(Unicode Version)
ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
နန်းသက်ပေါင်း ၃၃၅ နှစ်ကျော်တာရှည်ခပြီးကေ နှစ်ပေါင်း ၅၀၀ ကျော်ကြာရှည်နီဗျာလ်ဖြစ်တေ မြောက်ဦးမြို့ရေ ရှိဟောင်းလက်ရာ တိ၊ ယဉ်ကျေးမှုအမွီအနှစ်တိ စုရုံးတည်ရှိရာ မြို့တစ်မြို့ဖြစ်ပါရေ။ မြောက်ဦးမှာ အထင်ရှားဆုံးကတော့ ကျောက်ဆစ်လက်ရာတိပါ။
ယင်းပိုင်လက်ရာမြောက်တေ ကျောက်ဆစ်လက်ရာတိကို အကောင်ထည်ဖော်ခသူတိ မြောက်ဦးသမိုင်းမှာ တွင်တွင်ကျယ်ကျယ်ရှိနီ ခရေပိုင် လက်ရှိအချိန်ထိလေ့ ရှိနီဆဲဖြစ်ပါရေ။
ယင်းအထဲမှာ ဦးလှကြီးလေ့ ပါဝင်ပါရေ။
“မျိုးရိုးထဲမှာ တစ်ယောက်လေ့မဟိမ့်။ အခင်ရို့မိသားစုအတိုင်းအတာမှာ တစ်ယောက်လေ့မဟိမ့်။ (အခင်)တစ်ယောက်ရာဟိမ့်ရေ။ ညီအကို သုံးယောက်ဟိမ့်စွာ။ ယင်းအထဲမှာ တစ်ယောက်လေ့ မပါ။ မိဘကလေ့ လယ်ရာလုပ်တေ။ ကိုယ်ကရာ ဝါသနာပါရေ။ အ ငယ်ချေကတောင် ဘုရားလုပ်။ ထိုလုပ်ဒေလုပ်ဆိုကေ မလုပ်ကေ့။ အပြစ်ကျဖို့လတ်။ ကျချင်ကျ၊ မကျချင်နီ ငါကတော့ခါ ဝါသနာပါ ရေလို့။ ခဲတံနဲ့ ဆွဲကေလေ့ ဘုရားစေတီယာ။” လို့ သူရူးသွပ်ခရေအကြောင်းကို ဦးလှကြီးက ပြောပါရေ။
သူရေ အသက် ၅၂ နှစ်အရွယ်ရှိနီဗျာလ်ဖြစ်ပြီးကေ လက်ရှိမှာတော့ခါ မြောက်ဦးမြို့ ကြက်စျီးရပ်ကွက်မှာ နီထိုင်ပနာ သူဝါသနာပါ ရာ ကျောက်ဆစ်လုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်းနဲ့ ဘိလပ်မြေနဲ့ ရုပ်ထုလုပ်တေလုပ်ငန်းတိကို လုပ်ကိုင်နီစွာဖြစ်ပါရေ။ အငယ်ချေ ကနီ ဒေလုပ်ငန်းတိကို ဝါသနာပါခကေလေ့ မိဘလုပ်ငန်းကိုရာ လုပ်ကိုင်ခရစွာပါ။
ယကေလေ့ သူအခွင့်အရေးရရေနိမှာ သူ့လက်ရှိအလုပ်ကိုစွန့်လွှတ်ပြီးကေ ဝါသနာကို အကောင်အထည်ဖော်ခရေလို့ သူက ပြောပြ ပါရေ။
“ပထမကတော့ခါ လယ်လုပ်တေလုပ်ငန်းနဲ့ အသက်မွီးဝမ်းကြောင်းပြုရေ။ မိဘကလေ့လယ်လုပ်တေ။ အိမ်ထောင်ကျခါ မယား မိဘ ကလေ့ လယ်လုပ်တေဆိုခါ ကိုယ်လေ့ လယ်လုပ်ရပေါ့။ သား၊ သမီး ၃ ယောက်ရပြီးခါမှ ဒေလုပ်ငန်းကိုစလုပ်ဖြစ်တေ။ ဒေအလုပ်ကို က ဝါသနာရှိစွာ။ လယ်လုပ်နီလို့ ဒေလမ်းကြောင်းပျောက်နီရေ။ ဆိုခါ လယ်လုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ပြီးကေ ဒေလုပ်ငန်းဘ က်ကို လှည့်လာရေ။”
