ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
မောင်အေးထွန်းနဲ့ ကျော်ကျော်နိုင်ရို့က ကျေးရွာအုပ်စု တခုတည်းမှာ ကြီးပြင်းလာကပ်တေ ငယ် သူငယ်ချင်းတိပါ။ အကေလည်း အသက် ၁၈ နှစ် ပြည့်လာချိန် ကျော်ကျော်နိုင်က နိုင်ငံသားကဒ် ကိုင်ဆောင်ခွင့်ရပြီးကေ လွတ်လပ်စွာ လားလာခွင့်ကို ရခကေလည်း မောင်အေးထွန်းကကျကေ ယင်းအခွင့်အရေးတိ ကို ဆုံးရှုံး နီရပါရေ။
“ပုဇွန်မျှားရေ။ ပုဇွန် မကိုက်ကေ ပိုက်ချရေ။ ယပိုင် လုပ်စားနီစွာရာ။ (တစ်နိန့်ကို ဖွေသာ – ကျပ်) ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ ရရေ။ ယင်းပိုင် ရစွာချေနဲ့ စားနီစွာရာ။ (နိုင်ငံသားကတ်)မရှိပါ။ လုပ်လို့ မပီးပါ။ အကြိမ် ၁၀၀ လောက် ကြိုးစားဖူးပါရေ။ ငါရို့က နိုင်ငံသား မဟုတ်လို့ (သူရို့က – အာဏာပိုင်) ပြောရေ။ ဇာမှာလဲ လားလို့မရပါ။” လို့ ရွာနားက ချောင်းချေမှာ လောင်းချေတစ်စီးနဲ့ ပုဇွန်မျှားနီရေ ကိုမောင်အေးထွန်းက ရင်ဖွင့်ပါရေ။
နိုင်ငံသားကတ် ကိုင်ဆောင်ခွင့်ရထားရေ ကိုမောင်အေးထွန်း၏ သူငယ်ချင်းစွာ မိသားစု စားဝတ်နေရေး အခက်ခဲကြောင့် နိုင်ငံခြားကို သွားရောက်ပြီးကေ အလုပ်လုပ်နီရေလို့ ဆိုပါရေ။ အကေလည်း ကိုမောင်အေးထွန်းကကျ အသက် (၃၂) ရှိလာပနာ အချေ ၃ ယောက်ရရေ အချိန်ထိ နိုင်ငံသား အထောက်ထား မရှိစွာကြောင့် ဇာကိုလဲ မလားဖူးသိပါလို့ ပြောပါရေ။
ကျော်ကျော်နိုင်စွာ ဒေသခံ ရခိုင်လူမျိုး မိဘတိက မွေးဖွားလာရေ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပနာ မောင်အေးထွန်းကကျ အစ္စလာမ်ဘာသာဝင် မိဘတိက မွေးဖွားလာသူ တစ်ဦးပါ။ မတူကွဲပြားရေ ဒေ အသိုက်အဝန်း နှစ်ခုစွာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအုပ်စုမှာ ငြိမ်ချမ်းစွာ အတူတကွ နီထိုင်ကတ်စွာ ဖြစ်ပါရေ။
ချောင်းအလယ်မှာ ပုဇွန်မျှားနီရေ ကိုမောင်အေးထွန်းဘားသို့ ကျွန်တော်ရို့ကို လောင်းလှော်လိုက်ပို့ရင်း ကိုမောင်မောင်စိုးက “မလေး (မလေးရှား) လည်း လားချင်ရေ။ လားချင်ကေ ဖဲသာက ဇာက ရဖို့။ (ကျပ်) သိန်း ၁၀၀ ၊၂၀၀။ လားလို့က အဆင်ပြေပါရေ။ ခိုးလို့ လားရဖို့ပါ။ နိုင်ငံသားကတ် မရှိလို့ လွယ်လွယ်တော့ မရ။ မီးထဲ အကုန် ပါလားပါယာ။ မှတ်ပုံတင် လိုချင်လို့ ဇာပိုင် ယူရပါဖို့လဲ။ ကျနော် အဘိုး၊ အဘောင် အားလုံး အပေါက်ဝ အလယ်မူမှာ မွီးစွာ။” လို့ သူ့ဆန္ဒကို ပြောပြပါရေ။
