(Unicode Version)

ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း

နန်းသက်ပေါင်း ၃၃၅ နှစ်ကျော်တာရှည်ခဲ့ပြီး နှစ်ပေါင်း ၅၀၀ ကျော်ကြာရှည်နေပြီဖြစ်တဲ့ မြောက်ဦးမြို့ဟာ ရှေးဟောင်းလက်ရာတွေ၊ ယဉ်ကျေးမှုအမွေအနှစ်တွေ စုရုံးတည်ရှိရာ မြို့တစ်မြို့ဖြစ်ပါတယ်။ မြောက်ဦးမှာ အထင်ရှားဆုံးကတော့ ကျောက်ဆစ်လက်ရာတွေပါ။

အဲဒီလို လက်ရာမြောက်တဲ့ ကျောက်ဆစ်လက်ရာတွေကို အကောင်ထည်ဖော်ခဲ့သူတွေ မြောက်ဦးသမိုင်းမှာ တွင်ကျယ်စွာ ရှိနေခဲ့သလို လက်ရှိအချိန်ထိလည်း ရှိနေဆဲဖြစ်ပါတယ်။
အဲဒီထဲမှာ ဦးလှကြီးလည်း ပါဝင်ပါတယ်။

“မျိုးရိုးထဲမှာ ဘယ်သူမှမရှိဘူး။ ဦးတို့ မိသားစုအတိုင်းအတာမှာ ဘယ်သူမှမရှိဘူး။ (ဦး)တစ်ယောက်ပဲ ရှိတယ်။ ညီကို သုံးယောက်ရှိတာ။ အဲဒီထဲမှာ ဘယ်သူမှ မပါဘူး။ မိဘကလည်း လယ်ပဲလုပ်တယ်။ ကိုယ်ကသာ ဝါသနာပါတယ်လေ။ ငယ်ငယ်ကတောင် ဘုရားလုပ်။ ရုပ် ထုလုပ်တယ်ဆိုရင် မလုပ်နဲ့ အပြစ်ကျမယ်တဲ့။ ကျချင်ကျ၊ မကျချင်နေ ဦးကတော့ ဝါသနာပါတယ်လို့။ ခဲတံနဲ့ ဆွဲရင်လည်း ဘုရားစေတီပဲ ။” လို့ သူရူးသွပ်ခဲ့တဲ့အကြောင်းကို ဦးလှကြီးက ပြောပါတယ်။

သူဟာ အသက် ၅၂ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး လက်ရှိမှာတော့ မြောက်ဦးမြို့ ကြက်စျေးရပ်ကွက်မှာ နေထိုင်ကာ သူဝါသနာပါရာ ကျောက် ဆစ်လုပ်ငန်း၊ သစ်သားပန်းပုလုပ်ငန်းနဲ့ ဘိလပ်မြေနဲ့ ရုပ်ထုလုပ်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။ ငယ်ရွယ်စဉ်ကတည်းက နေ ဒီလုပ်ငန်းတွေကို ဝါသနာပါခဲ့ပေမယ့် မိဘရဲ့ လုပ်ငန်းကိုသာလုပ်ကိုင်ခဲ့ရတာပါ။

ဒါပေမယ့် သူအခွင့်အရေးရတဲ့နေ့မှာတော့ သူရဲ့လက်ရှိအလုပ်ကိုစွန့်လွှတ်ပြီး ဝါသနာကို အကောင်အထည်ဖော်ခဲ့တယ်လို့ သူက ပြောပြ ပါတယ်။

“ပထမကတော့ လယ်လုပ်တဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်ပေါ့။ မိဘကလည်းလယ်လုပ်တယ်။ အိမ်ထောင်ကျတော့ မိန်းမ မိဘကလည်း လယ်လုပ်တယ်ဆိုတော့ ကိုယ်လည်း လယ်လုပ်ရတာပေါ့။ သား၊ သမီး ၃ ယောက်ရပြီးမှ ဒီလုပ်ငန်းကိုစလုပ်ဖြစ်တာ။ ဒီအ လုပ်ကိုက ဝါသနာရှိတာ။ လယ်လုပ်နေလို့ ဒီလမ်းကြောင်းပျောက်နေတယ်။ ဆိုတော့ လယ်လုပ်ငန်းကို လုံးဝစွန့်လွှတ်လိုက်ပြီး ဒီလုပ်ငန်း ဘက်ကိုလှည့်လာခဲ့တာ။”

နှစ်ဖက်မိဘတွေဆီက တစ်ဘဝစာလုပ်ကိုင်စားသောက်ဖို့ လွှဲအပ်ခဲ့တဲ့ မိရိုးဖလာလယ်လုပ်ငန်းကို စွန့်လွှတ်လိုက်ချိန်ဟာတော့ သူ့အချိန် အခက်ခဲဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သား၊ သမီး ၃ ယောက်နဲ့ ဇနီးမယားတစ်ယောက်ကို တာဝန်ယူထားရတဲ့ ဖခင်တစ်ယောက်အနေနဲ့ သူ့ဘဝကို ဘယ်လိုရပ်တည်ခဲ့ပါသလဲ။

“ဒီလုပ်ငန်းကို ဖြတ်လိုက်တော့ လက်သမားလုပ်ငန်းနဲ့ ရပ်ခံတယ်။ အဲဒီအချိန်က လက်သမားလုပ်လို့ (တစ်နေ့ကို) ၇၀၀ ရတယ်။ မိသား စုတစ်စုစားဝတ်နေရေးက ၁ ထောင်ကုန်တယ်။ အဲဒီနှစ်မှာ ဆန်စျေးတက်လို့ ဆန် ၁ တောင်းကို ၃၅ဝဝရှိတယ်။ ဆိုတော့ မိုးဦးကျကနေ လုပ်လို့လာတာ အကြွေးကလည်း တင်လို့တင်လို့လာတယ်။ ဝါဆိုလပြည့်ကျော် ၆ ရက်နေ့ရောက်တော့ ဦးကို ဘုရားလုပ်ဖို့ခေါ်တယ်တဲ့။ လိုက်သွားတော့ ရတနာ့မာန်အောင် ဆရာတော်က ဘုရားနှစ်ပါးလုပ်ဖို့ ပြောတယ်။ ၁၀ ရက်လောက်လုပ်ရတယ်။ ပိုက်ဆံ ၁ သိန်းကျော် လောက်ရတယ်။ ပိုက်ဆံ ၁ သိန်းကျော်ရတော့ အဆင်ပြေသွားပေါ့။”လို့ သူက ဖွင့်ဟပါတယ်။

