(Unicode Version)
ထူး၊ ရိုးမရေဒီယိုမဂ္ဂဇင်း
ဇာဒေသမှာမဆို အစားအစာပဲဖြစ်ဖြစ်၊ နေရာပဲဖြစ်ဖြစ် နာမည်ကြီးစွာ တစ်ခုလောက်တော့ကေ အနည်းဆုံးရှိကတ်တေ။ မဟုတ်ပါလား။ ကျွဲကူးမြစ်ကမ်းဘေးမှာတည်ရှိရေ ရခိုင်ပြည်နယ် ပေါက်တောမြို့မှာဆိုကေတော့ တင်းဝါးက နာမည်ကြီးရုံမကလို့ ရခိုင်မြောက်ပိုင်းတခွင်မှာဆိုကေ ဟိုးလေးတကျော်ပါ။
ပေါက်တောမြို့မှာ တင်းဝါးဖုတ်တေ ဒိုင်အကြီးကြီးတိ ရှိရေပိုင် တပိုင်တနိုင်ဖုတ်လို့ ရောင်းချသူတိလေ့ရှိပြီးကေ တချို့ကတော့ ဒိုင်ကြီးတိ ပါးက တဆင့်ခံ ဝယ်ယူရောင်းချကတ်ပါရေ။ ပေါက်တောမြို့ ရပ်ကွက် (၄) မှာနီထိုင်ရေ မစန္ဒာချေကတော့ တပိုင်တနိုင်ဖုတ်လုပ်ရောင်းချ ပါရေ။ ကောက်ညှင်းဆန်နဲ့ အုန်းသီးရို့ကို အခြေခံပနာ ဖုတ်လုပ်ရရေ တင်းဝါးအကြောင်းကို သူက အခုပိုင် ပြောပြပါရေ။
“အရင်ဆုံး တင်းဝါးပိုင်းပါရေ။ ကိုယ်ယူဖို့အတိုင်းအတာထိ ကြည့်ပြီးကေ ပိုင်းရေ။ လက်တစ်သစ်လောက်ပေါ့။ ပြီးကေအုန်း သီးတော်ရရေ။ ပြီးစွာနဲ့ (ကောက်ညှင်း)ဆန်နဲ့ အုန်းသီးနဲ့ ရောလို့ဆီးရေ။ ဆန်းကိုလှမ်းထားရေ။ ဆန့်သွေ့စွာနဲ့ (တင်းဝါးထဲမှာ) ဆန်ထည့် ရေ။ ဆန်ထည့်ပြီးစွာနဲ့ ညဦးအချိန်ရောက်ကေ ရီတိုက်တေ။ ပြီးစွာနဲ့ အဝတ်စချုပ်ထားရေ။ မိုးလင်းအရုဏ်ရောက်ကေ အုန်းဆို့ဆို့ရေ။ ပြီး ကေဖုတ်တေ။”
တင်းဝါးကို သူရို့က ညဦးကနေ အဆင်သင့် ဖုတ်လုပ်လို့ရအောင် စီစဉ်ထားလိုက်ပနာ မိုးထအရုဏ်ရောက်စွာနဲ့ ထပြီး ဖုတ်လုပ်ကတ်ပါ ဗျာလ်။ ဖုတ်လုပ်လို့ ပြီးပြီးချင်း သင်္ဘောမထွက်ခင် ဆိပ်ကမ်းကို အပြီးအလွှားလားရောက်ပြီးကေ သင်္ဘောမထွက်ခင် မိုးထပိုင်း ၈ နာရီ လောက်ထိ ရောင်းချကတ်ပါရေ။ သင်္ဘောထွက်လားပြီးခါ အိမ်ကိုပြန်ဝင်ပနာ ထမင်း၊ ဟင်းချက်ပြုတ်ကတ်ပြီး စားသောက်လို့ပြီးကေ လက်ကျန်တိကို စက်လှေဆိပ်ကမ်းတိနဲ့ မြို့ရဲ့လူစည်ကားရေနရာတိမှာ လားရောင်းကတ်ပါရေ။
