ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

တချိန်က ရခိုင်ပြည်၏ မင်းနေပြည်တော်အဖြစ်တည်ရှိခရေ မြောက်ဦးက ယဉ်ကျေးမှုအမွီအနှစ်တိကို မှီခိုဗျာလ် ခရီးလားလုပ်ငန်းတိကို အေဂျင်စီတိနဲ့သော်လည်းကောင်း၊ အလွတ်တန်းအနီနဲ့ သော်လည်းကောင်း လုပ်ကိုင်နီရေလူတိ အများအပြားရှိပါရေ။ ရခိုင်ပြည်နယ် အတွင်း စစ်ရေးပဋိပက္ခတိ ပြင်းပြင်းထန်ထန် ရှိလာချိန်မှာတော့ မြောက်ဦးကိုလေ့ ကူးစက်လာပြီးကေ နိုင်ငံခြားသားတိကို ခရီးလားဝန် ဆောင်မှုပီးနီရေ လုပ်ငန်းတိရေ လုံးဝအလုပ်မဖြစ်ကတ်ပါယာ။

ဒေအခြေအနေမှာ ခရီးလားဧည့်လမ်းညွှန်အဖြစ်လုပ်ကိုင်ရပ်တည်နီသူတိ၊ ခရီးလားလုပ်ငန်းလုပ်ကိုင်သူတိအနေနဲ့ ဇာလောက်အတိုင်းအ တာထိ နစ်နာမှုတိ ရှိနီလဲ။ မြောက်ဦးကို ယူနက်စ်ကိုဝင်ဖို့ ကြိုးစားနီဆဲဆဲမှာ ဖြစ်လားရေအတွက် သူတရဲ့ မျှော်မှန်းချက်တိက ဇာလော က်ထိ မှေးမှိန်လားရလေ။ လက်ရှိမှာ ဇာပိုင်ရပ်တည်နီကတ်လေစသဖြင့် အကြောင်းအရာတိကို ဧည့်လမ်းညွှန်လုပ်ကိုင်နီရေလူတိနဲ့ မြေ ာက်ဦးမြို့ကို လားရောက်မီးမြန်းဗျာလ် တင်ဆက်ပီးထားပါရေ။

ခရီးလားလုပ်ငန်းနဲ့ ပတ်သတ်လာကေ ရခိုင်ပြည်နယ်မှာ နေရာများများစားစားမရှိပါ။ တောင်ပိုင်းမှာဆိုကေ ကမ္ဘာ့အကောင်းဆုံးစာရင်း ဝင်ရေ သံတွဲမြို့က ငပလီကမ်းခြီနဲ့ မြောက်ပိုင်းမှာဆိုကေ ကမ္ဘာ့ယဉ်ကျေးမှုအမွီအနှစ်စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းနီရေ မြောက်ဦးရို့ရာရှိစွာ ပါ။

ပြီးခရေ ၂၀၁၉ ဒီဇင်ဘာလကနီ မြန်မာနိုင်ငံထဲက နေရာ ၅ ခုကို နိုင်ငံခြားခရီးလားဝင်ရောက်မှုကို အစိုးရက ပိတ်ပင်ခပါရေ။ ယင်းထဲမာ မြောက်ဦးလေ့ ပါဝင်ပါရေ။ မြို့နေလူဦးရေ၏ ၆၀ ရာခိုင်နှုန်းလောက်က နိုင်ငံခြားသားခရီးလားဝင်ရောက်မှုအပေါ် မူတည်ပနာ ရပ်တည် လုပ်ကိုင်စားသောက်နီကတ်တေလို့ ဆိုကေလေ့ ဒေလုပ်ငန်းကို လုံးလုံးကြီး မှီခိုအားထားနီသူတိက ဧည့်လမ်းညွှန်တိ ဖြစ်ပါရေ။

