Arakan Yoma|

လွတ်လပ်စွာ လား လာ ခွင့် အခွင့်အရေး ဆုံးရှုံးနီးစွာကြောင့် တန်းတူ အခွင့်အရေး ရရှိဖို့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်က မွတ်ဆလင်တိ လိုလားနီကတ်ပါရေ။


သူရို့မှာ နိုင်ငံသား အထောက်အထား မရှိစွာကြောင့် ကျေးရွာအတွင်းမှာရာ လုပ်ကိုင် စားသောက် နီကတ် ရရေလို့ ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနီ မွတ်ဆလင်တိက ပြောပါရေ။ ယင်းအတွက်ကြောင့်ဖြစ်လို့ အလုပ်အကိုင် ရှားပါးမှု ပြဿနာတိကို ရင်ဆိုင် နီရရေလို့ အဆိုပါ ကျေးရွာ တာဝန်ခံ ဦးမောင်မောင်က ပြောပါရေ။


ဒေ ကျေးရွာအုပ်စုထဲမှာ မွတ်ဆလင်ကျေးရွာနှစ်ခုရှိပြီးကေ လူဦးရေ ၁၅၀၀ ဝန်းကျင် နီထိုင်ကတ်စွာပါ။ အလုပ်အကိုင်အားဖြင့် တပိုင်တနိုင် ငါးဖမ်းစွာ၊ လယ်လုပ်ငန်း လုပ်ကိုင်ကတ်စွာတိ၊ နောက်ပြီးကေ ကျဘမ်း တိ ရှိပါရေ။ယင်းကြောင့် သူရို့ကို မြို့နယ် ကျော်ပနာ လားလာခွင့်ပီးပြီးကေလွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့်ရဖို့ တောင်းဆို ရစွာလို့ ကျေးရွာသား ကိုမောင်မောင်စိုးက ပြောပါရေ။


ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်တိစွာ ပြီးခရေ ၂၀၁၂ ခုနှစ် နောက်ပိုင်းကနီ အလားအလာ ကန့်သတ် ခံခရပနာ မြို့နယ်ကျော်လွန် လားလာခွင့် အခွင့်အရေးတိ ဆုံးရှုံးခကတ်ရစွာဖြစ်ပါရေ။ ယင်းထဲမှာ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာက မွတ်ဆလင်တိလည်း ပါဝင်ပါရေ။


ကျေးရွာလူကြီး ဦးအာဇီလုပ်က သူရို့လည်း ရခိုင်ပြည်နယ်မှာ လွန်ခရေ နှစ်ပေါင်းများစွာကပင် နေထိုင်လာ သူတိ ဖြစ်စွာကြောင့် တိုင်းရင်းသားတိနဲ့ တန်းတူ အခွင့်အရေးတိ ရချင်ရေလို့ ပြောပါရေ။
အခုပိုင် ကန့်သတ်ခံထားရစွာကြောင့် သူရို့စွာ စားဝတ်နေရေးအပြင် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတိ မှာလည်း ဆုံးရှုံးမှုတိ ရှိရေလို့ အဆိုပါ ရွာသားတိက ပြောပါရေ။

 441 total views,  1 views today