နှစ်ဖက်မိဘတိပါးက တစ်ဘဝစာလုပ်ကိုင်စားသောက်ဖို့ လွှဲအပ်ခရေ မိရိုးဖလာလယ်လုပ်ငန်းကို စွန့်လွှတ်လိုက်ချိန်ရာဆိုကေ သူ့အ တွက် အခက်ခဲဆုံးအချိန်တိ ဖြစ်ခပါရေ။ ဒေအချိန်မှာ သား၊ သမီး ၃ ယောက်နဲ့ ဇနီးမယားတစ်ယောက်ကို တာဝန်ယူထားရရေဖခင် တစ်ယောက်အနီနဲ့ သူ့ဘဝကို ဇာပိုင်ရပ်တည်ခပါလေ။
“ဒေလုပ်ငန်းကို ဖြတ်လိုက်ခါ လက်သမလုပ်ငန်းနဲ့ ရပ်ခံရေ။ ယင်းအချိန်က လက်သမလုပ်လို့ (တစ်ရက်ကို) ၇၀၀ ရရေ။ မိသားစု တစ်စုစားဝတ်နီရေးက ၁ ထောင်ကုန်ရေ။ ယင်းနှစ်မှာ ဆန်စျီးတက်လို့ ဆန် ၁ တောင်းကို ၃၅၀၀ ရှိရေ။ ဆိုခါ မိုးဦးကျကနီ လုပ်လို့ လာစွာ အကြွေးကလေ့ တင်လို့တင်လို့လာရေ။ ဝါဆိုလပြည့်ကျော် ၆ ရက်နိရောက်ခါ အခင်ကို ဘုရားလုပ်ဖို့ ခေါ်ရေလတ်။ လိုက် လားခါ ရတနာ့မာန်အောင် ဆရာတော်က ဘုရားနှစ်ပါးလုပ်ဖို့ ပြောရေ။ ၁၀ ရက်လောက်လုပ်ရရေ။ ဖဲသာ ၁ သိန်းကျော်လောက်ရ ရေ။ ဖဲသာ ၁ သိန်းကျော်ရခါ အဆင်ပြေလားရေ။”လို့ သူက ဖွင့်ဟပါရေ။
အာရုံစူးစိုက်မှုအားကောင်းသူတိရာ ပြုလုပ်လို့ရနိုင်ရေ၊ ခက်ခဲနက်နဲရေ ဒေကျောက်ဆစ်လုပ်ငန်းနဲ့ တစ်ခုလေ့ အဆက်အစပ်မရှိရေ လယ်သမားမျိုးရိုးက ဆင်းသက်လာသူတိဖြစ်ကေလေ့ သူ့အတွက် ဒေလုပ်ငန်းတိက လွယ်ကူလို့ နီခပါရေ။ သူစတင်လုပ်ဆောင်ခ ချိန်မှာလေ့ မြင်ဆရာရာ ရှိခကေလေ့ သင်ဆရာတော့ မရှိသလောက် ရှားပါးခပါရေ။
ဒေချင့်ကလေ့ သူ့ဝါသနာဗီဇကြောင့်ဖြစ်ပြီးကေ ကျောက်ဆစ်လက်ရာတိပေါကြွယ်ဝလွန်းရေ ရှိဟောင်းယဉ်ကျေးမှုနယ်မြေ မြောက် ဦးမြို့သားတစ်ယောက်ပီသပါရေ။ သူငယ်ရွယ်ချိန်မှာ သူ့အသက်အရွယ်နဲ့ လိုက်ဖက်တေ ခဲခြစ်ပန်းချီ၊ ယင်းကတစ်ဆင့် သစ်သား ပန်းပု၊ ယင်းကနီတစ်ဆင့် ကျောက်ကိုဆစ်ပြီးကေ ရုပ်ထုထွင်ရေအထိ ပြုလုပ်လာစွာလို့ ဆိုပါရေ။