“၆ နာရီဆိုကေ ရောင်းဖို့ထွက်ကတ်တေ။ ၇ နာရီကျော်၊ ၈ နာရီလောက်ဆိုကေ ရောင်းလို့ပြီးယာ။ ယင်းမှာရောင်းလို့ မကုန်လိုက်ကေ ဘုတ်ဆိပ်တိမှာ လားရောင်းရေ။ တင်းဝါးက ရမ်းဗြဲကထွက်တေ။ လားဝယ်ရေလူတိရှိရေ။ သူရို ့ပါးကတစ်ဆင့်ဝယ်ရေ။ (တွက်ခြေ) ကိုက်တေလို့ မဟုတ်ယာယေ။ တစ်ရက်ကို ၄၊ ၅၊ ၈ ထောင်လောက်တော့ကေ ထွက်တေ။ တင်းဝါးအစည်းတစ်စည်းစီ ၅၀။ အရှည် ၅၀ ဆိုကေ တစ်လုံးကို ငါးပိုင်းရစွာတိပိုင်းရရေ။ ၄ ပိုင်းရစွာရရေ။ ၁၀၀ ကို ၂၅ဝဝပေါ့။ (အိမ်ဆောက်တာမှာသုံးတဲ့ဝါး) ယင်းချင့် မှာက အကာမပါ။ ယင်းချင့်က အဆစ်တိုရေ။ (တင်းဝါး) ဒေဝါးတိဆိုကေ ကိုယ်လိုချင်သလောက်ကို ဆွဲလို့ရရေ။ တစ်လောင်ပိုင်းလေ့ရ ရေ။ တစ်ထောင့်တစ်ထွာပိုင်းကေလေ့ရရေ။ အိမ်ဆောက်တေဝါးနဲ့ဆိုကေ မရ။ လုပ်ကေလေ့ စားမကောင်းပါ။”
ရောင်းလို့ ကောင်းကောင်း၊ မကောင်းကောင်း အချိန်မလင့်ခင် အိမ်ကိုအယင်ပြန်လာကတ်ပြီးကေ နောက်တစ်နိအတွက် ပြန်လည်ပြင် ဆင်ကတ်ရပါရေ။ အခုပိုင် ရောင်းချကတ်ရာမှာတော့ ရောင်းအားကောင်းကေ ကောင်းသလောက် အမြတ်ရကတ်ပါရေ။ အမြတ်ရရေ ဆိုကေလေ့ တင်းဝါးစရိတ်၊ ကောက်ညှင်းဆန်စရိတ်နဲ့ အုန်းသီးစရေ အထွေထွေစရိတ်တိ ကြီးအားကြကီးလို့ လက်ရှိမှာတော့ အခက်တွိ နီကတ်ရရေလို့ ဆိုပါရေ။
“တိုင်းပြည်ရေးအခြေနေလေ့ မကောင်းခါ (ကောက်ညှင်း)ဆန်တစ်သစ်(နို့ဆီ ၄ ဗူး)ကို ၁၈၀၀၊ ၁၉၀၀ ဖြစ်နီချိန်မှာ ဝါးက ၂၂၀၀၀ ရာရှိရေ။ အခုဆန်စျီးကျကေ ဆန်တစ်သစ်ကို ၁၀၀၀ နဲ့ရခါ ဝါးစျီးတက်လားပြန်ယာ။ ၂၅၀၀၀ ဖြစ်လားရေ။ ဇာပဲလုပ်လုပ်။ ဝါး တစ်ရာကို သုံးသောင်းနဲ့ရာ လုပ်လုပ်။ တစ်သစ်ကို ၁၈၀၀ နဲ့ပဲလုပ်လုပ် စားဖို့သောက်ဖို့တော့ ထွက်တေ။”
“စားဖို့စွာကတော့ ဖူလုံရေ။ ကျောင်းစရိတ်၊ ကန်စရိတ်တိ မဖူလုံနိုင်။ တင်းဝါးက ဆောင်းတွင်းဆိုကေ ၃၊ ၄ ရက်ကနီ တစ် ပါတ်လောက်ထိခံရေ။ နိတိုင်းတော့ ကင်ပီးထားရရေ။ တစ်ရောင်းစာဖုတ်တေ။ ဆန် ၆ သစ် (နို့ဆီဗူး ၂၄ ဗူး) ရောင်းရရေ နိရောင်းရရေ။ ငါးသစ်(နို့ဆီဗူး ၂၀ ဗူး)ရောင်းရရေနိ ရောင်းရရေ။”
ဒေကောက်ညှင်းကျည်တောက်ကို ပြုလုပ်ရာမှာတော့ ဝါးကအဓိကပါ။ ဝါးရရေရာသီမှရာလုပ်ရစွာဖြစ်လို့ပါ။
