(Zawgyi Version)

ေနျပည္ေတာ္အေျခစိုက္ ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရး ကုမၸဏီလီမိတက္ဟာ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္တခ်ိဳ႕မွာ စီမံကိန္းေတြျပဳလုပ္လိုေၾကာင္း ဇန္နဝါရီလ ၁၀ ရက္ေန႔က ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔ကို အဆိုျပဳတင္ျပလာပါတယ္။

တရုတ္ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အဲဒီ ကုမၸဏီ အဖြဲ႔အစည္းရဲ႕ အဆိုျပဳခ်က္ထဲမွာ ဧကေပါင္း ၁၈၀၀ ေက်ာ္က်ယ္မယ့္ ပုဏၰားကြၽန္းစက္မႈ ဇုန္စီမံကိန္း၊ စစ္ေတြ-ပုဏၰားကြၽန္း အျမန္လမ္းစီမံကိန္း၊ ဟက္တာ ၁၆၀၀ ေက်ာ္က်ယ္ဝန္းတဲ့ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္း၊ မီတာ ၂၃၀၀ ေက်ာ္ရွည္လ်ားတဲ့ ေက်ာက္ျဖဴေရနက္ ဆိပ္ကမ္းစီးမံကိန္းနဲ႔ နမ့္ခမ္း-မူဆယ္ကေန မႏၲေလး၊ ေနျပည္ေတာ္၊ ေက်ာက္ျဖဴနဲ႔ စစ္ေတြ၊ အမ္း၊ ဂြ၊ သံတြဲအထိ အျမန္ရထားလမ္းနဲ႔ အျမန္လမ္းမစီမံကိန္းတို႔ ပါဝင္တယ္လို႔ သိရပါတယ္။

အဆိုပါ စီမံကိန္းေတြအားလုံးအတြက္ တ႐ုတ္အစိုးရက တ႐ုတ္ယြမ္ေငြ ဘီလီယံ ၇၀၀၀ နီးပါးခန႔္ရင္းႏွီးျမႇပ္ႏွံဖို႔ လ်ာထားၿပီး တ႐ုတ္ႏိုင္ငံ မွာ ေဆာင္႐ြက္ထားတဲ့ နည္းပညာစံႏႈန္းေတြအတိုင္း အေကာင္အထည္ေဖာ္မယ္လို႔ ျပည္နယ္အစိုးရအဖြဲ႔နဲ႔ လာေရာက္ေတြ႔ဆုံစဥ္ အဲဒီ ကုမၸဏီတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

ဒီစီမံကိန္းေတြအကုန္လုံးကို ႏွစ္လမ္းတစ္ဆိပ္ကမ္း အထူးစီးပြားေရးဇုန္စီမံကိန္းလို႔ အမည္ေပးထားၿပီး ၈ ႏွစ္အတြင္းၿပီးစီးေအာင္ ေဆာင္ ႐ြက္မွာျဖစ္သလို ဒီစီမံကိန္းက လူဦးေရ ငါးသိန္းဝန္းက်င္ကို အလုပ္အကိုင္ ဖန္တီးေပးႏိုင္မွာျဖစ္ေၾကာင္းလည္း ရွင္းလင္းေျပာၾကားခဲ့တ ယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ကတည္းက အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးပမ္းခဲ့တဲ့ ပုဏၰားကြ်န္းစက္မႈဇုန္စီမံကိန္းကို ရခိုင္ ျပည္နယ္အစိုးရအဖြဲ႕က လာမယ့္ ဇန္နဝါရီလ ၁၇ ရက္ေနာက္ဆုံးၿပီး တင္ဒါေလွ်ာက္လႊာေခၚထားေပမယ့္ ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ ႏွံမႈနဲ႔ တိုးတက္ေရး ကုမၸဏီလီမိတက္ရဲ႕ အဆိုျပဳထားခ်က္မွာ ပါဝင္ေနတာေတြ႔ရပါတယ္။