smart

အာရုံစူးစိုက်မှုအားကောင်းသူတွေသာ ပြုလုပ်လို့ရနိုင်တဲ့၊ ခက်ခဲနက်နဲတဲ့ ဒီကျောက်ဆစ်လုပ်ငန်းနဲ့ ဘာမှအဆက်အစပ်မရှိတဲ့ လယ်သမားမျိုးရိုးက ဆင်းသက်လာသူဖြစ်ပေမယ့် သူ့အတွက် ဒီလုပ်ငန်းတွေဟာ လွယ်ကူလို့နေခဲ့ပါတယ်။ သူစတင်လုပ်ဆောင်ခဲ့ချိန်မှာလည်း မြင်ဆရာသာ ရှိခဲ့ပေမယ့် သင်ဆရာတော့ မရှိသလောက်ရှားပါးခဲ့ပါတယ်။

ဒါကလည်း သူရဲ့ဝါသနာဗီဇကြောင့်ဖြစ်ပြီး ကျောက်ဆစ်လက်ရာတွေပေါကြွယ်ဝလွန်းတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦး မြို့သား တစ်ယောက်ပီသပါပေတယ်။ သူဟာ ငယ်ရွယ်ချိန်မှာ သူ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ခဲခြစ်ပန်းချီတွေ၊ အဲဒီကတစ်ဆင့် သစ်သားပန်းပု၊ အဲဒီကနေတစ်ဆင့် ကျောက်ကိုဆစ်ပြီး ရုပ်ထုထွင်တဲ့အထိပြုလုပ်လာခဲ့တာလို့ ဆိုပါတယ်။

“လက်ရှိအချိန်ထိ လက်တွေ့သင်လာတဲ့ ဆရာတော့ မရှိသေးဘူး။ မြင်ဆရာလောက်ပဲ ရှိတယ်။ ကလေးဘဝတည်းက သျှစ်သောင်းတို့၊ ထုက္ကန့်သိမ်တို့၊ နောက်ပြီးတော့ ဆင်ချဆိတ်မှာနေတဲ့အတွက်နဲ့ ဆင်ချဆိတ်က ဘုရားနားမှာ အရုပ်တွေရှိတယ်။ အဲဒါတွေကို ဝါသနာရှိ တယ်။ အငယ်က ၅ နှစ်၊ ၆ နှစ်လောက်မှာ သျှစ်သောင်းဘုရားကိုရောက်လို့ ဝင်ဝက အရုပ်ကို စိတ်ကတော့ ဒီအရုပ်ဟာမင်းဗာကြီးပေါ့။ အိမ်ကိုရောက်တဲ့အခါ ခဲတံနဲ့ဆွဲတယ်။ လူတွေကိုပြတော့ သိပ်ဟုတ်တာပဲတဲ့။ ဝါသနာကို အခြေခံတယ်။ နောက်ပြီး တောတောင်တို့၊ လယ်ပြင်တို့မှာဆိုလည်း အမြဲတမ်း ဘုရားပုထိုးတွေ သွားပြီးတော့လုပ်တယ်။ အဲဒါကြောင့် သူ့ဟာနဲ့သူ အဆက်စပ်ရှိနေတယ်။ ကိုယ်နေတဲ့ နေရာအနီးမှာ စေတီတစ်ဆူ သို့တည်းမဟုတ် ဘုရားတစ်ပါး အဲဒါတွေဆိုရင်လည်း သစ်သားဆိုလည်း ဓားနဲ့ ခုတ်ပြီးတော့ အရုပ်တစ်ရုပ် ပေါ်အောင် လုပ်တဲ့ ဗီဇရှိတယ်။ နောက်ပိုင်းမှာဆိုရင် ကျောက်ရုပ်တွေလုပ်လာတယ်။ သစ်သားရုပ်တွေလုပ်လာတယ်။ နည်းနည်းပါးပါးအခြေအနေ အဆင်မပြေတာတွေရှိတယ်။ အရုပ်တော့ဖြစ်တယ်။ ဒါပေမယ့် တော်ရုံကောင်းတဲ့အဆင့်ကို မကျသည့်တိုင်အောင် သာမန်အေ ခြအနေထက်ကောင်းအောင်ဆိုတော့ ပန်းချီဆရာရွှေဖောင်သာက ပြပေးတယ်။ ခဲလိုင်းနဲ့ အရုပ်ဆွဲတဲ့နည်းတွေပေါ့။ ဆရာဆိုလည်းသူပဲ ပေါ့။ ဆိုတော့ ပန်းချီဆွဲဖို့လည်း တတ်သွားတယ်။ ခဲလိုင်းဆွဲဖို့လည်းတတ်သွားတာပေါ့။”

လက်ရှိမှာဆိုရင်တော့ သူ့အနေနဲ့ သူနေထိုင်တဲ့မြို့ မြောက်ဦးမှာသာမက ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေနဲ့ ကမ္ဘာကျော်ကမ်းခြေတည် ရှိရာ သံတွဲမြို့နယ်၊ ရခိုင်ပြည်နယ် အနှံ့အပြားက မြို့နယ်တွေ၊ နောက်ပြီးတော့ ပြည်မဖက်တို့မှာလည်း အဲဒီလက်ရာတွေနဲ့ ပတ်သတ်ပြီး ချဲ့ထွင်လုပ်ကိုင်နေပါပြီ။

ဒါတင်မကပဲ ဒီလုပ်ငန်းအပေါ် စိတ်ဝင်စားတဲ့ တပည့်၊ သား၊ သမီးတချို့ကိုလည်း မွေးထုတ်ထားသူဖြစ်ပါတယ်။