ဝါးမှာလေ့ တင်းဝါးတစ်ခုတည်းနဲ့ရာ ပြုလုပ်လို့ အဆင်ပြေစွာပါ။ တစ်ခြားဝါးတိနဲ့ အဆင်မပြေပါ။ ဒေဝါးဆိုကေလေ့ ရခိုင်ပြည်နယ်မှာဆို ကေ ရမ်းဗြဲမြို့နယ်တစ်ခုတည်းကရာ ထွက်ရှိပါရေ။ ဒေဝါးရေ ရာသီအလိုက်ရာ ထွက်စော်ဖြစ်လို့ ဝါးရာသီ ကုန်လားစွာနဲ့ ဒေလုပ်ငန်းကို ရပ်တန့်ကတ်ရပြီးကေ နောက်လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ကိုင်ကရပါဗျလ်။
“တင်းဝါးက ဝါကျွတ်လမှာပေါ်ရေ။ ဝါကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ၊ တပေါင်းလလောက်ဆိုကေပွဲ ယာ။ ယင်းအချိန်ဆိုကေ မလုပ်ရယာ။ စုမိရေလို့လဲ ဇာဟုတ်ဖို့လဲ။ စားရေ။ သောက်တေ။ နည်းနည်းတော့ ဝဖြိုရေပေါ့။ တစ်နှစ်ကုန် လားကေလေ့ စုမိရေလို့ မရှိ။ တင်းဝါးရာသီကုန်ကေ ငုံးဥရောင်းရေ။ ပန်းသီးတိရောင်းရေ။ စစ်တွေကိုလားရေ ခရီးသည်တိ အများဆုံး ဝယ်ရေ။ နယ်ကလာရေ လူတိလေ့ ဝယ်ရေ။ ဒေနား(သင်္ဘောဆိပ်) မှာရောင်းကေ စစ်တွေကို လားရေလူတိဝယ်ရေ။ စက်လှေဆိပ်မှာ ဆိုကေ နယ်ကလူတိဝယ်ရေ။”
ရခိုင်ပြည်နယ်ရဲ့ တစ်ချို့ဒေသတိမှာလေ့ တင်းဝါးပြုလုပ်ကတ်ကေလေ့ ပေါက်တောမြို့က တင်းဝါးကိုရာ လူကြိုက်များစွာပါ။ ဒေပိုင်လူ ကြိုက်များ ရစွာကလည်း ဖုတ်လုပ်တေနေရာမှာ နည်းစနစ်ကျစွာ၊ ပါဝင်ပစ္စည်းတိကို ပေါင်းစပ်နှုန်း မှန်ကန်စွာတိကြောင့်လို့ ဆိုရပါဖို့။ နောက်ပြီးကေ ပေါက်တောမြို့ရေ ဆိပ်ကမ်းမြို့ တစ်ခုလေ့ဖြစ်တေအလျောက် ရီကြောင်းလမ်းကို အသုံးပြုရေ သင်္ဘောနဲ့ဘုတ်တိ ဆိပ် ကပ်ရာမြို့လေ့ဖြစ်လို့ လူဝင်လူထွက်များပါရေ။
ယင်းကြောင့်လေ့ ခရီးသည်တိက အိမ်ပြန်လက်ဆောင်အဖြစ် တင်းဝါးကို ဝယ်ယူလားလေ့ရှိစွာပါ။ သူရို ့ဖုတ်တေအခါမှာ အသုံးပြုရေ နည်းလမ်းကိုလေ့ စိတ်ရှည်ရှည်နဲ့ ဒေအတိုင်းရှင်းပြပါရေ။
“ဖုတ်ဖို့တတ်လို့ရှိပါဖို့။ တချို့မှာက မသွီးနဲ့ မဖုတ်ဘဲနဲ့ ထင်းနဲ့ထည့်လိုက်တေ။ အကျွန်ရို ့မှာ ဖုတ်လို့ပြီးကေ တင်းဝါးကို အဝတ်စကို ရီဆွတ်ပြီးကေ သုတ်ရရေ။ စစ်တွေက တင်းဝါးတိဆိုကေ မီးနဲ့ ဖုတ်ခါ မဲတူးလားရေ။ ယင်းတွက်နဲ့ရှိပါဖို့။ မဲတူးမလားအောင် လို့ မသွီးနဲ့ ဖုတ်ရရေ။ မသွီးကို မီးရဲအောင်လုပ်ထားရရေ။ မသွီးရဲလာရေ။ ပြာကျလာရေဆိုစွာနဲ့ ခင်းလိုက်တေ။ ဟိုဖက်သံလုံး၊ ဒေဖက်သံလုံးနဲ့ ခင်းလိုက်တေ။ ပြီးကေ အလယ်မှာ တင်းဝါးကိုချရေ။ ယင်းတင်းဝါး ဆူလာရေ။ အရည်ထွက်လာရေဆိုကေ ပြန်ပီးရရေ။ ယင်းပိုင်ဆိုကေ မချစ်လား။ ပြန်မပီးလိုက်ကေ ချစ်လားရေ။”
တစ်ခြားဝါးနဲ့ ဖုတ်လို့ အဆင်မပြေရေအကြောင်းကိုလေ့ သူက “ဝါးခြောက်လားလို့ မီးဖုတ်မခံ။ ဖောက်ဆပ်ကျရေ။ မီးမှာ ခုရာ ချလိုက်တေ။ ချစ်လားရေ။ အစိမ်းဆိုကေတော့တစ်ခုလေ့မဖြစ်။ အခြောက်တိဆိုကေ ဖုတ်ရစွာ အခက်ခဲရှိရေ။ ပြန်လို့လေ့ မရ။ အမြဲတမ်းပြန်ပီးနီရရေ။ အကျွန့်မှာက အားလုံးအိမ်ထောင်ကျလားယာ။ မိဘနဲ့ တစ်ယောက်တစ်ခြားနီရေ။ အမိက ထမင်းစားချိန်ကျကေ အကျွန့်အိမ်မှာလာစားရေ။ ယကေလေ့ ကိုယ့်အိမ်နဲ့ကိုယ်သီးသန့်နီရေ။ အကျွန့်မှာလေ့ သမီးချေတစ်ယောက်တော့ ရှိရေ။ ခြံတစ်ခုတည်း မှာ ၃ အိမ်ဆောက်ထားစွာ။ အေးမအိမ်တစ်အိမ်။ အမိအိမ်တစ်အိမ်။ အကျွန့်အိမ်တစ်အိမ်။”လို့ ဆိုပါရေ။
ကောက်ညှင်းတင်းဝါး တစ်ချောင်းစီရေ လက်တံတောင်ဆစ်လောက် အတိုင်းအတာရှည်လျားပါရေ။ အရင်က တစ်ထောင်ဖိုးမှာ ၆ ခု၊ ၇ ခုလောက်ထိ ရောင်းခကတ်ကေလေ့ ကုန်စျီးနှုန်းတက်လာပြီးရေ ခုနောက်ပိုင်းမှာတော့ တစ်ချောင်းစီကို ၂၅၀ ကျပ်လောက်ကနီ ၅၀၀ ကျပ်လောက်ထိ စျေးမြှင့်ရောင်းချကြရပါရေ။ ပေါက်တောမြို့ ရပ်ကွက် (၄) က ဒေါ်မဘုဆိုကေ တင်းဝါးကို ဒိုင်တိပါးက တစ်ဆင့် ဝယ်ယူရောင်းချနီစွာဖြစ်ပါရေ။ သူ့မှာတော့ မစန္ဒာချေရို့ပိုင် ကိုယ်ပိုင်လုပ်စွာ မဟုတ်လို့ အမြတ်က ကောင်းမကျန်ပါ။ တစ်ထောင် ဖိုးလောက်ရောင်းရမှ ၂၀၀ လောက်ရပါရေ။
“မမှာတော့ကေ ကိုယ်တိုင်မဖုတ်။ သူများပါးက ဝယ်ရောင်းရေ။ သူများပါးက ဝယ်ရောင်းရစွာကလေ့ ကိုယ့်မှာ တင်းဝါးဝယ်မရလို့။ သူများပါးက ဝယ်ရောင်းကေ ၁ ထောင်ဖိုးရောင်းရကေ ၂၀၀ အမြတ်စားရရေ။ ကိုယ့်မှာဖုတ်တေဆိုကေတော့ ၁ သောင်းဖိုးရောင်းရကေ ဖဲသာ ၄ ထောင်လောက် ကိုယ့်အတွက်ကျန်ရေ။”
