ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ပင်လယ်ကမ်းရိုးတမ်းဒေသတစ်ခုဖြစ်ရေ ရခိုင်ပြည်နယ်စွာ မိုးကြီးရီလျှံစွာ၊ ရီကြီးစွာတိကို နှစ်တိုင်းခံစားရလေ့ရှိပါရေ။ ယင်းပိုင် အရေးပေါ် အခြေနိန််တိ ကြုံလာကေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ တချို့အခြေခံအချက်ချေတိကို တတ်မြောက်ထားဖို့ အရေးကြီး ပါရေ။ ယင်းပိုင် တတ်မြောက်ထားသင့်ရေထဲမှာ ရီကူးပညာစွာလည်း ပါဝင်ပါရေ။

ရခိုင်ပြည်နယ်မှာ လက်ရှိ အနိန်အထားအရ ပြောရဖို့ဆိုကေ မြစ်ချောင်းနဲ့ ပင်လယ်တိ ပေါများသလောက် ရီကူးကန်တိဖွင့်လှစ်ပြီးကေ ရီကူးသင်တန်းပီးစွာတိ အဂု ၂၁ ရာစုအထိ ရှိလာသိမ့်စွာ မတွိ့ရသိမ့်ပါ။ ရီကူးပညာဆိုစွာ လွယ်ရေလို့ ထင်ရသလောက် ခက်ခဲရေ ပညာရပ်တစ်ခုလို့နိုင်တဲ့ ရီကူးပညာကို နိုင်ငံတကာမှာဆိုကေ ပြိုင်ပွဲအမျိုးအစားတစ်ခုပိုင် သတ်မှတ်ပြီးကေ ကမ္ဘာ့ချန် ပီယံပွဲတိမှာ ထည့်သွင်းကျင်းပနိန်စွာ နှစ်ပေါင်းကကောင်းကြာခပါယာ။

ရီကူးစွာကို ပင်လယ်ကမ်းစပ်မှာ နိန်ထိုင်သူတိအနေနဲ့ကလည်း တော်ရုံနဲ့ ကူးတတ်ဖို့ဆိုစွာ မဖြစ်နိုင်ပါ။ ဇာဖြစ်လို့လဲဆိုကေ ရီကူးသင်ရေအခါ တည်ငြိမ်ရေ ရီကန် (သို့မဟုတ်) ချောင်းတိ၊ မြစ်တိမှာယာ သင်ရလွယ်ကူစွာကြောင့်ပါ။ တချို့မိဘတိက ကိုယ်တို င်ဖြစ်ဖြစ်၊ သားသမီးတိကိုဖြစ်ဖြစ် ရီကြောင်းခရီးလားကေ စိတ်မအီးကပ်ရပါ။ ယင်းထဲမှာ စစ်တွေမြို့က အရီးဒေါ်မြခွာညိုလည်း ပါဝင်ပါရေ။

တစ်ရက်နိမှာတော့ခါ သူပိုင်ဆိုင်ထားရေ မြေကွက်လပ်ချေမှာ ရီကူးကန်ချေတစ်ကန်လုပ်ယင်း သမီးတိကိုရီကူးပညာ သင်ပီးဖို့စိတ် ကူးပေါ်လာခပါရေ။

“စစ်တွေမြို့မှာဆိုကေ ၉၉ ရာခိုင်နှုန်းက ရီမကူးတတ်။ ယင်းအချေတိကလည်း ရီကူး တတ်လားဖို့။ ကိုယ့်က သား၊ သမီးကို ကြောင့်ကြလို့ သူရို့တိမှာလည်း ကြောင့်ကြစိတ်တစ်ခုလျော့လားဖို့။ ရီကူး ပညာချေ တစ်ခု ငါ့သားသမီးတိ တတ်တယ်ဆိုကေ တစ်ခုခုကို လားကေလေ့ စိုးရိမ်မှုရာခိုင်နှုန်း လျော့ကျလားရေ။ ကိုယ့်သားသမီးနဲ့ ကိုယ့် မိသားစု ရီမကူးတတ်စွာနဲ့ သူရို့ကိုလုပ်ပီးချင်ရေ စိတ်ကနိန်ပြီးကေ ပေါက်ဖွားလာစွာ အဂုဆိုကေ တမျိုးသားလုံးအတွက် တန်ဖိုး ရှိသွားယာ။”လို့ ဒေါ်မြခွာညိုက ပြောပြပါရေ။

