ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း


ရခိုင်ပြည်နယ်မှာ စစ်ပွဲတိရပ်တန့်နီစော်ရေ ၅ လကြာမြင့်နီယာ ဖြစ်ပါရေ။ အကေလည်း ယင်း တိုက်ပွဲတိကြောင့် ဖြစ်တည်လာခရေ သိန်းနဲ့ချီရေ စစ်ဘေးရှောင်ရို့က အဂုအချိန်ထိ နေရပ်မပြန် နိုင်ကတ်သိပါ။ မဆိုစလောက်ရေ အရေအတွက်က ပြန်လားကေလည်း အများစုကကျ မပြန်ကတ်သိစွာ လည်း ဖြစ်ပါရေ လက်ရှိမှာ စစ်ဘေးရှောင်တိကို နေရပ်ပြန်ဖို့ ဖိအားပီးမှုတိ ရှိနီပါရေ။ ယင်းအနက်မှာ ပြည်နယ်၏ သြဇာ အရှိဆုံး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့လည်း ပါဝင်ပါရေ။ ယင်းအခြေအနေတိနှင့် ပတ်သက်လို့ စစ်ဘေးရှောင်တိ၏ ဆန္ဒနှင့် လိုလားချက်တိအပါအဝင် သူရို့ ခံယူချက်တိကို သိရှိနိုင်ဖို့ Arakan Yoma က ရခိုင်စစ်ဘေးရှောင်စခန်းတချို့ဘားကို လားရောက် လေ့လာ မေးမြန်းခပါရေ။


စစ်ဘေးရှောင်တိဘားက ကြားရရေ စကားအများစုထဲမှာ အိမ်ပြန်ဖို့ယာလို့ စိတ်ကူး ပေါက်ကတ်ကေလည်း မီးလောင်ဆုံးရှုံးခြင်း၊ လက်နက်ကြီး ကျရောက်ခြင်း စရေအကြောင်းအမျိုးမျိုးကြောင့် နေအိမ်တိ မရှိယာဖြစ်နီစွာ၊ မနီစွာ ယာဖြစ်တေအတွက်ကြောင်း ပျက်စီး ယိုယွင်းလားစွာ၊ တချို့မှာ စီးပွားရေးလုပ်ငန်းတိ ပျက်စီးလားရေ အတွက် စားဝတ် နေရေးတိကို စိတ်ပူနီရစွာ စရေအကြောင်းတိ ပါဝင်ပါရေ“နေရပ်ပြန်ဖို့က ကျနော်တိရွာမှာ စစ်တပ်က လွမ်းမိုးပြီးကေ လားချိန်၊ လာချိန် အပြည့်အဝ မရရှိရေအတွက်ကြောင့် လုပ်ကိုင် စားသောက်ဖို့ အဆင်မပြေပ့။ ကျနော်ရို့က ကိုယ့်ရွာမှာ မနီစွာ တစ်နှစ်ကျော်လောက် ရှိယာဖြစ်တေ အတွက် အိမ်ကလည်း ပျက်စီး ယိုယွင်းလားယာ။ နောက်ပြီးကေ မွေးမြူရေး၊ စိုက်ပျိုးရေး အားလုံး ဆုံးရှုံးလားယာ။ ပြန်ဖို့ကလည်း စားဝတ်နေရေး လုံခြုံမူမရှိဘဲ အခက်အခဲဖြစ်နီရေ။”လို့ ဒုက္ခသည် ဦးသန်းလှိုင်က ပြောပြပါရေ။


၂ နှစ်ခန့် တိုက်ခိုက်ခကတ်တေ ရခိုင့်တပ်တော် AA နဲ့ တပ်မတော် ရို့၏ ပြင်းထန်ရေ ပဋိပက္ခတိကြောင့် ရခိုင်ပြည်နယ်နန့် ချင်းပြည်နယ်ရို့မှာ ၂ သိန်း ၆ သောင်းကျော်ရေ အရပ်သားပြည်သူတိစွာ အိုးမဲ့အိမ်မဲ့နဲ့ ဘေးလွတ်ရာကို တိမ်းရှောင်ခကတ်ရပါရေ။
ယင်းအထဲက ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေနဲ့ ပေါက်တောကလွဲပြီးကေ မြောက်ပိုင်း ၈ မြို့နယ် နန့် တောင်ပိုင်း အမ်းနဲ ကျောက်ဖြူမြို့နယ်၊ ချင်းပြည်နယ် ပလက်ဝတိအထိ ပါဝင်ပါရေ။ ပြီးခရေ ဖေဖော်ဝါရီလ ၂၅ ရက်နိန့် အထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်တိ အစည်းအရုံး၏ စာရင်းဇယားအရ ဆိုကေ ဒုက္ခသည် ၁ သိန်း ၉ သောင်း အထိရှိနီခပြီးကေ ၆ သောင်းခန့်ယာ နေရပ်ပြန်လားကတ်တေလို့ ဆိုပါရေ။