ဒီလုပ်ငန်းခွင်ကို စတင်လို့ ဝင်ရောက်ချိန်ကနေ အသက် ၅၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီအချိန်ထိ သူလက်ခံလုပ်ကိုင်ခဲ့တဲ့ ရုပ်ထုတွေ၊ လက်ရာတွေအကြောင်းကိုလည်း သူက “(စစ်တွေက) ရွှေသဇင်ဟိုတယ်မှာ အရုပ်ပိုင်းဆိုင်ရာအားဖြင့် အကုန်လုံးကို ဦးလုပ်တာ။ သံတွဲက ငပလီသဇင်နန်းတော်တို့မှာ မြောက်ဦးတိုင်းခန်းလှည့်လည်တဲ့ပုံတွေ၊ ဆိုင်ဘိုးတွေ၊ နောက်ပြီးတော့ မြောက်ဦးက အခုဆောက်နေတဲ့ ဟိုတယ်မှာ ပြောရမယ်ဆိုရင် ပန်းပုပိုင်းဆိုင်ရာအားဖြင့် ကြီးကျယ်တဲ့ အဆောက်အဦးတွေ၊ အဲဒီမတိုင်ခင်က ရန်ကုန်မှာ နေပြီးတော့ ရုပ်ထု ၂၀၀ ကျော်လောက်လုပ်ဖူးတယ်။ နောက် တောင်သုံးလုံး စေတဝန်ကျောင်းမှာ ဘုရားတွေ အဲဒါတွေလည်း ဒီကထွင်းလို့ပို့တာ။ မအီမှာ ရတနာ့မာန်အောင်ဆရာတော်မှာ ၉ တောင်ဘုရားတစ်ပါး၊ မိုးစဲကမ်းခြေရာတွေမှာ ရပ်တော်မူဘုရား၊ အဲဒီနောက်ဖက်က ၉ တောင်ဘုရား တစ်ပါး။ ၇ တောင်ဘုရားတစ်ပါးတည်ဖူးတယ်။ အခုအတိုင်းတာအားဖြင့်ဆိုရင် ထင်ရှားတာတွေဖြစ်ပါတယ်။ အခုလည်း ၉ တောင်ရပ်ေ တာ်မူတစ်ပါးတည်နေတယ်။”လို့ ဝင့်ကြွားစွာနဲ့ ပြောပြပါသေးတယ်။

သူတို့ဒေသဟာ ကျောက်ဆစ်လက်ရာတွေပေါကြွယ်ဝတဲ့ဒေသတစ်ခု ဖြစ်တဲ့အလျောက် အဲဒီပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုသူ တွေလည်း များပြားပေမယ့် အများစုကတော့ ရှေးရိုးကို အခြေခံလုပ်ကိုင်နေကြဆဲသာဖြစ်ပြီး လက်ရှိအချိန်ထိ ခေတ်မီနည်းလမ်းတွေကို အသုံးပြုပြီး မပြုလုပ်နိုင်ကြသေးပါဘူး။

“ကိုယ်ခံစားပြီးတော့ လုပ်ထားတဲ့အရာတစ်ခုကို တစ်ခြားသူတစ်ယောက်က ဒီဟာပဲကောင်းတယ်။ ဒီဟာမကောင်း ဘူးလို့ပြောတာကို မလိုချင်ဘူး။ ရှေးခေတ်က သုခမိန်သောက်ခဲ့တဲ့ ဗျာလရုပ်နဲ့ ပန်းတွေနဲ့ သို့တည်းမဟုတ် ခြင်္သေ့နဲ့ ဆေးတံကြီးတစ်ခုကို သောက်လို့ အာရုံခံစားပြီး လုပ်ထားတဲ့ဟာတစ်ခုကို ဒါဟာဘာမှ တန်ဖိုးမရှိဘူးလို့ ဖြစ်ချင်လည်း ဖြစ်သွားမယ်။ အဲဒီလိုမျိုးတွေရှိတာကြောင့် ပြိုင်ပွဲ တွေမှာ မပါချင်ဘူး။”

ကျောက်ဆစ်လက်ရာတွေကို ထုတ်လုပ်နိုင်ကြပြီဆိုပေမယ့်လည်း ထုတ်လုပ်ပြီးသားရုပ်ထုတွေကို ဝယ်ယူနိုင်မယ့် အတည်တကျစျေးကွက် မရှိတာကြောင့်လည်း အဲဒီလုပ်ငန်းကို လုပ်ကိုင်သူတွေအနေနဲ့ ဘုရားပုထိုးတွေတည်ဆောက်ဖို့ ကိုယ်တိုင်သွားရောက်လုပ်ဆောင်ကြတဲ့နေရာမှာ အဆင်ပြေကြပေမယ့်လည်း တကယ့်ထုတ်လုပ်ပြီးသား ရုပ်ထုတွေကို ရောင်းချနိုင်ဖို့ဆိုတာက အင်မတန်မှကို ခက်ခဲလွန်းလှပါတယ်။

“ရှေးရိုးကို အခြေခံတယ်ဆိုတာက ဓညဝတီခေတ်က ရုပ်ထုလုပ်မယ်ဆိုရင် ကိုယ်ကြိုက်တဲ့အချိုးတစ်ခုယူတယ်။ အဲဒီအရုပ်မှာ မိန်းမဖြစ် ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ဓညဝတီခေတ် ဝတ်စားဆင်ယင်လိုက်တယ်ဆိုရင် ဓညဝတီခေတ်ဖြစ်သွားတယ်။ ဝေသာလီခေတ်ဆိုလည်း ဒီအတိုင်းပဲ။”

ဒါကြောင့် ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ ဒီလုပ်ငန်းကို အဆင့်မြှင့်ပြီး နိုင်ငံခြားကို တင်ပို့နိုင်ဖို့ လိုလားနေကြပေမယ့် တကယ့်လက်တွေ့မှာတော့ မြန်မာနိုင်ငံအတွင်းက တစ်ခြားဒေသကို ပို့ဆောင်ရာမှာတောင် အဆင်မပြေမှုတွေ အများကြီးကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဖက်က ဒီရုပ်ထုတွေကို နိုင်ငံတကာကို တင်ပို့နိုင်မယ့်ကိစ္စက ပန်းပုဆရာတွေအတွက် အခက်ခဲဆုံး။ တစ်ခြားနေရာတွေမှာ ပန်းပုဆရာတွေ လက်ရာမြောက်တယ်။ ငါတို့ ရခိုင်ကလူတွေ ကျောက်ဆစ်ရုပ်ထွင်တယ်။ ကျောက်ဆစ်ရုပ်သည် နိုင်ငံတကာမှာ လုပ်ထားတဲ့ အရုပ်တွေလောက် စံချိန်မမှီ။ အဆင့်မမြင့် အဲဒီလိုတွေရှိတယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ်။ အဓိကလိုရင်းက ဒီအလုပ်ကိုလုပ်လို့ လုပ်တဲ့သူဟာ ထမင်းဝမယ်ဆိုရင် ဒီအရုပ်တွေဟာ တိုးတက်မယ်လို့ ထင်တယ်။ အဲဒါက တစ်ကဏ္ဍ။”