ယပိုင်နဲ့ မိသားစု ကန်ချေလုပ်စွာကနိန် ပတ်ဝန်းကျင်နဲ့ ဆွေမျိုးတိကလည်း သူရို့သား၊ သမီးတိကို ရီကူးတတ်စီချင်စွာကြောင့် အခကြေးငွေ ပီးရဖို့ဆိုကေလေ့ ပီးဖို့အကြောင်း ပြောကပ်တေအခါ မိသားစုကန်ချေလုပ်မယ်လို့ စိတ်ကူးထားရာကနိန် စီးပွားရေး လုပ်ငန်းလုပ်ကိုင်လို့ အရှုံးပေါ်နိန်ရေ အန်တီဒေါ်မြခွာညိုအတွက် အေချင့်က စီးပွားရေးနည်းလမ်းတစ်ခု ဖြစ်လာခရေမလားဆိုရေ အသိဝင်ခပါရေ။

ယင်းကြောင့် အိမ်ရှင်ဖြစ်သူနဲ့ တိုင်ပင်ပြီးကေ ရခိုင်ပြည်နယ်မှာ လုံးဝမရှိသိမ့်ရေ ရီကူးကန်ချေဖွင့်ယင်း စီးပွားရေးတစ်ခု လုပ်ကြည့်ဖို့ဆိုပြီးကေ လတ်တလော စစ်တွေမှာ ရီပန်းစားနိန်ရေ “UN VILLAGE” လို့ နာမေပီးထားရေ ရီကူးကန်နှစ်ကန်နဲ့ စားသောက်ဆိုင်ကို အပြင် အဆင် ကောင်းကောင်းနဲ့ တွဲဖက်ဖွင့်လှစ်ခစွာလို့ ဆိုပါရေ။

စကားပြောနေယင်းနဲ့ သူ့အနားကို ရောက်လာရေ သမီးချေ ဆံပင်ကို ဖြည်းဖြည်းချင်း သပ်ချယင်းနဲ့ ဒေါ်မြခွာညိုက “ကားမောင်းဖို့၊ ဆိုင်ကယ်မောင်းဖို့ မတတ်လို့ ရသိမ့်ရေ။ ရီကူးဖို့တစ်ခု တတ်စွာနဲ့ ရီဘေး အန္တရာယ် ကြုံလာကေ နည်းနည်းခုခံတတ်လားဖို့။ ယင်းပိုင်မျိုး။ ခရီးတစ်ခုခု ထွက်ဖို့ဆိုကေလေ့ သတ္တိရှိလားဖို့ပါ့။ ’လို့ ပြောပါရေ။

နိုင်ငံတကာကို လားရောက်လေ့လာထားဖူးရေ အိမ်ရှင်ဖြစ်သူကလည်း အိမ်ရှင်မဖြစ်သူက ရီကူးကန်လုပ်ဖို့ အိုင်ဒီယာ ပီးရေအခါ သူစကားကို မပယ်ချခပါ။ သူကလည်း လက်ခံခပြီးကေ ဇာပုံစံမျိုး တည်ဆောက်ဖို့။ ဇာပုံစံဆိုကေ ပိုလှဖို့။ ဇာပိုင်ဆိုကေ သဘာဝနဲ့ ပိုနီးစပ်ဖို့ စသဖြင့် စဉ်းစားပြီးကေ ကိုယ်တိုင်ကြီးကြပ် တည်ဆောက်ခပါရေ။