“ကျနော်ရို့ ရခိုင်ပြည်နယ် စစ်တွေမှာ Tourist Guide တိရှိရေ။ သံတွဲမှာရှိရေ။ သံတွဲကတော့ ကျနော်ရို့နဲ့ အလှမ်းဝီးရေ။ စစ်တွေရှိရေ။ အထူးသဖြင့် မြောက်ဦးမှာရှိပါရေ။ Tourist Guide အများစုက Tourism အပေါ်မှာ မူတည်ပြီးကေ ရပ်တည်ကတ်တေ။ နိုင်ငံခြားသား တိ ဝင်ရောက်မှု မရှိဆိုစွာနဲ့ သူရို့လေ့ ပြတ်လားရေ။ စီးပွားရေးအလားအလာ မကောင်းလို့ တိုက်ရိုက်ပြောလို့ရရေ။ သွယ်ဝိုက်ရေနည်း တောင် မဟုတ်ယာ။ Tourist Guide တိက အထူးသဖြင့် Agency တိ၊ Agent တိလေ့ လုံးဝအလုပ်မဖြစ်။ Agency တိကိုမှီခိုလို့ လုပ်နီ ကတ်တေ Tour Guide တိ လုံးဝရပ်တန့်လားရေ။ Tourism နဲ့ပတ်သတ်လို့ ပြောရဖို့ဆိုကေ မြောက်ဦးကို ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၊ ၂ လပိုင်း အများဆုံးပေါ့။ ၆ လလောက် အလုပ်ဖြစ်တေ။ ကျနော့်အတွက် Personality မဟုတ်။ အခြား Tour Guide တိအတွက်ပါ လုံးဝအလုပ်မ ဖြစ် ဖြစ်လားရေ။ တစ်လနီလို့ ကျနော်ရို့ Tourism က ဝင်ငွေတစ်သောင်းလေ့ မဟိမ့်၊ နှစ်သောင်းလေ့ မဟိမ့်ယာ။ ယင်းအခြေနေဖြစ် လားရေ။”လို့ ကိုထွန်းနေဝင်းက ပြောပြပါရေ။


အလွတ်တန်းဧည့်လမ်းညွှန်တစ်ဦးဖြစ်တေ ကိုထွန်းနေဝင်းဟာ ဒီလုပ်ငန်းကို ၂၀၀၆ ခုနှစ်လောက်ကတည်းက လုပ်ကိုင်လာသူဖြစ်ပြီး လ က်ရှိမှာ သူတို့ကြုံနီရရေ အခက်ခဲတိကို အခုပိုင် ပြောပြလာစွာပါ။ အနောက်နိုင်ငံတိက ကမ္ဘာ့လှည့်ခရီးသွားဝင်ရောက်လည်ပတ်မှုက မိုး ကုန်လို့ ပွင့်လင်းရာသီရောက်တေ နိုဝင်ဘာလကနီ နွေရာသီမကုန်ခင် အချိန်ထိ ၆ လလောက်ရာ ရှိစွာဖြစ်ပါရေ။

မြောက်ဦးကို ပြည်ပခရီးသွားဝင်ရောက်မှု ၂၀၀၈ ခုနှစ်မှာ အစိုးရက တရားဝင် ခွင့်ပြုခစွာလို့ ဆိုကေလေ့ ယင်းမတိုင်ခင်ကတည်းကနီဝင် ရောက်မှုရှိနီခပါရေ။ ယင်းနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း တချို့ပဋိပက္ခတိကြောင့် မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်က ဒေသတချို့ ကို လား၊ လာခွင့် ပိတ်တစ်ခါ၊ ဖွင့်တစ်လှည့်နဲ့ အကြိမ်အရေတွက်တောင် မနည်းပါယာ။

ကိုနေလင်းက “အခုက စားဝတ်နေရေးတောင် အဆင်မပြေဖြစ်နီရေ။ ကျနော်ရို့မှာ တစ်ခြားလုပ်ငန်းတိကို ပြောင်းလုပ်ဖို့ဆိုကေလေ့လိုင်း မတူ။ NGO ရို့ကိုပေါ့။ တချို့ကလေ့စဉ်းစားရေ။ Guide တိဆိုကောင်းမခန့်ချင်ကတ်။ ဆိုခါ NGO မှာလေ့ လျှောက်လို့မရ။ တိုက်ပွဲမဖြစ် စွာတော့ ပိုကောင်းရေပေါ့။ နိုင်ငံခြားသားတိလာအောင်။ ကျနော်တစ်ယောက်တည်း မဟုတ်။ Tourism မှာ လုပ်နီရေလူအားလုံး အခက် ခဲရှိနီရေ။ အဆင်မပြေ။ ကျနော်ရို့မှာက ဒေချင့်ရာ အားကိုးလို့ လုပ်နီရစွာ။ သူများတိပိုင်လေ့ တစ်ခြားအလုပ်တိ မဟိမ့်။”လို့ ဆိုပါရေ။