“နောက်ပြီးတော့ ခိုင်းတဲ့လူကနည်းတယ်။ အခု ရခိုင်ပြည်မှာဆိုရင် ဟိုတယ်နဲ့ ပတ်သက်တဲ့သူတွေပဲ သုံးတယ်။ ရန်ကုန်ကိုဆိုတာနဲ့ ရှေး သုကနေပြီးတော့ ထောက်ခံချက်ယူရတာတွေ၊ ပက်ကင်ပိတ်ထားတဲ့ အဲဒီအရုပ်တွေထမ်းပြီး ဘုန်းတော်ကြီး ဆွမ်းကပ်သလိုကပ်ပြရတာ တွေ၊ ဒီဟာတွေက လုပ်တဲ့သူတွေကို အနှောင့်ယှက်တစ်ခုလို ဖြစ်စေတယ်။ အမှန်မှာဆိုရင် အရုပ်လုပ်ထားတယ်။ ဒါသည် ရှေးဟောင်း မဟုတ်ဆိုတာကို သူတို့လည်း သိတယ်။ သိရက်သားနဲ့ ၂ ရက်၊ ၃ ရက်ကြာအောင် ပက်ကင်ပိတ်ထားတာတွေကိုဖွင့် ဖွင့်ပြီးတော့ အဲဒါ တွေကို ကားပေါ်က ချပြ။ သူတို့လာကြည့်လည်းရတာကို။ အဲဒါတွေကို ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုတွေကိုတောင်မှ ကမ်းအောင်လုပ် နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အဓိကဘာလိုလဲ အဲဒီပုံစံမျိုးမဟုတ်ဘူး။ အခုကနေပြီးတော့ မိသားစုဝမ်းရေးအတွက်လုပ်ထားတဲ့ဟာတစ်ခုကို ရှေးဟောင်းမဟုတ် ကျောက်ကလည်း အသစ်မှာထားတာ သူတို့လည်းသိတယ်။ အဲဒါကို ပန်းပုဆရာတွေကို တမင်တကာ ဖိချတဲ့ပုံစံ မျိုးဖြစ်နေတယ်။”

သူဝါသနာပါလွန်းတဲ့အလုပ်ကို လုပ်ကိုင်နေရလို့ ကျေနပ်နေတဲ့ ဦးလှကြီးမှာဆိုရင်လည်း တစ်ခြားသူတွေလို သူသက်ရှိစဉ်မှာလုပ်ခဲ့ချင် တဲ့ ရည်မှန်းချက်တစ်ခုလည်း ရှိနေပါတယ်။

မခို့တရို့အပြုံးနဲ့ ရယ်ရင်းနဲ့ သူက “ထိုးဖောက်မယ်ဘာညာဆိုတာထက် ဘဝမှာ မသေခင်လုပ်ခဲ့ချင်တာလေးတစ်ခုတော့ရှိတယ်။ ခြံဝင်း တစ်ခုမှာ ပေတစ်ရာလောက်ကြီးမားတဲ့ အဆောက်အဦးတစ်ခုလုပ်မယ်။ အဲဒီထဲမှာ ကိုယ်တတ်တဲ့ အရုပ်ဟူသမျှ၊ အရုပ် ၅၀၀ ဆို ၅၀၀။ ၁ဝဝဝဆို ၁၀၀၀ ပေါ့။ ပြတိုက်ပုံစံမျိုး။ အဲဒီလိုလုပ်ချင်တဲ့ ဆန္ဒတော့ရှိတယ်။ အဲဒါကိုပဲ ဦးတည်နေတယ်။ မထင်ရှားလည်းမတတ်နိုင်ဘူး။” လို့ သူဖြစ်ချင်တဲ့ ဆန္ဒကို မရှက်တမ်း ပြောပြပါတယ်။

မြောက်ဦးတည်ရှိနေသရွေ့ ကျောက်ဆစ်လုပ်ရာလုပ်ငန်းတွေကို ထိန်းသိမ်းချင်သေးရင်တော့ တာဝန်ရှိသူတွေအနေနဲ့လည်း သူတို့တောင်းဆိုချက်တွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာဖြစ်သလို ပြည်သူလူထုတွေကလည်း အခုလို ကျောက်ဆစ်လက်ရာတွေကို အ မြတ်တနိုးတန်ဖိုးထားပြီး တတ်နိုင်တာလေးတွေကို ဝယ်ယူအားပေးကြရမှာ ဖြစ်ပါတယ်။

(Zawgyi Version)

ထူး၊ ႐ိုးမေရဒီယိုမဂၢဇင္း

နန္းသက္ေပါင္း ၃၃၅ ႏွစ္ေက်ာ္တာရွည္ခဲ့ၿပီး ႏွစ္ေပါင္း ၅၀၀ ေက်ာ္ၾကာရွည္ေနၿပီျဖစ္တဲ့ ေျမာက္ဦးၿမိဳ႕ဟာ ေရွးေဟာင္းလက္ရာေတြ၊ ယဥ္ေက်းမႈအေမြအႏွစ္ေတြ စု႐ုံးတည္ရွိရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ ေျမာက္ဦးမွာ အထင္ရွားဆုံးကေတာ့ ေက်ာက္ဆစ္လက္ရာေတြပါ။

အဲဒီလို လက္ရာေျမာက္တဲ့ ေက်ာက္ဆစ္လက္ရာေတြကို အေကာင္ထည္ေဖာ္ခဲ့သူေတြ ေျမာက္ဦးသမိုင္းမွာ တြင္က်ယ္စြာ ရွိေနခဲ့သလို လက္ရွိအခ်ိန္ထိလည္း ရွိေနဆဲျဖစ္ပါတယ္။