“အာရုံမှာ ပေါ်လာစွာကို ချပြီးကေ ပုံကြမ်းဆွဲရေ။ ပြီးကေ PLAN ချရေ။ ဇာတွေ၊ ဇာတိကို လုပ်ချင်ပိုင် တွိ့လဲ။ ကိုယ့်စွာကိုယ် လုပ်တေ။ တစ်ခုနှစ်ခုထဲကမှ ကိုယ့်စွာကိုယ် ရွီးချယ်ပြီးကေ လုပ်ခဲ့စွာ။ ဇာပိုင် ပုံစံလုပ်ကေ ကောင်းဖို့လဲ။ အစပိုင်းကတော့ခါ အေပုံစံမဟုတ်။ အခင်က အေလမ်းဖက်ကို နည်းနည်းငိုက်မယ်။ မိုးရီလည်း ဆင်းအောင် ကုန်းထားရေစွာကလည်း အတွင်းကို ငိုက်ဝင်နိန်ရဖို့။ ဟောင်ကောင် လေဆိပ်ပုံစံပိုင်ပါ့။ ယင်းကြောင့် တစ်ဖက်ကိုယာ ကိုယ်က ကွေးလိုက်စွာ။ စနစ်တကျဖြစ်အောင် ကွေးလိုက်တေ။ တိုင်လေးချောင်းစလုံးကို ပုံစံထပ်တူချပြီးကေ လုပ်တေ။ ကြားမှာ ယင်းပိုင် ပုံစံအတိုင်းယာ လိုက်ထောင်လားရေပါ့။ ယကေလေ့ အပင်တိနဲ့ မလွတ်လို့ အပင်တိကိုလည်း မခုတ်ချင်။ ယင်းကြောင့် ပတ်ပြီးကေ ဒေဖက်ကို နှိမ့်ချလိုက်ရရေ။ အမှန်က ယင်းပိုင်မဟုတ်။ လမ်းဖက်ကို ငိုက်နေရမှာ။ ယကေလေ့ အဂုလည်း လှစွာယာ။ သူ့စွာသူ။”လို့ ဒေါ်မြခွာညို၏ အိမ်ရှင် ဦးမောင်အေးလှိုင်က စတင်ပုံကြမ်းရွီးဆွဲခပုံကို ပြောပြပါရေ။

ရီကူးကန်တိကို ကချေနဲ့ အမျိုးသမီးကန်၊ နောက်ပြီးကေ အမျိုးသား သီးသန့်ကန် ယပိုင် ခွဲခြားထားပြီးကေ ရီကန်တစ်ခုစီမှာ ရီတံခွန်တိလည်း ထည့်သွင်းထားလို့ လာရောက် အပန်းဖြေသူတိအနေနဲ့ ပင်လယ်ကမ်းစပ်မှာ မဟုတ်ကေလေ့ အကြိုက်တွိ့နိန်ကပ်စွာလည်း ဖြစ်ပါရေ။

ယင်း ကန်တိထဲက အချေကန်မှာ ရီဂါလံပေါင်း သုံးသောင်းခွဲလောက်နဲ့ လူကြီးကန်မှာ ရေဂါလံပေါင်း တစ်သိန်းအထိ သုံးထားလို့ အချေကန်ဆိုစွာ နှစ်ပေခွဲ၊ သုံးပေလောက်ထိနက်ပြီးကေ လူကြီးကန်ကတော့ခါ ငါးပေနက်ပါရေ။ ယကေလေ့ လက်ရှိမှာတော့ခါ အချေကန်ကိုယာ ဖွင့်လှစ်ထားစွာဖြစ်ပြီးကေ လူကြီးကန်က မပြီးမြောက်နိုင်သိမ့်ပါ။ ကန်တိကို သပ်သပ်ရပ်ရပ် ပြုလုပ်ထားရေအပြင် စားသောက်ဆိုင်ကိုလည်း လှလှပပဆင်ရင်ထားပြီးကေ ရီချိုးခန်း၊ အိမ်သာ၊ အဝတ်လဲခန်း ယင်းချင့်တိကို အမျိုးသား၊ အမျိုးသမီး စသဖြင့် ခွဲထားပြီးကေ အဆင့်မြင့်မြင့် လုပ်ထားစွာ တွိ့ရပါရေ။

