ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

ရခိုင်ပြည်နယ်က ထူးခြားရေ တောင်တစ်တောင်ကို ပြပါလို့ဆိုလာကေ တောင်ညိုတောင်ကို ပြရပါလိမေ။ ၂၂၄ ပေမြင့်ပြီးကေ တစ်မိုင်ကျော်ကျော်လောက် ရှည်လျားရေ ယင်းတောင်ကို ဇာဖက်ကပင်ဖြစ်ဖြစ် ကြည့်လိုက်ကေ ကြည့်လိုက်တေဖက်က အလျားလိုက်ပုံသဏ္ဍာန်အနေအထားတွိရဖို့ ဖြစ်ပါရေ။

ပေါက်တောမြို့ အနောက်ဘက် ၄ မိုင်ခန့်ကွာဝီးရေ နရာမာရှိရေ တောင်ညိုတောင်ရေ အရင်ကတော့ခါ ကျောက်ထရံအဆင့်ရာ ရှိခစွာဖြစ်ကေလေ့ ရခိုင်ဘုရင်မင်းဗာလက်ထက်မာတော့ကေ ကျောက်ထရံကို ဖောက်ထွင်းပနာ ဂူပေါက်ပြုလုပ်ဗျာလ် ဂူထဲမာ ဗုဒ္ဒဆင်းတုတော်တိတည်ထားကိုးကွယ်ခစွာ ဖြစ်ပါရေ။

“ဒေတောင်က နွားလားဥဿပတောင်ဆိုခါ ဇာဖက်ကပင်ကြည့်ကြည့် မြင့်မိုရ်တောင်ကို ဒေတောင်က ဦးမချလတ်။ ငါလေ့တောင်ညို၊ မင်းလည်းမြင့်မိုရ်။ ဇာလို့လဲဆိုခါ မြစ်ရို့မည်သည်မာ တောင်နဲ့ မြောက်ကိုဆုံရေ။ တောင်ရို့မည်သည်မာလေ့ တောင်နဲ့ မြောက်ကိုဆုံရေ။ ဒေတောင်ကကျခါ ဟိုဖက်ကကြည့်ကေလေ့ အလျားလိုက်။ ဒေဖက်ကကြည့်ကေလေ့ အလျားလိုက်။ နွားလားဥဿပတောင်လို့လေ့ခေါ် ရေ။ ဖီလာတောင်လို့လေ့ခေါ်ရေ။”လို့ တောင်ညိုဘုရားကျောင်းတိုက်၊ လက်ရှိ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန ္တသိရိတဇက မိန့်ပါရေ။

တချို့သမိုင်းမှတ်တမ်းတိအရ မင်းဗာဘုရင်ရေ ဘင်္ဂါ ၁၂ မြို့ကို သိမ်းပိုက်နိုင်ခပြီးရေ နောက်မာ စစ်တိုက်ဖို့လားရေခါ စခန်းချခရေ ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာမာ ကနဦးဂူထွင်းပြီးကေ ဘုရားတည်ခစွာလို့ ဆိုပါရေ။ ယင်းနောက် ရခိုင်ပြည်အတွင်း ဆက်လက် ထွင်းဖောက်လိုရေ ဆန္ဒရှိရေတွက်နန့် ကျောက်ထရံရှိရေ အရပ်ဒေသတိကို လိုက်လံရှာဖွေခါ မင်းသားဘဝမာ တာဝန်ထမ်းဆောင်ခဖူးရေ တောင်ရင်းကျွန်းက တောင်ညိုတောင် ကျောက်ထရံကို တွိရှိခစွာကြောင့် ကျောက်ထွင်းအရာမာ ထူးချွန်ထက်မြတ်တေ လက်သမားတိကို ခေါ်ယူပနာ ဂူထွင်းပြီးကေ ဘုရားတည်ဖို့ ညွှန်ကြားခစွာ ဖြစ်ပါရေ။