ကိုနေလင်းရေ ရသေ့တောင်ဇာတိ ဖြစ်ကေလေ့ ဒေလုပ်ငန်းအပေါ်စိတ်ဝင်စားမှုကြောင့် မြောက်ဦးမြို့ကို ပြောင်းရွှိလာပြီးကေ ဟိုတယ် ဝန်ထမ်းအဖြစ် စတင်ဝင်ရောက်ပနာ အင်္ဂလိပ်စာနဲ့ ဧည့်လမ်းညွှန်သင်တန်းတိကို တွဲဖက်သင်ယူလေ့လာရင်း ဒေနယ်ပယ်ထဲကိုဝင်ရော က် ခသူပါ။

လက်ရှိမှာတော့ခါ သူလေ့ အခက်ခဲဖြစ်နီစွာပါ။ ၂၀၁၂ ခုနှစ်အလွန်မှာ ရခိုင်ပြည်နယ်အတွင်းကို ခရီးသွားဝင်ရောက်မှုကို ပြန် လည်ခွင့်ပြုခရေ ယင်းနောက်ပိုင်း ၂၀၁၃၊ ၂၀၁၄ ခုနှစ်တိမှာ မြောက်ဦးယဉ်ကျေးမှုဒေသအတွင်းကို ဝင်ရောက်မှုများပြားခရေလို့ ခရီးလား လုပ်ငန်းလုပ်ကိုင်နီသူတိက ပြောပါရေ။

ဒေပိုင်နဲ့ ၂၀၁၇ ခုနှစ်ကိုအရောက်မှာတော့ခါ ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း ARSA လက်နက်ကိုင်တိုက်ခိုက်မှုပေါ်လာပြီး အစိုး ရက လုံခြုံရေးအာမခံချက် မရှိဘူးဆိုပြီးကေ ပြန်လည်ပိတ်ပင်ခစွာ ဖြစ်ပါရေ။ ခရီးလားလုပ်ငန်းလုပ်ကိုင်သူတိကတော့ အဆိုပါဖြစ်စဉ်တိ အတွင်းမှာ ပဋိပက္ခနယ်မြေနဲ့ မြောက်ဦးနဲ့ ပတ်သတ်မှုမရှိကြောင်းကို အစိုးရအနေနဲ့ ရှင်းရှင်းလင်းလင်းထုတ်ပြန်ခသင့်ရေလို့ ပြောဆိုက တ်ပါရေ။

“ကျနော်ရို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ရို့မှာဖြစ်လားရေ ပဋိပက္ခတိမှာ မူဆလင်နဲ့ စစ်တပ်နဲ့ဖြစ်တေ ကဏ္ဍမှာ မြန်မာနိုင် ငံမှာရှိရေ နိုင်ငံတကာ သံရုံးတိက သော်လည်းကောင်း၊ မြန်မာနိုင်ငံ အစိုးရကသော်လည်းကောင်း သိသာမြင်သာရေ ထုတ်ပြန်ချက်တိ ကို ကျနော်တို့ မတွိ့ရသိ။ ဇာလို့့လဲဆိုကေ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဟာ မြောက်ဦးနဲ့ မိုင်ဇာလောက်ကွာဝီးရေဆိုစွာကို တိကျရေ အဖြေတခုမပီး။ အခုပိုင်ဖြစ်နီစွာရေ မြောက်ဦးကို ရခိုင်ကို ကိုယ်စားပြုပြီးကေ Very Dangerous Place သတ်မှတ်ထားရာ ေ ရာက်တေ။ သံရုံးတိက ထုတ်ပြန်ရေအခါမှာ ရခိုင်ပြည်ကိုမလားကေ့ ဒေပိုင်ပြဿနာရှိရေ။ ဒေပိုင်မျိုးတိက ကိုးရိုးကားရားသတင်းပြန့်ရေ။ သူရို့က ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘူးသီးတောင်၊ မောင်တောမှာဖြစ်နီလို့ မြောက်ဦးနဲ့ ဝေးရေနရာမှာ ရှိရေ။ အန္တရာယ်ကင်းရေ ဇုန်ဖြစ်တေ ဆိုစွာကို သူရို့မပြောပါ။ ဒေချင့်က ရခိုင့်တပ်မတော်နဲ့ မြန်မာ့တပ်မတော် မဖြစ်ခင်ကပင် ကျနော်ရို့ သုံးသပ်လာရေကိစ္စပါ။”လို့ ကိုထွန်းနေဝင်းက ပြောလာပါရေ။