“သူ့စွာနဲ့သူတော့ လာကပ်ရေ။ ကိုဗစ်နိုက်တင်းနဲ့လည်း လွန်ခရေ လကလည်း နည်းနည်းကျပ်ခဲ့ရေ။ ဖွင့်ဖို့လည်း မရခ။ ပြီးလည်း မပြီးသိမ့်။ ဖွင့်လည်း ဖွင့်ပစ်ချင်နိန်ယာ။ ဆိုကေ ကန်ချေကို လက်စသတ်လိုက်တေ။ ကန်ချေကို အဖွင့်ပြလိုက်မေဆိုပြီးကေ စ လိုက်စွာ။ ကန်ကြီးက မပါသိမ့်။ ဆိုကေ ကန်ကြီးမှာလည်း ကူးဖို့လို့ အကုန်လုံးက ပြောနိန်ကပ်လို့ ဒေါက်တိ တိုင်တိ၊ ခုံတိ အကုန်းလုံးကို ဖြုတ်လိုက်ပြီးကေ ရီဖြည့်ဖို့ ဖြစ်လားရေ။ အမှန်က မပြီးသိမ့်။ ကြမ်းပြင်အခင်းက အသေအချာသန့်ရှင်းရေး မလုပ်ရသိမ့်။ ညစ်ပတ်စွာတိ ပြောစွာတော့ မဟုတ်သိမ့်။ ပြည့်ဝရေ မဆာလာ မထည့်ရသိမ့်။ ဆီမန်းတိ မလိုက်ရသိမ့်လို့ ခြီနည်းနည်းနာကပ်ဖို့။ အဂုက ရီပိုင်းတော့ခါ ပြီးဖို့ယာ။”လို့ သူက ဆက်ပါရေ။

ရီကိုလည်ပတ်စီပြီးကေ မသန့်ရှင်းရေ အနည်အနှစ်တိကို ရှင်းထုတ်ရေ စနစ် CIRCULATION SYSTEM, WATER TREATMENT လို့ ခေါ် ရေ ပိုးမွှားတိကို သန့်စင်ရေ စနစ်နဲ့ ရီကို နှစ်ရှည်သုံးစွဲရေ စနစ်တိ အသုံးပြုထားစွာဖြစ်ပြီးကေ ဒေနည်းပညာတိကို သြစတီးရီးယားနဲ့ ဥရောပနိုင်ငံတိမှာ များသောအားဖြင့် အသုံးပြုလေ့ရှိရေ နည်းစနစ်တိလို့ ဆိုပါရေ။

ရီကူးကန်မှာ လိုအပ်ရေ နည်းပညာပိုင်းဆိုင်ရာကို တာဝန်ယူထားရေ ROYAL MYANMAR POWER ရီကူးကန် ဆောက်လုပ်ရေး ကုမ္ပဏီ ၏ အမှုဆောင် ဒါရိုက်တာ ကိုလွင်ဦးမောင်က “ဒေစနစ်တိကို အဂုလက်ရှိမှာဆိုကေ များသောအားဖြင့် သြစတီးရီးယားမှာ သုံးရေ။ ဥရောပနိုင်ငံတိမှာလည်း သုံးရေ။ မြန်မာနိုင်ငံမှာဆိုကေတော့ များသောအားဖြင့် ဟိုတယ်တိမှာ သုံးရေ။ ဟိုတယ်တိမှာဆိုလို့ရှိကေ လာကူးရေ သူတိမှာ ကပ်ပါလာရေ ပိုးမွှားတိ ရီကူးကန်တိမှာ ကျန်ခစွာ။ ယပိုင် ပိုးမွှားတိကို ကျနော်ရို့အနေနဲ့ စက်တိကို သုံးပြီးမှ ရီကို ပိုးသတ်ပီးစွာ။ TREATMENT လုပ်ပီးစွာ။ ပြီးမှ သန့်ရေ ရီတိကို ရီကူးကန်ထဲမှာ ပြန်ထည့်ပီးစွာ။ ယင်းကြောင့် ရီက ဇာအချိန်ပင် လာကူးကူး သန့်ရေ ရီဖြစ်နိန်ဖို့။ ပိုးသတ်ပြီးရေ ရီဖြစ်နိန်ဖို့။ ကြည်လင်နိန်ဖို့။ အဓိက စက်တိ အားသာ ချက်ဖြစ်တေပါ့။” လို့ ရှင်းပြပါရေ။

ရီလာကူးရေ ပရိတ်သတ်တိအတွက်တော့ခါ အချေတစ်ယောက်စီကို ၂၅၀၀ နှုန်း၊ လူကြီးကို ၃၅၀၀ သတ်မှတ်ထားပြီးကေ အဖွဲ့ဝင်ကြေး နဲ့ ဆိုကေ တစ်လကို ၃ သောင်းနှုန်းနဲ့ ထားပီးထားပြီးကေ နောက်ပိုင်းမှာလည်း တည်ငြိမ်ရေ အခြေအနေကို ရောက်ကေတော့ စျီးကိုညှိယူ လားဖို့ အစီစဉ်လည်းရှိရေအပြင် သင်တန်းဆရာ လိုအပ်ဖို့ဆိုကေလေ့ လိုအပ်ရေပိုင် လုပ်ဆောင်လားဖို့ ဖြစ်တယ်လို့ UN Village မိသားစုက ပြောကပ်ပါရေ။ လက်ရှိ သူရို့ အနေနဲ့ ကြုံတွိ့နိန်ရရေ အခက်အခဲက ဇာပါလဲ။ ဒေါ်မြခွာညိုက အဂုပိုင် ပြောပြပါရေ။

