ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ဒေါ်ကြည်ကြည်စွာ ရခိုင်ပြည်နယ် စစ်တွေမြို့က ABC ဆိုရေ မိဘမဲ့ ကလေးဂေဟာမှာ အလုပ်လုပ်နီစွာပါ။ သူ့၏ တာဝန်ကတော့ အချေတိ၏ နိန့် တဓူဝ ကိစ္စရပ်တိဖြစ်တေ တကိုယ်ရေ သန့်ရှင်းရေး၊ အအိပ်၊ အစားတိနဲ့ ကစားချိန်တိကို စောင့်ကြည့်ပြီးကေ ပြုစုဖို့ ဖြစ်ပါရေ။


“အနားမှာ လာကပ်ပြီးကေ မေမေ့လို့ ခေါ်လာရေ။ သူရို့မှာ အမိလည်း မရှိ၊ အဖေလည်း မရှိ။ ငါရို့တိက ပီးမှ အလှူရှင်တိက လှူမှယာ သူရို့ စားကပ်ရရေမနင်း ဆိုပနာ စဉ်းစားမိကေ ဝမ်းနည်းရေ။ တဖက်တလမ်းက ပြုစု စောင့်ရှောက်ခွင့်၊ ကူညီခွင့်ရလို့ ဝမ်းသာရေ။” လို့ မိဘမဲ့ အချေတိကို ပြုစု စောင့်ရှောက်ပီးရရေ အခါ ဖြစ်မိရေ ဝမ်းနည်း၊ ဝမ်းသာ ခံစားချက်ကို ဒေါ်ကြည်ကြည်က ရင်ဖွင့်ပြပါရေ။


ဂေဟာမှာ ရှိရေ ဝန်ထမ်း ၂၂ ယောက်လုံးစွာ မိဘမဲ့ အချေ ၅၆ ယောက်၏ မိခင်၊ ဖခင်တိလို့ သူရို့ကိုယ် သူရို့မှတ်ယူ ထားကပ်တေလို့ ဆိုကပ်ပါရေ။


“အမိ သီလားလို့ ဒေကျောင်းကို ရောက်လာရေ။ ဆိုကေ ဒေကျောင်းက နို့နဲ့ အကျွမ်းဝင်အောင် လုပ်ရသိရေ။ ရောက်စွာနဲ့ ငိုရေ။ ငိုရေ။ အရီးရို့စွာ ညမအိပ်ရ။ မိုးလင်းလို့ အိမ်ပြန်ကေ ခေါင်းတိ မူးဝေနီရေ။ ကိုယ်ကလည်း ပရဟိတ စိတ် ရှိခါ မွန်မြတ်တေလို့ လုပ်နေစွာ။ ယင်းလောက်ကြီး လားယာယေ။” လို့ ပြီးခရေ ၃၊ ၄ လလောက်ကသိ ဂေဟာကို ရောက်လာရေ အငယ်ဆုံး အချေကို လက်ညှိးထိုးပြရင်း ဒေါ်ကြည်ကြည်က ပြောပါရေ။

ဓာတ်ပုံ – Arakan Yoma

ဒေါ်ကြည်ကြည်ရို့စွာ မိဘမဲ့ အချေတိ၏ နွဲ့ဆိုး ဆိုးရေ ဒဏ်တိကို ခံရရုံမက တစ်ခါတစ်ခါ ကျန်းမာရေး မကောင်းကေ ပူပန်သောက ရောက်ကြ ရပါသိရေ။ တစ်ခါကဆိုကေ အချေတစ်ယောက် အသက်ရှုမရ လို့ အချေကို ပုခုံးမှာပွေ့ပနာ ဆေးရုံကို ပြေးလားခရရေ အဖြစ်ကို မြင်ယောင်နီ သေးရေလို့ ယင်းအချေ၏ အော်ပရေးရှင်း လုပ်လိုက်ရရေ လည်ပင်းက ခြုပ် (ချုပ်) ရာကို ပြရင်းနဲ့ ပြောပြပါရေ။