ဖြံ႕ၿဖိဳးျမန္မာစြမ္းအားရင္းႏွီးျမႇပ္ႏွံမႈနဲ႔ တိုးတက္ေရး ကုမၸဏီလီမိတက္ကေတာ့ အခုအဆိုျပဳထားတဲ့ ရခိုင္ျပည္နယ္အတြင္းက စီမံကိန္းေတြ ကို အေကာင္ထည္ေဖာ္ဖို႔ ဆႏၵျပင္းျပေနသလို အစိုးရဆီက ခြင့္ျပဳခ်က္ရတာနဲ႔ အျမန္ဆုံးအေကာင္ထည္ေဖာ္ႏိုင္ဖို႔ တ႐ုတ္ကုမၼဏီေတြနဲ႔ စာခ်ဳပ္ေတြခ်ဳပ္ဆိုထားၿပီးျဖစ္ေၾကာင္း ကုမၸဏီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြက ေျပာပါတယ္။

(Unicode Version)

နေပြည်တော်အခြေစိုက် ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေး ကုမ္ပဏီလီမိတက်ဟာ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ စီမံကိန်းတွေပြုလုပ်လိုကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို အဆိုပြုတင်ပြလာပါတယ်။

တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ အဲဒီ ကုမ္ပဏီ အဖွဲ့အစည်းရဲ့ အဆိုပြုချက်ထဲမှာ ဧကပေါင်း ၁၈၀၀ ကျော်ကျယ်မယ့် ပုဏ္ဏားကျွန်းစက်မှု ဇုန်စီမံကိန်း၊ စစ်တွေ-ပုဏ္ဏားကျွန်း အမြန်လမ်းစီမံကိန်း၊ ဟက်တာ ၁၆၀၀ ကျော်ကျယ်ဝန်းတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း၊ မီတာ ၂၃၀၀ ကျော်ရှည်လျားတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီးမံကိန်းနဲ့ နမ့်ခမ်း-မူဆယ်ကနေ မန္တလေး၊ နေပြည်တော်၊ ကျောက်ဖြူနဲ့ စစ်တွေ၊ အမ်း၊ ဂွ၊ သံတွဲအထိ အမြန်ရထားလမ်းနဲ့ အမြန်လမ်းမစီမံကိန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ စီမံကိန်းတွေအားလုံးအတွက် တရုတ်အစိုးရက တရုတ်ယွမ်ငွေ ဘီလီယံ ၇၀၀၀ နီးပါးခန့်ရင်းနှီးမြှပ်နှံဖို့ လျာထားပြီး တရုတ်နိုင်ငံ မှာ ဆောင်ရွက်ထားတဲ့ နည်းပညာစံနှုန်းတွေအတိုင်း အကောင်အထည်ဖော်မယ်လို့ ပြည်နယ်အစိုးရအဖွဲ့နဲ့ လာရောက်တွေ့ဆုံစဉ် အဲဒီ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒီစီမံကိန်းတွေအကုန်လုံးကို နှစ်လမ်းတစ်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်စီမံကိန်းလို့ အမည်ပေးထားပြီး ၈ နှစ်အတွင်းပြီးစီးအောင် ဆောင် ရွက်မှာဖြစ်သလို ဒီစီမံကိန်းက လူဦးရေ ငါးသိန်းဝန်းကျင်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မှာဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားခဲ့တ ယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့တဲ့ ပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းကို ရခိုင် ပြည်နယ်အစိုးရအဖွဲ့က လာမယ့် ဇန်နဝါရီလ ၁၇ ရက်နောက်ဆုံးပြီး တင်ဒါလျှောက်လွှာခေါ်ထားပေမယ့် ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ် နှံမှုနဲ့ တိုးတက်ရေး ကုမ္ပဏီလီမိတက်ရဲ့ အဆိုပြုထားချက်မှာ ပါဝင်နေတာတွေ့ရပါတယ်။

ဖွံ့ဖြိုးမြန်မာစွမ်းအားရင်းနှီးမြှပ်နှံမှုနဲ့ တိုးတက်ရေး ကုမ္ပဏီလီမိတက်ကတော့ အခုအဆိုပြုထားတဲ့ ရခိုင်ပြည်နယ်အတွင်းက စီမံကိန်းတွေ ကို အကောင်ထည်ဖော်ဖို့ ဆန္ဒပြင်းပြနေသလို အစိုးရဆီက ခွင့်ပြုချက်ရတာနဲ့ အမြန်ဆုံးအကောင်ထည်ဖော်နိုင်ဖို့ တရုတ်ကုမ္မဏီတွေနဲ့ စာချုပ်တွေချုပ်ဆိုထားပြီးဖြစ်ကြောင်း ကုမ္ပဏီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောပါတယ်။

 451 total views,  1 views today