တချို့နေရာတိမှာ တပ်မတော်သားတိ ယခုအချိန်ထိ နေရာယူထားစွာ၊ တောတောင်တိကို မှီခိုလုပ်ကိုင်၊ စားသောက် နေသူတိ အနေနဲ့ စစ်ကျန် လက်နက်အန္တရာယ်ကို စိုးရိမ်စွာနန့် တိုက်ပွဲတိ ပြန်ဖြစ်လာဖိုကို စိုးရိမ်စွာ တိကလည်း နေရပ်ပြန်ရေးကို အဟန့်အတားအဖြစ်ဆုံး အချက်တိအဖြစ် ပါဝင်နီ“အရီးရို့က စစ်သားရှိသမျှ ကာလပတ်လုံးကို အိမ်ကို လုံးဝမပြန်ပါ။ဇာဖြစ်လို့လဲဆိုကေ အပြင်ကို ထွက်ပြီးကေ မလားရပါ။ စစ်သားတိရှိပါရေ။ အရီးရို့ ရွာနားက တောင်မှာ။ သူရို့ မရှိရေအခါမှ လုပ်စားလို့ရပါဖို့။ အရီးရို့က တောင်သူ လုပ်စားစွာပါ။”လို့ ပုဏ္ဏားကျွန်း စက်မှုဇုန် ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူ ဒေါ်မလုံးခင်က ဆိုပါရေ။

ပြီးခရေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက စတင်ခရေ AA နှင့် တပ်မတော်ရို့၏ စစ်ပွဲတိစွာ၂၀၂၀ ရွေး ကောက်ပွဲ မတိုင်မီ နိုဝင်ဘာလကပင် ရပ်တန့်နီခပါရေ။ နှစ်ဖက်သဘောတူ အပစ်ရပ်စဲထားခြင်းကြောင့် တော့ မဟုတ်ပါ။ သို့သော် တပ်မတော်က လည်းကောင်း၊ AA ဖက်က လည်းကောင်း တစ်ဖက်သတ် အပစ်ရပ်စဲကြောင်းကို ထုတ်ပြန် လျက်ရှိကတ်ပါရေ။

“ကုန်ခရေလက ရွာကို လားခီရေ။ သုံးလုံးက (မပေါက်ကွဲသိရေ လက်နက်) တစ်လုံး ဖော်လားယာလို့ ပြောရေ။ ကျန် နှစ်လုံးက ချောင်းကမ်းနားမှာ ရှိသိရေ။ ရွာနားမှာကျ လူတိ မြင်စွာတိကို မြင်ရေ။ မမြင်စွာတိလည်း ရှိဖို့။ အချေတိဆိုစွာက နေရာတကာကို လားနီကတ်စွာ ပြောလို့မရ။ ယင်းကြောင့် အချေတိနန့် လားဖို့ကို တပျင်းကို ဆင်ခြင်နီရသိရေ။ အကျွန်ရို့မှာက သားသမီးများရေ။ ခုက အပစ်အခတ် တစ်လ ရပ်ဆဲထား ပါရေမနန်းယေ။ နောက်ထပ် ဒေတစ်လပြီးကေ အီးချမ်းလားဖို့လား။ ပူလာဖို့လား။ ယင်းချင့်ကို မပြောတတ်သိပါ။ ရွာကိုလားလို့ အကျွန်ရို့မှာ နေစရာမရှိပါ။ နောက်ထပ်ဖြစ်လာကေ အကျွန်ရို့မှာ ပြေးစရာ နေရာမရှိပါ။ ပုဏ္ဏားကျွန်းမှာ အိမ်နှစ်လ ငှားနေခပါရေ။ ယင်း နှစ်လမှာ ဖဲသာ ၂ သိန်း ကျော်၊ ၃ သိန်း လောက် ကုန်ပါရေ။ ယင်းကြောင့် ကယ်ဆယ်ရေးကို ဝင်လာစွာပါ။ ချက်ဖို့။ စားဖို့။ သားသမီးအိပ်ဖို့နေဖို့ရကေ ပြီးယယဆိုပြိးကေ ဒေကိုလာစွာပါ။”လို့ ကျောက်ဆိပ် ကျေးရွာက ထွက်ပြေးလာရေ ဒုက္ခသည် ဒေါ်ဦးသန်းဟန်က ပြောပါရေ။


