(Unicode Version)

အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိရေ ရိက္ခာပစ္စည်းတိကို ရခိုင်စစ်ဘေးရှောင်ပြည်သူတိအတွက် ရည်ရွယ်ပနာ အိန္ဒိယ အစိုးရက လှူဒါန်းလာပါရေ။

ယင်းနိုင်ငံက လှူဒါန်းရေ ရိက္ခာတိထဲမှာ ဆန်အိတ် ၂၀၀၀၀ နန့် ကြာဆံ၊ ပဲဆီ၊ ဆား၊ ဆနွင်းနန် ့ တချို့ကိရိယာတိ ပါဝင်ပြီးကေ ယင်း ရိက္ခာတိကို ဇန်နဝါရီလ ၂၁ ရက်နိက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းမှာ အခမ်းအနားတစ်ရပ်ပြုလုပ်ပနာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနန့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုရို့ထံကတစ်ဆင့် လွှဲပြောင်းပီးအပ်ခပါရေ။

ယင်းအခမ်းအနားမှာ အိန္ဒိယအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E.Shru Kumar က ဦးဆောင်ပနာ ပီးအပ်ခစွာ ဖြစ်ပြီးကေ နှစ်နိုင်ငံက တာဝန်ရှိသူတချို့က တက်ရောက်ခကတ်ပါရေ။

အိန္ဒိယနိုင်ငံအစိုးရေ မြန်မာနိုင်ငံကို ၅ နှစ်တာကာလအတွင်း အမေရိ ကန်ဒေါ်လာ ၂၅ သန်းခန့် လှူဒါန်လားဖို့ဖြစ်တေလို့ နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာရီးထိုးထားကတ်ပါရေ။

ပြီးခရေနှစ်ကဆိုကေ မောင်တောမြို့နယ် ကြိမ်ချောင်း၊ ရွှေဇားနန့် နံ့သာတောင်ကျေးရွာရို့မှာ နေအိမ် ၂၅၀ ခန့်လှူဒါန်းခရေပိုင် စစ်တွေ တက္ကသိုလ်ကွန်ပျူတာကျောင်းအတွက် လိုအပ်တေ အထောက်ပ့ံတိနန့် လယ်သမားအတွက်လေ့ နည်းပညာပိုင်းဆိုင်ရာအကူညီတိ ပိးအပ်ခပါသိရေ။

အိန္ဒိယသံအမတ် H.E.Shru Kumar က အခုပိုင် အကူညီပီးနေမှုတိစော် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ကမ်းလှမ်းလာမှုကြောင့် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှာပြောကြားခပါသိရေ။

(Zawgyi Version)




ပြီးခရေနှစ်ကမှု မောင်တောမြို့နယ် ကြိမ်ချောင်း၊ ရွှေဇားနန့် နံ့သာတောင်ကျေးရွာရို့မှာ နေအိမ် ၂၅၀ ခန့်လှူဒါန်းခရေပိုင် စစ်တွေ တက္ကသိုလ်ကွန်ပျူတာကျောင်းအတွက် လိုအပ်တေ အထောက်ပံ့တိနန့် လယ်သမားအတွက်လေ့ နည်းပညာပိုင်းဆိုင်ရာအကူညီတိ ပိးအပ်ခပါသိရေ။


 419 total views,  1 views today