“လက်ရှိအချိန်ထိ လက်တွိသင်လာရေဆရာတော့ခါ မရှိသိမ့်။ မြင်ဆရာလောက်ပဲ ရှိရေ။ အချေဘဝကနီ သျှစ်သောင်းရို့၊ ထုက္ကန့် သိမ်ရို့၊ နောက်ပြီးကေ ဆင်ချဆိတ်မှာနီရေအတွက်နဲ့ ဆင်ချဆိတ်က ဘုရားနားမှာ အရုပ်တိရှိရေ။ ယင်းချင့်ကို ဝါသနာရှိရေ။ အ ငယ်က ၅ နှစ်၊ ၆ နှစ်လောက်မှာ သျှစ်သောင်းဘုရားကိုရောက်လို့ ဝင်ဝက အရုပ်ကို စိတ်ကတော့ ဒေအရုပ်စွာမင်းဗာကြီး။ အိမ်ကို ရောက်တေအခါ ခဲတံနဲ့ဆွဲရေ။ လူတိကိုပြခါ ကောင်းဟုတ်တေကာလတ်။ ဝါသနာကို အခြေခံရေ။ နောက်ပြီးကေ တောတောင်ရို့၊ လယ်ပြင်ရို့မှာဆိုလေ့ အမြဲတမ်း ဘုရားပုထိုးတိ လားပြီးကေလုပ်တေ။ ယင်းတွက်နဲ့ သူ့စွာနဲ့သူ အဆက်စပ်ရှိနီရေ။ ကိုယ်နီရေ နီရာ အနားမှာ စေတီတစ်ဆူ သို့တည်းမဟုတ် ဘုရားတစ်ပါး ယင်းချင့်တိဆိုကေလေ့ သစ်သားဆိုလေ့ ဓားနဲ့ ခွတ်ပြီးကေ အရုပ်တစ်ရုပ် ပေါ်အောင် လုပ်တေဗီဇရှိရေ။ နောက်ပိုင်းမှာဆိုကေ ကျောက်ရုပ်တိလုပ်လာရေ။ သစ်သားရုပ်တိလုပ်လာရေ။ နည်းနည်းပါးပါးအ ခြေအနေ အဆင်မပြေစွာတိရှိရေ။ အရုပ်တော့ဖြစ်တေ။ ယကေလေ့ တော်ရုံကောင်းရေအဆင့်ကို မကျသည့်တိုင်အောင်သာမန်အ ခြေအနေထက်ကောင်းအောင်ဆိုခါ ပန်းချီဆရာရွှေဖောင်သာက ပြပီးရေ။ ခဲလိုင်းနဲ့ အရုပ်ဆွဲရေနည်းတိ။ ဆရာဆိုလေ့ သူယာယေ။ ဆိုခါ ပဂျီဆွဲဖို့လေ့ တတ်လားရေ။ ခဲလှိုင်းဆွဲဖို့လေ့တတ်လားရေ။”
လက်ရှိမှာဆိုကေတော့ သူ့အနေနဲ့ သူနီထိုင်ရေမြို့ မြောက်ဦးမှာသာမက ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ကမ္ဘာကျော်ကမ်းခြေ တည်ရှိရာ သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ် အနှံ့အပြားက မြို့နယ်တိ၊ နောက်ပြီးကေ ပြည်မဖက်ရို့မှာလေ့ ယင်းလက်ရာတိနဲ့ ပတ် သတ်ပြီးကေ ချဲ့ထွင်လုပ်ကိုင်နီပါဗျာလ်။
ဒေချင့်တောင်မကလို့ ဒေလုပ်ငန်းအပေါ်မှာ စိတ်ဝင်စားရေ တပည့်၊ သား၊ သမီးတချို့ကိုလေ့ မွီးထုတ်ထားသူဖြစ်ပါရေ။