တပ်မတော်က အာဏာသိမ်းလိုက်ပြီးရေ နောက်ပိုင်း ရခိုင်တိုက်ပွဲတိ အတွင်း ကျန်ရစ်ခနိုင်ရေ စစ်ကျန် လက်နက်အန္တရာယ် အတွကလို့ ဆိုပနာ တပ်မတော်က ရန်ကုန်-စစ်တွေ ပြည်ထောင်စု ကားလမ်းမ တလျှောက်မှာ မိုင်းရှင်းလင်းရေးတိ လုပ်ဆောင်ခပါရေ။ အကေလည်း ယင်းအချိန် အတောအတွင်းမှာယာ မိုင်းပေါက်ကွဲမှုတိ ဖြစ် ပွားခပါရေ။


REC ၏ စာရင်းဇယားတိအရ ဆိုကေ ရခိုင်ပြည်နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၄ ဦး ထက်မနည်း ရှိနီပြီးကေ ခြေထောက်ပြတ်၊ လက်ပြတ်စရေ ပြင်းထန် ဒဏ်ရာရခရေ အရေအတွက်လည်း ယင်း၏ နှစ်ဆ ကျော် ထိ ရှိနီရေလို့ သိရပါရေ။ နေရပ်စွန့်ခွာ တိမ်းရှောင်နီကတ်ရဆရ စစ်ဘေးရှောင် တိကကျ ကားလမ်းမမှာ ရှင်းလင်းစွာထက် ၎င်းရို့ မှီခို လုပ်ကိုင် စားသောက်နီကတ်ရရေ တောတောင် တိမှာယာ ရှင်းလင်းပီးစီလို ကတ်ပါရေ။


ကျေးရွာထဲကို လက်နက်ကြီး ကျရောက်မှုကြောင့် ထွက်ပြေးလာရေ မဦးမေက “မိုင်းရှင်းလင်းရေးက ကားလမ်းတိယာ လုပ်စွာ။ တောင်တန်းတိ လုပ်စွာ မဟုတ်။ ကျောက်ဆိပ်ရွာသားတိက မရှိ ဆင်းရဲသား တိ။ ထင်ခုတ်စားရရေ ဘဝ။ မြစ်၊ ချောင်းကို လားရှာစားရရေ ဘဝတိ။ ရွာကို မပြန်ရဲသိပါ။ အထက်ပိုင်းတိမှာ တောင်ကိုလားလို့ မိုင်းကွဲစွာကြောင့် ကျိုးစွာတိ သတင်းတိမှာ တွေ့ရရေ။ တစ်ခုခု ဖြစ်လားကေ ဆင်းရဲသားမှာ တပျင်းဒုက္ခရောက်တေ လို့ ပြောပါရေ။


ရခိုင်ပြည်နယ်မှာ ကိုဗစ်ကြောင့် ထုတ်ပြန်ခရေ ညမထွက်ရ အမိန့်တိကို အစိုးရက ပြန်လည် ရုတ်သိမ်းလိုက် ကေလည်း တိုက်ပွဲတိကြောင့် ထုတ်ပြန်ခရေ မြောက်ပိုင်းက မြို့နယ်တိမှာက လက်ရှိ အချိန်ထိ ညမထွက်ရအမိန့် ၁၄၄ မှာ အသက်ဝင်လျက် ရှိဆဲဖြစ်ပါရေ။ ယင်းမှာလည်း နေရပ်ပြန်သူတိ တုံ့ဆိုင်းစီရေ အချက်ဖြစ်ပါရေ။


စစ်ဘေးရှောင် စခန်းတိကို ရောက်ကတ်သူတိ ထဲမှာ ကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်လာသူ၊ ကျေးရွာ အတွင်းကို လက်နက်ကြီး ကျရောက်ပြီးကေ ပျက်စီး ဆုံးရှုံးလားသူ၊ တပ်မတော် စစ်ကြောင်းတိဝင်လာလို့ ထွက်ပြေးလာသူ စရေ သူတိ ပါဝင်ကတ်ပါရေ။ ယင်းအနက် လက်ရှိစစ်ဘေး ရှောင် စခန်းမှာ အများဆုံးတိရစွာမှာက နေအိမ်နန့် လုပ်ကိုင် စားသောက်စရာတိ ဆုံးရှုံးလားရေ မိသားစုဝင်တိ ဖြစ်ပါရေ။