“ရီကူးဝတ်စုံပါလာကေ ပါလာ။ မပါလာကေ ကိုယ်ရို့ဘားက အားကစားဝတ်စုံလောက်ကို ငှားဖို့ လုပ်ပီးထားရေ။ တစ်စုံကိုမှ ၅၀၀ လောက်ယာ။ ဒေင လူတိက ရီကူးဝတ်စုံကို စနစ်တကျဝတ်လေ့ မရှိကပ်လို့ အားကစား ဝတ်စုံချေလောက် လုပ်ပီးထားရေ။ ရီကူးဝတ်စုံ ပါလာကေလေ့ ရရေပါ့။”

“အချေနဲ့ မိန်းမဆိုပြီးကေ သတ်မှတ်ထားရေ။ ယကေလေ့ အချေမှာ အမိက မဆင်းချင်ဆိုကေ အဖက ဆင်းလို့ ရရေ။ အချေဖလောက်တော့ ဆင်းလို့ရရေ။ ယောက်ကျား (သီးသန့်) တော့ ဆင်းခွင့်မပြုထား။ ဟိုးဖက်က ကန်တော့ခါ အမျိုးသားကန်ပါ့။ အမျိုးသားကန်မှာ အုပ်စုလိုက်လာကပ်တေ။ မိန်းမတိလည်း ပါရေ။ ယောကျ်ားတိလည်း ပါရေ။ မိတ်ဆွေတစ်ဖွဲ့လာရေဆိုကေလေ့ အတူဆင်းချင်ကေ အမျိုးသားကန်မှာ လာဆင်းလို့ရရေ။”

အဂု လက်ရှိသူရို့ လုပ်နိန်ရေ ရီကူးကန်လုပ်ငန်းချေဆိုစွာ သူရို့ မိသားစု၏ နောက်ဆုံးစီးပွားရေးလည်း ဖြစ်၊ ရှိစုမဲ့စုချေကို မျက်စိစုံမှိတ် ပြီးကေ လုပ်ထားရေ လုပ်ငန်းဖြစ်လို့ သူရို့ကတော့ခါ အောင်မြင်ဖို့လို့ တထစ်ချ ယုံကြည်ထားကပ်ပါရေ။ လက်ရှိမှာလည်း ရီကူးမတတ်လို့ ရီကူးလာသင်သူ၊ စိတ်ပင်ပန်းလို့ အပန်းဖြေဖို့လာသူ၊ သား၊ သမီးညီအစ်ကို မောင်နှမတိကို ရီကူးသင်ပီးဖို့လာသူ စရေ မတူညီရေ ရည်မှန်းချက်ကိုယ်စီနဲ့ လာရောက်ကပ်သူတိနဲ့ UN VILLAGE ချေဆိုစွာ စည်ကားလျက်ရှိနိန်ပါရေ။

အေချင့်ကလည်း သူရို့အနစ်နာခံပြီးကေ လုပ်ထားရေ စေတနာတိ ရောင်ပြန်ဟပ်စွာလို့ ဆိုရပါဖို့။

“ကိုယ့်စွာကိုယ်လုပ်စွာယာ။ တစ်ပိုင်တနိုင်။ လုပ်ယင်းလုပ်ယင်းနဲ့။ ငွေအမောက် နည်းနည်းလောက် များလားရေ။ အကြီွးလည်း ရှိရေ။ လူတိုင်းအကြီွးနဲ့ မကင်း။ အလုပ်လုပ်ရေ သူတိုင်း BANK နဲ့ ဆက်သွယ် ရစွာယာ။ အုပ်ချုပ်ရေးပိုင်း၊ အာဏာပိုင်အဖွဲ့အစည်းတိနဲ့ ဇာပတ်သက်မှုလည်း မရှိ။ လာရောက်ပံ့ပိုးဖို့စွာကိုလည်း မပြောကေ့။ ဇာပိုင် ပြောရဖို့လဲ။ ကိုယ့်စွာနဲ့ ကိုယ်လုပ်စွာဆိုကေတော့ခါ နှီးနှောဖလှယ်ခွင့်လည်း မရှိ။ တစ်ခုလည်း မရှိ။ လွတ်လွတ်ကျွတ်ကျွတ်ယာ” လို့ ဦးမောင်အေးလှိုင်က ပြောပြပါရေ။