ဒေလုပ်ငန်းခွင်ကို စတင်လို့ ဝင်ရောက်ချိန်ကနီ အသက် ၅၂ နှစ်အရွယ်ရှိနီဗျာလ်ဖြစ်တေ ဒေအချိန်ထိ သူလက်ခံလုပ်ကိုင်ခရေ ရုပ် ထုတိ၊ လက်ရာတိအကြောင်းကိုလေ့ သူက “(စစ်တွေက) ရွှေသဇင်ဟိုတယ်မှာ အရုပ်ပိုင်းဆိုင်ရာအားဖြင့် အားလုံးကို အခင်လုပ်စွာ ။ သံတွဲက ငပလီသဇင်နန်းတော်ရို့မှာ မြောက်ဦးတိုင်းခန်းလှည့်လည်ရေပုံတိ၊ ဆိုင်ဘိုးတိ၊ နောက်ပြီးကေ မြောက်ဦးက အခု ဆောက်နီရေ ဟိုတယ်မှာ ပြောရဖို့ဆိုကေ ပန်းပုပိုင်းဆိုင်ရာအားဖြင့် ကြီးကျယ်ရေ အဆောက်အအုံတိ၊ ယင်းမတိုင်ခင်က ရန်ကုန်မှာ နီပြီးကေ ရုပ်ထု ၂၀၀ ကျော်လောက်လုပ်ဖူးရေ။ နောက်တောင်သုံးလုံး စေတဝန်ကျောင်းမှာ ဘုရားတိ ယင်းချင့်တိလေ့ ဒေကထွင်း လို့ပို့ရေ။ မအီမှာ ရတနာ့မာန်အောင်ဆရာတော်မှာ ၉ တောင်ဘုရားတစ်ပါး၊ မိုးစဲကမ်းခြေရာတိမှာ ရပ်တော်မူဘုရား၊ ယင်းနောက် ဖက်က ၉ တောင်ဘုရား တစ်ပါး။ ၇ တောင်ဘုရားတစ်ပါးတည်ဖူးရေ။ အခုအတိုင်းတာအားဖြင့်ဆိုကေ ထင်ရှားစွာတိဖြစ်ပါရေ။ အခု လေ့ ၉ တောင်ရပ်တော်မူတစ်ပါးတည်နီရေ။”လို့ ဝဝင့်ကကြွားနဲ့ ပြောပြပါသိမ့်ရေ။
သူရို့ဒေသက ကျောက်ဆစ်လက်ရာတိ ပေါကြွီဝရေဒေသတစ်ခုဖြစ်တေအလျောက် ယင်းပညာရပ်နဲ့ အသက်မွီးဝမ်းကြောင်း ပြုသူ တိများပြားကေလေ့ အများစုကတော့ ရှိရိုးကိုအခြေခံလုပ်ကိုင်နီကတ်ဆဲရာဖြစ်ပြီးကေ လက်ရှိအချိန်ထိ ခေတ်မီနည်းလမ်းတိကို အ အသုံးပြုပြီးကေ မပြုလုပ်နိုင်ကတ်သိမ့်ပါ။
“ကိုယ်ခံစားပြီးကေ လုပ်ထားရေအရာတစ်ခုကို တစ်ခြားလူတစ်ယောက်က ဒေချင့်ပဲကောင်းရေ။ ဒေချင့်မကောင်းလို့ပြောစွာကို မလို ချင်။ ရှိခေတ်က သုခမိန်သောက်ခရေ ဗျာလရုပ်နဲ့ ပန်းတိနဲ့ သို့တည်းမဟုတ် ခြင်္သေ့နဲ့ ပန်းဒူကြီးတစ်ခုကို သောက်လို့ အာရုံခံစားပြီး ကေ လုပ်ထားရေအရာတစ်ခုကို ဒေချင့်က တစ်ခုလေ့ တန်ဖိုးမရှိလို့ ဖြစ်ချင်လေ့ ဖြစ်လားဖို့လေ။ ယင်းပိုင်မျိုးတိရှိရေအတွက်နဲ့ ပြိုင် ပွဲတိမှာ မပါချင်။”
ကျောက်ဆစ်လက်ရာတိကို ထုတ်လုပ်နိုင်ကတ်ဗျာလ်ဆိုကေလေ့ ထုတ်လုပ်ပြီးသားရုပ်ထုတိကို ဝယ်ယူနိုင်ဖို့ အတည်တကျစျီးကွ က် မရှိရေအတွက်နဲ့လေ့ ယင်းလုပ်ငန်းကို လုပ်ကိုင်သူတိအနီနဲ့ ဘုရားပုထိုးတိတည်ဆောက်ဖို့ ကိုယ်တိုင်လားရောက်လုပ်ဆောင် ကတ်တေနေရာမှာ အဆင်ပြေကြကေလေ့သင့် တကယ့်ထုတ်လုပ်ပြီးသားရုပ်ထုတိကို ရောင်းချနိုင်ဖို့ဆိုစွာက ကကောင်းကြီး ခက် ခဲလှပါရေ။
