ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ကမ္ဘာပေါ်မှာ တစ်နှစ်ကို ပလက်စတစ် သန်း ၃ ရာလောက် ထုတ်လုပ်လျက် ရှိနီပါရေ။ ယင်းထဲက ၉ ရာခိုင်နှုန်း လောက်ကိုယာ ပြန်လည် သုံးစွဲလေ့ရှိပြီးကေ ကျန်ရေ ၁၂ ရာခိုင်နှုန်းစွာ လေထဲမှာ အဆိပ်တောက် အဖြစ် ပျံ့နံ့လားရေပိုင် ကျန်ရေ ၇၉ ရခိုင်နှုန်းစော်လည်း ပတ်ဝန်းကျင်မှာ ဒေအတိုင်းယာ ရှိနီပါရေ။ ပလက်စတစ် တန်ချိန် ၈ သန်း ကျော်စွာ ပင်လယ်ထဲကို ရောက်ရှိလားပြီးကေ ယင်းရေထု ညစ်ညမ်းမှုကြောင့် ရေနီသတ္တဝါ သေဆုံးမှု ၃ ဆအထိ တိုးလာ နိုင်ရေလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်နီရေ နိုင်ငံတကာ အဖွဲ့တိက သတိပီးနီပါရေ။

ယင်းအပြင် ယင်းအမှိုက်တိကို လာပုံနရနေရာမှာ ဆိုကေလည်း ဘေး ပတ်ဝန်းကျင်ကို ကျန်းမာရေး ထိခိုက်စီရေပိုင် သဘာဝ ဓာတ်မြေသြဇာကိုလည်း ဆုံးရှုံးစီပါသိရေ ဒေအခြေအနေမှာ ပြန်လည် တီထွင်အသုံးပြုမှုစွာ အရေးပါလာပါရေ။ တနည်းအားဖြင့် ပလတ်စတစ်ကို ပြန်လည် အသုံးပြုသူတိစော် ကမ္ဘာ​ကြီးကို တစ်ဖက်တစ်လမ်းက ကယ်တင်နီသူတိပါ။ အကေလည်း ကျနော်ရို့ ပတ်ဝန်းကျင် မှာက စွန့်ပစ် ပလပ်စတစ်ကို ပြန်လည် တီထွင်သုံးစွဲနိုင်ဖို့ အတွက် အဓိက ထောက်ပံ့ ပီးသူတိ လို့ဆိုလို့ရရေ ကောက်ယူ ရောင်းချသူတိစော် အဆင်းရဲဆုံး လူတန်းစားတိ ဖြစ်နီပြီးကေ သူရို့ကို နှိမ်ချ ဆက်ဆံ စွာတိလည်း ခံကတ်ရပါသိရေ။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma


ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမှာဆိုကေ သုဿန်မှာ တစ်မြို့လုံးက အမှိုက်ပုံတိကို စုယူ သိမ်းဆည်းပြီးကေ စည်ပင်က ကားတိနဲ့ လာရောက် စွန့်ပစ်ပါရေ။ ယင်း စွန့်ပစ်ပစ္စည်းတိကို မှီခိုပနာ သက်မွေးဝမ်းကျောင်း ပြုနီ သူ ၆၀ လောက် ရှိနီပါရေ။

သူရို့တိစွာ ပြန်လည် ပြုပြင်လို့ရရေ ပစ္စည်းတိကို ကောက်ယူ၊ ရောင်းချရင်း စားဝတ်နေရေးအတွက် ဝင်ငွေရှာဖွေလေ့ ရှိကတ်တေပိုင် တချို့ဆိုကေလည်း ဟင်းသီး ဟင်းရွက်တိကို ကောက်ယူ စားသုံးကတ်ပါရေ။


ရရေ ရက်ဆိုကေ ၂၀၀၀ ၊ ၃၀၀၀ ရရေ။ မရနိန့်ဆိုကေ ၁၅၀၀။ အတိုင်းထက်အလွန် နေပူပြင်းလာကေလည်း မကောက်နိုင်ယာ။ ထွက်လာကေ ၂ နာရီကျော်၊ ၃နာရီမှ ထွက်လာရရေ။ နေပူပြင်းကေ မကောက်နိုင်။ မိုးထက် ၆ နာရီခွဲ၊ ၇ နာရီလောက် လာကတ်တေ။ မိုးထက်ဆိုကေ ၁ နာရီ တီးရေအခါတီးရေ။ ၁၂ နာရီ တီးရေ အခါတီးရေ။ လို့ ၇ နှစ်ဝန်းကျင် အမှိုက်ပုံကနီ ပြန်လည် ရောင်းချလို့ရရေ ပစ္စည်းတိ ကောက်ယူရောင်းချ နီရေ အသက် (၄၀) အရွယ် ဒေါ်စုစုလှိုင်က ပြောပြပါရေ။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma


အခုပိုင် လုပ်ကိုင် စားသောက်နေသူတိထဲမှာ ကျူးကျော်ရပ်ကွက်မှာ နေထိုင်သူတိ၊ ရွှေ့ပြောင်း လုပ်သားတိနဲ့ စစ်ပွဲတိကြောင့် ဘေးလွတ်ရာ ထွက်ပြေး ခိုလှုံလာကတ်တေ စစ်ဘေး ဒုက္ခသည်တိလည်း ပါဝင်ပါရေ။ ယင်းအနက် အများစုမှာ အမျိုးသမီးတိဖြစ်ပနာ ကျောင်းနီအရွယ် အချေငယ်တိလည်း ပါဝင်ပါရေ။


ဆယ်နှစ်အရွယ် မောင်သန်းဝင်းနိုင်က ကျနော်က မြှောက်ဦးကပါ။ မေမေက ပဲ ရောင်းပါရေ။ ဘာဘာလည်း ဘီယာဗူး ကောက်စွာပါ။ မကြာသိပါ။ ၅ ရက်၊ ၆ ရက်လောက်ယာ ဟိပါ သေးရေ။ ၁ တန်းက ကျောင်းထွက်လိုက်စွာပါ။ မိသားစု ၆ ယောက်ရှိပါရေ။ ညီချေ၊ နှစ်ယောက် ညီမချေတစ်ယောက်ပါ။ ပြီးတက ဘာဘာနဲ့ မေမေပါ။ ဘီယာဗူးကောက်စွာ အများကြီးရကေ လေးပါရေ။ တခါတလေဆိုကေ ခြေထောက်တိမှာ ပုလင်းကွဲပြတ်ပါရေ။လို့ ပြောပါရေ။


သူရို့အနေနဲ့ ပလက်စတစ်အပါဝင် ပြန်လည်အသုံးပြုလို့ရရေ ဘီယာဗူး၊ ရေသန့်ဗူး၊ ပုလင်းခွံ၊ သံတိုသံစနဲ့ ကော်ဗူးတိကို ကောက်ယူကတ်ပြီးကေ ဒိုင်တိဘားမှာ တဆင့်ရောင်းချကတ်စွာပါ။ တစ်နိန့်ကို ငွေကျပ်တစ်ထောင့် ငါးရာ လောက်ကနီ ၃၊ ၄ ထောင်လောက်အထိ ရရှိကတ်ပြီးကေ အခြေမကောင်းရေ နိနိ့တိဆိုကေ ပန်းရံနဲ့ ကျဘန်း လုပ်ငန်းတိကို ဝင်လုပ်ကတ်တေလို့ ဆိုကတ်ပါရေ။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma


အကျွန်က အပျိုဘဝကနီ ဒေပိုင်လုပ်စားလာစွာပါ ၊ ကောက်နီခစွာပါ ၊ ပန်းရံအလုပ် မကျကေ ဒေအလုပ်တိကို လုပ်ပါရေ ၊ အိမ်ထောင်ကျပြီးရေ နောက်ပိုင်း မလုပ်လိုက်ပါယာ ၊ အိမ်ရှင်နဲ့ကွဲပြီးကေ အိမ်ရှင်က နောက်မယား ယူ လားခါ ကိုယ့်မှာ အလုပ်လည်း မရှိသိပါ ၊ အချေကလည်း အငယ်ချေယာ ရှိသိရေအခါ ပြင်ပ အလုပ်ကို လုပ်ဖို့ တစ်ရက်လုံးလည်း အချိန်မရခါ ၊ အခုပိုင် တစ်မိုးထယာ လုပ်နေစွာပါ လို့ အသက် (၂၀) အရွယ် မသဇင်ရွှေက ပြောပါရေ။

သာမန်လူအရပ်လောက် မြင့်ရေ ဒေအမှိုက်ပုံမှာ လုပ်ကိုင်နီကတ်တေ သူရို့တိ​စွာ ခန္ဓာကိုယ်ကို အကာကွယ် ဖြစ်စီရေ နှာခေါင်းစည်းတိ၊ ဘွတ်ဖိနပ်ရှည်တိ၊ လက်အိပ်တိကို အသုံးပြုဖို့ မတတ်နိုင်ကတ်ပါ။ ယင်းကြောင့် နိန့်စဉ် မီးတိုက်ထားလေ့ရှိရေ ဒေအမှိုက်ပုံက မီးခိုးမွှမ်းရေ ဒဏ်အပြင် မီးလောင်စွာ၊ တခါတခါ ဆေးထိုးအပ်နဲ့ ပြတ်ရှစီရေ အရာတိ၏ ဒဏ်တိကိုလည်း ခံစားကတ်ရပါရေ။