ဦးသန်းလှိုင်က “အစိုးရကို တောင်းဆိုချင်စွာက ကျနော်ရို့ကိုယ့်ရပ် ကိုယ်ရွာကို ပြန်ဖို့ဆိုကေ ရိက္ခာတိနဲ့ စားဝတ်နေရေး လုံလောက်အောင် ပြန်လည် နေရာချထားရေး ဆိုပြီးကေ ၁ နှစ်စာပင် ဖြစ်ဖြစ်၊ ၆ လစာပင် ဖြစ်ဖြစ် ပီးပြီးကေ လွှတ်စီချင်ရေ။ တောတောင်တိမှာက အမြဲတမ်း စိုးရိမ်ရစွာကြောင်း မိုင်းတိလည်း ရှင်းစီချင် ပါရေ။” လို့ တောင်းဆိုပါရေ။


ဒုက္ခသည် ၃၃၅၅ ဦးရှိပြီးကေ ကျေးရွာ ၁၂ ခုက တည်းခိုနီကတ်တေ မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင် စခန်းမှာ ပြီးခရေ မတ်လ ၁၇ ရက်န်န့် ညက မီးလောင်မှုဖြစ်ပွားခပါရေ။ လူနေ ဆောင် ၈၇၅ ဆောင် ရှိရေ အနက် ၆၆၃ ဆောင်မှာ မီးလောင်ကျွမ်းလားခပါရေ။


ယင်းဖြစ်ရပ်ကို စာနာကြောင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားမှုတိ များစွာ ရှိနီခပြီးကေ ၎င်းရို့ ယင်း ဒုက္ခသည်စခန်းမှာ ဆက်လက် ခိုလှုံကတ်ဖို့အစား နေရပ်ပြန်ဖို့ဆိုကေ လိုအပ်စွာတိကို ဝိုင်းဝန်း ကူညီလားဖို့ ဆိုစွာတိလည်း တွိ့ခရပါရေ။

ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီကလည်း ယင်းစခန်းကို လားရောက်ခပြီး ကေ အလားတူ ပြောကြားပနာ နေရပ်ပြန်ဖို့ ဖိအားပီးမှု ရှိခရေလို့ စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောပါရေ“ခံစားမှုတိ တပျင်းများနီရေ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကိုယ်လွတ် ရုန်းရရေ ဆိုခါ ယင်းအချိန်မှာ ဒေအကြောင်းအရာတိကို ပြောဖို့ကလည်း စိတ်ခံစားမှုတိ ဖြစ်လားဖို့စိုးလို့ ကျနော် ရို့ကလည်း ယင်း အကြောင်းတိကို မပြောသိပါ။ တည်ငြိမ်လာမှယာ မေးရပါဖို့။” စစ်ဘေးရှောင်တိမှာ အစိုးရအသိမှတ်ပြု စစ်ဘေးရှောင်စခန်းနှင့် အသိမှတ်မပြုရေ စစ်ဘေးရှောင်စခန်း ဆိုပနာ ရှိပြီးကေ တချို့ကလည်း ဆွေမျိုးနှင့် နီးစပ်ရာ ကျေးရွာတိမှာ ခိုလှုံနီကတ်ပါရေ။

အစိုးရ အသိမှတ်ပြု စခန်းက ဒုက္ခသည်တိကကျ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ဘားက တစ်လဆိုကေ လူတစ်ဦးကို ငွေကျပ် ၁ သောင်းခွဲနှုန်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန၏ ဆန်အကူအညီကို လစဉ်ရရှိကတ်ပနာ အများစုကိုကျ လူမှုအဖွဲ့အစည်းမတိက ထောက်ပံ့ပီးနီခြင်းဖြစ်ပါရေ။
သို့သော် စားနပ်ရိက္ခာ မလုံလောက်မှုတိ မကြာခဏ ဖြစ်ပေါ်လျက်ရှိနီပြီးကေ စစ်ဘေးရှောင် အများစုက ပြင်ပကို ကျဘန်း အလုပ်ထွက်လုပ်ပနာ အပိုဝင်ငွေ ရှာဖွေပြီးကေ စားဝတ်နေရေးကို ဖြေရှင်းနီကတ်ပါရေ။

 426 total views,  1 views today