“ရှိရိုးကို အခြေခံရေဆိုစွာက ဓညဝတီခေတ်က ရုပ်ထုလုပ်ဖို့ဆိုကေ ကိုယ်ကြိုက်တေအချိုးတစ်ခုယူလိုက်တေ။ ယင်းအရုပ်မှာ မမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ဓညဝတီခေတ်အဝတ်စားဆင်ယင်လိုက်တေဆိုကေ ဓညဝတီခေတ်ဖြစ်လားရေ။ ဝေသာလီခေတ် ဆိုလေ့ ဒေအတိုင်းယာ။”
ယင်းတွက်နန့် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူတိအနီနဲ့ ဒေလုပ်ငန်းကို အဆင့်မြှင့်ပြီးကေ နိုင်ငံခြားကို တင်ပို့နိုင်ဖို့ လိုလားနီကတ် ကေလေ့ တကယ့်လက်တွိမှာတော့ခါ မြန်မာနိုင်ငံအတွင်းက တစ်ခြားဒေသကို ပို့ဆောင်ရာမှာတောင် အဆင်မပြေမှုတိ အများကြီး ကြုံတွိနီရရေလို့ ပြောပါရေ။
“ကျနော်ရို့ဖက်က ဒေရုပ်ထုတိကို နိုင်ငံတကာကို တင်ပို့နိုင်ဖို့ကိစ္စက ပန်းပုဆရာတိအတွက် အခက်ခဲဆုံး။ တစ်ခြားနေရာတိမှာ ပန်း ပုဆရာတိ လက်ရာမြောက်တေ။ ငါရို့ရခိုင်ကလူတိကျောက်ဆစ်ရုပ်ထွင်ရေ။ ကျောက်ဆစ်ရုပ်သည် နိုင်ငံတကာမှာ လုပ်ထားရေ အ ရုပ်တိလောက် စံချိန်မမှီ။ အဆင့်မမြင့် ယင်းပိုင်တိရှိရေ။ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ်။ အဓိကလိုရင်းက ဒေအလုပ်ကိုလုပ်လို့ လုပ်တေလူက ထမင်းဝဖို့ကေ ဒေအရုပ်တိက တိုးတက်ဖို့လို့ ထင်ရေ။ ယင်းချင့်က တစ်ကဏ္ဍ။”
“နောက်ပြီးကေ ခိုင်းရေလူကနည်းရေ။ အခု ရခိုင်ပြည်မှာဆိုကေ ဟိုတယ်နဲ့ ပတ်သတ်တေလူတိယာ သုံးရေ။ ရန်ကုန်ကို ဆိုစွာနဲ့ ရှိသုကနီပြီးကေ ထောက်ခံချက်ယူရစွာတိ၊ ပက်ကင်ပိတ်ထားရေ ယင်းအရုပ်တိထမ်းပြီးကေ ဘုန်းကြီးကို ဆွမ်းကပ်တေပိုင်ကပ်ပြရ စွာတိ၊ ချေင့်တိက လုပ်တေလူတိကို အနှောင့်ယှက်တစ်ခုပိုင် ဖြစ်စီရေ။ အမှန်မှာဆိုကေ အရုပ်လုပ်ထားရေ။ ဒေချင့်သည် ရှိဟောင်း မဟုတ်ဆိုစွာကို သူရို့လေ့ သိရေ။ သိယင့်သားနဲ့ ၂ ရက်၊ ၃ ရက်ကြာအောင် ပက်ကင်ပိတ်ထားစွာတိကိုဖွင့်၊ ဖွင့်ပြီးကေ ယင်းချင့်တိ ကို