၂၀၁၈ နှစ်ကုန်ပိုင်းကိုအရောက်မှာတော့ ရခိုင့်လက်နက်ကိုင်အဖွဲ့အေအေနဲ့ တပ်မတော်ရို့အကြား စစ်ရေးပဋိပက္ခတိပြန်လည်တင်းမာ လာပြန်ပါရေ။ နဂိုကပင် ပဋိပက္ခနယ်မြေကို ကိုယ်စားပြုဗျာလ် ရခိုင်တစ်ခုလုံးကို ကမ္ဘာ့လှည့်ခရီးသွားဝင်ရောက်ခွင့်ပိတ်ပင်မှုတိရှိခရာ အခုဆိုရင်တော့ခါ ပြောစရာတောင် မလိုပါယာ။ ဒေအချိန်မှာတော့ကေ မြောက်ဦးမြို့နယ်အတွင်းမှာပါ တိုက်ပွဲတွေရှိလာစွာကြောင့် လားလာဖို့ တားမြစ်တေအပေါ်မှာတော့ ဒေသခံတိက ဖြေရှင်းချက်မထုတ်လိုကတ်ပါ။

ရှိဟောင်းယဉ်ကျေးမှုအမွီအနှစ်တိပေါကြွယ်ဝလွန်းရေ မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွီအနှစ်စာရင်း UNESCO ဝင်နိုင်ဖို့ အပြီးသတ်အဆိုပြုလွှာကို ၂၀၂၀ ပြည့်နှစ်စပိုင်းမှာ တင်သွင်းထားဗျာလ်လေ့ ဖြစ်ပါရေ။

ဒေနောက်ပိုင်းမှာ ခရီးသွားဧည့်လမ်းညွှန်တိအနေနဲ့လေ့ သူရို့ရှေ့ဆက်လုပ်ဆောင်ဖို့ မျှော်မှန်းချက်တိ ရှိနီခဗျာလ်ဖြစ်လို့ အခုအချိန်မာ တော့ ဇာပိုင်ပုံစံဆိုစွာတောင်မသိဘဲ ဖြစ်နီကတ်ရပါရေ။ ယကေလေ့ အကောင်းအတိုင်းဖြစ်လာဖို့ဆိုရေ စိတ်ကူးကတော့ ရှိနီကတ်ဆဲပါ။

