ArakanYoma|

မတ်လ ၁၅ ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ အထိမ်းအမှတ်အနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အခမ်းအနား တစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာနနဲ့ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်တို့နဲ့အတူ တစ်ခြားအရပ်ဖက်အဖွဲ့တချို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနေ့မှာ ပြဌာန်းလိုက်တဲ့ စားသုံးသူရေးရာဥပဒေတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ စားသုံးဖို့ မသင့်တော်တဲ့ အမှတ်အ သားတံဆိပ်တွေကို ဖြန်ဝေခဲ့သလို အဲဒီကဏ္ဍနဲ့ ပတ်သတ်လို့ ဗဟုသုတပေးတဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာသာမက မြန်မာနိုင်ငံအတွင်းမှာပါ စားသောက်ကုန်တွေနဲ့ ပတ်သတ်လို့ အခွင့်အရေးချိုးဖောက်မှုတွေများစွာရှိနေ ပေမယ့် တချို့ကချိုးဖောက်ခံနေရမှန်းတောင် မသလိုကြသလို တချို့ကသိကြပေမယ့် ဘယ်မှာတိုင်ရမယ်။ ဘယ်သူ့ကို တိုင်ရမယ်။ စသ အခက်အခဲတွေရှိနေကြပါတယ်။

အခမ်းအနားကိုတက်ရောက်လာတဲ့ လူငယ်တချို့ကတော့ စျေးကွက်ထဲမှာ စားသုံးသူတွေအတွက် မသင့်တော်တဲ့ အစားအသောက်တွေ ၊ ထုတ်ကုန်တွေ များစွာပျံ့နှံ့လျှက်ရှိနေပေမယ့် စားသုံးသူတွေက မသိရှိကြဘူးလို့ ဆိုပါတယ်။

ဒီအပိုင်းနဲ့ ပတ်သတ်ပြီးတော့ တာဝန်ရှိတဲ့ စစ်တွေခရိုင်စားသုံးသူရေးရာဦးစီးဌာနကလည်း တိုင်ကြားလို့ရတဲ့ ဌာနတွေဖွင့်လှစ်ဆောင်ရွ က်နေပေမယ့် တိုင်ကြားမယ့်သူ မရှိသလောက်နည်းပါးတယ်လို့ ပြောပါတယ်။

 414 total views,  1 views today