ကားထက်ကချပြ။ သူရို့လာကြည့်လေ့ရစွာကို။ ယင်းချင့်တိကို ရှိဟောင်းရိုးရာ ယဉ်ကျေးမှုတိကိုတောင်မှ ကမ်းအောင်လုပ်နီရေ ပုံစံမျိုးဖြစ်နီရေ။ အဓိကဇာလိုလေ။ ယင်းပုံစံမျိုး မဟုတ်။ အခုကနီပြီးကေ မိသားစုဝမ်းရေးအတွက်လုပ်ထားစွာတစ်ခုကို ရှိဟောင်း မ ဟုတ်။ ကျောက်ကလေ့ အသစ်မှာထားစွာ သူရို့လေ့သိရေ။ ယင်းချင့်ကို ပန်းပုဆရာတိကို တမင်တကာ ဖိချရေပုံစံမျိုး ဖြစ်နီရေ။”
သူဝါသနာပါရေအလုပ်ကို လုပ်ကိုင်နီရလို့ ကျေနပ်နီရေ ဦးလှကြီးမှာဆိုကေလေ့ တစ်ခြားလူတိပိုင် သူသက်ရှိစဉ်မှာလုပ်ချင်ရေ ရည် မှန်းချက်တစ်ခုလေ့ ရှိနီပါရေ။
မခို့တရို့အပြုံးနဲ့ ရယ်ရင့်နဲ့ သူက “ထိုးဖောက်ဖို့ဘာညာဆိုစွာထက် ဘဝမှာ မသီခင်လုပ်ချင်ခစွာတစ်ခုတော့ရှိရေ။ ခြံဝင်းတစ်ခုမှာ ပေတစ်ရာလောက်ကြီးမားရေ အဆောက်အဦးတစ်ခုလုပ်ဖို့။ ယင်းအထဲမှာ ကိုယ်တတ်တေအရုပ်ဟူသမျှ၊ အရုပ် ၅၀၀ ဆို ၅၀၀။ ၁၀၀၀ ဆို ၁၀၀၀ လေ။ ပြတိုက်ပုံစံမျိုး။ ယင်းပိုင်လုပ်ချင်ရေ ဆန္ဒတော့ခါရှိရေ။ ယင်းချင့်ကိုပဲ ဦးတည်နီရေ။ မထင်ရှားလေ့ မတတ် နိုင်။” လို့ သူဖြစ်ချင်ရေ ဆန္ဒကို မရှက်တမ်း ပြောပြပါရေ။
မြောက်ဦးတည်ရှိနီသရွိ ကျောက်ဆစ်လုပ်ငန်းတိကို ထိန်းသိမ်းချင်သိမ့်ကေတော့ တာဝန်ရှိသူတိအနီနဲ့လေ့ သူရို့တောင်းဆိုချက်တိ၊ လိုအပ်ချက်တိကို ဖြည့်ဆည်းပီးရဖို့ ဖြစ်တေပိုင် ပြည်သူလူထုတိကလေ့ အခုပိုင် ကျောက်ဆစ်လက်ရာတိကို အမြတ်တနိုးတန်ဖိုး ထားပြီးကေ တတ်နိုင်စွာချေတိကို ဝယ်ယူအားပီးကတ်ရဖို့ ဖြစ်ပါရေ။
(Zawgyi Version)
ကျောက်ဆစ်လက်ရာတိကို ထုတ်လုပ်နိုင်ကတ်ဗျာလ်ဆိုကေလေ့ ထုတ်လုပ်ပြီးသားရုပ်ထုတိကို ဝယ်ယူနိုင်ဖို့ အတည်တကျဈီးကွ က် မရှိရေအတွက်နဲ့လေ့ ယင်းလုပ်ငန်းကို လုပ်ကိုင်သူတိအနီနဲ့ ဘုရားပုထိုးတိတည်ဆောက်ဖို့ ကိုယ်တိုင်လားရောက်လုပ်ဆောင် ကတ်တေနေရာမှာ အဆင်ပြေကြကေလေ့သင့် တကယ့်ထုတ်လုပ်ပြီးသားရုပ်ထုတိကို ရောင်းချနိုင်ဖို့ဆိုစွာက ကကောင်းကြီး ခက် ခဲလှပါရေ။
 735 total views,  1 views today