လက်ရှိအနေအထားအရ မြေပြင်နန့် ပေ ၄၀ မြင့်ရေနရာမာ ဂူပေါက် ၄၂ ပေါက်နန့် ဆင်းတုတော်ကြီးငယ် ၅၈ ဆူရှိပါရေ။ ယင်းအထဲက အရှိဘက်အကျဆုံးနဲ့ အမြင့်ဆုံး ဂူပေါက် ၂ ပေါက်ကိုနဲ့ ဘုရားတချို့ကိုရာ မင်းဗာဘုရင်၏ လမ်းညွှန်ချက်နန့် တည်ထားခစွာဖြစ်ပြီးကေ ကျန်ရေဂူပေါက်တိနန့် ဆင်းတုတော်တိကို စိတ္တလင်္ကာလက်သမားငါးရာရို့တည်ခစွာလို့ ဆိုကတ်တေပိုင် နောက်ပိုင်း အင်္ဂလိပ်အစိုးရ အုပ်ချုပ်စိုင် ကာလမာလေ့ ထပ်မံမွန်းမံ ဖောက်ထွင်းခကတ်စွာလို့ သိရပါရေ။

“စိတ္တလင်င်္ကာလက်သမား ၅၀၀ ရခိုင်ရာဇဝင်။ ရှိဟောင်းကျောက်ခိုက်လက်ရာမပြိုပျက်အောင်၊ နောက်အနာဂတ်လူငယ်လူရွယ်တိ တောင်ရင်းကျွန်းမှာ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမာ ဘာသာရေးကွဲရင် အကုန်လုံးကွဲယာ။ ယင်းတွက်နန့် ရှိခေတ်က လူတိက အမြော်အမြင်ရှိလို့ တောင်ညိုဘုရားကို တောင်ရင်းကျွန်းတခိုကောင်းမှုကုသိုလ် သူစီငါစီတတ်နိုင်အားလျော်စွာ လုပ်ကတ်ပါစီ ဆိုပြီးကေ မှည့်ထားစွာတစ်ခု။”

အေဒီ ၁၅၃၁ ကနီ ၁၅၅၃ ထိ ၂၂ နှစ်ကြာ နန်းစံခပြီးကေ ရခိုင်သမိုင်းမာ ထင်ပေါ်ကျော်ဇောခရေ မင်းဗာဘုရင်ရေ တောင်ညို အပါအဝင် တောင်ရင်းကျွန်းတခွင်က ကြိမ်ခွေမော်ကျေးရွာနန့် နတ်တောင်ပြင်ကျေးရွာရို့မာလေ့ ဂူထွင်းပနာဆင်းတုတော်တိ တည်ထားကိုးကွယ်ခ ရေလို့ ဆိုပါရေ။

ရခိုင်ပြည်နယ်အတိုင်းအတာမာဆိုကေတော့ခါ မင်းဗာဘုရင်လက်ထက်မာတည်ခရေ ဂူပေါင်းများစွာရှိပြီးကေ တောင်ရင်းကျွန်းတခွင်မာ ဆိုကေ ဒေတောင်ညိုဂူရေအကြီးဆုံးလေ့ ဖြစ်ပါရေ။

မြေပြင်ကနီ ဂူကို လဂ ၅၂ ထစ်တက်ရပါရေ။ ဂူဝ၏ အတွင်းအပြင်မျက်နှာပြင်တိမာ ရှိခေတ်က အဝတ်တန်ဆာရို့ ဝတ်ဆင်ထားရေ လူရုပ်ပုံတိကိုသော်လည်းကောင်း၊ ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွတိနန့် နဂါးရုပ်၊ ဒေါင်းရုပ်၊ ခြင်္သေ့ ရုပ်တိနဲ့ ထုတ်တန်းပုံ၊ ပန်းကွက်ပုံတိကိုလေ့ တွိရပါရေ။ ထူးခြားရေအချက်တစ်ခုကတော့ခါ ဂူနံရံအတွင်းထုဆစ်ထားရေ ပလ္လင်ခုံတန်း တိမာ ကျောက်ဆင်းတုတော်တိကို တင်ထားစွာ မဟုတ်ဘဲ တစ်ဆက်တည်းဖြစ်နီစွာပါ။

“ကျောက်ထရံကို ရှိခေတ်ကလူတိက အမြော်အမြင်ပညာကြီးရေ။ ရခိုင်ပြည်မာက ကျောက်ခိုက်လက်ရာထွန်းကားရေခိုက်ဖြစ်တေ အမြော်အမြင်ပညာရှင်တိက ကြားရေ။ ကြားခါ လာပြီးကေ ယင်းကျောက်ကို ဖောက်တေ။ ဖောက်ပြီးကေ ပလ္လင်လုပ်တေ။ ပြီးခါ အထက်က တဇာပလာ နက္ခတ်ပါ၊ ပဒ်ပါလုပ်တေ။ ပြီးခါ ဘုရားကိုပါ တခါတည်း ယင်းကျောက်နဲ့ ထုဆစ်လိုက်တေ။ ကျောက်၊ ပလ္လင်၊ ပြဿဒ်တိကိုလေ့ အားလုံးယင်းအထဲက ထုတ်ထားစွာ။”