“အခုကတော့ကေ မြို့နယ်ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်လာရေ။ မြောက်ဦးရေ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးရို့၏ အသည်းနှလုံးဖြစ်တေ။ အသ က်သွီးကြောဖြစ်တေ။ ကျနော်ရို့လေ့ ခေတ်အဆက်ဆက်ဖြတ်သန်းလာရေ ရခိုင်သမိုင်း၏ အထင်ကရနေရာလေ့ဖြစ်တေ။ ယေတွက်နန့် ဒေနရာတိကို ယူနက်စကိုအနီနဲ့ နောက်ဆုံးပိတ် Dossier တင်ထားရေအပေါ်မှာ ဖြစ်လာစီချင်ရေ။ ဖြစ်လာဖို့လို့လေ့ မျှော်လင့်ရေ။ ဇာလို့ လည်းဆိုကေ ဒေချင့်သည် Tourism တစ်ခုတည်းအတွက် မဟုတ်။ မြောက်ဦးကို ဒေပိုင်အသတ်မှတ်ခံရစွာနဲ့ ရခိုင်လူမျိုးရဲ့ နောက်ခံသ မိုင်း ဇာပိုင်ဟိမ့်ခရေ။ ရှိဆက်ဖို့ ရခိုင်လူမျိုး၏ တည်တံ့မှုအခြေအနေ၊ ဖြတ်သန်းရဖို့ အမျိုးသားရေး အခန်းကဏ္ဍတိကအစ ကမ္ဘာကအာရုံ စိုက်တေ နေရာတစ်ခုဖြစ်လာဖို့အတွက်နဲ့ ဒေနေရာကို ဇာအတွက်ကြောင့်နဲလေ့ ပျက်စီးဆုံးရှုံးရဖို့ နေရာမဖြစ်စီချင်ပါ။”လို့ ကိုထွန်းနေဝင်း က ဆိုပါရေ။

ကိုနေလင်းကလေ့ အခုပိုင် ပြောလာပါရေ။

“ပြောရဖို့ဆိုကေ မြောက်ဦးမှာရှိရေ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းလောက် ခရီးလားတိအပေါ်မှာ မှီခိုပြီးကေ လုပ်နီရစွာ။ ဒေလုပ်ငန်းကို ဖွံ့ဖြိုး စီချင်ရေ။ ဒေလုပ်ငန်းက မြောက်ဦးတစ်ခုတည်းအတွက်မဟုတ်။ ရခိုင်တစ်ပြည်လုံးအတွက်ဖြစ်တေ။ အစိုးရအတွက်လေ့ ဝင်ငွေကောင်း ရေ ဌာနတစ်ခုဖြစ်တေ။ တိုက်ပွဲတိဖြစ်နီစွာဆိုခါ ကျနော်ရို့ ပြောလို့တော့ခါ ဇာရဖို့လဲ။”

ရခိုင်ပြည်နယ်အတွင်းကို ပြည်ပခရီးလားဝင်ရောက်မှုရေ ၂၀၁၇ ခုနှစ်မှာ ၆၄၇၂၇ ဦး၊ ၂၀၁၈ ခုနှစ်မှာ ၅၁၃၂၁ ဦးနဲ့ ၂၀၁၉ ခုနှစ် မေလအ ထိ ၁၆၆ ဦးရှိခလို့ ပြည်နယ် ဟိုတယ်နဲ့ ခရီးလားလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးက သိရပါတယ်။ အခုပိုင် နယ်မြေမတည်မငြိမ်မှုတိ ဖြစ်ပေါ်လာရေအချိန်မှာ ပြည်ပခရီးသည်ဝင်ရောက်စွာ နည်းလားရေအပေါ်မှာ ဒေသခံတိကတစ်ခုလေ့ မပြောလိုကတ်ကေလေ့ နယ်မြေ အီးချမ်းခရေကာလတိမှာတော့ မြောက်ဦးရေ ကမ္ဘာ့လှည့်ခရီးလားတိကို ဆွဲဆောင်နိုင်ရေ ဒေသတစ်ခုဖြစ်နီပါလျှက်နဲ့ ဇာကြောင့် နည်းပါး နီရေလည်းဆိုရေအပေါ်မှာတော့ကေ ကိုထွန်းနေဝင်းက အခုပိုင် ဆိုလာပါရေ။

“ကျနော်ရို့က ရခိုင်ပြည် အထူးသဖြင့် မြောက်ဦးအလွန်တရာ Tourist Attraction ဖြစ်တေ။ ရောက်ဖူးရေလူအတွက်ဆိုကေ ပုဂံထက် ပိုသာရေလို့ ပြောလို့ရရေ။ နိုင်ငံခြားသားတိပါးက Feedback ကို ပြန်နားထောင်ကြည့်ရေအခါမှာ မြန်မာနိုင်ငံမှာ သန်းနဲ့ချီလို့ နိုင်ငံခြား သားတိဝင်ရေ။ ၂ သန်း၊ ၃ သန်းလောက်။ ယကေလေ့ ရခိုင်ပြည်ကိုရောက်စွာသည် သံတွဲအတိုင်းအတာကိုတော့ ကျနော်မပြောတတ်။ မြောက်ဦးကိုတော့ခါ ၄၊ ၅၊ ၆ ထောင်သောင်းနဲ့ချီလို့ ယင်းလောက်အဆင့်ပဲရှိရေ။ ၂ သန်း၊ ၃ သန်းလောက်က ထောင်ဂဏန်းလောက်ပဲ မြောက်ဦးကိုရောက်တေဆိုကေ တစ်ခုခုလွဲနီလို့ချင့်။”