ကျေးရွာ ၈ ရွာ ရှိရေ ယင်းအုပ်စုထဲက ၆ ရွာမှာ ရခိုင်တိ နီထိုင်ကပ်ပနာ အလယ်မူနဲ့ ပြားမူလို့ ခေါ်ရေ ကျေးရွာ နှစ်ခုမှာက မွတ်ဆလင်တိနီထိုင်ကတ်ပါရေ။ အလယ်မူမှာ လူဦးရေ ၉၀၀ ကျော်၊ ပြားမူမှာ ၆၀၀ ကျော် စုစုပေါင်း ၁၅၀၀ ဝန်းကျင်လောက်ရှိပြီးကေ အချေနဲ့ အမျိုးသမီး ဦးရေက ပိုများရေလို့ ကျေးရွာ တာဝန်ခံ ဦးမောင်မောင်က ပြောပါရေ။
တစ်ရွာချင်းစီ နာမည်ခွဲထားကေလည်း တရွာနဲ့ တရွာ ဆက်နီရေ ဒေကျေးရွာတိက မတူကွဲပြားရေ အသိုက်အဝန်း နှစ်ခုထဲက ရခိုင်ရို့က နိုင်ငံသား စိစစ်ရေးကဒ်ပြားတိ ကိုယ်စီ ရှိနီကတ်ကေလည်း မွတ်ဆလင်တိမှာတော့ကေ ကျေးရွာကို အုပ်ချုပ်နီရေ ရွာလူကြီးကအစ တစ်ဦး တစ်ယောက်မှာလဲ နိုင်ငံသားကတ်ပြား ကိုင်ဆောင်ခွင့် မရှိသိပါ။ အလယ်မူ ကျေးရွာတာဝန်ခံ ဦးမောင်မောင်က “ကျနော်ရို့ရွာမှာ နိုင်ငံသားကတ်ပြားက တစ်ယောက်မှာလဲ မရသေးပါ။ ပြားမူ၊ အလယ်မူ။ အပေါက်ဝထဲမှာ ရှိသမျှ အစ္စလာမ်ဘာသာ တစ်ယောက်မှာမှ ရစွာ မရှိပါ။ သုံးခေါက်ချိုး ၁၀၀ ရာခိုင်နူန်းမှာ ၅ ရာခိုင်နူန်း ရှိပါရေ။ (ကျနော်ကိုယ်တိုင်မှာလည်း) မရှိပါ။” လို့ ပြောပါရေ။
ဒေကျေးရွာမှာ နီထိုင်ကတ်တေ သူတိစွာ လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ ကုန်ရောင်း ကုန်ဝယ်စရေ တပိုင် တနိုင် အခြေခံ လုပ်ငန်းတိကို လုပ်ကိုင်ကတ်စွာပိုင် မတတ်နိုင်ရေ သူတိကလည်း တချို့ လုပ်ငန်းခွင်တိမှာ ကျဘန်း အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ကတ်ပါရေ။ အခုပိုင် နိုင်ငံသား အသိမှတ်ပြု ကတ်ပြား မရှိစွာကြောင့် သူရို့တိစွာ မိမိ၏ရွာထဲကနီ နယ်ကျော် လားလာခွင့် မရဖြစ်နီကတ်တေလို့ ရွာသားတိက ပြောပါရေ။
၂၀၁၂ ပဋိပက္ခ မတိုင်ခင်မှာက သူရို့စွာ ပြည်နယ်အနှံ့ လားလာပြီးကေ အလုပ်လုပ်ကိုင်ခွင့် ရခကတ်ကေလည်း နောက်ပိုင်းမှာက ပိုလို့ ကန့်သတ်ခံလာခရပနာ မိမိရို့၏ကျေးရွာထဲက တခြားတစ်ရွာကို အလုပ်လားလုပ်ဖို့ တောင် အခက်အခဲ ဖြစ်နီကတ်စွာပါ။
ယင်းပိုင် အခက်အခဲတိကြောင့် သူရို့တိမှာ ကျေးရွာတွင်းမှာ ရှိရေ အလုပ်အကိုင် အနည်းအကျဉ်းကိုရာ မျှအောင် လုပ်ကိုင်နီကတ်ရပြီးကေ ပိုပြီးကေကြပ်တည်းစွာနဲ့ ဘဝကို ရုန်းကန်နီကတ်ရပါရေ။ ဒေအကြောင်းကို ကျေးရွာလူကြီး ဦးမောင်မောင်က ဥပမာ ပီးပနာ အခုပိုင် ရှင်းပြထားပါရေ။ “ကျနော်ရို့ ရွာထဲမှာ ၂၀၁၂ မတိုင်ခင်ကာလက ဥပမာ – လူအယောက် ၁၀၀ ရှိခရေ။ အလုပ်သမား ၁၀၀ ထဲမှာ ၃၀၊ ၄၀ က ဒေတောင်ကို ကျော်ပြီးကေ ရသေ့တောင်၊ ဘူးသီးတောင်ကို အလုပ်တိ၊ ဘာတိ လားလုပ်လို့ ရရေ။ ကျန်ရေ လူပေါင်း ၆၀၊ ၇၀ ထဲက ထမင်းတိ၊ ဟင်းတိနဲ့ ပုဏ္ဏားကျွန်းနယ်၊ ပေါက်တောနယ်မှာ ပိုက်ချဖို့၊ ငါးဖမ်းဖို့ တစ်လ၊ ၁၅ ရက် လားစွာတိ ရှိပါရေ။ နောက် လူ ၂၀၊ ၃၀ လောက်ကျန်ကေ ရွာထဲမှာ အလုပ်တိ ဘာတိ လုပ်ပြီးကေ အဆင်ပြေပါရေ။ ခုက ယပိုင် အပြင်မှာ လားပြီးကေ အလုပ် မလုပ်နိုင်ရေအခါ ရှိရေ အလုပ်သမား ၁၀၀ က အားလုံး ရွာထဲမှာ ကျန်လိုက်ပါရေ။ အလုပ်ခိုင်းဖို့ ရှိရေ လူက အယောက် ၃၀။ အလုပ် လုပ်ဖို့ရှိရေ လူက ၁၀၀။ အကေ ၃၀ က အလုပ်ရရေဆိုကေ ကျန်ရေ ၇၀ က အလုပ်မရဘဲနဲ့ တန်းလန်းကြီးပါ။”
၂၀၁၂ ခုနှစ် ပဋိပက္ခမှာ ယင်းအချိန်ခါက အာဏာရခရေ ဦးသိန်းစိန် အစိုးရအဖွဲ့စွာ မွတ်ဆလင်တိကို သီးခြား ဒုက္ခသည် စခန်းတိမှာဖြစ်ဖြစ်၊ ကျေးရွာတိမှာ သီးသန့်ဖြစ်ဖြစ် ထားရှိခစွာ အခုအချိန်ထိပါယာ။
အစိုးရစွာ မွတ်ဆလင်တိရာ မက အစ္စလာမ်ဘာသာကိုးကွယ်ရေ ကမန်တိုင်းရင်းသားတိကိုပါ သီးခြားထားရှိခစွာပါ။ ဒေပြဿနာတိကို အဆိုပါ အစိုးရသက်တမ်း ကုန်လွန်ချိန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရေ NLD အစိုးရက ဖြေရှင်းနိုင်ဖို့ မျှော်လင့်ခကတ်ကေလည်း ၅ နှစ်သက်တမ်းကုန်ရေအထိ မကိုင်တွယ်နိုင်ခရေအပြင် မွတ်ဆလင်တိနဲ့ ပတ်သက်ပနာ ထပ်လောင်း ပြဿနာတိယာ ပေါ်ပေါက် လာခပါရေ။
လက်ရှိမှာ ဒေကျေးရွာတိမှာ သုံးခေါက်ချိုး ကတ်ပြားကိုင်ဆောင်ခွင့်ရလူ ၅ ရာခိုင်နှုန်း လောက်ယာ ရှိပြီးကေ ကျန်ရေ သူတိမှာ တစ်ခုအထောက်အထားလဲ မရှိပါလို့ ဆိုပါရေ။ ၂၀၁၆ နောက်ပိုင်း မြန်မာနိုင်ငံထဲမှာ တရားဝင် နေထိုင်သူအဖြစ် သတ်မှတ်နိုင်ဖို့ NVC ကဒ် ထုတ်ပီးဖို့ ဆိုရေသတင်းတိ ထွက်ပေါ်ခကေလည်း ဒေကတ်ကို ကိုင်ဆောင်သူတိကို ဘင်္ဂလားဒေ့ရ်ှဖက်ကို ပြန်ပို့ဖို့ဆိုရေ ကောလဟာလတိကြောင့် ဒေသခံတိစွာ မလိုလားခကတ်ပါ။
“NVC ကတ် ကိုင်ရဖို့လို့ ကျနော်ရို့ကို ပြောတော့ ပြောပါရေ။ ယင်းချင့်ကို ကျနော်ရို့ သံသယ ဝင်ပြီးကေ ချုပ်စွာလည်း မရှိခပါ။ ဒေ NVC ကတ် ကိုင်ဖို့စွာကို ကျနော်ရို့ စိတ်ထဲမှာ တစ်မျိုး ခံစားရပါရေ။ဇာကြောင့်လဲ ဆိုကေ ပြီးခဲရေ ကာလမှာ ကျနော်ရို့ကို မှတ်ပုံတင်ပီးဖို့ ဆိုလို့ပြီးကေ အဖြူကတ် မှတ်ပုံတင်အဖြူမျိုးကို ကိုင်ပါ ဆိုပြီးကေ ပြောခါ စစ်တွေက ဟိုက ဒေက လဝက ထောက်ခံစာ ယူလို့ပြီးကေ နယ်ကျော်ရရေ။ ပြည်ကျော်ရရေ။ ဒေကတ်ပြားကို ကိုင်စွာနဲ့ မကိုင်စွာနဲ့ တူတူဖြစ်နီရေ။ ယင်းကြောင့် ဒေကတ်ပြားကို ကျနော်ရို့ လူမျိုးက မကိုင်။ ကိုင်လဲ မကိုင်ပါ။ ယင်းချင့်ကို ကိုင်စွာနဲ့ ကျနော်ရို့ ချုပ်လို့ရပါရေ။” လို့ ဦးမောင်မောင်က NVC မကိုင်ခရေ အကြောင်းကို ပြောပြပါရေ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက နိုင်ငံသားအထောက်အထားမရှိရေ မွတ်ဆလင်တိစွာ ပြည်ပနဲ့ ရန်ကုန်ရို့ပိုင် အလုပ်အကိုင် ပေါများရေ ဒေသတိကို မှောင်ခို လားရောက်ကတ်စွာလည်း ရှိပါရေ။ အခုပိုင် လားရောက်မှုကြောင့် နိုင်ငံခြားနဲ့ တခြားဒေသတိကိုပါ ရောက်ရှိလားကတ်ပြီးကေ ယင်းဖက်မှာရာ အခြေချလုပ်ကိုင်ကတ် သူတိရှိစွာပိုင် လမ်းခရီးအောင်မြင်မှုမရရှိခဘဲ ဖမ်းဆီးခံလိုက်ရရေသူဆိ အကြောင်းကိုလည်း သတင်းစာ မျက်နှာတိမှာ မကြာမကြာဆိုစွာပိုင် မြင်တွိ့မိကတ်ဖို့ပါ။
လက်ရှိမှာ သူရို့နေထိုင်ရေ မြို့နယ်အတွင်းနဲ့ စစ်တွေမြို့ရို့ဖက်ကိုက ကျန်းမာရေးကိစ္စတိ ပေါ်ပေါက်လာကေ လားလာလို့ ရနေပနာ ငွေကြေး အနေအထားကကျ သာမန် လားလာသူတိထက် ပိုပီးရရေလို့ သူရို့တိဘားက သိခရပါရေ။
ပြီးခရေ ၂၀၂၀ ပြည့်နှစ်မှာကျ စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တချို့ မဲပီးခွင့်ရခစွာကို မြင်တွိ့ရရကေလည်း အများစု မွတ်ဆလင်တိစွာ မဲပီးခွင့် ဆုံးရှုံးခကတ်ရပါရေ။ ယင်းထဲမှာ ကိုမောင်အေးထွန်းရို့ ရွာသားတိလည်း ပါပါရေ။
အသက် (၅၀) ကျော်အရွယ် အလယ်မူရွာသား ဦးအိုင်ဇီလုပ်က “ဒေရခိုင်ပြည်ထဲမှာ ရခိုင်၊ မွတ်ဆလင်၊ သက်၊ မြို ရှိကတ်တေ။ သူရို့နီစွာပိုင် ကျနော်ရို့လည်း နေချင်ရေ။ ကျနော်ရို့ ဒေမှာ နေရစွာ ကောင်းအခက်အခဲ ရှိပါရေ။ ဇာလို့လဲဆိုကေ ဒေ တိုင်းရင်းသားတိ နေစွာပိုင် ကျနော်ရို့ လားလို့လာလို့ မရပါ။ ကျနော်ရို့ ပြောချင်စွာက တိုင်းရင်းသားတိ နေစွာပိုင် ကျနော်ရို့ လည်း တူတူ နေလာစွာ။ ကျနော်ရို့လည်း ယပိုင် နေချင်ရေ။”လို့ တောင်းဆိုပါရေ။
မိသားစုဝင် ၄ ယောက်ကို တာဝန်ယူထားရရေ ကိုမောင်အေးထွန်းကလည်း သူ့ သူငယ်ချင်းပိုင် ပြည်ပကို လားရောက် လုပ်ကိုင်ချင်နီပါရေ။ ကိုမောင်အေးထွန်း တစ်ယောက်က ရွာထဲမှာ ပုဇွန်မျှား၊ ပိုက်ချရေ ဘဝက လွတ်မြောက်ပနာ သူ့ သူငယ်ချင်းပိုင်ရာ မလေးရှားဖက်ကို ဇာခါလောက် လားနိုင်ဖို့ပါလဲ။ အလုပ် လုပ်နိုင်ဖို့ပါလဲ။
662 total views, 2 views today