သူရို့ မိသားစုစွာ ဒေမတိုင်ခင်ကပင် စီးပွားရေးတိ လုပ်ကိုင်ခကေလေ့ အောင်မြင်မှုမရှိခဘဲ အကြိမ်ကြိမ်ကျရှုံးခပါရေ။ ဇာဖြစ်လို့လဲဆိုကေ ဒေါ်မြခွာညို၏ အနားမှာ အမျိုးသားဖြစ်သူ ရှိမနိန်ခလို့ပါ။ ရှိမနိန်ခဆိုစွာကလည်း အမျိုးသားဖြစ်သူ ဦးမောင်အေးလှိုင်က နိုင်ငံရပ်ခြားကိုလားပြီးကေ ဖေသာ ရှာနိန်ခလို့ပါ။

ဒေအကြောင်းအရာတိကို ဒေါ်မြခွာညို ပြန်ပြီးကေ ပြောပြစွာက “အိမ်ရှင်က ဥရောပဖက်ကို ပြန် ထွက်လားရေ။ သမီးချေတစ်ယောက်ရပြီးခါပါ့။ ၆ နှစ်ခွဲလောက် နိန်ခရေ။ သမီးအသက် ၂ နှစ် မှာ ထွက်လားစွာ။ ယင်းအချိန်မှာ တန်ဖိုးရှိရေ မြေတစ်ကွက်ကို ဝယ်နိုင်ခရေ။ စီးပွားရေးလုပ်ဖို့က ကျကေတော့ခါ အားနည်းရေ။ ယင်းကြောင့် သူပြန်ထွက်လားစွာ။ သူယင်းမှာ အမြဲတမ်းနိန်ခွင့်တိ အဆင်ပြေရေ။ မိသားစုကို ခေါ်လို့ရရေ။ ယကေလေ့ ယင်းမှာ မနိန်ချင်။ ကိုယ့် သားသမီး ကိုယ့်မိသားစုကို အလုပ်သမားအဖြစ် မမြင်ချင်။ ကိုယ့်သားသမီးကိုယ်လည်း တခြားလူမျိုးနဲ့ မိတ်ဆက်လားဖို့စွာကို ကြောင့်ကြရေ။ ယဉ်ကျေးမှုတိ ပျောက်လားဖို့စွာကို ကြောင့်ကြရေ။ သမီးကလည်း ငယ်သိမ့်ရေ။ စာသင်အရွယ် ခေါ်လိုက်ကေ အဆင်ပြေရေ။ အိမ်ရှင်မကိုလည်း ခေါ်ကေ အဆင်ပြေရေ။ ယကေလေ့ မခေါ်။ ကိုယ့်ဒေသကို ပြန်လာရေ။ ကိုယ့်ရခိုင်မှာ အခြေချရေ။ ကိုယ်တစ်ယောက်အဆင်ပြေကေ ကိုယ့်လူမျိုးအဆင်ပြေပိုင်ပါ့။ ကိုယ့်ကို မှီခိုဖို့သူတိ အဆင်ပြေရေ။ ရည်ရွယ်ချက်က ယင်းချင့်။ ယင်းကြောင့် ဒေမှာ အခြေချရေ။ နောက်ပိုင်းမှာက ပြောရဖို့ဆိုကေ အရေးအခင်းတစ်ခုနှစ်ခု ထပ်ကျရေ။ ဆိုကေ ထင်သလောက် အဆင်မပြေ။ နိုင်ငံခြားမှာ အခြေမချခ။ ပြည်မမှာလည်း အခြေမချခ။ ကိုယ့်ဒေသမှာ အခြေချခစွာ မှားများမှားလားယာလားလို့ တောင်ထင်ခရေ။ အဓိကက ပင်ပန်းခလို့။ ရုန်းခရရေ။ အဂုလည်း ရုန်းတုန်းပဲ ရှိသိမ့်ရေ။ အေချင့်ချေတစ်ခုက နည်းနည်းချေ။ အောင်မြင်ဖို့ လမ်းစလောက်ပါ့။ ရုန်းရင်းရုန်းရင်းနဲ့။”လို့ ဖြစ်ပါရေ။