အဲဒီထဲမွာ ဦးလွႀကီးလည္း ပါဝင္ပါတယ္။

“မ်ိဳး႐ိုးထဲမွာ ဘယ္သူမွမရွိဘူး။ ဦးတို႔ မိသားစုအတိုင္းအတာမွာ ဘယ္သူမွမရွိဘူး။ (ဦး)တစ္ေယာက္ပဲ ရွိတယ္။ ညီကို သုံးေယာက္ရွိတာ။ အဲဒီထဲမွာ ဘယ္သူမွ မပါဘူး။ မိဘကလည္း လယ္ပဲလုပ္တယ္။ ကုိယ္ကသာ ဝါသနာပါတယ္ေလ။ ငယ္ငယ္ကေတာင္ ဘုရားလုပ္။ ႐ုပ္ ထုလုပ္တယ္ဆိုရင္ မလုပ္နဲ႔ အျပစ္က်မယ္တဲ့။ က်ခ်င္က်၊ မက်ခ်င္ေန ဦးကေတာ့ ဝါသနာပါတယ္လို႔။ ခဲတံနဲ႔ ဆြဲရင္လည္း ဘုရားေစတီပဲ ။” လို႔ သူ႐ူးသြပ္ခဲ့တဲ့အေၾကာင္းကို ဦးလွႀကီးက ေျပာပါတယ္။

သူဟာ အသက္ ၅၂ ႏွစ္အရြယ္ရွိေနၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ ေျမာက္ဦးၿမိဳ႕ ၾကက္ေစ်းရပ္ကြက္မွာ ေနထိုင္ကာ သူဝါသနာပါရာ ေက်ာက္ ဆစ္လုပ္ငန္း၊ သစ္သားပန္းပုလုပ္ငန္းနဲ႔ ဘိလပ္ေျမနဲ႔ ႐ုပ္ထုလုပ္တဲ့လုပ္ငန္းေတြကို လုပ္ကိုင္ေနတာျဖစ္ပါတယ္။ ငယ္ရြယ္စဥ္ကတည္းက ေန ဒီလုပ္ငန္းေတြကို ဝါသနာပါခဲ့ေပမယ့္ မိဘရဲ႕ လုပ္ငန္းကိုသာလုပ္ကိုင္ခဲ့ရတာပါ။

ဒါေပမယ့္ သူအခြင့္အေရးရတဲ့ေန႔မွာေတာ့ သူရဲ႕လက္ရွိအလုပ္ကိုစြန္႔လႊတ္ၿပီး ဝါသနာကို အေကာင္အထည္ေဖာ္ခဲ့တယ္လို႔ သူက ေျပာျပ ပါတယ္။

“ပထမကေတာ့ လယ္လုပ္တဲ့လုပ္ငန္းနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳတယ္ေပါ့။ မိဘကလည္းလယ္လုပ္တယ္။ အိမ္ေထာင္က်ေတာ့ မိန္းမ မိဘကလည္း လယ္လုပ္တယ္ဆိုေတာ့ ကိုယ္လည္း လယ္လုပ္ရတာေပါ့။ သား၊ သမီး ၃ ေယာက္ရၿပီးမွ ဒီလုပ္ငန္းကိုစလုပ္ျဖစ္တာ။ ဒီအ လုပ္ကိုက ဝါသနာရွိတာ။ လယ္လုပ္ေနလို႔ ဒီလမ္းေၾကာင္းေပ်ာက္ေနတယ္။ ဆိုေတာ့ လယ္လုပ္ငန္းကို လုံးဝစြန္႔လႊတ္လိုက္ၿပီး ဒီလုပ္ငန္း ဘက္ကိုလွည့္လာခဲ့တာ။”

ႏွစ္ဖက္မိဘေတြဆီက တစ္ဘဝစာလုပ္ကိုင္စားေသာက္ဖို႔ လႊဲအပ္ခဲ့တဲ့ မိ႐ိုးဖလာလယ္လုပ္ငန္းကို စြန္႔လႊတ္လုိက္ခ်ိန္ဟာေတာ့ သူ႔အခ်ိန္ အခက္ခဲဆုံးအခ်ိန္ေတြျဖစ္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သား၊ သမီး ၃ ေယာက္နဲ႔ ဇနီးမယားတစ္ေယာက္ကို တာဝန္ယူထားရတဲ့ ဖခင္တစ္ေယာက္အေနနဲ႔ သူ႔ဘဝကို ဘယ္လိုရပ္တည္ခဲ့ပါသလဲ။

“ဒီလုပ္ငန္းကို ျဖတ္လိုက္ေတာ့ လက္သမားလုပ္ငန္းနဲ႔ ရပ္ခံတယ္။ အဲဒီအခ်ိန္က လက္သမားလုပ္လို႔ (တစ္ေန႔ကို) ၇၀၀ ရတယ္။ မိသား စုတစ္စုစားဝတ္ေနေရးက ၁ ေထာင္ကုန္တယ္။ အဲဒီႏွစ္မွာ ဆန္ေစ်းတက္လို႔ ဆန္ ၁ ေတာင္းကို ၃၅၀၀ရွိတယ္။ ဆိုေတာ့ မိုးဦးက်ကေန လုပ္လို႔လာတာ အေၾကြးကလည္း တင္လို႔တင္လို႔လာတယ္။ ဝါဆိုလျပည့္ေက်ာ္ ၆ ရက္ေန႔ေရာက္ေတာ့ ဦးကို ဘုရားလုပ္ဖို႔ေခၚတယ္တဲ့။ လိုက္သြားေတာ့ ရတနာ့မာန္ေအာင္ ဆရာေတာ္က ဘုရားႏွစ္ပါးလုပ္ဖို႔ ေျပာတယ္။ ၁၀ ရက္ေလာက္လုပ္ရတယ္။ ပိုက္ဆံ ၁ သိန္းေက်ာ္ ေလာက္ရတယ္။ ပိုက္ဆံ ၁ သိန္းေက်ာ္ရေတာ့ အဆင္ေျပသြားေပါ့။”လို႔ သူက ဖြင့္ဟပါတယ္။

