Arakan Yoma |


ရခိုင်မြောက်ပိုင်း ဒုက္ခသည်စခန်းတိထဲက တစ်ခု အပါအဝင်ဖြစ်တေ ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်အတွင်းက နေထိုင်သူရို့မှာ အချေအဝတ်အထည်နဲးန့် အခြေခံစားသုံးကုန်တိ လိုအပ်နီကတ်ပါရေ။


ရန်ကုန်စစ်တွေ အဝေးပြေးလမ်းထက်မှာ တည်ရှိရေ ပုဏ္ဏားကျွန်းမြို့၊ ပုဏ္ဏားကျွန်းစက်မှုဇုန် ဒုက္ခသည်စခန်းစော် အစိုးရက အသိအမှတ်ပြုထားရေ စခန်းတစ်ခုဖြစ်ပြီးကေ ဒုက္ခသည် ၁၀၀၀ နီးပါး နေထိုင်နီကတ်စွာလည်း ဖြစ်ပါရေ။


ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သူရို့ တစ်ဦးချင်းစီကို တစ်လမှာ မြန်မာငွေ ကျပ် ၁၅၀၀၀ နန့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနန့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ဆန်တစ်တောင်းကျော်စီ ထောက်ပံ့ပီးနီရေ ဆိုကေလည်း တခြားလိုအပ်ချက်တိအတွက် ဖြည့်ဆည်းဖို့ လိုအပ်စွာတိ မဖူလုံပဲ ဖြစ်နီကတ်စွာပါ။

“အပျိုချေတိ ၁၀ နှစ်၊ ၁၁ နှစ်၊ မမချေတိ။ ၁၈၊ ၁၅ မမချေတိကို လိုအပ်ချက်က ကယ်ဆယ် ရေးမှာ ဆိုခါ အဝတ်လည်း မဝယ်နိုင်ကတ်ပါ။ အဝတ်အစားတိကို လိုချင်ရေ။ အချေတိ အတွက် ဝယ်လည်းမဝယ်နိုင်ပါ။ ဆင်းရဲလို့ ရောက်နီကတ်စွာကိုး။” လို့ ယင်း စခန်းတာဝန်ခံ မဦးမေက ပြောပါရေ။


စခန်းမှာ လူဦးရေ ၈၂၅ ဦးရှိပြီးကေ အများစုက အမျိုးသမီးနဲ့ အချေငယ်တိ ဖြစ်ကတ်ပါရေ။ သူရို့တိစွာ ပုဏ္ဏားကျွန်းမြို့နယ် အထက်ပိုင်း သာစည်၊ ကျောက်ဆိပ်၊ ပိန္နဲတော၊ မီးဝစရေ ကျေးရွာတိက လာရောက် ခိုလှုံနီကတ်စွာ ဖြစ်ပါရေ။


ယင်းစခန်းမှာ ပြီးခရေ ရက်ပိုင်းကလည်း ရေရှားပါးမှု ဖြစ်ခပါရေ။ လက်ရှိမှာက လူမှုအဖွဲ့အစည်းတချို့က အကူညီ ပီးထားရေလို့ ဆိုကတ်ပါရေ။
“ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆီဆားငရုပ်မပီးဘဲ တစ်လမှာ ကျပ် ၁ သောင်းခွဲကျ။ တစ်ရက်မှာ လူတစ်ယောက် ကျပ် ၅ ရာ နှုန်းကျပေါ့။ ခုက ရီလည်း ကောင်းစိတ်ပူစရာမရှိယာ။ ဆန်တိကတော့ လစဉ်ပီးပါရေ။

ဇာလဲဆို ဒေ ဆီ၊ ဆား၊ ငရုပ်ချေတိ အခက်အခဲဖြစ်ပါရေ။ အယင် ရက်ပိုင်းက ရီ တပျင်း ဒုက္ခရောက်ခရေ။ နွားသောက်တေ ရီတိကို သောက်ခရရေ။” လို့ မဦးမေက ဆက်ပြောပါရေ။
ဒေစခန်းမှာ ရောက်ရှိနီသူတိစွာ AA နဲ့ တပ်မတော်ရို့၏ တိုက်ပွဲတိကြောင့် ပြီးခရေ ၂၀၁၉ ခုနှစ် ကပင် ခိုလှုံနီကတ်စော် ဖြစ်ပါရေ။

 450 total views,  1 views today