(Zawgyi Version)

Arakan Yoma |

အေမရိကန္ေဒၚလာ ၂ သိန္းေက်ာ္တန္ဖိုးရွိသည့္ ရိကၡာပစၥည္းမ်ားကို ရခိုင္စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရည္ရြယ္ၿပီး အိႏၵိယ အစိုးရက လွဴဒါန္းလာသည္။

ယင္းႏိုင္ငံမွ လွဴဒါန္းသည့္ ရိကၡာမ်ားထဲတြင္ ဆန္အိတ္ ၂၀၀၀၀ ႏွင့္ ၾကာဆံ၊ ပဲဆီ၊ ဆား၊ ဆႏြင္းႏွင့္ တခ်ိဳ႕ကိရိယာမ်ားပါဝင္ၿပီး ယင္း ရိကၡာမ်ားကို ဇန္နဝါရီလ ၂၁ ရက္ေန႔က ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ရွိ အိႏၵိယဆိပ္ကမ္းတြင္ အခမ္းအနားတစ္ရပ္ျပဳလုပ္ၿပီး လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးႏွင့္ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုတို႔ထံမွတစ္ဆင့္ လႊဲေျပာင္းေပးအပ္ခဲ့သည္။

ယင္းအခမ္းအနားတြင္ အိႏၵိယအစိုးရကိုယ္စား ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံအမတ္ H.E.Shru Kumar က ဦးေဆာင္ကာ ေပးအပ္ခဲ့ျခင္း ျဖစ္ၿပီး ႏွစ္ႏိုင္ငံမွ တာဝန္ရွိသူတခ်ိဳ႕က တက္ေရာက္ခဲ့ၾကသည္။ အိႏၵိယႏိုင္ငံအစိုးသည္ ျမန္မာႏိုင္ငံသို႔ ၅ ႏွစ္တာကာလအတြင္း အေမရိ ကန္ေဒၚလာ ၂၅ သန္းခန္႔ လွဴဒါန္မည္ျဖစ္ေၾကာင္း ႏွစ္ႏိုင္ငံၾကားနားလည္မႈစာခြ်န္လႊာေရးထိုးထားၾကသည္။

ၿပီးခဲ့သည့္ႏွစ္တြင္မႈ ေမာင္ေတာၿမိဳ႕နယ္ ႀကိမ္ေခ်ာင္း၊ ေရႊဇားႏွင့္ နံ႔သာေတာင္ေက်းရြာတို႔တြင္ ေနအိမ္ ၂၅၀ ခန္႔လွဴဒါန္းခဲ့သလို စစ္ေတြ တကၠသိုလ္ကြန္ပ်ဴတာေက်ာင္းအတြက္ လိုအပ္သည့္ အေထာက္ပ့ံမ်ားႏွင့္ လယ္သမားအတြက္လည္း နည္းပညာပိုင္းဆိုင္ရာအကူညီမ်ား ေပးအပ္ခဲ့ေသးသည္။

အိႏၵိယသံအမတ္ H.E.Shru Kumar က ယခုကဲ့သို႔ အကူညီေပးေနမႈမ်ားမွာ ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠဌ၏ ကမ္းလွမ္းလာမႈေၾကာင့္ ျဖစ္ေၾကာင္း အဆိုပါ အခမ္းအနားတြင္ေျပာၾကားခဲ့ေသးသည္။

(Unicode Version)

အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိသည့် ရိက္ခာပစ္စည်းများကို ရခိုင်စစ်ဘေးရှောင်ပြည်သူများအတွက် ရည်ရွယ်ပြီး အိန္ဒိယ အစိုးရက လှူဒါန်းလာသည်။

ယင်းနိုင်ငံမှ လှူဒါန်းသည့် ရိက္ခာများထဲတွင် ဆန်အိတ် ၂၀၀၀၀ နှင့် ကြာဆံ၊ ပဲဆီ၊ ဆား၊ ဆနွင်းနှင့် တချို့ကိရိယာများပါဝင်ပြီး ယင်း ရိက္ခာများကို ဇန်နဝါရီလ ၂၁ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းတွင် အခမ်းအနားတစ်ရပ်ပြုလုပ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ထံမှတစ်ဆင့် လွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် အိန္ဒိယအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E.Shru Kumar က ဦးဆောင်ကာ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူတချို့က တက်ရောက်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံအစိုးသည် မြန်မာနိုင်ငံသို့ ၅ နှစ်တာကာလအတွင်း အမေရိ ကန်ဒေါ်လာ ၂၅ သန်းခန့် လှူဒါန်မည်ဖြစ်ကြောင်း နှစ်နိုင်ငံကြားနားလည်မှုစာချွန်လွှာရေးထိုးထားကြသည်။

ပြီးခဲ့သည့်နှစ်တွင်မှု မောင်တောမြို့နယ် ကြိမ်ချောင်း၊ ရွှေဇားနှင့် နံ့သာတောင်ကျေးရွာတို့တွင် နေအိမ် ၂၅၀ ခန့်လှူဒါန်းခဲ့သလို စစ်တွေ တက္ကသိုလ်ကွန်ပျူတာကျောင်းအတွက် လိုအပ်သည့် အထောက်ပ့ံများနှင့် လယ်သမားအတွက်လည်း နည်းပညာပိုင်းဆိုင်ရာအကူညီများ ပေးအပ်ခဲ့သေးသည်။

အိန္ဒိယသံအမတ် H.E.Shru Kumar က ယခုကဲ့သို့ အကူညီပေးနေမှုများမှာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ၏ ကမ်းလှမ်းလာမှုကြောင့် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင်ပြောကြားခဲ့သေးသည်။

 438 total views,  1 views today