သူရို့ နှစ်ယောက် အိမ်ထောင်ပြုဖြစ်ခစွာကလည်း စိတ်ဝင်စားစရာကောင်းပါရေ။ တစ်ယောက်ကို တစ်ယောက်တစ်ခါလေ့ မမြင်ဖူးခကေလေ့ မိဘတိ သဘောတူထားလို့ တစ်ယောက်ဘဝကို တစ်ယောက်လက်မှာအပ်နှံပြီးကေ ယုံယုံကြည်ကြည်နဲ့ အိမ်ထောင်ပြုခကပ်စွာပါ။ ဦးမောင်အေးလှိုင်က ပထမအကြိမ် အိမ်ထောင်မပြုခင်ကပင် တခြားဒေသတစ်ခုမှာ လားရောက်အလုပ်လုပ်ခစွာဖြစ်ပြီးကေ သူ၏ မျိုးချစ်စိတ်တိကြောင့် ကျရာနေရာမှာ အိမ်ထောင်မပြုဘဲ ကိုယ့်ရခိုင်ဒေသကိုလာပြီးကေ ကိုယ့်လူမျိုးကို လက်ထပ်ခစွာ ဖြစ်ပါရေ။ တင် တောင်းရေအခါမှာလည်း ယင်းခေတ်မှာ သူရှာလို့ရထားရေ ဖေသာတိနဲ့ ဒေါ်မြခွာညိုကို တင့်တင့်တယ်တယ် တင်တောင်းခစွာလို့ သူမက ရယ်ရယ် မောမောနဲ့ ဖွင့်ဟပြောပြပါရေ။