ဆက်လက်ပြီးကေ သူက “မြန်မာနိုင်ငံ ဟိုတည်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ထားရေ နိုင်ငံခြားသားတိကို ဆွဲဆောင်ထားရေ မြေပုံမှာ ရခိုင်မှာ စစ်တွေတစ်ခုကိုရာ အဝါပြထားရေ။ ကျန်စွာတိက အနီပါ။ ကချင်မှာ အနီပါ။ မွန်မှာ အနီပါ။ ကရင်မှာ အနီပါ။ ရှမ်းမှာ အနီပါ။ ချင်းမှာ အနီပါ။ ရန်ကုန်၊ မန္တလေးအားလုံး အဝါပါ။ အနီသဘော၊ သဘာဝသည် နိုင်ငံတကာကို ထုတ်ပြန်ရေအခါမှာ Very Dangerous Place အလွန်အန္တရာယ်ရှိရေနေရာအဖြစ်ပြထားရေ။”လို့ ဆိုပြန်ပါရေ။

နောက်တစ်ခုကတော့ကေ ရခိုင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးကိစ္စပါ။ ဒေကစ္စရပ်တိကိုလေ့ နိုင်ငံခြားသားတိဝင်ရောက်လာရေအ ခါမှာ သူရို့အနေနဲ့ အကုန်ကျသက်သာအောင် အစိုးရက ဖန်တီးပီးသင့်ရေလို့ အကြံပြုကတ်ပါရေ။ လက်ရှိမှာတော့ကေ မြန်မာနိုင်ငံကိုဝ င်ရောက်လာရေ နိုင်ငံခြားသားတိက ရန်ကုန်အပြည်ပြည်လေဆိပ်ကနီ မန္တလေးကိုလားရပြီးကေ ယင်းကနီ ပုဂံကိုလား၊ ယင်းကနီ ရန်ကု န်ကို ပြန်လာ၊ ပြီးကေမရာ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လာရပြီးကေ ယင်းကနီ မြောက်ဦးကို လားရစွာပါ။

ဒေကိစ္စအပေါ်မှာတော့ကေ သူက “ရခိုင်ပြည်နယ် မြောက်ဦးကိုလာဖို့အတွက် စစ်တွေကို တဆင့်လေယာဉ်နဲ့လာရရေ။ စစ်တွေကို တ ဆင့်လာဆိုကေ စစ်တွေကနီပြီးကေ မြောက်ဦးကိုကားနဲ့လာရရေ။ သင်္ဘောနဲ့လာရရေ။ တစ်ခါတစ်လီ လေယာဉ်ရောက်တေအခြေအနေ ပေါ်မူတည်ပြီးကေ စစ်တွေမှာ တစ်ညအိပ်ရရေ။ ဆိုကေ မြောက်ဦးကိုလာဖို့အတွက် Private Boat ငှားရစွာဟိမ့်ရေ။ Public Boat က နိစိုင်မရှိနီ။ ကားလမ်းနိစိုင်နဲ့အမျှ အဆင်မပြေစွာ ရှိဖို့။ အရင်ခေါက်ဆိုကေ ကားလမ်းတိ ပိတ်ထားစွာရှိရေ။ သို့သော် ကျနော်ရို့က Tourist တိ စစ်တွေမာလေ့ လည်ပတ်ဖို့နေရာတိရှိရေ။ စစ်တွေကိုလာကေလေ့ အဆင်ပြေရေ။ စစ်တွေကတစ်ဆင့်လာကေလေ့ အဆင်ပြေရေ။ သို့သော် Transportation In Field ဆိုစွာ မြန်မာနိုင်ငံမှာ တခြားဒေသထက်ပိုလို့ သုံးစွဲရရေ အခြေအနေဟိမ့်ရေ။ တကယ်လို့ မန္တလေး-ပုဂံ-စစ်တွေလေကြောင်းရှိကေ သူရို့အတွက် အသုံးစရိတ်ပိုပြီးကေ သက်သာလားနိုင်ရေ။ ပိုရောက်နိုင်ရေ။ အခုက ရခိုင်ကို လာဖို့ဆိုကေ ရန်ကုန်ကတဆင့် စစ်တေကို လားရရေ။ Tourist တစ်ယောက်သည် ပုဂံမှာ ရှိနီရေဆိုကေ ရန်ကုန်ကို ပြန်လားရ ရေ။ ရန်ကုန်ကနီလို့ စစ်တွေကိုလာရရေ။ အခက်ခဲတိအများကြီးဟိမ့်ရေ။”လို့ အကြံပြုပါရေ။