အာ႐ုံစူးစိုက္မႈအားေကာင္းသူေတြသာ ျပဳလုပ္လို႔ရႏိုင္တဲ့၊ ခက္ခဲနက္နဲတဲ့ ဒီေက်ာက္ဆစ္လုပ္ငန္းနဲ႔ ဘာမွအဆက္အစပ္မရွိတဲ့ လယ္သမားမ်ိဳး႐ိုးက ဆင္းသက္လာသူျဖစ္ေပမယ့္ သူ႔အတြက္ ဒီလုပ္ငန္းေတြဟာ လြယ္ကူလို႔ေနခဲ့ပါတယ္။ သူစတင္လုပ္ေဆာင္ခဲ့ခ်ိန္မွာလည္း ျမင္ဆရာသာ ရွိခဲ့ေပမယ့္ သင္ဆရာေတာ့ မရွိသေလာက္ရွားပါးခဲ့ပါတယ္။

ဒါကလည္း သူရဲ႕ဝါသနာဗီဇေၾကာင့္ျဖစ္ၿပီး ေက်ာက္ဆစ္လက္ရာေတြေပါၾကြယ္ဝလြန္းတဲ့ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ ေျမာက္ဦး ၿမိဳ႕သား တစ္ေယာက္ပီသပါေပတယ္။ သူဟာ ငယ္ရြယ္ခ်ိန္မွာ သူ႔အသက္အရြယ္နဲ႔ လိုက္ဖက္တဲ့ ခဲျခစ္ပန္းခ်ီေတြ၊ အဲဒီကတစ္ဆင့္ သစ္သားပန္းပု၊ အဲဒီကေနတစ္ဆင့္ ေက်ာက္ကိုဆစ္ၿပီး ႐ုပ္ထုထြင္တဲ့အထိျပဳလုပ္လာခဲ့တာလို႔ ဆိုပါတယ္။

“လက္ရွိအခ်ိန္ထိ လက္ေတြ႔သင္လာတဲ့ ဆရာေတာ့ မရွိေသးဘူး။ ျမင္ဆရာေလာက္ပဲ ရွိတယ္။ ကေလးဘဝတည္းက သွ်စ္ေသာင္းတို႔၊ ထုကၠန္႔သိမ္တို႔၊ ေနာက္ၿပီးေတာ့ ဆင္ခ်ဆိတ္မွာေနတဲ့အတြက္နဲ႔ ဆင္ခ်ဆိတ္က ဘုရားနားမွာ အ႐ုပ္ေတြရွိတယ္။ အဲဒါေတြကို ဝါသနာရွိ တယ္။ အငယ္က ၅ ႏွစ္၊ ၆ ႏွစ္ေလာက္မွာ သွ်စ္ေသာင္းဘုရားကိုေရာက္လို႔  ဝင္ဝက အ႐ုပ္ကို စိတ္ကေတာ့ ဒီအ႐ုပ္ဟာမင္းဗာႀကီးေပါ့။ အိမ္ကိုေရာက္တဲ့အခါ ခဲတံနဲ႔ဆြဲတယ္။ လူေတြကိုျပေတာ့ သိပ္ဟုတ္တာပဲတဲ့။ ဝါသနာကို အေျခခံတယ္။ ေနာက္ၿပီး ေတာေတာင္တို႔၊ လယ္ျပင္တို႔မွာဆိုလည္း အၿမဲတမ္း ဘုရားပုထိုးေတြ သြားၿပီးေတာ့လုပ္တယ္။ အဲဒါေၾကာင့္ သူ႔ဟာနဲ႔သူ အဆက္စပ္ရွိေနတယ္။ ကိုယ္ေနတဲ့ ေနရာအနီးမွာ ေစတီတစ္ဆူ သို႔တည္းမဟုတ္ ဘုရားတစ္ပါး အဲဒါေတြဆိုရင္လည္း သစ္သားဆိုလည္း ဓားနဲ႔ ခုတ္ၿပီးေတာ့ အ႐ုပ္တစ္႐ုပ္ ေပၚေအာင္ လုပ္တဲ့ ဗီဇရွိတယ္။ ေနာက္ပိုင္းမွာဆိုရင္ ေက်ာက္႐ုပ္ေတြလုပ္လာတယ္။ သစ္သား႐ုပ္ေတြလုပ္လာတယ္။ နည္းနည္းပါးပါးအေျခအေန အဆင္မေျပတာေတြရွိတယ္။ အ႐ုပ္ေတာ့ျဖစ္တယ္။ ဒါေပမယ့္ ေတာ္႐ုံေကာင္းတဲ့အဆင့္ကို မက်သည့္တိုင္ေအာင္ သာမန္အေ ျခအေနထက္ေကာင္းေအာင္ဆိုေတာ့ ပန္းခ်ီဆရာေရႊေဖာင္သာက ျပေပးတယ္။ ခဲလိုင္းနဲ႔ အ႐ုပ္ဆြဲတဲ့နည္းေတြေပါ့။ ဆရာဆိုလည္းသူပဲ ေပါ့။ ဆိုေတာ့ ပန္းခ်ီဆြဲဖို႔လည္း တတ္သြားတယ္။ ခဲလိုင္းဆြဲဖို႔လည္းတတ္သြားတာေပါ့။”

လက္ရွိမွာဆိုရင္ေတာ့ သူ႔အေနနဲ႔ သူေနထိုင္တဲ့ၿမိဳ႕ ေျမာက္ဦးမွာသာမက ရခိုင္ျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ စစ္ေတြနဲ႔ ကမၻာေက်ာ္ကမ္းေျခတည္ ရွိရာ သံတြဲၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ အႏွံ႔အျပားက ၿမိဳ႕နယ္ေတြ၊ ေနာက္ၿပီးေတာ့ ျပည္မဖက္တို႔မွာလည္း အဲဒီလက္ရာေတြနဲ႔ ပတ္သတ္ၿပီး ခ်ဲ႕ထြင္လုပ္ကိုင္ေနပါၿပီ။

ဒါတင္မကပဲ ဒီလုပ္ငန္းအေပၚ စိတ္ဝင္စားတဲ့ တပည့္၊ သား၊ သမီးတခ်ိဳ႕ကုိလည္း ေမြးထုတ္ထားသူျဖစ္ပါတယ္။