“သူက အသက် ၁၈ နှစ်ကနိန် အလုပ်လုပ်စွာ။ နိုင်ငံရပ်ခြားမှာ ဖေသာ လားရှာရေ။ ၁၀ နှစ်လောက် ပင်ပန်းခံပြီးကေ။ အိမ်ထောင်ပြုဖို့ အရွယ်ရောက်လာခါ ကိုယ့်ဒေသက ကိုယ့်မိဘတိဘားကိုပြန်လာရေ။ ပြီးကေ ကိုယ်နဲ့ သင့်တော်ဖို့ တစ်ယောက်ကို တင့်တင့်တယ်တယ် တင်တောင်းရေ။ တင်တောင်းပြီးကေ မိတ်ဆက်ရေ။ သူလည်း အကောင်းနဲ့ ကြည့်ရေ။ ကိုယ်လည်း အကောင်းနဲ့ ကြည့်ရေ။ တစ်ခါလေ့ မတွိ့ဖူး။ မမြင်ဖူးကေလည်း အဆင်ပြေရေ။ မိဘချင်း ဆွေးနွေးကပ်ရေ။ လက်မှတ်ထိုးဖို့နိမှာ သူက ရန်ကုန်ကနိန် ရောက်လာခရေ။ ယင်းခါက ကားအရောင်းအဝယ်တိ လုပ်နိန်ခရေလတ်။ ယင်းနိက ရောက်လာကေ လက်မှတ်ထိုးကပ်တေ။ တစ်ခါလေ့ မတွိ့ဖူးရေ လူတစ်ယောက်နဲ့ ချက်ချင်းလက်မှတ် ထိုးရေ။ ယုံကြည်မှုအပိုင်းနဲ့ပါ့။ ကိုယ်က ကောင်းနိန်ကေ လူလည်းကောင်းဖို့ဆိုရေ ရည်ရွယ်ချက်လေ။ ကောင်းစိတ်နဲ့ယာ ကြည့်ကေ အားလုံး ကောင်းလားစွာယာ။ အိမ်ထောင်ကျလို့ပြီးကေ သမီးချေ တစ်နှစ်ကျော်လောက်မှာ လမ်းထက်က မြေချေတစ်ကွက် ဝယ်ခပြီးကေ ပြန်ထွက်လားစွာ။ ၆ နှစ်ကို လုံးဝပြန်မလာ။ သူ့မှာ ရည်ရွယ်ချက်က ပြန်လာဖို့။ အခြေချဖို့ဆိုရေ ရည်ရွယ်ချက် ဖြစ်ရေအတွက်နဲ့ ၆ နှစ်ခွဲတောက်လျှောက် တစ်ခေါက်ချေတောင် ပြန်မလာခ။ စုစရာရှိစွာစုရေ။ ရသမျှ ဖေသာကို ပို့ပီးရေ။ ယင်း ဖေသာတိုကို သူတပြားလေ့ မသုံး။ ရသမျှဖေသာကို ပို့လိုက်စွာယာ။ ယုံယုံကြည်ကြည်နဲ့ ပို့လိုက်စွာယာ။ အိမ်က လူက လုပ်ချင်စွာ လုပ်ထားပတ်စီ။ အိမ်ရှင်မဖြစ်ရေ အရီးကလည်း ပထမဆုံးရရေ ဖေသာနဲ့ အေမြေကို ဝယ်စွာ။ ပထမဆုံး ပို့လိုက်ရေ ဖေသာနဲ့ တစ်ခြား မမတိပိုင် ရွှေဝယ်စွာ မဟုတ်။ အေမြေကို အယင်ဆုံးဝယ်စွာ။ လုပ်ငန်းလုပ်ဖို့ဆိုရေ ရည်ရွယ်ချက်နဲ့ မြေကွက်အကျယ်။ လမ်းကောင်းဖို့ နေရာ။ အေချင့်က မင်းဂံအကွက် ၁၄ ကျရေ။ အကွက် ၁၊ ၂ တိမှာ လမ်းမကောင်း။ မြေကွက်အကျယ်မရှိ။ ယချင့်နဲ့ ရွီးချယ် လိုက်စွာ။ ဘာဘာက ရှာပီးရေ။ မိဘကျေးဇူးနဲ့လည်း ဒေနေရာကို ရလာခစွာ။ ကိုယ်လိုက်ရှာလို့ မရခ။ ဘာဘာကျေးဇူးနဲ့ ရရေ။ ဘာဘာက မိတ်ဆွေတစ်ယောက်နဲ့ လားတွိ့ရေ။ အယင်ဆုံးဝယ်ရေ မြေပါ့။ ဝယ်ထားစွာ ၁၅ နှစ်လောက်ရှိယာ။ အဂုမှ အသုံးဝင်စွာ။ အသုံးမဝင်ဘဲနဲ့ မနည်းကြာလားယာ။”

အဂုအချိန်မှာတော့ခါ သူရို့နှစ်ယောက် ရွီးချယ်ခကပ်တေ လမ်းဆိုစွာ မှန်ကန်နိန်လို့ အဆင်ပြေနိန်ကပ်ယာ ဖြစ်ပါရေ။ ယကေလေ့ သူရို့၏ အကောင်းမြင်တတ်တေ စိတ်ကြောင့် အမှားပါကေလေ့ ထွက်ပီးဖို့သူတိ မဟုတ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိရေ သူတိ ဖြစ်ပါရေ။

“ကိုယ်လားခ၊ လာခရေ နိန်ရာတိမှာ ကိုယ်လည်း လုပ်ခဖူးရေ။ ကိုယ်တတ်စွာချေကို စမ်း လုပ်ကြည့်စွာ။ အဓိကတော့ခါ အေချင့်ဆိုစွာ အနုပညာလုပ်စွာလို့ ကိုယ့်စွာကိုယ်ခံစားရေ။ စိတ်ထဲမှာ ပေါ်လာစွာကို ချလို့လုပ်နိုင်ရေ။ လုပ်ကေရရေဆိုစွာကို ကိုယ်က လုပ်တေပါ့။ ကိုယ့်တတ်စွာကို ကိုယ်လုပ်စွာပဲ။ အမှားပါကေလေ့ ပါဖို့။ ကိုယ့်ထက်သိရေ လူတိပြောစွာလည်း ဝေဖန်ပြောစွာကိုလည်း လက်ခံရဖို့ပါ့။ တတ်လွန်းအားကြီးလို့ လုပ်စွာလည်း မဟုတ်။”

 653 total views,  1 views today