ကောက်ညှင်းဖုတ်လုပ်ရာမှာ အဓိကအသုံးပြုရေ တင်းဝါးကို ရမ်းဗြဲမြို့ကလားဝယ်ကတ်ရစွာဖြစ်လို့ ဒိုင်ကြီးရောင်းချသူတိက လားဝယ် နိုင်ကေလေ့ တပိုင်တနိုင်လုပ်သူတိကျကေ ကိုယ်တိုင်လားရောက်မဝယ်နိုင်ပါ။ ယင်းတွက်နန့် သူရို ့က သီးခြားလာရောင်းသူတိပါးက တစ်ဆင့် ဝယ်ယူပြီးကေ လုပ်ကတ်ရစွာပါ။ ယကေလေ့ ဖုတ်လုပ်သူတိုင်းက ဝါးမရနိုင်ပါ။ ယင်းကြောင့် သူရို့က တစ်ခြားသူတိပါးက ဝယ်ယူရောင်းချကတ် ရစွာလေ့ ဖြစ်ပါရေ။
“ဒိုင်ကြီးသမားတိရှိရေ။ ဒိုင်းကြီးတိကျခါ ဝါးကိုလေ့ ကိုယ့်စွာလားဝယ်ရေ။ ကိုယ့်ဘုတ်နဲ့ ကိုယ်လားရေ။ သူများကိုလေ့ တစ်ဆင့်ခံရောင်းရေ။ သူရို့ကျခါ ဝါးကလေ့ အမြတ်ရရေ။ ဝါးဖုတ်လို့ရောင်းရေထဲကလေ့ အမြတ်ရရေ။ ၂ တန်ရရေ။ မရို ့ကကျခါ သူများပါးက ယူရောင်းစွာဖြစ်လို့ အမြတ်နည်းရေ။”
အခုပိုင်ရောင်းချရာမှာလေ့ တင်းဝါးထဲမှာမှ စိမ်းစိုနီရေ ဝါးတိနဲ့ ဖုတ်လုပ်ကေ အရသာကလေ့ ပိုကောင်းရေပိုင် လူကလေ့ပိုကြိုက်ပါရေ။ တင်းဝါးမဟုတ်တေ တစ်ခြားဝါးနဲ့ ဖုတ်ကေချစ်လားစွာ၊ ပြာကျလားစွာတိ ဖြစ်တတ်လို ့ ဂရုတ်တစိုက်ဖုတ်ဖို့လေ့ လိုအပ်ပြန်ပါရေ။ ‘
“ဝါးလှကေလှသလောက် လက်တည့်ရာ၊ လက်တည့်ရာဝယ်လားကတေ။ ဝါးလှဖို့လေ့လိုရေလေ။ အဆက်မပြတ်စားနီရေ လူတိကျခါ ကောင်းမှစားရေ။ လူ ၁၀၀ မှာ ၅၀ တောင်မက ၉၀ ရာခိုင်နှုန်းလောက်က ဝါးလှစွာကိုကြိုက်တေ။ လှကေစိမ်းနီစွာကို။ ယေနန့် ပိုစားလို့လေ့ကောင်းရေ။ အသစ်ဆိုကေလေ။ ဝါးက ရမ်းဗြဲတစ်ခုတည်းကရာထွက်တေ။ ယင်းဖက်ကို ဘုတ်နဲ့ ကားနဲ့ လားလို့ရ ရေ။ ဇာတ်ဝန်တင်ပိုင်ကားကြီးတိနဲ့လေ။ တစ်ခါတစ်လီ လမ်းပိတ်ထားကေမရ။”
ပေါက်တောမြို့ပေါ်ရပ်ကွက်သားတိရဲ့ ပြောဆိုချက်အရ သူရို့မြို့ကို အရင်ကထက် လူသူအရောက်အပေါက်နည်းပါးလာပြီးကေ စီးပွား ရေးကလေ့ အရင်ကလောက်အဆင်မပြေကတ်ယာလို့ ဆိုပါရေ။ ဒေအတွက်ကြောင့်လေ့ တိုင်းရေးပြည်ရေးအီးချမ်းပြီးကေ ကုန်စျီးနှုန်းတိကျစီ ချင်ရေလို့ ပြောကတ်ပါရေ။
