့်ပြီး ပြောပါရေ။

နီရပ်ကို ပြန်ရောက်စွာ မကြာသိရေ အရီး ဒေါ်မချေရို့ မိသားစုမာ ဆိုကေ အိမ်တောင် မရှိပါသိ။ လူများ ခြံထဲမာ တဲထိုးပနာ နီနီရပါရေ။ ယင်းတွက်နန့် မိုးရာသီ ရောက်လာကေ ဇာပိုင် ဖြတ်သန်းရဖို့ ဆိုစွာကို စိုင်းစားရင်းနန့် မြေမာ ဖျာခင်းအိပ်တေ အိပ်ရာထက်မာ ပပိုက်နနိုက် ထိုင်ပနာ အခုပိုင် ရင်ဖွင့်လာပါရေ။

“ထမင်းတောင် ချက်မစားရစွာ။ အရီးမာ။ ဇာက ရဖို့လဲ ဆန်။ တစ်ဗူးလေ့ မရှိ။ မယုံကေ မီးကြည့်ထော။ တဲထိုးလို့ နီရေ။ တဲတောင်မှ အထက်က အုန်း မဟုတ်။ ပလတ်စတိတ် မိုးလို့ နီစွာ။ မိုးကျကေ ဇာအိမ်မာ ၁ သောင်း နန့် ရဖို့လဲ ရှာနီစွာ။ ဒေ တဲထဲမာ နီစွာ။ မိုးကုန်ကနီ နီလာစော်။ ဒေအိမ်မာ။ ဒေအိမ်က လူတိက နီဖို့နီရာ မရှိလို့ ခေါ်ထားစွာ။ ပထမ ဟိုအိမ်မာ နီစွာ။ တစ်လ ၁၅၀၀၀ နန့်။ တစ်လ မပီးနိုင် လိုက်လို့။ ယင်းအိမ်က နှင်ချ လိုက်တေ။ အေ အိမ်သားတိက သနားလို့ ဒေမာလာနီကတ် .. ဒေမာ တဲဆောက်နီ ဆိုလို့ အရီးနီရေ။ စားဖို့ အတွက်က မပူယာ။ ငတ်ချက်လေ ငတ်ဖိ။ နီဖို့ နရာက အဓိက။ မိုးလေ့ ကျဖို့ယာ ထော။ သင်္ကြန် လွန်ကေ ဇာပိုင် နီရဖို့လဲ။ အိမ်မရှိ ယာမရှိ။ ယားချင့်ကို စဉ်းစား နီစွာ အရီး။ တစ်ရက် တစ်ရက် လာကေ။ ငတ်ချင်လေ့ ငတ်။ ဒေနိ့ ငတ်ကေ မိုးထခါ စားရလိမေ။ ယပိုင် စိတ်ကို ထားရေ။ ဂု လောလောဆယ်။ မိုးကျကေ ဇာမာ နီရဖို့လဲ။ စိတ်ကိုပဲ ထားရေ။ ကျန်စွာ မစဉ်းစား။”

 490 total views,  1 views today