ဒီလုပ္ငန္းခြင္ကို စတင္လို႔ ဝင္ေရာက္ခ်ိန္ကေန အသက္ ၅၂ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဒီအခ်ိန္ထိ သူလက္ခံလုပ္ကိုင္ခဲ့တဲ့ ႐ုပ္ထုေတြ၊ လက္ရာေတြအေၾကာင္းကိုလည္း သူက “(စစ္ေတြက) ေရႊသဇင္ဟိုတယ္မွာ အ႐ုပ္ပိုင္းဆိုင္ရာအားျဖင့္ အကုန္လုံးကို ဦးလုပ္တာ။ သံတြဲက ငပလီသဇင္နန္းေတာ္တို႔မွာ ေျမာက္ဦးတိုင္းခန္းလွည့္လည္တဲ့ပုံေတြ၊ ဆိုင္ဘိုးေတြ၊ ေနာက္ၿပီးေတာ့ ေျမာက္ဦးက အခုေဆာက္ေနတဲ့ ဟိုတယ္မွာ ေျပာရမယ္ဆိုရင္ ပန္းပုပိုင္းဆုိင္ရာအားျဖင့္ ႀကီးက်ယ္တဲ့ အေဆာက္အဦးေတြ၊ အဲဒီမတိုင္ခင္က ရန္ကုန္မွာ ေနၿပီးေတာ့ ႐ုပ္ထု ၂၀၀ ေက်ာ္ေလာက္လုပ္ဖူးတယ္။ ေနာက္ ေတာင္သုံးလုံး ေစတဝန္ေက်ာင္းမွာ ဘုရားေတြ အဲဒါေတြလည္း ဒီကထြင္းလို႔ပို႔တာ။ မအီမွာ ရတနာ့မာန္ေအာင္ဆရာေတာ္မွာ ၉ ေတာင္ဘုရားတစ္ပါး၊ မိုးစဲကမ္းေျခရာေတြမွာ ရပ္ေတာ္မူဘုရား၊ အဲဒီေနာက္ဖက္က ၉ ေတာင္ဘုရား တစ္ပါး။ ၇ ေတာင္ဘုရားတစ္ပါးတည္ဖူးတယ္။ အခုအတိုင္းတာအားျဖင့္ဆိုရင္ ထင္ရွားတာေတြျဖစ္ပါတယ္။ အခုလည္း ၉ ေတာင္ရပ္ေ တာ္မူတစ္ပါးတည္ေနတယ္။”လို႔ ဝင့္ၾကြားစြာနဲ႔ ေျပာျပပါေသးတယ္။

သူတို႔ေဒသဟာ ေက်ာက္ဆစ္လက္ရာေတြေပါၾကြယ္ဝတဲ့ေဒသတစ္ခု ျဖစ္တဲ့အေလ်ာက္ အဲဒီပညာရပ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳသူ ေတြလည္း မ်ားျပားေပမယ့္ အမ်ားစုကေတာ့ ေရွး႐ိုးကို အေျခခံလုပ္ကိုင္ေနၾကဆဲသာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ေခတ္မီနည္းလမ္းေတြကို အသုံးျပဳၿပီး မျပဳလုပ္ႏိုင္ၾကေသးပါဘူး။

“ကိုယ္ခံစားၿပီးေတာ့ လုပ္ထားတဲ့အရာတစ္ခုကို တစ္ျခားသူတစ္ေယာက္က ဒီဟာပဲေကာင္းတယ္။ ဒီဟာမေကာင္း ဘူးလို႔ေျပာတာကို မလိုခ်င္ဘူး။ ေရွးေခတ္က သုခမိန္ေသာက္ခဲ့တဲ့ ဗ်ာလ႐ုပ္နဲ႔ ပန္းေတြနဲ႔ သို႔တည္းမဟုတ္ ျခေသၤ့နဲ႔ ေဆးတံႀကီးတစ္ခုကို ေသာက္လို႔ အာ႐ုံခံစားၿပီး လုပ္ထားတဲ့ဟာတစ္ခုကို  ဒါဟာဘာမွ တန္ဖိုးမရွိဘူးလို႔ ျဖစ္ခ်င္လည္း ျဖစ္သြားမယ္။ အဲဒီလိုမ်ိဳးေတြရွိတာေၾကာင့္ ၿပိဳင္ပြဲ ေတြမွာ မပါခ်င္ဘူး။”

ေက်ာက္ဆစ္လက္ရာေတြကို ထုတ္လုပ္ႏိုင္ၾကၿပီဆိုေပမယ့္လည္း ထုတ္လုပ္ၿပီးသား႐ုပ္ထုေတြကို ဝယ္ယူႏိုင္မယ့္ အတည္တက်ေစ်းကြက္ မရွိတာေၾကာင့္လည္း အဲဒီလုပ္ငန္းကုိ လုပ္ကိုင္သူေတြအေနနဲ႔ ဘုရားပုထိုးေတြတည္ေဆာက္ဖို႔ ကိုယ္တိုင္သြားေရာက္လုပ္ေဆာင္ၾကတဲ့ေနရာမွာ အဆင္ေျပၾကေပမယ့္လည္း တကယ့္ထုတ္လုပ္ၿပီးသား ႐ုပ္ထုေတြကို ေရာင္းခ်ႏိုင္ဖို႔ဆိုတာက အင္မတန္မွကို ခက္ခဲလြန္းလွပါတယ္။

“ေရွး႐ိုးကို အေျခခံတယ္ဆိုတာက ဓညဝတီေခတ္က ႐ုပ္ထုလုပ္မယ္ဆိုရင္ ကိုယ္ႀကိဳက္တဲ့အခ်ိဳးတစ္ခုယူတယ္။ အဲဒီအ႐ုပ္မွာ မိန္းမျဖစ္ ျဖစ္၊ ေယာက္်ားျဖစ္ျဖစ္ ဓညဝတီေခတ္ ဝတ္စားဆင္ယင္လိုက္တယ္ဆိုရင္ ဓညဝတီေခတ္ျဖစ္သြားတယ္။ ေဝသာလီေခတ္ဆိုလည္း ဒီအတိုင္းပဲ။”

ဒါေၾကာင့္ ေက်ာက္ဆစ္လုပ္ငန္း လုပ္ကိုင္သူေတြအေနနဲ႔ ဒီလုပ္ငန္းကို အဆင့္ျမွင့္ၿပီး ႏိုင္ငံျခားကို တင္ပို႔ႏိုင္ဖို႔ လိုလားေနၾကေပမယ့္ တကယ့္လက္ေတြ႔မွာေတာ့ ျမန္မာႏိုင္ငံအတြင္းက တစ္ျခားေဒသကို ပို႔ေဆာင္ရာမွာေတာင္ အဆင္မေျပမႈေတြ အမ်ားႀကီးႀကံဳေတြ႔ေနရတယ္လို႔ ေျပာပါတယ္။