“တိုင်းပြည်ကို အအီးချချမ်း ဖြစ်စီချင်ရေ။ ပြီးမှလေ့ လူလားလူလာများရေ။ လူလားလူလာများမှလေ့ ဝယ်သားလည်းများ မယ်။ ခုက လူတိလည်း အလာနည်းရေ။ အရောင်းချမကောင်း။ အရင်က စက်လှေတစ်စီးမှာဆိုကေလေ့ လူအယောက် ၄၊ ၅ ဆယ်ပါရေ။ ခုက ဘုတ်တိမှာလေ့ လူမပါယာ။ အရောင်းချ မကောင်းခါ စားဝတ်နီရေးအဆင်မပြေကတ်ယာ။”
သူက နွေရာသီရို့မှာဆိုကေ ရခဲသုတ်ရောင်းချကေလေ့ အခုကတော့ အအီးပိုင်းရာသီမှာဖြစ်လို့ ယင်းလုပ်ငန်းကိုရပ်တန့်ပနာ အခုပိုင် ကောက်ညှင်းတင်းဝါးကို ရောင်းချနီစွာပါ။ ယကလေ့ အရင်ကလောက်ရောင်းမကောင်းဘဲ စားဝတ်နေရေးအခက်ကြုံနီရရေလို့ ပြောပါရေ။
“တင်းဝါးရောင်းစွာတော့ လခွဲလောက်ရာရှိသိရေ။ နီရာသီဆိုကေ ရခဲသုတ်တိဘာတိရောင်းရေ။ ခုရခဲမရောင်းရလို့ ဒေချင့်ရောင်းနီစွာ။ တင်းဝါးကိုလေ့ ကိုယ့်စွာကိုယ်ဖုတ်လို့ ကိုယ့်စွာကိုယ်ရောင်းကေတော့အဆင်ပြေဖို့။ လူများပါးကဝယ်ရောင်း စွဖြစ်လို့။ ရခဲသုတ်ကတော့ ကိုယ့်စွာကြိတ်၊ ကိုယ့်စွာ သံပုရာရေစပ်ခါ မြတ်တေ။ ရောင်းကောင်းကေကောင်းသလောက်။ ခုက ဆောင်းတွင်းဖြစ်လို့ မရောင်းရ။” ‘
“သား၊ သမီး ၃ ယောက်မှာ တစ်ယောက်ကတော့ အလုပ်လုပ်တေ။ ၁၅ နှစ်သားချေလေ။ စျီးကြီးမှာလုပ်တေ။ ၈ တန်းကျောင်းထွက်။ အိမ်မှာက ပြီးခရေနှစ်က အချေတစ်ယောက်မွီးလိုက်ခါ အလုပ်အကိုင်ကျပ်တည်းလားရေ။ အချေနဲ့ဆိုခါ သားက ကျောင်းဖို့လည်းပျင်းလို့ ထွက်ပြီးကေ စျီးမှာလုပ်ခိုင်းလိုက်တေ။ လုပ်နီစွာက ၂ လ၊ ၃ လလောက်ပဲရှိသိရေ။ အဖကတော့ ကျောက်ခွဲရေ။ လမ်းခင်းကျောက်ပေါ့။ မက ဒေပိုင်ရောင်းရေ။ ဆန်ဖိုးမရ။ ငါး၊ ဟင်းဝယ်ဖို့ စရိတ်ပဲရရေ။ ဆန်ဖိုးကိုတော့ အိမ်ရှင်က(အမျိုးသား) ရှာပီးရေ။ နောက်ထပ် ၄ တန်းကျောင်းသားချေ တစ်ယောက်ရှိရေပေါ့။”
ယသူရို့ရေ စားဝတ်နီရေးအတွက်၊ မိသားစုအရေးအတွက် တိုက်ပွဲဝင်နီကတ်သူတိ ဖြစ်နီစီကာမူ သူရို့ရဲ့လူပ်ရှားနီရေ မြင်ကွင်းတိရာဆို လို့ရှိကေ ပေါက်တောမြို့သင်္ဘောဆိပ်ရဲ့ အလှကို ဖော်ကျူးနီပိုင်၊ သူရို့မြို့ကို လူသိများအောင်လုပ်နီပိုင်ပါဗျာလ်။
(Zawgyi Version)
ကျွဲကူးမြစ်ကမ်းနားက တင်းဝါးသည်တိ
 650 total views,  1 views today