အခုထိခိုက်နီစွာ ခရီးလားလုပ်ငန်းတစ်ခုတည်းလားဆိုကေတော့ မဟုတ်ပါ။ အဖက်ဖက်က ထိခိုက်နီစွာပါ။ ခရီးလားဝင်ရောက်မှု မရှိရေ အတွက် ပထမအနေနဲ့ ဧည့်လမ်းညွှန်တိတိုက်ရိုက်ထိခိုက်ရစွာလို့ ဆိုကေလေ့ သူရို့ဝင်ရောက်လာရေအခါမှာ လားဖို့ ကား၊ စက်လှေစ ရေ ယာဉ်၊ တည်းခိုဖို့အတွက်နေရာ၊ စားသုံးဖို့အတွက်အစားအစာ စသဖြင့်လုပ်ငန်းတိမှာလေ့ထိခိုက်ကတ်ရရေပိုင်အစိုးရအနီနဲလေ့ နိုင်ငံ ခြားဝင်ငွေရရှိမှုအပိုင်းမှာ များစွာထိခိုက်ပါရေ။ ယင်းကြောင့် အားလုံးကတော့ စစ်ပွဲတိကို ရပ်စီချင်နီကတ်ပါရေ။

“Tourism လုပ်ငန်းဆိုစွာက ကျနော်ရို့ပိုင် ဆင်းရဲမွဲတေရေ ပြည်နယ်တစ်ခု နောက်ပြီးကေ ယဉ်ကျေးမှုထွန်းကားရေ နယ်မြေတစ်ခုအတွ က်ကို ကမ္ဘာ့နိုင်ငံအသီးသီးက နိုင်ငံခြားသားတိလာစွာရေ နံပါတ်(တစ်) ကိုယ်ရို့ယဉ်ကျေးမှုတိကို ကမ္ဘာကသိမြင်နိုင်ရေအနေအထားတ စ်ခုရှိပါရေ။ ဒုတိယတစ်ခုက ကိုယ်ရို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးဝင်ငွေပေါ့။ ကျနော်ရို့ Tourism ကို အဓိပ္ပာယ်ဖွင့်ရေအခါမှာ “Smokeless Industry” မခိုးမထွက်တေ စက်ရုံကြီး။ မခိုးမထွက်ဘဲနဲ့ ဝင်ငွေဟိမ့်ရေ အလုပ်တစ်ခုလေ့ဖြစ်တေ။”လို့ ကိုထွန်းနေဝင်း က ပြောပါရေ။

လက်ရှိမှာလေ့ ကမ္ဘာ့တစ်ဝှမ်းက နိုင်ငံအများအပြားမှာ တရုတ်နိုင်ငံ ဝူဟမ်မြို့ကတစ်ဆင့် စတင်ကူးစက်လာရေ Covid – 19 ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံ၏ခရီးလားလုပ်ငန်းကို ၅၀ ရာခိုင်နှုန်းကျော်ထိခိုက်လျှက်ရှိနီရေလို့ အစိုးရက ထုတ်ပြန်ထားပါရေ။

 471 total views,  1 views today