“က်ေနာ္တို႔ဖက္က ဒီ႐ုပ္ထုေတြကို ႏိုင္ငံတကာကို တင္ပို႔ႏိုင္မယ့္ကိစၥက ပန္းပုဆရာေတြအတြက္ အခက္ခဲဆုံး။ တစ္ျခားေနရာေတြမွာ ပန္းပုဆရာေတြ လက္ရာေျမာက္တယ္။ ငါတို႔ ရခိုင္ကလူေတြ ေက်ာက္ဆစ္႐ုပ္ထြင္တယ္။ ေက်ာက္ဆစ္႐ုပ္သည္ ႏိုင္ငံတကာမွာ လုပ္ထားတဲ့ အ႐ုပ္ေတြေလာက္ စံခ်ိန္မမွီ။ အဆင့္မျမင့္ အဲဒီလိုေတြရွိတယ္။ ကိုယ့္ယဥ္ေက်းမႈနဲ႔ကိုယ္။ အဓိကလိုရင္းက ဒီအလုပ္ကိုလုပ္လို႔ လုပ္တဲ့သူဟာ ထမင္းဝမယ္ဆိုရင္ ဒီအ႐ုပ္ေတြဟာ တိုးတက္မယ္လို႔ ထင္တယ္။ အဲဒါက တစ္က႑။”

“ေနာက္ၿပီးေတာ့ ခိုင္းတဲ့လူကနည္းတယ္။ အခု ရခိုင္ျပည္မွာဆိုရင္ ဟိုတယ္နဲ႔ ပတ္သက္တဲ့သူေတြပဲ သုံးတယ္။ ရန္ကုန္ကိုဆိုတာနဲ႔ ေရွး သုကေနၿပီးေတာ့ ေထာက္ခံခ်က္ယူရတာေတြ၊ ပက္ကင္ပိတ္ထားတဲ့ အဲဒီအ႐ုပ္ေတြထမ္းၿပီး ဘုန္းေတာ္ႀကီး ဆြမ္းကပ္သလိုကပ္ျပရတာ ေတြ၊ ဒီဟာေတြက လုပ္တဲ့သူေတြကို အေႏွာင့္ယွက္တစ္ခုလို ျဖစ္ေစတယ္။ အမွန္မွာဆိုရင္ အ႐ုပ္လုပ္ထားတယ္။ ဒါသည္ ေရွးေဟာင္း မဟုတ္ဆိုတာကို သူတို႔လည္း သိတယ္။ သိရက္သားနဲ႔ ၂ ရက္၊ ၃ ရက္ၾကာေအာင္  ပက္ကင္ပိတ္ထားတာေတြကိုဖြင့္ ဖြင့္ၿပီးေတာ့ အဲဒါ ေတြကို ကားေပၚက ခ်ျပ။ သူတို႔လာၾကည့္လည္းရတာကို။ အဲဒါေတြကို ေရွးေဟာင္း႐ိုးရာ ယဥ္ေက်းမႈေတြကိုေတာင္မွ ကမ္းေအာင္လုပ္ ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနတယ္။ အဓိကဘာလိုလဲ အဲဒီပုံစံမ်ိဳးမဟုတ္ဘူး။ အခုကေနၿပီးေတာ့ မိသားစုဝမ္းေရးအတြက္လုပ္ထားတဲ့ဟာတစ္ခုကို ေရွးေဟာင္းမဟုတ္ ေက်ာက္ကလည္း အသစ္မွာထားတာ သူတို႔လည္းသိတယ္။ အဲဒါကို ပန္းပုဆရာေတြကို တမင္တကာ ဖိခ်တဲ့ပုံစံ မ်ိဳးျဖစ္ေနတယ္။”

သူဝါသနာပါလြန္းတဲ့အလုပ္ကို လုပ္ကိုင္ေနရလို႔ ေက်နပ္ေနတဲ့ ဦးလွႀကီးမွာဆိုရင္လည္း တစ္ျခားသူေတြလို သူသက္ရွိစဥ္မွာလုပ္ခဲ့ခ်င္ တဲ့ ရည္မွန္းခ်က္တစ္ခုလည္း ရွိေနပါတယ္။

မခို႔တ႐ို႕အၿပံဳးနဲ႔ ရယ္ရင္းနဲ႔ သူက “ထုိးေဖာက္မယ္ဘာညာဆိုတာထက္ ဘဝမွာ မေသခင္လုပ္ခဲ့ခ်င္တာေလးတစ္ခုေတာ့ရွိတယ္။ ၿခံဝင္း တစ္ခုမွာ ေပတစ္ရာေလာက္ႀကီးမားတဲ့ အေဆာက္အဦးတစ္ခုလုပ္မယ္။ အဲဒီထဲမွာ ကိုယ္တတ္တဲ့ အ႐ုပ္ဟူသမွ်၊ အရုပ္ ၅၀၀ ဆို ၅၀၀။ ၁၀၀၀ဆို ၁၀၀၀ ေပါ့။ ျပတိုက္ပုံစံမ်ိဳး။ အဲဒီလိုလုပ္ခ်င္တဲ့ ဆႏၵေတာ့ရွိတယ္။ အဲဒါကိုပဲ ဦးတည္ေနတယ္။ မထင္ရွားလည္းမတတ္ႏိုင္ဘူး။” လို႔ သူျဖစ္ခ်င္တဲ့ ဆႏၵကို မရွက္တမ္း ေျပာျပပါတယ္။

ေျမာက္ဦးတည္ရွိေနသေရြ႕ ေက်ာက္ဆစ္လုပ္ရာလုပ္ငန္းေတြကို ထိန္းသိမ္းခ်င္ေသးရင္ေတာ့ တာဝန္ရွိသူေတြအေနနဲ႔လည္း သူတို႔ေတာင္းဆိုခ်က္ေတြ၊ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးရမွာျဖစ္သလို ျပည္သူလူထုေတြကလည္း အခုလို ေက်ာက္ဆစ္လက္ရာေတြကို အ ျမတ္တႏိုးတန္ဖိုးထားၿပီး တတ္ႏိုင္တာေလးေတြကို ဝယ္ယူအားေပးၾကရမွာ ျဖစ္ပါတယ္။

 974 total views,  1 views today