ဒေဂေဟာစွာ စစ်တွေမြို့ မင်းဂံအကွက် (၁၄) မှာ တည်ရှိစွာ ဖြစ်ပြီးကေ လွန်ခရေ ၁၀ နှစ်လောက်က စစ်တွေ ရောက် နယ်ခံတိနဲ့ နိုင်ငံခြားသူ ၇ ဦး ရို့က စုပေါင်းပနာ စတင် တည်ထောင်ခစွာ ဖြစ်ပါရေ။ ပုဂ္ဂလိကဂေဟာ တစ်ခု ဖြစ်ပြီးကေ အလှူရှင်ရို့၏ ထည့်ဝင် မှုတိနဲ့ ရပ်တည်နီရေ ဒေဂေဟာစွာ ကိုဗစ် ကာလမှာ အလှူရှင်တိ ပြတ်တောက် လားစွာကြောင့် အခက်အခဲများစွာကို ရင်ဆိုင်ခရပနာ လက်ရှိ မှာတော့ကေ ပုံမှန် နီးပါး လည်ပတ်လျက် ရှိနေပါရေ။

ABC မိဘမဲ့ ဂေဟာ အုပ်ချုပ်ရေးမှူး ဦးလှမင်းကျော်သူ (ဓာတ်ပုံ – Arakan Yoma)

ABC မိဘမဲ့ ဂေဟာ အုပ်ချုပ်ရေးမှူး ဦးလှမင်းကျော်သူက “အချေကို လာအပ်တေ ဆိုခါကနီ မိဘမဲ့ ဖြစ်ရဖို့။ ပြီးကေ ခိုကိုးရာမဲ့ ဖြစ်ရဖို့။ ဒုက္ခသည်အချေ ဖြစ်ရပါဖို့။ ယင်းခါကျမှ ကျနော်ရို့က အထောက်အထားချေတိနဲ့ စာတင်ပြီးကေ အခါမှာယာ လက်ခံရေ။ မိဘမဲ့ ဖြစ်တေအတွက် လာအပ်တေ သူကတော့ ဆွေမျိုးအသိုင်းအဝိုင်း မိသားစုဖြစ်ကေလည်း ဖြစ်ဖို့ပေါ့။ ကျနော်ရို့ကို အမြဲတမ်း လာတွိ့နီဖို့ဆိုကေ အဆင်မပြေပါ။ ကျနော်ရို့က နှစ်နှစ်အောက် အချေတိကို အမွေစား အမွေခံ၊ မွေးစားစွာတိ ရှိပါရေ။ ယင်းအချေ အားလုံးကို မှတ်မိနီဖို့ပေါ့။” လို့ ပြောပါရေ။


အချေနှစ်ယောက်ကို ဝန်ထမ်းတစ်ယောက်နှုန်းနဲ့ စောင့်ရှောက်ပီးနီရပြီးကေ အစိုးရ ထောက်ပံ့မှု အားနည်းရေ ယင်းဂေဟာမှာ ကိုဗစ်ကာလ အကြပ်အတည်းတိကြောင့် ဝန်ထမ်းတိ လျှော့ချခရရေလို့လည်း တာဝန်ရှိသူတိက ဆိုကပ်ပါရေ။


ဓာတ်ပုံ – Arakan Yoma

လက်ရှိမှာ မွေးကင်းစကနီ အသက် ၁၄ နှစ်လောက် အရွယ်ထိ ရခိုင်ပြည်နယ်အတွင်းက ယောက်ျားချေ၊ မိန်းကလေးချေ စုစုပေါင်း ၅၆ ယောက်ရှိနီပြီးကေ ရန်ကုန်ဖက်က အချေတိလည်း ပါဝင်ရေလို့ ဆိုပါရေ။ လူမှန်း မသိတတ်စ အရွယ်ကနီ ယင်း အချေတိကို ဘဝ အာမခံချက် ရှိအောင်ထိ ကျွေးမွေး စောင့်ရှောက်စွာနဲ့ နှစ်နှစ်အောက် ကလေးတိကို ဆိုရင် အမွေစား၊ အမွေခံ တစ်သက်တာ မွေးဖို့ သူတိရှိကေလည်း သတ်မှတ်ထားရေ စည်းမျဉ်း စည်းကမ်းတိနဲ့ အညီ ပီးအပ်စွာ တို့ကို ဆောင်ရွက်ပါရေ။