ကျောက်ရံကို ဂူမထွင်းခင်အချိန်ကပင် တောင်အောက်မာ တောင်ညိုရွာရေ ရှိပြီးသားဖြစ်တေပိုင် တောင်ထက်မာလေ့ မင်းဗာဘုရင်မင်းမြတ် မတိုင်ခင် ဘုရင်မင်းစောမွန်က စေတီတချို့ကို တည်ထားကိုးကွယ်ထားပြီးသားလို့ ဆိုကတ်ပါရေ။ တောင်ညိုတောင်၏ အရှိမြောက်ဖက်ရှိ ပါးကျိတ်တော်စေတီတော်မြတ်ရေ သမိုင်းဝင်ဖြစ်ပြီးကေ ဗုဒ္ဓဘုရားရှင် ဓညဝတီကို ကြွရောက်တော်မူခါ မဟာမုနိအပါအဝင် ဓာတ်တော်စေတီ ၂၄၈ ဆူအနက် ဗျာဒိတ်ဝင်စေတီတစ်ဆူလေ့ ဖြစ်ပါရေ။ ယင်းအပြင် တောင်ညိုတောင်မာ စေတီစုစုပေါင်း ၉ ဆူကိန်းဝပ်လျက်ရှိခကြောင်းလေ့ သိရပါရေ။

နောက်ပြီးကေ တောင်ညိုတောင်တန်းတလျှောက်မာ ဆီးပင်ဝါးပင်တိလေ့ ပေါက်ရောက်လျှက်ရှိကြောင်း ပြောစမှတ်ပြုကတ်ပါရေ။

“နံစိမ်းနံခေါ်လို့တမျိုး၊ ရွက်နုလို့တမျိုး၊ နံစိမ်းပင်တိတော့ မြင်ရေ။ ရွက်နုပင်တော့ခါ မမြင်။ မြေပုံက လူတစ်ယောက်ရောက်လာရေ။ ဆီး လာရှာရေလတ်။ ညာဏစက္ကကျောင်းမာတည်းရေ။ ဆရာတော် ဆီးပင်လာကြည့်စွာလတ်။ သူ့မာပါလာရေ ကျမ်းမာ ဇာပိုင်ပါလဲဆိုကေ သဝင်ချောင်းချောင်းကို ချောင်းဇုံချောင်းလို့ပါရေ။ သဝင်ချောင်းရွာဘေးက ချောင်းဇုံချောင်းရှိ၏။ ချောင်းဇုံချောင်းမြောက်ဖက်က တောင်ညိုတောင်ရှိ၏။ တောင်ညိုတောင်အောက်က ရတွင်းတတွင်းရှိ၏။ ရတွင်းအထက်က ကျောက်မီးတွင်းရှိ၏။ ကျောက် မီးတွင်းနားက ရွက်နီပင်ရှိ၏။ ဆိုပြီးသင့်ကေ ပါရေ။ ဆရာတော်က ဟိုဖက်ချေပင်နားမာ တွင်းရှိရေ။ အခုတော့ခါ မရှိယာ။ ခြင်္သေ့လေ့ မရှိယာ။ တကာကြီးတယောက်လားပြဖို့ခိုင်းလိုက်ခါ တစ်ခုလေ့ မဟိမ့်ယာလတ်။ ကျောင်းကိုပြန်ရောက်လာရေ။ ယင်းချင့် အသူရှာခိုင်းစွာလဲမီးခါ ဘုန်းကြီးရှာခိုင်းစွာလတ်။ ဦးဇင်းကပြောလိုက်တေ။ သူ့ကိုလွှတ်လိုက်လို့။ ဇာလို့လဲဆိုခါ ယင်းအပင်ကိုရဖို့အတွက် နတ်ကိုနိုင်ရေ ဆီးလိုရေ။”

