Arakan Yoma |
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမှာ အမှိုက်ပုံကို မှီခိုအားထားပြီးကေ လုပ်ကိုင် စားသောက် သူတိ တစ်နိန့်ထက် တစ်နိန့် များပြားလာနီပါရေ။

စစ်တွေမြို့၏ ရပ်ကွက် အမှိုက်ပုံတိမှာ ပြန်လည်အသုံးပြုလို့ရရေ ပစ္စည်းတိ ကောက်ယူ ရောင်းချသူ အရင်က အနည်းကျဉ်းရာ ဟိခကေလည်းအခုဆိုကေ တော်ရုံမဟုတ်တေ အခြေအနေ တစ်ခုအထိ ရှိလာနီစွာပါ။


အမှိုက် လာကောက်သူတချို့၏ အပြောအရဆိုပါကေ အရေအတွက် ၆၀ ကျော် လောက်ထိ ရှိရေလို့ သိရပါရေ။ အခုပိုင် များပြားရေ အရေအတွက်စွာ ကိုဗစ် ကာလကနီ စတင်ခပနာ အခုဆိုကေ ပိုများလာစွာ တွိရပါရေ။


စွန့်ပစ်ပစ္စည်းက တဆင့် ဝမ်းစာ ရှာဖွေကတ်တေ သူရိူ့ထဲမှာ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတိ၊ ရွှေ့ပြောင်း လုပ်သားတိနဲ့ စစ်ပွဲတိကြောင့် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံလာကတ်တေ စစ်ဘေးဒုက္ခသည်တိလည်း ပါဝင်လာပါရေ။ ယင်းနောက် အမျိုးသမီးတိ အများဆုံး ပါဝင်ပြီးကေ အသက်မပြည့်သိရေ အချေငယ်တိလည်း တွိ့ရပါရေ။

သူရို့တိစော် ပလက်စတစ်၊ ဘီယာဗူးခွံ၊ အရက်ပုလင်း ၊ သံတို၊ သံစတိနဲ့ ပြန်လည်ရောင်းချလို့ရရေ ပစ္စည်း တိကို ကောက်ယူကတ်စော်ပိုင် တချို့ဆိုကေလည်း အာလူတိ၊ ဟင်းသီးဟင်းရွက်နဲ့ ငရုပ်သီးစရေ စားသုံးလို့ရရေ ပစ္စည်းတိကို ကောက်ယူကတ်ပါရေ။

ခန္ဓာကိုယ်ကို အကာကွယ် ဖြစ်စီရေ နှာခေါင်းစည်းတိ၊ ဘွတ်ဖိနပ်ရှည်တိ၊ လက်အိပ်တိကို သူရို့အနေနဲ့ အသုံးပြုဖို့ မတတ်နိုင်ကတ်ပါ။ယင်းကြောင့် နိန့်စိုဉ်မီးတိုက်ထားလေ့ရှိရေ စစ်တွေသုဿန်က ဒေအမှိုက်ပုံမှာ လာရောက် လုပ်ကိုင်ကတ်တေ သူရို့တိစော် မီးခိုးမွှမ်းရေ ဒဏ်အပြင် မီးလောင်စွာ၊ တခါတခါ ဆေးထိုးအပ်နဲ့ ပြတ်ရှ စီရေ အရာတိ၏ ဒဏ်တိကိုလည်း ခံစားကတ်ရပါရေ။


ဒေပိုင် လုပ်ကိုင်စားသောက် နေသူတိအနေနဲ့ ပထမမှာပိုင်းမှာ လာရောက်ကောက်သူ နည်းပါးစွာကြောင့် အဆင်ပြေ ခကတ်ကေလည်း လက်ရှိမှာက ကောက်သူ များစွာကြောင့် အဆင်မပြေ ကတ်ယာလို့ ပြောကြပါ ရေ။ အမှိုက်ပုံကို အမှီပြုရင်း လုပ်ကိုင် စားသောက်နီကတ်တေ နိန့်လုပ်နိန့်စားတိစော် တစ်နိန့်ကို ငွေတစ်ထောင့် ငါးရာလောက်ကနီ ၃ ထောင်လောက် အထိ ရကတ်ပါရေ။

 485 total views,  1 views today