အုပ်ချုပ်ရေးမှူးက “အချေတိက မိဘနဲ့ မနီခရရေ အတွက် မိဘဆွေမျိုး အသိုင်းအဝိုင်းက မရှိ။ တစ်ကောင်ကြွက် အချေတိပေါ့။ သူရို့မှာ ခံစားချက်တိရှိဖို့။ ကျနော်ရို့ ထိန်းကျောင်းရေ အခါတော့ အတတ်နိုင်ဆုံး ကိုယ်ချင်းစာ စိတ်နဲ့ယာ စောင့်ရှောက်တေ။ ပြောဆိုရေအခါမှာလည်း ကိုယ်က မိဘအရွယ် ဖြစ်တေအခါ မိဘနဲ့ သားသမီး ဆက်ဆံရေးမျိုး။ တစ်ခါခါဆိုကေ သူငယ်ချင်းပေါင်းမျိုး ဆက်ဆံရရေ။ သူရို့ သိချင်စွာမေးကေ ဖြေပီးလိုက်တေ။” လို့ အချေတိနဲ့ ဆက်ဆံရရေ အကြောင်း ပြောပြပါရေ။

ကျောင်းနီအရွယ် အချေတိကို အစိုးရ စာသင်ကျောင်းတိမှာ တွဲဖက် သင်ကြားပီးထားစွာပိုင် ဓမ္မစကူး သင်တန်းတိ၊ အဆိုအက အတီးအမှုတ်တိ၊ ပန်းချီတိစရေ အချေတိစိတ်ဝင်စားနိုင်ရေ အနုပညာတိကိုလည်း တတ်နိုင် သလောက် ပရဟိတ အဖွဲ့တိနဲ့ ဆောင်ရွက်ပြီးကေ လုပ်ဆောင်နီရေလို့ ဆိုပါရေ။


၅ နှစ်အောက် အချေတိကို လက်ခံစွာကြောင့် ဒေဂေဟာ၏ သက်တမ်းအရ အသက် ၁၄ နှစ်အရွယ် ထိယာ အကြီးဆုံးအဖြစ် ရှိနီ သေးပြီးကေ ဒေ အသက်အရွယ်ထက် ကြီးလာကေ အတန်းပညာ စိတ်ဝင်စားသူကို အတန်းပညာ သင်ပီးပနာ ထူးချွန်သူတိကိုလည်း ထူးချွန်ရေအလျောက်၊ အတန်းပညာမှာ မထူးချွန်သူရို့ကိုလည်း သူ့ စိတ်ဝင်စားမှု အလျောက် အရွယ်ရောက်လို့ ဂေဟာက စွန့်ခွာလားကေလည်း ဘဝအတွက် အာမခံရှိရှိနဲ့ ဖြတ်သန်းနိုင်ဖို့ စီစဉ်ပီးလားဖို့ ရည်ရွယ်ချက်တိနဲ့ လုပ်ဆောင်ထားရေလို့ ဖောင်ဒေးရှင်း တာဝန်ရှိသူတိက ပြောပါရေ။


“ကျနော်သိသလောက် ABC ဖောင်ဒေးရှင်းမှာ ၅ နှစ်အောက်အချေတိကို လက်ခံရေ။ ၅ နှစ် ကျော်စွာနဲ့ ကျောင်းနီ အရွယ်ကို ကျောင်းထားပီးရေ။ အတန်းပညာက ကျနော်ရို့၁၀ တန်းကို အောင်ပြီးကေ တက္ကသိုလ်အထိ ကောလိပ်တိ စလို့ တက်လို့ရအောင် နောက်ကနီပနာ ပံ့ပိုးပီးဖို့။ သူရို့တိ တကယ်လို့ အတန်းပညာ မအောင်ခကေတောင်မှ သူရို့အတွက် အသက်မွေး ဝမ်းကြောင်း ပညာ အလုပ်အကိုင် အခွင့်အလမ်းချေတိရအောင် ကျနော်ရို့ ဖောင်ဒေးရှင်း အနေနဲ့ တီထွင်ပီးဖို့ မတည်ပီးဖို့ ယပိုင်မျိုးတော့ အစီအစဉ်ရှိပါရေ။” လို့ ဦးလှမင်းကျော်သူက ဖောင်ဒေးရှင်း ရည်ရွယ်ချက်ကို ရှင်းပြပါရေ။