ရခိုင်ပြည်ကို မြန်မာဘုရင်ဘိုးတော်မောင်ဝိုင်းက ဝင်ရောက်သိမ်းပိုက်ရေခါ ရခိုင်ပြည်အနှံ့အပြားက ရခိုင်သူ၊ ရခိုင်သားရို့ရေ အိန္ဒယ နယ်ထဲကို တိမ်းရှောင်လားကတ်တေလို့ ဆိုပါရေ။ ယင်းနောက်ပိုင်း မြန်မာပြည်ကို ဗြိတိသျှက အနိုင်ရလားချိန်မာတော့ကေ ခိုအောင်းနီကတ်တေ ရခိုင်ပြည်သူရို့က ပြန်လည်ဝင်ရောက်လာကတ်စွာ ဖြစ်ပါရေ။ ယင်းအထဲမာ ရမ်းဗြဲသားတချို့လေ့ တောင်ညိုရွာမာဗျာလ် အခြေချနီထိုင်ခကတ်စွာကြောင့် ပေါက်တောမြို့နယ်က တောင်ညိုရွာသားတိရေ ရမ်းဗြဲသားစကား ပြောဆိုကတ်စွာလို့ မှတ်သားရပါရေ။

နောက်ပြီးကေ ဒေရွာတိနန့် ပတ်သတ်လို့ ရာဇဝင်လိုလို ပုံပြင်လိုလို ပြောစမှတ်ပြုကတ်တေ ကိစ္စရပ်တိလေ့ ရှိနီသိပါရေ။

“အဝကန်ရွာမာ ဒုံချောင်းဆိုစွာ တောင်ညိုချောင်း။ တောင်ညိုရွာကို ဝင်ရေချောင်းလို့ ပြောရေ။ ယပိုင်ဆိုခါ ခရီးသည်တိရောက်ပါလတ် တေခါ ခရီးသည်တိက ဝန်တိ၊ ဆန်တိရောင်းရောင်းခါ တစ်ယောက်က အကြွေးဝယ်ထားရေလတ်။ ဖဲသာမပီး။ ဆိုခါ သူကအတတ်ပညာ တတ်တေအတွက်နန့် ပြုပခရေ။ ယေခါ တစ်ယောက်ပြီးတစ်ယောက်သီရေ။ သီရေဆိုခါ ရွာပျက်လားရေ။ ဟိုရွာပြောင်း၊ ဒေရွာပြောင်း ပြောင်းလားကတ်တေ။ ကျန်ခရေလူတိက ဟိုဖက်ချောင်းကမ်းနားက အောက်ရွာမာနီရေ။ ယင်းရွာမာလေ့ လူမစည်ပြန်ယာ။ အရင်က အခုတည်နရာမာ မဟုတ်။ မသမာလူကြောင့် ပျက်စီးလားခါ ကရားငါးပါးဖြစ်လားစွာ။ ဒေရွာက လူစွမ်းကောင်းထွက်တေလို့လေ့ ဥဇင်းက သိရေ။ ဇာလို့လဲဆိုကေ ဒေရွာမာက ကျွန်းရှင်မ၊ တောင်ညိုရှင်မရှိရေ။ တောင်ညိုမာ လူစွမ်းကောင်းထွက်တေလို့တော့ခါ အထက်ထက်ကပင် လူကြီးသူမတိပြောစာ ကြားဖူးရေ။”

ဒေနောက်ပိုင်း တောင်ညိုဂူကို တချို့ပုဂ္ဂိုလ်တိက ထူထပ်လှရေ တောတောင်တိကို ခုတ်ထွင်ရှင်းလင်းပနာ ဂူတိကိုပြုပြင်မွန်းမံခကတ် စွာဖြစ်ပါရေ။ ဒေပိုင်နန့် ဂူကို အလွယ်တကူတက်ရောက်ဖူးမျှော်နိုင်အောင် လဂထိုက်တလုပ်၊ အနီးအနားက စေတီတိကိုပြုပြင်မွမ်းမံပြီး ကေ စနစ်တကျပြုလုပ်လာခကတ်စွာ ဖြစ်ပါရေ။ ယင်းနယ်တဝိုက်က ကျေးရွာဒေသခံတိ စုပေါင်းပနာ ဘုရားဝေယျာဝစ္စတိအတွက် ဂေါပကအဖွဲ့ကို ဖွဲ့စည်းခပြီးကေ လိုအပ်စွာတိကို ဆောင်ရွက်ဗျာလ် ပွဲလမ်းသဘင်တိကိုလေ့ စဉ်ဆက်မပြတ်ကျင်းပလာနိုင်ခပါရေ။

