Arakan Yoma|

ရခိုင်ပြည်နယ်က ကျန်းမာရေးဝန်ထမ်းပေါင်း ၄၄၀၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နဲ့ ၂၈ ရက်နိန့်က မြို့နယ် အသီးသီးက ဆေးရုံနဲ့ သက်ဆိုင်ရာ ဒေသန္တရဆီးပီးခန်းတိမှာ ကိုဗစ်ကာကွယ်ဆီး ထိုးနှံပီးခပါရေ။

အိန္ဒိယနိုင်ငံက လှူဒါန်းလိုက်တေ ကိုဗစ်ကာကွယ်ဆီး တစ်သန်းခွဲစွာ မြန်မာတစ်နိုင်ငံလုံးကို ရောက်ရှိ လာပြီးရေနောက် ရခိုင်ပြည်နယ်ကို ဇန်နဝါရီလ ၂၄ ရက်နိန့်က ပို့ဆောင် လိုက်စွာလည်းဖြစ်ပါရေ။ ယင်းနောက် တစ်နိုင်ငံလုံးမှာ ကျန်းမာရေးဝန်ထမ်း အသီးသီးကို ကနဦး ထိုးပီးနေစွာလည်း ဖြစ်ပါရေ။

ထိုးနှံရေအထဲမှာ ရခိုင်ပြည်နယ်၏ အကြီးဆုံးဖြစ်တေ စစ်တွေ ပြည်သူ့ဆေးရုံကြီးက ဆေးရုံဝန်ထမ်းပေါင်း ၄၂၀ ကျော် လည်း ပါဝင်ခပါရေ။

ကျန်းမာရေးဝန်ထမ်းတိ ကူးစက်ခံ လူနာတိနန် ထိတွေ့ကုသမှုတိ ပြုလုပ်ရရေအတွက် စောင့်ရှောက်ပီးနိုင်ဖို့ ကျန်းမာရေး ဝန်ထမ်းတိကို ကနဦး ထိုးနှံပီးစွာလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ထားပါရေ။

ယင်း ကာကွယ်ဆေးရေ ဘေးထွက်ဆိုးကျိုး နည်းပါးရေ အတွက်ကြောင့် ပြည်သူတိထိုးနှံဖို့ အလှည့် ရောက်လာကေလည်း ယုံကြည်စိတ်ချစွာနဲ့ ထိုးနှံကပ်ဖို့ ကိုယ်တိုင်ထိုးနှံခရ စစ်တြွေပည်သူ့ ဆေးရုံကြီး ဒေါက်တာဇော်လွင်က ပြောပါရေ။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ယင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ကို အိန္ဒိယနိုင်ငံက ဝယ်ယူထားယာ ဖြစ်ပြီးကေ လူတန်းစိ့ ထိုးပီးလားဖို့လည်း ဖြစ်တေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါရေ။

 479 total views,  1 views today