ဓာတ်ပုံ – Arakan Yoma

မိဘမဲ့တိ ဖြစ်ကေလည်း အချေတိကို အရွယ် ရောက်လာရေအခါ နိုင်ငံသားဖြစ်ခွင့်ကတ်ပြား ကိုင်ဆောင်နိုင်အောင် ဂေဟာမှာ လာပို့ရေ သက်ဆိုင်ရာ မိသားစုတိဘားက အထောက်အထား ပြည့်စုံအောင် ယူထားလိုက်ပနာ ယင်း အချက်အလက်တိနဲ့ ပြုလုပ်ပီးရေလို့ ဆိုပါရေ။ ငယ်ရွယ်ရေ ကလေးတိ အနေနဲ့ သူရို့ကို ပြုစု စောင့်ရှောက်နီသူတိကို မိဘ သဖွယ် မှတ်ယူထားကပ်ကေလည်း အရွယ်ရောက်လာ ချိန်မှာတော့ကေ သူရို့ ဇာကနီ လာရေ။ မိဘတိက ဇာသူတိဖြစ်တေ ဆိုစွာကိုမေးမြန်း လာကပ်စွာလည်း ရှိပါရေ။“အချေတိ သူရို့ မိဘ။ ဥပမာ သူရို့ မွေးရေ။ ဇာမြို့၊ ဇာရွာ။ ယင်းလောက်ကို သူရို့ သိချင်ရေ။ သူ့မှာ အမိကရှိသေးလား။ အဖက ရှိသေးလား။ ယပိုင်မျိုးလည်း ဇာပိုင်ပြောရဖို့လဲ။ သိတော့ကေ သိချင်ကပ်ဖို့ ထင်ပါရေ။ သူရို့မေးတော့က မမေးပါ။”


ဂေဟာ၏ စည်းမျဉ်းစည်းကမ်းတိအရ အချေကို အပြင်ထွက်ခွင့် ပြုလို့ မရစွာကြောင့် ကွင်းထဲမှာအချေ ကစားကွင်းတိ ပြုလုပ် ထားပီး ထားပါရေ။ ကျန်းမာရေး ပိုင်းမှာက ပရဟိတ ဆရာဝန်တိနဲ့ အချိန်သတ်မှတ်ထားပြီးကေ စာသင်ရေ အခါ အစိုးရကျောင်းတိမှာ အကြို၊ အပို့နဲ့ ပို့ပါရေ။ ယင်းပိုင်ပြင်ပလောကနဲ့ ထိတွေ့ရရေအခါမှာ မိဘမဲ့ အချေတိအနေနဲ့ ခွဲခြား ဆက်ဆံမှုတိ ကြုံရပါရေ။

ဓာတ်ပုံ – Arakan Yoma

“တစ်ချို့က အမိ မရှိ၊ အဖ မရှိ။ ABC က။ ယပိုင်မျိုးတိ ပြောကပ်တေ။ သူရို့လည်း လူသားတိပဲ မခံစားနိုင်။ မခံချင်ကပ်။ သူရို့ နားလည်အောင်၊ သူရို့အဖြစ်အမှန်ကို သိအောင်။ ကိုယ်ကတော့ ဒေလိုမျိုး ရှိရေဆိုစွာကို ပြန် ရှင်းပြလိုက်တေ။ သူရို့ကလည်း လက်ခံပါရေလေ။ ပြောရေ အချေတိ ရှိကေလည်း နောက်မပြောရအောင်။ ကျောင်းမှာဆိုကေ ဆရာ၊ ဆရာမကိုပြောပြရေ။” လို့ လိုက်လံ ဖြေရှင်းခရရေ အကြောင်းကို အုပ်ချုပ်ရေးမှူးက ပြောပါရေ။


တကယ်ဆိုကေ ဒေဂေဟာက အချေတိစွာ မိဘနဲ့ ဆွေးမျိုးသားချင်းရို့က အကြောင်း အမျိုးမျိုးကြောင့် စွန့်ပစ်ခံခရရေ မိဘမဲ့ ချေတိယာ ဖြစ်ပါရေ။ သူရို့ ဘဝကို ပူပင်တောင့်တစရာ မရှိဘဲ ဖြတ်သန်းလို့ရအောင် ကူညီဖေးမပီးနီသူတိ ရှိနေကေလည်း ကိုယ့်ကို မွေးလိုက်တေ မိဘတိက ဇာသူတိလဲ။ ဇာကလည်း ဆိုစွာကို ဇာသူကများ မသိချင်ဘဲနီပါဖို့လဲ။

 461 total views,  1 views today