ဗုဒ္ဓဘုရားရှင်ကို မွီးဖွားခါကနီ ပရိနိဗ္ဗာန်ပြုချိန်ထိ ဗုဒ္ဓဝင်ခန်းတိလေ့ ရှိနီခပြီးကေ ဘုရားကျောင်းကန်တိပျက်စီးလားချိန်မာတော့ခါ ယင်း ဗုဒ္ဓဝင်ခန်းတိကို သဝင်ချောင်းကျေးရွာက ဘုန်းကြီးကျောင်းမာ ပို့ထားရပြီးကေ ပြန်လည်ယူဆောင်လာကေ ထားရဖို့နရာမရှိသမ့်လို့ အ ခက်ခဲဖြစ်နီရေလို့ ဆရာတော်က ပြောပြပါရေ။

“ဒေတောင်ညိုဆိုစွာ ကျောင်းကြီးကန်ကြီးနန့် သမိုင်းဝင်နရာကို။ ဗုဒ္ဓဝင်အခန်းတိရှိရေ။ ဗုဒ္ဓဝင်ခန်းက ကျောင်းတိကန်တိပျက်စီး လားခါ သဝင်ချောင်းကျောင်းမာပဲ ရှိနီရေ။ ဘုရားဖွားရေအချိန်ကနီ ပရိနိဗာန်ပြုအောင်ထိ သစ်သားနဲ့ ထုထားစွာတိရှိရေ။ တောင်ညိုရေ ဟိုဖက်က ကုန်တန်းမာလို့ ပြောရေ။”

“ဗုဒ္ဓဝင်ခန်းရေ သဝင်ချောင်းကျောင်းမှာ ရှိနီရေ။ ဗုဒ္ဓဝင်ခန်းကို ယူဖို့၊ ထားဖို့နရာလိုရေ။ ဇာလို့ဆိုကေ အပရိဟာနယျတရား ၇ မျိုးမာ ရှိဟောင်းဘုရားဗုဒ္ဓဝင်ခန်းဖြစ်ဖြစ်။ တစ်ခုခုဖြစ်ဖြစ် သူများနရာကို ရောက်လားကေ ကိုယ့်နရာကို ပြန်လို့ယူရဖို့။ ယပိုင်ဆိုင်ကေ ကိုယ် ရို့အတွက်လေ့ ကောင်းကျိုးရှိရေ။ နောက်အနာဂတ်အတွက်လေ့ ကောင်းကျိုးချမ်းသာဖြစ်လားမေ။ အခု ယင်းဗုဒ္ဓဝင်ခန်းရေ သဝင်ချောင်းကျောင်းမာ ပျက်စီးလို့ ရှိနီရေ။ သဝင်ချောင်းရွာကလူတိကလေ့ ကိုယ့်ကျောင်းကစွာ မဟုတ်လို့ မလုပ်။”

ဆရာတော်ကတော့ လက်ရှိမှာ ပရဝုဏ်အတွင်းကို ခြံစည်းရိုးကာလို့မရှိရေတွက် ရကန်တိကို ကျွဲ၊ နွားတိ ရီဝင်သောက်စွာ၊ ဘုရားကိုလာ ပြီးကေ သောက်စားမူးယစ်စွာတိကို တားမြစ်ဖို့အတွက် သာသနာမြေကို ပိုင်ဆိုင်ခွင့်ပြုလုပ်ဖို့ အရေးတကြီးလိုအပ်နီရေလို့ ပြောပါရေ။

“ဦးဇင်းကတော့ခါ လိုအပ်တေလို့ ထည့်မပြော။ ဇာလို့လဲဆိုကေ အလှူရှင်ကဏ္ဍဖြစ်လို့ ဇာလှူချင်လဲ။ အခုစေတီ ၅ ဆူရှိသိမ့်ရေ။ အဓိက အရေးကြီးစွာက သာသနာမြေကို သာသနာပိုင်ဆိုင်ခွင့်။ သူများနဲ့လေ့ အန္တရာယ် မဖြစ်အောင်၊ ရဟန်းသင်္ဃာတိကလေ့ အကုသိုလ် မဖြစ်အောင် လွတ်လွတ်လပ်လပ်။ အခုဆိုကေ ရီကန်တိမာလေ့ နွားဝင်လို့။ လာရေလူတိကလေ့ အရက်သောက်လို့၊ ကလို့ခုန်လို့ဆိုကေ ဘုရားနဲ့မသင့်လျော်၊ သဟဇာတမကျ။ ကိုယ့်ဖက်ကလေ့ စည်းမလုံခါ ဦးဇင်းကလေ့ မပြော။”

 636 total views,  1 views today