ရွှေ့ပြောင်းလုပ်သား ဒေါ်ငွေခင်နုက “လင်တစ်ယောက်က လေဖြတ်လို့ အလုပ် လည်း မလုပ်နိုင်။ ခု ကြည့် ။ ဒေအလုပ်တစ်ခါလည်းလုပ်ဖူးးစွာ မဟုတ်။ ခြေထောက် တိမှာ မီးတွေလောင်လို့ အထက်ကိုအမှိုက်ပုံပေါ်တက်လားကေ အထဲကို “ဘိ”ခနဲ ဝင်လားရေ။ မီးတိ လောင်လို့ ခြေထောက်တိမှာ။ အခက်ခဲခံရရေ။ သားချေ။ ပူရေ မီးဒဏ်သင့်ရေ။တပျင်း။ ခွန်းနဲ့ ဆွဲငင် ရစွာလည်း ရင်ဖတ်တိပါ အောင့်ရေ။ ခါးတိ ပြတ်ကျလားဖို့ အတိုင်း။ ယပိုင် အခက်အခဲတိနဲ့ ခံရရေပေါ့။ အရီးလည်း လုပ်စွာမကြာသိ အရင်ဆိုကေ ရေခဲချောင်းရောင်းရေ။ ပန်းရံလုပ်တေ။ ခု ပန်းရံလည်း မကျခါ ဒေပိူင် လုပ်နီစွာ။လို့ ပြောပါရေ။

ဓာတ်ပုံ – အောင်အောင်မြင့်/Arakan Yoma


နီပူမရှောင်၊ မိုးရွာမရှောင် လုပ်ကိုင်နီကတ်ရရေ သူရို့တိစော် ရီယူလာဖို့မတတ်နိုင်ရေ အခြေအနေတိ ရှိကတ်ပါရေ။ ယင်းကြောင့် ရီသောက်ငတ်လို့ အနီးအနားပတ်ဝန်းကျင်က ရီတောင်းသောက်တေ အခါမှာလည်း ခွဲခြားဆက်ဆံမှုတိ ခံကတ်ရရေလို့ မသဇင်ရွှေက အခုပိုင် ပြောပြပါရေ။


ရီရှားပါရေ။ ရီသောက်ငတ်ရေ ဆိုကေ ကျောင်းကိုသောက်ဖို့ ဝင်လားကေလည်း မသောက်ရပါ။ သောက် ဖို့ဆိုကေလည်း လားခတ်ရပါရေ။ရီအိုးနဲ့ပါ။ ရီအိုးမှာလည်း ခတ်ထား ခရသိပါရေ။
ဒေပိုင် လုပ်ကိုင်စားသောက်နီသူတိ အနေနဲ့ ပထမပိုင်းမှာ လာရောက်ကောက်သူ နည်းပါးစွာကြောင့် အဆင်ပြေခ ကတ်ကေလည်း လက်ရှိမှာက ကောက်ယူ ရောင်းချသူများပြားလာပနာ အရင်ပိုင် အဆင်မပြေကတ်ယာလို့ ပြောဆိုကတ်ပါရေ။

အခက်ခဲကြုံရစွာက ကောက်ရေလူဦးရေ များးလာရေအခါ တစ်ခုပိုင်လည်းအဆင် မပြေ။ အရင်ကဆိုကေ ၇ ရက် တစ်ပတ်လောက်ဆိုကေ တစ်ခါ သွင်းလို့ရရေ။ ငွေက ဇာလောက်က မကြာ။ လည်ပတ်မှု ရှိရေ။ ခု တစ်လနီလို့ စုထားရေ မသွင်းရ။ တစ်လကြာလားရေ။ တစ်လခွဲ ကြာလားရေ။ (စစ်ဘေးဒုက္ခသည်) ကယ်ဆယ်ရေးတိ ဝင်လာရေ။ သူရို့မှာလည်း အလုပ်မရှိ။ အကိုင် မရှိခါ ကောက်ကတ်တေ။ သွင်းကတ်တေ။ ရောင်းကတ်တေ။ စားကတ်တေပေါ့။ လို့ လက်ရှိကြုံနီရရေ အခက်အခဲကို ဒေါ်စုစုလှိုင်က ရှင်းပြပါရေ။


အမှန်ဆိုကေ သူရို့တိစွာ စားဝတ်နေရေးအတွက် ရုန်းကန်နီကတ်ရ​စွာ ဆိုကေလည်း ကမ္ဘာကြီးမှာ တစ်နိန့်ထက် တစ်နိန့် များပြားလာနီရေ ပလက်စတစ် အန္တရာယ်ကို တစ်ဖက်တစ်လမ်းက လျှော့ချရင်း ပြန်လည် အသုံးပြုလို့ ရအောင် လုပ်ဆောင်နီကတ်သူတိယာ ဖြစ်ပါရေ။

 635 total views,  1 views today